Friday, February 22, 2013

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

ပြီးခဲ့သည့်နှစ် မေလတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသူများ

လာမည့် နွေရာသီတွင် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂၀၆၀ မဂ္ဂါဝပ်အထိ ရှိမည် ဖြစ်သော်လည်း လက်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မေလအထိ ၁၅၅၀ မဂ္ဂါဝပ်ခန့်သာရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က ပြောလိုက် သည်။
၁၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

မင်းကိုနိုင်၊ ကျောင်းသားအရေးနဲ့ အော်စလို ဆွေးနွေးဝိုင်း


အော်စလိုတက္ကသိုလ်ဟာ နော်ဝေမှာ ရှေးအကျဆုံးနဲ့ ဥရောပမြောက်ပိုင်းရဲ့ အကောင်းဆုံး တက္ကသိုလ်တခု

နော်ဝေနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က အော်စလိုတက္ကသိုလ်မှာ ဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။ ”The role of students in Burma’s development”  မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်ရေးနဲ့ ကျောင်းသားများရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ ဒီဟောပြောပွဲဆီ မြန်မာအပါအ၀င် ပရိဿတ် ၁၀၀ နီးပါးတက်ပါတယ်။
ထူးခြား တာ ကတော့ အဖွင့်စကားပြောသွားတဲ့ အော်စလိုတက္ကသိုလ် ပါမောက္ခဟာ ပြီးခဲ့တဲ့လ အတွင်းကမှ မြန်မာနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးဖွံ့ဖြိုးဖို့၊ မြန်မာ နဲ့ နော်ဝေး တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ သွားရောက်ဆွေးနွေးခဲ့သူဖြစ်ပါတယ်။ တခါ ထူးထူးခြားခြား မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့ရပြီး အော်စလိုတက္ကသိုလ်မှာ မဟာတန်း လာတက်နေတဲ့ မန္တလေးက ကျောင်းသားတဦးကိုလည်း ဟောပြောပွဲမှာ တွေ့ရပါတယ်။

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ်  အာလာမ်
ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီးများဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။
“အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ခေါင်းရင်းနားလောက်မှာ ရွှေတူးစက် မြည်သံ နှိပ်စက်တာက တကြောင်း၊ ဘိန်းစားတွေ ဘယ်အချိန် လာခိုးမလဲလို့ ကြောက်နေရတယ်။ ဒီလိုသာ ရွှေဆက်တူးဖော်နေမယ် ဆိုရင်တော့ ဒီနှစ်မိုးတွင်းမှာတော့ ငါတို့ရွာ ရေလွှမ်းတော့မှာဘဲလို့ အမြဲကြောက်နေရတယ်”ဟု အလာမ်ကျေးရွာသား ကိုဒွဲဒွဲ က ဆိုသည်။

Thursday, February 21, 2013

“ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နှင့် ကိုက်ညီမှုမရှိဟု ဒန်နီရယ်လ် ကရိတ်ဂ်ျ ဖွင့်ဟပြောကြား”



မိမိသည် ပါဝင် သရုပ်ဆောင်နေသော James Bond ဇာတ်ကားများမှ နာမည်ကျော် စုံထောက် ဇာတ်ရုပ် ဂျိမ်းစ်ဘွန်း၏ ဝိသေသ လက္ခဏာများနှင့် လုံးဝ ကိုက်ညီမှု မရှိဟု ခံစားမိကြောင်း ဒန်နီရယ်လ် ကရိတ်ဂ်ျက ဖွင့်ဟခဲ့သည်။ 

အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များ



တရုတ်နိုင်ငံ။ ။၂၀၁၂ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
၂-၁-၂၀၁၂။ ။တရုတ်နိုင်ငံ မြောက်ပိုင်းရှိ Xingxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Hui မွတ်စလင်လူမျိုးများ အဓိကနေထိုင်သည့် Hexi မြို့ တွင် ဗလီအားဖျက်ဆီးခဲ့သည့် ရဲတပ်ဖွဲ့ ဝင် ၁၀၀၀ ခန့် နှင့် ဒေသခံမွတ်စလင်လူမျိုးတို့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရှိသည်။
၂၈-၇-၂၀၁၂။ ။တရုတ်နိုင်ငံသည် ပင်လယ်ပြင်ကာကွယ်နိုင်စွမ်းထိန်းသိမ်းရေးနှင့် ကယ်ဆယ်နိုင်စွမ်းမြှင့် တင်ရးတို့ အတွက် ပင်လယ်ရေကြောင်းစူးစမ်းရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သည့် နိုင်ငံ၏ အကြီးများဆုံးနှင့် ခေတ်အမီဆုံး Haixun 01 ကင်းလှည့်ရေယာဉ်အား ဟူပေးပြည်နယ် ၀ူဟမ်မြို့ တွင် ရေချသည်။

နိုင်ငံခြားသား ခရီးသွားဧည့်များ အတွက် လုံခြုံရေး အားနည်းနေ


ခရီးသွားဧည့်သည် အများဆုံး ဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ ငွေ၊ ပစ္စည်းများ လုယက်မှု ဖြစ်ပွားလာ နေသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းနေသေးကြောင်း သိရသည်။

လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်


ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုအား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

တရားမ၀င်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေ ပိုင်းတွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း




မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd) ဒါရိုက်တာအဖွဲ့မှ သာကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ငှားရမ်းခြင်းကာလ မကုန်ဆုံးမီ လေလံပစ်သည့် ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉း၀၀မှ ၁၂း၀၀နာရီခန့် အထိ ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။

Wednesday, February 20, 2013

မန္တလေး သမိုင်းဝင် ရွှေကျောင်း ထိန်းသိမ်းရေး အမေရိကန် ကမ်းလှမ်း

Photo: မန္တလေး သမိုင်းဝင် ရွှေကျောင်း ထိန်းသိမ်းရေး အမေရိကန် ကမ်းလှမ်း
Wednesday, February 20, 2013

