Thursday, February 13, 2020

မန္တလေးရှိ KTV တစ်ခု ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးသည့် ကြော်ငြာ လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား

No photo description available.

ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်မြောက်မွေးနေ့တွင် မန္တလေးမြို့ရှိ KTV တစ်ခုမှ မွေးနေ့ အထိမ်းအမှတ်အဖြစ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးကြောင်း ကြော်ငြာစာရွက်တစ်ခု လူမှုကွန်ရက် facebook စာမျက်နှာတွင် လူအများမျှဝေပြောဆိုမှုများပြားခဲ့သည်။

ထိုးသတ်ရန် စိန်ခေါ်လာသည့် ဒတ်ခ်ျ လူမျိုး အားကစားသမား နှင့် ထိုးသတ်ရန် အောင်လအန်ဆန်း သဘောတူ

ဒတ်ခ်ျ လူမျိုး တိုက်ခိုက်ရေး သမား Reinier '''The Dutch Knight ''' De Ridderနှင့် ထိုးသတ်ရန် အောင်လအန်ဆန်း မှ ဖေဖော်ဝါရီ (၁၂) ရက်နေ့က သဘောတူ စာချုပ် အား လက်မှတ် ရေးထိုးလိုက်ကြောင်း ၎င်း၏ လူမှု့ ကွန်ယက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ပုဂံဒေသနောက်ခံ ညစ်ညမ်းရုပ်သံရိုက်ကူးမှု မီဒီယာများဖွပါက မိမိနိုင်ငံသာသိက္ခာကျမည်ဟုဆို

Image may contain: sky, plant, tree, outdoor and nature
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဒေသတစ်ခုတွင် နိုင်ငံခြားသားခရီးသွားအမျိုးသား/အမျိုးသမီးနှစ်ဦးက ညစ်ညမ်းရုပ်သံရိုက်ကူးခဲ့ပြီးလူမှုကွန်ယက်တွင်ဖြန့်ဝေခဲ့ရာဝေဖန်မှုမြင့်တက်နေပြီးယင်းကိစ္စဖြစ်စဉ်မှာလတ်တ လောတွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်တာကြောင့်အရေးယူရန်ခက်ခဲနေပြီးအဆိုပါဖြစ်စဉ်ကိုမီဒီယာများဖွပါကကိုယ့်နိုင်ငံသာသိက္ခာကျမည်ဟုပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ညွှန်ကြားရေးမှှူး ဦးအောင်အောင်ကျော်က The Speakerသို့ပြောသည်။

အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်ဆိုတဲ့ ခန့်စည်သူ

Image may contain: 1 person, sky, mountain, outdoor and nature
အကယ်ဒမီဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်လို့ အကယ်ဒမီခန့်စည်သူက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ကတော်ဝင်ဂါးဒင်းဟိုတယ်မှာ ဖေဖော်ဝါရီလ ၈ ရက်ကကျင်းပခဲ့တဲ့ “ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင်” ဇာတ်လမ်းတွဲအကြိုပြသပွဲမှာ အခုလိုပြောပြခဲ့တာပါ။

AA အကြမ်းဖက်သောင်းကျန်းသူများက ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ)ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်


No photo description available.
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာနှင့် တောင်ဘွယ်(မူ) ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

နတခ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးအား စရခချုပ်အဖြစ် တာဝန်ပေးအပ်


အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲ ဝင်းဦးအား တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျောက်တံတားမြို့နယ် NLD ရုံးရှေ့တွင် ပဲပြုတ်နံပြားကျွေး

Image may contain: one or more people and outdoor
၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျရောက်သည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်NLDပါတီ ရုံးရှေ့တွင် ယနေ့မနက်ပိုင်းက ပဲပြုတ်နံပြား၊ လက်ဖက်ရည် စတုဒိသာကျွေးမွေးလျက်ရှိသည်။

(၂၀)ရာစုပင်လုံ စိတ်ဓာတ်ကိုယူဆောင်ပြီး (၂၁)ရာစုပင်လုံတွင် ဆွေးနွေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Image may contain: 16 people, people standing and outdoor
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ (၂၀)ရာစုပင်လုံစိတ်ဓာတ်ကိုယူဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ကျင်းပတဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးခြင်းဟာ အနှစ်သာရရှိရှိလုပ်နေကြခြင်းလို့ ခံယူထားကြောင်း သမ္မတပြောကြား

Image may contain: 2 people, people standing and outdoor
နေပြည်တော်ရှိ သပြေကုန်းအဝိုင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ သည်ကနေ့မှာ ဖွင့်လှစ်လိုက်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက်တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင် အချို့က နှာခေါင်းစည်း ၃၆၀၀၀ လှူဒါန်း


Image may contain: text that says 'DVB FACE DISPOSABLE MASK SURGICAL'
ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေး ကူညီရန် မြန်မာနိုင်ငံ Young Insurance ကုမ္ပဏီနှင့် Htoo Thit ကုမ္ပဏီတို့က တစ်ခါသုံး နှာခေါင်းစည်း ၃၆,၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ယမန်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။အဆိုပါလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယာယီတာဝန်ခံက လက်ခံခဲ့သည်။

ရုရှားနှင့် အီရန်မှ အကောင့်တု ကွန်ရက်များကို ဖေ့စ်ဘွတ်ခ် ပိတ်ပင်

No photo description available.
ရုရှား စစ်ထောက်လှမ်းရေးက ယူကရိန်းနဲ့ တခြား အရှေ့ဥရောပနိုင်ငံတွေကို ပစ်မှတ်ထားပြီး သတင်းမှားတွေ ဖော်ပြနေတဲ့ အကောင့်တု ကွန်ရက်တစ်ခုကို ပိတ်ပင်လိုက်ပြီလို့ ဖေ့စ်ဘွတ်ခ်က အခုလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

Tuesday, February 11, 2020

သီပေါစခန်းအချုပ်၌ အချုပ်သား ပြင်ပဒဏ်ရာများဖြင့်သေဆုံး၊ သေဆုံးမှုအပေါ် ရဲတပ်ဖွဲ့က ကြိုးဆွဲချသေဆုံး ခြင်းဟုဆို၊ မိသားစုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်တောင်းဆို


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါစခန်းအချုပ်၌ အချုပ်သားတစ်ယောက်သည် ပြင်ပဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါသေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက ပွင့်လင်းမြင်သာစွာချပြခြင်းမရှိကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွား၊ တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆို

Image may contain: sky and outdoor

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၌ AA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်စွာပစ်ခတ်ရှင်းလင်းကြောင်း တပ်မတော်ဆိုသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ သမာသမတ်ရှိစွာ ဆောင်ရွက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်တိုက်တွန်း


No photo description available.
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲ အဂတိတရား ကင်းရှင်းစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ သမာသမတ်ရှိစွာ ဆောင်ရွက်ပေးရန် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြောကြားလိုက်သည်။

၀ူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နိုင်ငံအတွင်း မတွေ့ရသေးသော်လည်း ဗြုန်းကနဲနဲ့ အများကြီးပေါ်လာနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးပြော


No photo description available.
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်မှာ မြန်မာနိုင်ငံအတွင်းတွင် မတွေ့ရှိရသေးသော်လည်း အလွန်စိုးရိမ်စရာ အခြေ အနေဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

နတ်မောက်မြို့တွင် (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ


Image may contain: outdoor
မကွေးခရိုင်၊ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရင်ပြင်မှာ ဖေဖော်ဝါရီ(၁၀)ရက် ညနေပိုင်းက (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူဝန်မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်း" နာယက ဒေါ်မြလေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဆေးကုသမှုဆိုင်ရာ အကြံပြုနိုင်ရေး Clinical Management Committee ဖွဲ့စည်း

No photo description available.
2019-nCoV Acute Respiratory Disease နှင့်ပတ်သက်သည့် ဆေးကုသမှုဆိုင်ရာ အကြံပြုချက်များ ဆောင်ရွက်နိုင်ရေး Clinical Management Committee ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အီရန် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား အယောက်(၁၀၀)ကျော် ဦးနှောက်ထိခိုက်မှုဖြစ်ခဲ့ဟုဆို


Image may contain: 3 people, sky and outdoor
ပြီးခဲ့တဲ့လအတွင်းက အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ပြီးနောက် အမေရိကန်စစ်သား အယောက်(၁၀၀)ကျော်မှာ ဦးနှောက်ထိခိုက်မှုဖြစ်ထားတဲ့ အခြေအနေတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ အမေရိကန်စစ်ဘက်က အခုလ(၁၀)ရက်နေ့က ထုတ်ဖော်ပြောကြားပါတယ်။

ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထား


Image may contain: text that says 'ရသေ့တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက'
ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိ နေအိမ်များအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက မီးရှို့ဖျက်ဆီးဟု တပ်မတော် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားနေ့ချီတက်ပွဲ

Image may contain: 3 people, people standing and outdoor
၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ ချီတက်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများ စုပေါင်းပြုလုပ်လျက်ရှိသည်။ ချီတက်ရာတွင် မြေနီကုန်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သမိုင်းလမ်းဆုံနှင့် အလုံကရင်စု စသည့် စုရပ်၄ ခုမှ ကမာရွတ် ယုဒဿန်ခန်းမသို့ အတိုင်း ချီတက်လျက်ရှိသည်။

နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီဟု တရုတ်အာဏာပိုင်များအတည်ပြု


Image may contain: 2 people, indoor
နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော် ရှိလာပြီလို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အခုလ ၁၁ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အတည်ပြုခန့်အပ်

Image may contain: text

အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အပြုသဘောပင်မဝေဖန်တော့ဟု ဦးကျော်ဇေယျပြော

Image may contain: 6 people, people sitting
အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် လတ်တလောအပြုသဘော ပင်ဝေဖန်ပြောကြားမှုမလုပ်ဟုဦးကျော်ဇေယျက ဖေဖော် ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။

မြို့သာဆေးခြောက်စိုက်ခင်းအမှုမှ စွပ်စွဲခံရသူ မရွှန်းလဲ့မြတ်နိုး တရားရှင်လွတ်

Image may contain: 3 people, people standing and outdoor
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဆိုကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်များဖြင့် မြင်းခြံခရိုင်တရားရုံး၌ တရားစွဲဆို စစ်ဆေးခံနေရသူများထဲမှ ၁ ဦးဖြစ်သည့် စွပ်စွဲခံရသူ မရွှန်းလဲ့မြတ်နိုးကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၁) အရ တရားရှင်လွှတ်ကြောင်း ခရိုင်တရားသူကြီး ဦးဟန်သိန်းက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြုလုပ်သည့် ရုံးချိန်းတွင် အမိန့်ချလိုက်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ယနေ့တင်သွင်းလိုက်သည့် ခြေဥပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့်အစီရင်ခံစာ

Image may contain: text
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁၀ရက်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား အများပြည်သူသိရှိစေရန်ဖော်ပြလိုက်ပါသည်။

My Blog List