Wednesday, October 2, 2013
အမေရိကန်သမ္မတ အိုဘားမားနှင့် ရီပတ်ဘလစ်ကန်များအကြား ဘတ်ဂျတ်ကိစ္စ
အနိုင်လုပွဲဖြစ်ပွားနေပြီး၊ ယခုအချိန်အထိ ဘတ်ဂျတ်ကို
အတည်မပြုနိုင်သောကြောင့် အစိုးရလုပ်ငန်းများစွာ တစ်စိတ်တစ်ပိုင်း ရပ်
ဆိုင်းသွားမည်ဖြစ်ကာ အမေရိကန်၏ စီးပွားရေးကိုလည်း ထိခိုက်ဖြစ်ကြောင်း
အောက်တိုဘာ ၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
အတည်ပြုရမည့် နောက်ဆုံးသတ်မှတ်ချိန်မှာ ညသန်းခေါင်အချိန်ဖြစ်ကာ၊
ဒေသစံတော်ချိန် ည ၉ နာရီ ၀န်းကျင်အထိ ဘတ်ဂျတ်အတည်ပြုရေးကိစ္စ
သဘောတူညီမှုရမည့် အရိပ်အယောင်များ မတွေ့ရသဖြင့် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်
ဘတ်ဂျတ်ကိစ္စ ကပ်ဆိုက်မှုကို တားဆီးနိုင်မည့်ပုံမရှိပေ။
“အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် စီးပွားရေးလုပ်ငန်းတွေအပေါ်
အဓိကထိခိုက်ပြီး၊ စီးပွားရေးကျဆင်းမှုဒဏ်ကို ပြည်သူတွေခံရမှာပါ” ဟု
သမ္မတအိုဘားမားကဆိုသည်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
6 days ago