သက်တမ်း ၁၃၇ နှစ်ခန့်ရှိပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး အကူအညီပေးရန် အမေရိကန် နိုင်ငံမှ ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ်းလှမ်းလိုက်ကြောင်း သတင်းရသည်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယဉ်ကျေးမှုဌာနမှ သစ်သားဖြင့် တည်ဆောက်ထားသည့် ရွှေကျောင်းကြီးကို ရှေးမူလက်ရာ မပျက်
ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကမ်းလှမ်းလာခြင်းဖြစ်ပြီး ယဉ်ကျေးမှူ ၀န်ကြီးဌာနက မည်သည့်ပြန်ကြားချက်မှ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဌာနမှ အရာရှိတဦးက“နည်းပညာရော
ငွေကြေးရော ထောက်ပံ့မယ် ဆိုတော့ အကောင်းဘက်က များမှာပါ၊ ကမ်းလှမ်းတဲ့အဆင့်ဆိုတော့ ဘယ်လိုပုံထိန်းသိမ်းမယ်ဆိုတဲ့ အချက်တွေကိုတော့ ပြောဆိုတာမရှိသေးပါဘူး”ဟု ဆိုသည်။

ရွှေနန်းတော်ကျောင်းဟု အမည်ရသည့် ရွှေကျောင်းကြီးကို သီပေါမင်း နန်းတက်စ ၁၈၇၉ ခုနှစ်ခန့်က နတ်ရွာစံ မင်းတုန်းမင်းကြီး အတွက် ရည်စူးကာ သစ်သားဖြင့် ဆောက်လုပ်ထားခဲ့သော ရွှေပိန်းချ
ကျောင်းတော်ကြီးဖြစ်ပြီး အတက်အဆင်း အတွက် လှေကားများသာ အုတ်ဖြင့် ပြုလုပ်ထားသည်။

လက်ရှိအခြေအနေ၌ ရွှေပိန်းချများ လွင့်ပြယ်သွားပြီဖြစ်သော်လည်း ပန်းကနုတ်၊ ပန်းပုလက်ရာများမှာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ရှေး အစဉ်အဆက် ထိန်းသိမ်းခဲ့သည့်အတွက် အကောင်းပကတိ ရှိသေးကြောင်း၊ သို့သော် သစ်သားထည် သက်သက်ဖြင့် သာ တည်ဆောက်ထားသည့်
အတွက် ပြင်ဆင်ထိန်းသိမ်းမည်ဆိုလျှင် နည်းပညာပိုင်း၌ အသေးစိတ်
အချိန်ယူ လုပ်ဆောင်ရမည်ဖြစ် ကြောင်း ရှေးဟောင်း သုတေသနဌာနက
ပြောဆိုသည်။

ယခုအခါ သစ်သားဆောင်ကို ရှေရည် ခံနိုင်ရည်ရှိစေရန် ကွန်ကရစ် တိုင်များဖြင့် ထောက်ကန် ထိန်းပေးထားသည်။

ရွှေကျောင်းကြီးကဲ့သို့ပင် မန္တလေး၊ အမရပူရနှင့် အင်းဝ နယ်တ၀ိုက်၌ နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးမြန်မာ ဘုန်းတော်ကြီး ကျောင်းများ အများအပြားကျန်ရှိနေသေးရာ သာက၀န်၊ ရွှေအင်ပင် ကျောင်း၊ သင်္ဂဇာ၊ မင်းထင် ယောမင်းကြီးအုတ်ကျောင်း၊ မြင်း ၀န်၊ သစ်ဆိမ့်၊ ရန္တပို၊ ရွှေကျင်၊ အင်းဝ ဗားကရာ စသည့်ကျောင်းတိုက်ကြီးများသည် ရှေးဗိသုကာ လက်ရာများဖြင့် ပြည့်နှက် နေ သည့် ကျောင်းများဖြစ်သည်။

ထိုကျောင်းများထဲတွင် ဝေယျာဝစ္စ ပစ္စည်းများ သိမ်းဆည်းရာ
ဘောဂဆောင်၊ ဇေတ၀န်ဆောင် စသည့် အဆောင်အသွယ်သွယ် ပါရှိ ပြီး အင်္ဂါရပ်ဖြင့် ညီညွတ်သည့် ရွှေအင်ပင် ကျောင်းနှင့် ၁၉ ရာစု ဥရောပ ဗိသုကာ လက်ရာဖြင့် ပေါင်းစပ်ထားသော ကင်းဝန်မင်းကြီး ကောင်းမှု သာက၀န် ကျောင်းများသည် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ
လေ့လာမှု များပြားသည့် ကျောင်းများဖြစ် ကြောင်း သိရသည်။

စာရေးဆရာ နတ်မောက်ထွန်းရှိန် ပြုစုသည့် “မြန်မာ့ယဉ်ကျေးမှု
မြန်မာရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းကြီးများ” စာအုပ်တွင်  မန္တလေး၊ အမရပူရနှင့် အင်းဝ ၀န်းကျင်တွင် မြန်မာရှေးဟောင်း ဘုန်းတော်ကြီး
ကျောင်းပေါင်း ၁၀၀ ကျော် ကျန်ရှိနေကြောင်း ဖော်ပြ ထားသည်။

သို့သော် သီပေါမင်းကောင်းမှု မှန်နန်းကျောင်းမှာ ပြိုကျသွားခဲ့ပြီဖြစ်ပြီး စလင်းမင်းသမီး ကောင်းမှု စလင်းကျောင်းလည်း မရှိတော့ ပေ။ အလားတူ သစ်ဆိမ့် ကျောင်းမှာလည်း မီးလောင်ပျက်စီးသွားပြီ ဖြစ်သည်။

လက်ရှိအခြေအနေတွင် တချို့သော ဘုန်းတော်ကြီးကျောင်းများကို
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသော်လည်း ဆရာတော် သံဃာတော်များ သီတင်းသုံးနေသည့်အတွက် ရှေးဟောင်းပုံစံ မပျက်စေရန် ပူးတွဲညှိနှိုင်း ထိန်းသိမ်း နေရသည်ဟု သိရသည်။

စာရေးဆရာ နတ်မောက်ထွန်းရှိန်က“ပျက်စီးသွားတဲ့ မန္တလေး နန်းတော်ကြီးတောင် ပြန်ဆောက်ပြီးတော့ ထိန်းသိမ်းနေသေးတာ၊ အခုလို အင်မတန်ရှေးကျပြီး သစ်သား လက်ရာ ပန်းပု လက်ရာမြောက်တဲ့
ရှေးကျောင်းကြီးတွေကို ပစ်မထားဘဲ ပိုမိုထိန်းသိမ်းသင့် တယ်၊ ဘုန်းကြီးတွေနဲ့ချည်း ပစ်မထားသင့်ဘူး”ဟု ပြောသည်။

နှစ်သက်တမ်း ၁၅၀ ခန့်ရှိသည့် မြန်မာဗိသုကာ လက်ရာများမှာ ဘုန်းတော်ကြီးကျောင်းများတွင်သာ ရှိတော့ရာ ရှေးဟောင်းသုတေ သန ဌာနအနေဖြင့် ထိန်းသိမ်း၍ ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်
နေသည့် မြန်မာနိုင်ငံတွင် ၀င်ငွေရှာဖွေနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။

ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်သက်ပြီး ရှေးဟောင်း
သုတေသန အဖွဲ့က ၁၉၇၂၊ ၁၉၇၅ ခုနှစ်များတွင် နှစ်ကြိမ် ကွင်း ဆင်း စာရင်းကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် စာရင်းကောက်ခံခြင်း မရှိသေးပေ။

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း၌ စကု၊ စလင်း စသည့် ဒေသများတွင် ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများ ကျန်ရှိနေသေးပြီး စလေနယ်ရှိ ရုပ်စုံကျောင်းမှာ ထင်ရှားသည်။

ဓာတ်ပုံ - မန္တလေး ရွှေနန်းတော်ကျောင်း ( bugbog.com)

ရန်ပိုင်
ဧရာဝတီသက်တမ်း ၁၃၇ နှစ်ခန့်ရှိပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်း ၀င်ရွှေကျောင်းကြီးပြုပြင်ထိန်းသိမ်းရေးအကူအညီပေးရန်အမေရိကန်
 နိုင်ငံမှ ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ်းလှမ်းလိုက်ကြောင်း သတင်း ရသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယဉ်ကျေးမှုဌာနမှ သစ်သားဖြင့် တည်ဆောက်ထားသည့် ရွှေကျောင်းကြီးကို ရှေးမူလက်ရာ မပျက်
ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကမ်းလှမ်းလာခြင်းဖြစ်ပြီး ယဉ်ကျေးမှူ ၀န်ကြီးဌာနက မည်သည့်ပြန်ကြားချက်မှ ပြုလုပ်ခြင်း မရှိသေးကြောင်း

စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်း နှိုက်ယူခံရမှု ဖြစ်ပွား

Photo: စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်း နှိုက်ယူခံရမှု ဖြစ်ပွား
Wednesday, February 20, 2013

ပုဂံညောင်ဦးဒေသတွင် စက် ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြား သားများ၏ စက်ဘီးရှေ့ခြင်း အတွင်း ထည့်ထားသောပစ္စည်းများနှင့် ငွေများကို ဆိုင်ကယ်သမားတချို့က နှိုက်ယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နိင်ငံခြားသားများအားစက်ဘီးငှားသူတစ်ဦးက ပြောသည်။

တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲ မေးတယ်။ သူ့ ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ်သမား တစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာ အကြီးတစ်လုံးရယ်၊ ဒေါ်လာရော၊
မြန်မာငွေရော အတော်များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာရီခန့်တွင် ညနေ နေဝင်ချိန်အလှ ကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်
အမျိုးသမီးနှစ်ဦးအနက် တစ် ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန်ညောင်ဦးဘက်သို့ ပြန်အလာတွင် ဆိုင်ကယ်သမားမှ နှိုက်ယူထွက် ပြေးသွားခဲ့ကြောင်း၊ သူမ၏ အိတ် 
အတွင်းမှ ကင်နွန်ကင်မရာ အကြီးတစ်လုံး၊ အမေရိကန် ဒေါ်လာ 
သုံးရာ၊ မြန်မာငွေနှစ်သိန်းကျော်နှင့် ပတ်စ်ပို့၊ ဘဏ်ကတ်စသည်များပါ ဆုံးသွားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက်ကြီးအင်း
ရပ်ကွက် အနီးတွင် ဗြိတိန် အမျိုးသမီးတစ်ဦး သူမ၏ စက်ဘီး
ရှေ့ခြင်းအတွင်းမှ အိတ်အား ဆိုင် ကယ်သမားမှ နှိုက်ယူထွက်ပြေးခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ရာကျော်၊ ဟောင်ကောင်ဒေါ်လာ နှစ်ရာနှင့် ကင်မရာတစ်လုံးဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်များ မတိုင်မီ ဝက်ကြီးအင်းရပ် အတွင်း ဂျာမန်အမျိုးသမီး တစ်ဦး ကလည်း သူမစက်ဘီး ရှေ့ခြင်း အတွင်းမှ အိတ်ကို ဆိုင်ကယ်သမား မှ နှိုက်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုဂံသစ္စာ
Popular Myanmar News Journalပုဂံညောင်ဦးဒေသတွင် စက် ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြား သား များ၏ စက်ဘီးရှေ့ခြင်း အတွင်း ထည့်ထားသော ပစ္စည်း များနှင့် ငွေ များကို ဆိုင်ကယ်သမား တချို့က နှိုက်ယူထွက်ပြေး မှု ဖြစ်ပွား ခဲ့ကြောင်း နိင်ငံခြားသား များအားစက်ဘီးငှား သူတစ်ဦး က ပြောသည်။
တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲ မေးတယ်။ သူ့ ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ်

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း

Photo: ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း
Wednesday, February 20, 2013

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက်ကမ်းလှမ်းကြောင်းသိရ ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်
အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူးရဲ့မြန်မာနိုင်ငံကို
အပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေးမယ့်
ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ကူညီပေးမယ့်အကြောင်းနဲ့ စပ်လျဉ်း တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ
ပြုလုပ်ခဲ့ ပါတယ်။အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်
ဇာတ်ကားဖြစ်မြောက်ရေးမှ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဂျပန်နိုင်ငံမှ ဒီဇိုင်နာ မြန်မာလူမျိုးဇာနည်ထူးထူးနဲ့ အတူ ဂျပန်ပရိုဂျူဆာလည်း တက်ရောက်ခဲ့ပါတယ်။ 

ဂျပန်ပရိုဂျူဆာရဲ့ အဖြေ လေးများကိုတော့ ဇာနည်ထူးထူးက
မြန်မာလိုဘာသာပြန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးဒါရိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်
နေတဲ့သူတွေ၊ လုပ်ဆောင်ကြမယ့်သူတွေကို ဧပြီလောက်မှာ ဂျပန်ကိုဖိတ်ခေါ်ပြီး ဗိုလ်ချုပ်တည်းခဲ့တဲ့နေရာတွေ၊ ဗိုလ်ချုပ်သွားခဲ့တဲ့
နေရာတွေကို လိုက်ပြသွား မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဇာတ်ညွှန်းပြီး သွားတဲ့အခါမှာလည်း ဂျပန်နဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို ကူညီပေးရမလဲဆိုတာ ကိုစီစဉ်ထားကြောင်း ဂျပန်ပရိုဂျူဆာ Satoshi Mashidaက ပြောပါတယ်။ ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များမလဲ၊ ဘယ်လောက် အထိကုန်ကျစရိတ်ရှိလာနိုင်မလဲဆို တာကတော့ ဇာတ်ညွှန်းပြီးတော့မှပဲ သိရမှာဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောပါတယ်။ ဂျပန်အကြောင်းကို ကောင်းအောင်ရေးဖို့၊ မကောင်း တဲ့နေရာကို မပြစေချင်လို့ ဆိုတဲ့စိတ် ထားလုံးဝမရှိပါဘူး။ လိုချင်တာကို ကျွန်တော်တို့ ကူညီပေးမယ်ဆိုတဲ့စိတ် ထားနဲ့
မြန်မာပြည်ကိုလာတာပါ။ ဂျပန်စစ်သားတွေရဲ့ရက်စက်တဲ့ အကြောင်း တွေကို ရိုက်မယ် ဆိုရင်လည်း အဲဒါက အမှန်တရားဆိုရင် ကျွန်တော်တို့ ဘာမှပြောမှာမဟုတ်ပါဘူး။ ကောင်းတဲ့ အရာတွေ
လည်းရှိခဲ့တဲ့အတွက် ကြောင့် ပါ။ အဲဒါက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ တအားအရေးကြီးတဲ့ အပိုင်းဖြစ်နေမယ်ဆိုရင်တော့ ထည့်ဖို့လိုတာပေါ့။ အဲဒါကို မကောင်းဘူးဆိုပြီးပြောမှာ မဟုတ်ပါဘူး။ Story ထဲမှာ ဂျပန်ရဲ့ ရက်စက်တဲ့ နေရာက များနေလို့ ကူညီမှုတွေလျှော့ချမယ်ဆိုတဲ့စိတ်ထား မရှိပါဘူး။ အဲဒါကတော့ ဇာတ်ကား ကောင်းလား၊မကောင်းလားပဲ အရေး ကြီးပါတယ်။ Story မှာဂျပန်ရဲ့ အပိုင်းက ဘယ်လောက်ရှိလဲပေါ့။ နည်းရင်လည်းနည်းသလို၊ များရင်လည်း များသလို ကျွန်တော်တို့က ကူညီမှာပါ”လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူတို့ဘက်က စိတ်ရင်း ကိုဂျပန်မှတာဝန်ရှိသူများက ပြောပြခဲ့ပါတယ်။

ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကိုဂျပန်မှာရိုက်တဲ့အခါ ဂျပန်အစိုးရခွင့်ပြုပေးတဲ့ နေရာတွေမှာပဲ ရိုက်ကူးခွင့် ရမှာလားဆိုတာ ဂျပန်ပရို ဂျူဆာ Satoshi Mashida ကို မေးတော့ “ဂျပန်မှာအစိုးရနဲ့အင်တာတိန်း မန့်က လုံးဝကိုခြားပါတယ်။ airport တို့၊မြို့ထဲတို့၊ရထားတို့ဘာတို့မှာ လမ်းတွ ဘာတွေပိတ်ပြီးတော့ ရှုတင်လုပ်ဖို့အတွက်ကို ဂျပန်အစိုးရက လုံးဝ မကူညီပေးဘူး။
တည်းခိုတာတို့၊တော တို့ဘာတို့မှာရိုက်တာကတော့ အကုန် ရိုက်ခွင့်ပေးပါ တယ်။ သူတို့တားတာ မျိုးတော့ မရှိပါဘူး။ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်တာမျိုးတော့ သူတို့မလုပ်စေချင်ဘူး။ဒါပေမဲ့ ဒါရိုက် တာကရိုက်ချင်တဲ့နေရာကို အကုန်လုံး အကူအညီပေးမှာပါ။ စစ်တိုက်တဲ့ ဇာတ်ဝင်ခန်းရိုက်တဲ့အခါမှာတော့ ဂျပန်သံချပ်ကားကို ငှားချင်တယ်ဆို ရင် ဂျပန်ကာကွယ်ရေးစစ် တပ်ရဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်” လို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ဇာတ်ကားမှာ ဂျပန်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဂျပန် ဘက်က ကူညီပေးဖို့ ကမ်းလှမ်းမှုကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ အသိအမှတ်ပြုကြောင်း၊ ဂျပန်နဲ့ပတ်သက်ပြီး ဘယ်လိုအပိုင်းတွေမှာ အကူအညီ တောင်းမယ်ဆိုတာကတော့ ဇာတ် ညွှန်းပြီးသွားမှပဲပြော လို့ရမှာ ဖြစ်ကြောင်း၊ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ပထမအဆင့်မူကြမ်းကိုတော့
ဖေဖော်ဝါရီလကုန်လောက်မှာ ထုတ်နိုင်အောင် ကြိုးစားနေကြကြောင်း၊ မတ်လထဲ မှာတော့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ အတူဒါရိုက်တာတွေပါ ဝိုင်းထိုင်ပြီး ဇာတ်ညွှန်းကို မပြီးပြီးအောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာ
ကြည်ဖြူသျှင်က ပြောပါတယ်။

လင်းအက္ခရာ
Popular Myanmar News Journalဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက် ကမ်းလှမ်းကြောင်းသိရ ပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်
အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူး ရဲ့မြန်မာနိုင်ငံ ကိုအပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေး မယ့်ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်

ချစ်သူများနေ့မှာ ချစ်သူကို ပစ်သတ်လိုက်တဲ့ Blade Runner

Photo: ချစ်သူများနေ့မှာ ချစ်သူကို ပစ်သတ်လိုက်တဲ့ Blade Runner
Wednesday, February 20, 2013

တောင်အာဖရိက နိုင်ငံသား Blade Runner (Oscar Pistorius) ဆိုပြီး တစ်ချိန်တုန်းက လူတိုင်း အထင်ကြီး၊ လေးစား၊ အားကျ ကြပါတယ်။
ခြေထောက်နှစ်ဖက်မပါပေမယ့် ဖိုက်ဘာခြေတုတပ်ပြီး ပြေးတာ ကမ္ဘာ့အမြန်ဆုံး မာရသွန်အပြေးသမားတွေ နဲ့တောင် လယ်ဗယ်ယှဉ်ပြေးပြီး ဆုတွေ ယူတဲ့သူ ဖြစ်ပါတယ်။

သို့ပေမယ့် ယခုတော့ သူ့ရဲ့  ဂုဏ်တွေပျောက်ကွယ်သွားတော့ မှာပါ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့နေအိမ်မှာပဲ အသက် ၂၉ နှစ်
အရွယ် ရှိတဲ့ သူ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်ခဲပါတယ်။ တောင်အာဖရိသူ မော်ဒယ်လှပဂေးလေးပဲ ဖြစ်ပါတယ်။

အချစ်ရေးမှာ ဘာတွေပြဿနာတက်လို့ ပစ်သတ်လိုက်တယ်ဆိုတာ ရုံးတင် စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ပစ်တာမှ တစ်ချက်တည်း မဟုတ်ပဲ သုံးချက်တောင် ပစ်ထားတာ ဖြစ်ပါတယ်။ မတော်တဆလည်း မဟုတ်ပါဘူး။ ဦးခေါင်းကို ချိန်ပစ်တာ ဆိုတော့ ကြောက်ဖို့တောင် ကောင်းပါတယ်။

အမှုက စစ်ဆေးနေပါပြီ။ တစ်နေ့က် တစ်နေ့ သူ့အမှုကို အားလုံး စိတ်ဝင်တစား နဲ့စောင့်ကြည့်နေကြပါတယ်။ ပြင်းထန်နဲ့ အပြစ်ပေး အရေးယူမှု ခံရမှာတော့ ကြိမ်းသေနေပါတယ်။ ငွေရှိနေတဲ့အတွက်လည်း ထိပ်တန်းရှေ့ နေတွေငှားလို့ တရားရင်ဆိုင်နေပါတယ်။

သေတဲ့သူကတော့ သေသွားပါပြီ။ Oscar Pistorius ကတော့ အသက် ၂၆ နှစ် သာရှိသေးတဲ့ ကမ္ဘာ့လူကြိုက်များ မာရသွန် အပြေးသမား ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ဆောင် အပြေးသမား တစ်ဦးလည်း ဖြစ်ပြီး ချစ်သူကို သေနတ်နဲ့ ပစ်သတ်တဲ့ အမှုကြောင့်မို့ ဂုဏ်ပုဒ် အားလုံး ပျောက်ကွယ်ရမယ့် ကိန်းဆိုက်နေပါပြီ။ သေနတ်ကိုင်ခွင့် လိုင်စင်ရှိပေမယ့် သူသုံးလိုက်တဲ့ ပစ်စတို သေနတ်အမျိုးအစားလည်း မဟုတ် တဲ့အတွက် အပြစ်က ထပ်ထပ်ပြီးတော့ကို တိုးနေပါတယ်။

ဘယ်လောက်ပဲ ဒေါသထွက်ထွက်ပါ။ လူမသတ်မိစေနဲ့ ဆိုတဲ့ သင်ခန်းစာ လေးကိုတော့ Oscar က ကောင်းကောင်းကြီး ပေးလိုက်ပါတယ်။
--
Ref: telergraph
ရိုးရာလေး နိုင်ငံတကာ

--
http://www.yoyarlay.com/international-news/africa/34258-blade-runner-killed-her-girlfriend


--
YoYarLayတောင်အာဖရိက နိုင်ငံသား Blade Runner (Oscar Pistorius) ဆိုပြီး တစ်ချိန်တုန်းက လူတိုင်း အထင်ကြီး၊ လေးစား၊ အားကျ ကြပါတယ်။
ခြေထောက်နှစ်ဖက်မပါပေမယ့် ဖိုက်ဘာခြေတုတပ်ပြီး ပြေးတာ ကမ္ဘာ့အမြန်ဆုံး မာရသွန်အပြေးသမားတွေ နဲ့တောင် လယ်ဗယ် ယှဉ်ပြေးပြီး ဆုတွေ ယူတဲ့သူ ဖြစ်ပါတယ်။
သို့ပေမယ့် ယခုတော့ သူ့ရဲ့  ဂုဏ်တွေပျောက်ကွယ်သွားတော့ မှာ ပါ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့နေအိမ်မှာပဲ အသက် ၂၉ နှစ် အရွယ် ရှိတဲ့ သူ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်ခဲ

ဟန်းဖုန်း ခေါင်းအုံးမအိပ်ပါနှင့်

Photo: ဟန်းဖုန်း ခေါင်းအုံးမအိပ်ပါနှင့်
Wednesday, February 20, 2013

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ်ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။

သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေအပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမိုခံရပါတယ်။ ဦးနှောက်အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန်နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင်ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက်ကင်ဆာတို့ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။

ယနေ့ ကမ္ဘာရဲ့  ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့နေရပြီး ဒါတွေကို သိရှိနားလည်လို့ အတတ်နိုင် ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။
----
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

--
http://www.yoyarlay.com/health/therapy/34276-don-t-sleep-with-phone

--
YoYarLayခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ်ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။ သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွရောင်ခြည် က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေအပြား ကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမိုခံရပါတယ်။ ဦးနှောက်အတွင်းမှာ

မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ

Photo: မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ
Wednesday, February 20, 2013

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သြစတြေးလျ အစိုးရက ပညာသင်ဆုကို  ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့်  Master of Policy Studies ကို လျောက်ခဲ့ရာ 
Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။  အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို
လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။

မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို  သြစတြေးလျနိုင်ငံ၊
ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း
ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို 
သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း ''သူများတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာ
တွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ၀မ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ'' ပြောပြခဲ့သည်။
ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ
ပြည်ပတွင် ပညာသင်ယူရမည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့်  မိဘများအနေဖြင့်လည်း  အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။  

မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူ
တစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘ၀ကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည်  မစုပုံချစ်

မွေးသက္ကရာဇ်  ၅.၉.၁၉၈၉

မိဘအမည်  ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့

ဆယ်တန်းအောင်သည့်ခုနှစ်  ၂၀၀၅ / သချာင်္၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ

အမှတ်ပေါင်း  ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ

ရရှိခဲ့သည့် ဘွဲ့များ  B.Tech (IT) , B.E (IT)

ရရှိခဲ့သည့်ဆုများ  စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား )
 အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)
 ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်)
 ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)
 ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်


ဓာတ်ပုံ - သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ မစုပုံချစ်ကို မိဘများနှင့်အတူ
တွေ့ရစဉ်

Eleven Media Groupသြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲ က မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားကြောင်း သိရသည်။
သြစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

မစ်ဆူဘီရှီမော်တော်ယာဉ်ပိုင်ရှင်များ ၀မ်းမြောက်ဖွယ်

Photo: မစ်ဆူဘီရှီမော်တော်ယာဉ်ပိုင်ရှင်များ ၀မ်းမြောက်ဖွယ်
Wednesday, February 20, 2013

မြန်မာနိုင်ငံအတွင်းရှိ မစ်ဆူ ဘီရှီတံဆိပ်မော်တော်ယာဉ်များ အတွက် 
after -sales ၀န်ဆောင်မှု လုပ်ငန်းနှင့်ပတ်သက်၍Mitsubishi Motors Corporation, Mitsubishi Corporation, Yoma Strategic Holdings Ltd. နှင့်First Myanmar Investment Company Limited တို့ သည် သဘောတူညီမှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများ
ဖြေလျော့ပြီးသည့်နောက်၌ ယာဉ် အိုယာဉ်ဟောင်းဈေးကွက်မှတစ်ဆင့်
Mitsubishi တံဆိပ် မော်တော် ယာဉ်များဝင်ရောက်လာပြီးMitsubishi Motorsအနေဖြင့် မြန်မာနိုင်ငံတွင်after-sales ၀န်ဆောင်မှု
ကွန်ရက်မရှိသေးသည့် အတွက် အမြန်ဆုံးဖြစ်ပေါ်လာအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

သဘောတူညီမှုစာချွန်လွှာ အရ ပထမဆုံးအနေဖြင့် ရန်ကုန်မြို့၌ တရားဝင်ဆားဗစ်စင်တာ တည်ထောင်ရန်အစီအစဉ်ပြုလုပ် လျက်ရှိကာ မန္တလေးမြို့နှင့် နေ ပြည်တော်မြို့တို့တွင် ဆက်လက် ဖွင့်လှစ်သွားမည်
ဖြစ်ပြီး ဆားဗစ် စင်တာတိုင်းသည် ယခုလက်ရှိMitsubishi အမှတ်
တံဆိပ်မော် တော်ယာဉ်ပိုင်ရှင်များအတွက် ကောင်းစွာလေ့ကျင့်ပေးထား
သော အရည်အချင်းရှိ ကားပြင်သူများ မှမူရင်းMitsubishi မော်တော် ကားပစ္စည်းများဖြင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

ညီညီအောင်
The Hot Newsမြန်မာနိုင်ငံအတွင်းရှိ မစ်ဆူ ဘီရှီတံဆိပ်မော်တော်ယာဉ်များ အတွက်
after -sales ၀န်ဆောင်မှု လုပ်ငန်းနှင့်ပတ်သက်၍Mitsubishi Motors Corporation, Mitsubishi Corporation, Yoma Strategic Holdings Ltd. နှင့်First Myanmar Investment Company Limited တို့ သည် သဘောတူညီမှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရ သည်။ယခုကဲ့သို့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများ
ဖြေလျော့ပြီးသည့်နောက်၌ ယာဉ် အိုယာဉ်ဟောင်းဈေးကွက်မှတစ်ဆင့်
Mitsubishi တံဆိပ် မော်တော် ယာဉ်များဝင်ရောက်လာပြီးMitsubishi

နာကူ-ရန်ကုန်မှာ အလုပ်သမားဗဟိုပြုအလုပ်ရုံဆွေးနွေးပွဲ ၂ ရက်ကြာ ကျင်းပ

Photo: နာကူ-ရန်ကုန်မှာ အလုပ်သမားဗဟိုပြုအလုပ်ရုံဆွေးနွေးပွဲ ၂ ရက်ကြာ
ကျင်းပ
Wednesday, February 20, 2013

ဖေဖော်ဝါရီလ ၁၆ ရက်နေ့  နှင့် ၁၇ ရက်နေ့များက သုခခန်းမ (နာရေးကူညီမှုအသင်းရန်ကုန်) တွင် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အလုပ် သမားအဖွဲ့အစည်းများလွတ်လပ် စွာထူထောင်နိုင်ရေးအလုပ်သမား ရေးရာအငြင်းပွားမှုများအား တရား  မျှတစွာဖြေရှင်းပေးရေးဦးတည်ချက်ဖြင့် အလုပ်သမားဗဟိုပြုအလုပ် သမားရေးရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနိုင်ငံအလုပ်သမား
ရေးဆောင်ရွက်သူများ ကွန်ယက် မှ ပထမဦးဆုံးအကြိမ်အဖြစ်
ကျင်းပခဲ့သည်။

အဆိုပါကွန်ယက်ကို Action Labour Rights အဖွဲ့၊ မြန်မာ  အလုပ်သမား
ကွန်ယက်၊ LRDP အလုပ်သမားအခွင့်အရေးကာကွယ်မြှင်တင့်သူများ
အဖွဲMITUစက် မှုဇုန်အလုပ်သမားများသမဂ္ဂ၊ CCTUအလုပ်သမားသမဂ္ဂများ ပူးပေါင်းရေးကော်မတီတို့အပါအ၀င်   အလုပ်သမားအဖွဲ့ ၉ ဖွဲ့စုပေါင်း  ဖွဲ့စည်းထားပြီး အလုပ်သမားအရေးများ ဆောင်ရွက်နေကြောင်း
ဒေါ်အိရွှေစင်ညွန့်မှပြောသည်။

ဆွေးနွေးပွဲသိုILO ကမ္ဘာ့အလုပ် သမားအဖွဲ့မှ အထူးအရာရှိရော့ဝီဆင်
တက်ရောက်ဆွေးနွေးပြီး “အလုပ်ရှင်တွေက အလုပ်သမား   အဖွဲ့အစည်းတွေ ဥပဒေတွေကို လေးစားရမယ်လိုက်နာရမယ်အလုပ် သမားအခွင့်အရေးကို တာဝန်ယူရမယ် အလုပ်ရှင်နဲ့ အလုပ်သမား  ကြားမှာ လေးစားမှုဆိုတာအရမ်း အရေးကြီးတယ်”ဟုပြောသည်။

အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီ ၀င်၊ အလုပ်သမားကိုယ်စားလှယ်  တစ်ဦးဖြစ်သူဦးရဲနိုင်ဝင်းကလည်း “ဒီလိုနှီးနှောဖလှယ်ပွဲတွေ ညီလာခံတွေဟာ အလုပ်သမားတွေရဲ့ တကယ့်လုပ်ငန်းခွင်ထဲကအသံတွေ တကယ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖော်ထုတ်ဖို့ပိုပိုကောင်းမွန် တဲ့ အနာဂတ်တွေ ဖန်တည်းဖို့ မြင်ပါတယ်။ မဆလခေတ်ကလို  အမည်ခံသက်သက်
ပြင်ပကမ္ဘာ ကိုပြယုဂ်ကောင်းအောင်သက်သက် ဆိုရင်တော့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းအဖြေရှာနိုင်မှာ
မဟုတ်ဘူး။ ဒီအချက်ကို ကျွန်တော်တို့အားလုံးအလေးအနက်  သတိထားရလိမ့်မယ်”ဟု ပြော သည်။ 

အလုပ်ရုံဆွေးနွေးပွဲကို နံနက် (၈း၃၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ကျင်းပပြီး စက်ရုံအလုပ်ရုံများမှ အလုပ်သမား  ကိုယ်စားလှယ် (၁၅၀) ခန့်တက် ရောက်ဆွေးနွေးကာအလုပ်သမား   ရေးရာများကို နှီးနှော
ဖလှယ်ခဲ့ကြ သည်။

ဇော်မြင့်
The Hot Newsဖေဖော်ဝါရီလ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့များက သုခခန်းမ (နာရေးကူညီမှုအသင်းရန်ကုန်) တွင် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အလုပ် သမားအဖွဲ့အစည်းများလွတ်လပ် စွာထူထောင်နိုင်ရေးအလုပ်သမား ရေးရာအငြင်းပွားမှုများအား တရား မျှတစွာဖြေရှင်းပေးရေးဦးတည်ချက်ဖြင့် အလုပ်သမားဗဟိုပြုအလုပ် သမားရေးရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနိုင်ငံအလုပ်သမား

ရုရှားနိုင်ငံ ယူရဲလ်ဒေသ၌ ကျရောက်ခဲ့သော ဥက္ကာခဲအပိုင်းအစများကို စတာလင်ပေါင် ၆၅၀၀ အထိ ဈေးခေါ်ထားသောကြောင့် လူများအလုအယက်ရှာဖွေနေ

Photo: ရုရှားနိုင်ငံ ယူရဲလ်ဒေသ၌ ကျရောက်ခဲ့သော ဥက္ကာခဲအပိုင်းအစများကို စတာလင်ပေါင် ၆၅၀၀ အထိ ဈေးခေါ်ထားသောကြောင့် လူများအလုအယက်ရှာဖွေနေ
Wednesday, February 20, 2013

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က  ရုရှားနိုင်ငံ ယူရဲလ်ဒေသ အထက်
ကောင်းကင်၌ တန်ချိန် ၄၀ ခန့်ရှိသော ဥက္ကာခဲကြီး ပေါက်ကွဲခဲ့ပြီးနောက် စတာလင်ပေါင် သောင်းချီလျက် တန်ဖိုးရှိနိုင်သည့် ဥက္ကာခဲ အပိုင်းအစများကို လူများ အလုအယက်ရှာဖွေ နေကြကြောင်း သိရသည်။ 

ဥက္ကာခဲ အပိုင်းအစများကို ဈေးခေါ်မှုများသည် ရုရှားကြော်ငြာဝက်ဘ်ဆိုက်
တစ်ခုဖြစ်သော Avito.Ru ၌ စတင်ပေါ်လာခြင်း ဖြစ်သည်။

ယင်းတွင် ၀က်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက အပိုင်းအစတစ်ခုကို စတာလင်ပေါင် ၆၅၀၀ ဖြင့် ဈေးခေါ်ထားသော်လည်း အခြားတစ်ဦးကမူ အစအန ၁၈ ခုအား တစ်ခုလျင် ၁၁ ပေါင်စီဖြင့် ဈေးခေါ်ထားသည်။

အတော်အတန်ကြီးမားသည့် ဥက္ကာခဲကြီးတစ်ခဲ ပြုတ်ကျခဲ့သော
ရေခဲနေသည့် ရေအိုင်တစ်ခုဘေး၌ ဒေသခံအများအပြား စုဝေးကာ ဥက္ကာခဲအစအန ရှာပုံတော်ထွက်နေကြသည်ဟု ဆိုသည်။  

ဥက္ကာခဲကြီးသည် ကမ္ဘာမြေလေထုအတွင်းသို့ တစ်နာရီလျင် ၃၃၀,၀၀၀ မိုင်နှုန်းထက် မနည်းသော အမြန်နှုန်းဖြင့် ၀င်ရောက်လာခဲ့ပြီး ပေါက်ကွဲခဲ့ရာ အချင်း ပေ၅၀ရှိသော ယင်းဥက္ကာခဲက ၎င်းအရှေ့ရှိ လေထုကို ဖိနှိပ်ခဲ့သောကြောင့် အပူချိန် ကြောက်ခမန်းလိလိ မြင့်တက်ခဲ့သည်။ 

ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉:၂၀ နာရီ၌ ဖြစ်ပေါ်ခဲ့ပြီး အချိန်အနည်းငယ် လွဲသွားခဲ့ပါက ဗြိတိန်နိုင်ငံရှိ လူနေထူထပ်သော
နေရာသို့ ကျရောက် ပေါက်ကွဲနိုင်ဖွယ်ရှိသည်ဟု ပညာရှင်တို့က ခန့်မှန်း
ပြောကြားခဲ့သည်။

Ref: Daily Mail
Eleven Media Groupဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှားနိုင်ငံ ယူရဲလ်ဒေသ အထက်ကောင်း ကင် ၌ တန်ချိန် ၄၀ ခန့်ရှိသော ဥက္ကာခဲကြီး ပေါက်ကွဲခဲ့ပြီးနောက် စတာ လင်ပေါင် သောင်းချီလျက် တန်ဖိုးရှိနိုင်သည့် ဥက္ကာခဲ အပိုင်းအစများကို လူများ အလုအယက်ရှာဖွေ နေကြကြောင်း သိရသည်။
ဥက္ကာခဲ အပိုင်းအစများကို ဈေးခေါ်မှုများသည် ရုရှားကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Avito.Ru ၌ စတင်ပေါ်လာခြင်း ဖြစ်သည်။
ယင်းတွင် ၀က်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက အပိုင်းအစတစ်ခုကို

ရန်ကုန်မြို့မှာ နွေရာသီကာလအတွင်း လျှပ်စစ်အလုံအလောက် ရနိုင်ဖွယ်ရှိ

ရန်ကုန်မြို့တော်အတွင်း အခုလာမယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အားတွေ လုံလုံလောက်လောက် ရရှိဖို့အတွက် မီဂါဝပ်အား ၅၀ ရှိတဲ့ Gas Engine သုံး ဓာတ်အားပေး စက်ရုံ ၄ ရုံကို အမြန်တည်ဆောက်နေပြီ လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။
AFP
ရန်ကုန်မြို့တွင် မီးမကြာခဏပျက်သဖြင့် မီးစက်နှိုးနေသော ကလေးတဦးပုံ၂၀၁၃-၂၀၁၄  အမျိုးသား စီမံ ကိန်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အခုလို ပြန်လည်ရှင်းပြခဲ့တာပါ။

စီးပွားရေးဆိုင်ရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ်
အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) ဟာ အခုလထဲ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှနိုင်ငံတွေ ကို သွားရောက်ဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းတွေ နှစ်ဘက်စလုံးမှာ တိုးတက် ပွင့်လင်း လာစေဖို့နဲ့ အမေရိကန်နဲ့ ဒေသတွင်း စီးပွားရေး ဆက်ဆံမှုတွေ အားကောင်းလာဖို့
အဓိ က ဆွေးနွေး  ဆောင်ရွက် မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကြာမြင့်မယ့် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာတော့
မြန်မာနိုင်ငံ ကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ဝမ်းသူမောင် အားကစားကွင်းမှာ ဒီကနေ့ နံနက်ပိုင်းက စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောက်ခင်းခမ်တို့က ၆၅  နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာလို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

ကရင်မိန်းကလေး ညှင်းပမ်းနှိက်စက်သူ ထိုင်းလင်မယား ထွက်ပြေးတိမ်းရှောင်

ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးငယ် တဦးကို ညှင်းပမ်းနှိပ်စက်မှု အပါအ၀င် အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ အခုနောက်ဆုံး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ထိုင်း ရဲတပ်ဖွဲ့က ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။
၅ နှစ်ကြာ ထိုင်းအလုပ်ရှင်တွေ လက်ထဲ ရောက်သွားခဲ့တဲ့ ကရင်အမျိုးသမီးငယ်ကတော့ အခုအခါ မှာ နှိက်စက်မှုတွေက ရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ထိုင်းဆေးရုံတခုမှာ ကုသမှု ခံယူနေရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုယ်တိုင် ကြားဝင်
ဆောင်ရွက်ပေးနေ တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။
 အသက် ၁၂ အရွယ် အဲ လို့အမည်ရတဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်တဦးကို ဥပဒေမဲ့ခေါ်ဆောင် ခိုင်းစေပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ထိုင်းအိမ်ရှင် လင်မယားနှစ်ဦး အခုနောက် ဆုံး ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် ရဲတပ်ဖွဲ့က ဆုငွေအဖြစ် ဘတ် ၁ သိန်းပေး ဖို့ ကြေညာ လိုက် ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အမေရိကန်ခရီးစဉ် ဆန်ဖရန်ဘေးဧရိယာမြန်မာတို့နှင့် ဆုံမည်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အမေရိကန်ခရီးစဉ် ဆန်ဖရန်ဘေးဧရိယာမြန်မာတို့နှင့် ဆုံမည်

ဖေဖော်ဝါရီလကုန် ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးညီလာခံကို တက်ရောက်မယ့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မတ်လထဲမှာ အမေရိ ကန်ပြည်ထောင်စုကိုလည်း ၀င်ရောက်မယ်လို့ သိရရှိရပါတယ်။
မတ်လလယ်မှာ ရောက်ရှိမယ့် ကိုဌေးကြွယ်နဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ ကွန်မြူနီတီ တို့  တွေ့ဆုံရန် ၀ိုင်းဝန်းစီစဉ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေ ကိုမောင်မောင်သိန်း က  ပြောကြား ပါ တယ်။ မေရီလန်းပြည်နယ်နဲ့ နယူးယောက်ပြည်နယ်က မြန်မာမိသားစု များနဲ့ တွေဆုံပွဲတွေ စီစဉ်နေတယ် လို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာကွန်မြူနီတီ မိသားစုများ၊ မြန်မာ့ အရေး နိုးကြား လှုပ်ရှားသူများနဲ့ တွေ့ဆုံပွဲတရပ်ကိုတော့ မတ်လ ၂၉ ရက် သောကြာနေ့ ညနေခင်းမှာ စီစဉ်နိုင်ဖို့ ကြိုး စားနေကြောင်း ဆန်ဖရန်ဘေးဧရိယာက ကိုထွန်းမြတ်ဦးက ပြောကြားလိုက်ပါတယ်။

ဆောက်လုပ်ရေး ဒု ၀န်ကြီး ဒေါက်တာ ၀င်းမြင့် ဖြစ်လာ


ပြည်ထောင်စု ရာထူးဝင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ ၀င်းမြင့်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။ 

Monday, February 18, 2013

မန်ယူနှင့် ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဖွယ် ရှိသည့် FA ဖလား ဆဌမအဆင့် မဲခွဲပြီးစီး

FA ဖလား ဆဌမအဆင့် ပွဲစဉ် များအား မဲခွဲ ဆုံးဖြတ်ခဲ့ရာ မန်စီးတီး အသင်း ပွဲချောင်ခဲ့ပြီး မန်ယူနှင့် ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံရဖွယ် ရှိနေသည်။ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်များ အလုံးစုံ မပြီးပြ တ်သေးသော် လည်း နောက်တစ် ဆင့် အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရာ မန်စီးတီး သည် ဘန်စလေ အသင်းအား အိမ်ကွင်းတွင် ဧည့်ခံ

My Blog List