Thursday, April 19, 2012
ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
လာမယ့်ဧပြီလ(၂၃)ရက်နေ့အမျိုးသားလွှတ်တော်မှာကျမ်းသစ္စာကျိန်ဆိုတဲ့အခါဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်အစား လေးစားလိုက်နာပါမည်လို့မပြင်ဆင်သေးသရွေ့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာဖေါ်ပြခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးအာအက်အေရဲ့ဒီမိုကရေစီခရီးကြမ်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကတော့ -
"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျမတို့က ပြောတာ မဟုတ်ပါဘူး။ ဒီကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မယ်။ ဒီ ကျမ်းသစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက စာသားအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"
ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဥာဏ်ဝင်း ဟာ ဒီကနေ့ နေပြည်တော် ကို သွားရောက်မှာဖြစ်ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေရှိနေတယ်ဆိုတဲ့ အပြောအဆိုတွေ ပေါ်ပေါက်နေတာ
ကြောင့် လွှတ်တော်တွင်း ၀င်ရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ အာအက်အေက မေးမြန်းရာမှာ -
"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျမတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က လွှတ်တော်ထဲ
ရောက်သွားတယ် ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့နိုင်ခွင့်ရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ကျေးဇူး ကလည်း အတော်ကြီးကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
သစ်ထူးလွင်(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment