Tuesday, February 11, 2020

ဒုတိယကမ္ဘာစစ်အတွင်း၌ မြန်မာနိုင်ငံ၌ ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများရှာဖွေရန် မုံရွာသို့ C-17 ရောက်ရှိ

Image may contain: airplane and sky
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြပြီးပြန်လည်မတွေ့ရှိသေးတဲ့ အမေရိကန်စစ်သည် ၇၃၃ ဦးရဲ့ရုပ်ကြွင်းတွေရှိနေပါသေးတယ်။

အရေးတကြီးကိစ္စမရှိဘဲ စင်ကာပူသို့ ခရီးမသွားကြရန် ကူဝိတ်နဲ့ ကာတာနိုင်ငံများက ၎င်းတို့နိုင်ငံသားများကို သတိပေး

Image may contain: one or more people

ကူဝိတ်နဲ့ ကာတာနိုင်ငံတွေက ၎င်းတို့ရဲ့ နိုင်ငံသားတွေကို စင်ကာပူနိုင်ငံသို့ အရေးကြီးကိစ္စမရှိဘဲ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ခရီးသွားအကြံပြုချက်များ ထုတ်ပြန်ခဲ့ပါတယ်။

ဘဏ်တိုးနှုန်း ဗဟိုဘဏ်မလျှော့လိုသေး

Image may contain: 1 person, text

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ဦးက ဘဏ်တိုးနှုန်းလျှော့ချရေး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသော်လည်း ဗဟိုဘဏ်ဘက်က အတိုးနှုန်းကို မလျှော့လိုသည့်ဘက်တွင်ရှိနေပြီး ဘဏ်တိုးလျှော့ချလိုက်လျှင်ပင် နိုင်ငံစီးပွားရေးကျဆင်းတော့မည့်အနေ အထားအထိပြောဆိုဆွေးနွေး သွားခဲ့သည်ကို ယနေ့တွေ့ရှိခဲ့ရသည်။

နာဆာနှင့် ကာကွယ်ရေးသုတေသနဆိုင်ရာ လုပ်ငန်းများတွင် ဘတ်ဂျက်ပိုသုံးသွားရန် သမ္မတ ထရမ့် အဆိုပြု


Image may contain: 3 people
နာဆာနဲ့ ကာကွယ်ရေးသုတေသနဆိုင်ရာ လုပ်ငန်းတွေမှာ ငွေကြေးပိုမိုသုံးစွဲသွားဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၂၁ ခုနှစ် ဘတ်ဂျက်မှာ အဆိုပြုထားပါတယ်။

စင်္ကာပူမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဝေဘာဂီ ဆေးရုံပို့ထားပြီး အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကို နေအိမ်တွင် စောင့်ကြည့်ထား

Image may contain: 1 person, eyeglasses and closeup

စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာအမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊မရှိ စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ထားကာ ၎င်းနှင့် အနီးကပ်နေထိုင်ခဲ့သည့် လူ ၁၂ ဦးကိုပါ နေအိမ်တွင် စောင့်ကြည့်ထားကြောင်း ရန်ကုန် တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အလွဲသုံးစားမှုများတွေ့ဟု စာရင်းစစ်ချုပ်ပြေ


မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ရှိ ဌာနအဖွဲ့အစည်းများတွင် အလွဲသုံးစားမှုများအပါအဝင် ဘဏ္ဍာရေးစည်းမျဉ်းမကျမှု၊ လုပ်ထုံး လုပ်နည်းမကျမှုများတွေ့ရကြောင်း မန္တလေးတိုင်း စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေက ပြောကြားသည်။

AA က ငြင်းဆို၍ ရမ်းဗြဲမြို့နယ် NLD ပါတီဝင် ဦးဇေယျာမင်း မည်သည့်အဖွဲ့ဖမ်းမှန်းမသိသေးဟု ဒေါက်တာမျိုးညွန့် ပြော

Image may contain: 1 person, suit
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးကို လက်နက်ကိုင် (၈)ဦး ဖေဖော်ဝါရီလ ၈ရက်နေ့ ညနေ၆နာရီလောက်ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း AA အဖွဲ့က ငြင်းဆိုထား၍ မည်သည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကပြောဆိုသည်။

၀ူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်သွားပြီ၊ လူ ၄၃၀၀၀ ကျော် ကူးစက်ခံထားရ

No photo description available.
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀၁၈ ဦး အထိရှိလာပြီဖြစ်ပြီး ကူးစက်ခံရသူ ၄၃၀၉၈ ဦး အထိရှိလာကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

Monday, February 10, 2020

လာမည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရမည့်ပါတီ မမြင်သေးဟုဆို

Image may contain: 1 person, sitting
လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရမည့်ပါတီအား လက်ရှိအချိန်ထိ မတွေ့မြင်ရသေးကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်က isee media သို့ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်ကသဘောတူ

Image may contain: 1 person, sitting and indoor

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးရန် ယနေ့ (ဖေဖော်ဝါရီလ ၁၀ရက်) ပြည်ထောင်စုလွှတ်တော်တွင် သဘောတူညီကြောင်းကြေညာလိုက်သည်။

စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်းအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် ရီမုမိုင်းနှစ်လုံး သိမ်းဆည်းရမိ

Image may contain: outdoor

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ တပ်မတော်သားများ အတွက် ရောက်ရှိလာသော ရိက္ခာများကို တင်ဆောင်၍ ထွက်ခွာလာသည့် ယာဉ်တန်းကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်း၏ တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့ အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကားလမ်း၏ ၀ဲ/ယာဘက်မှ ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်

မန္တလေး ကျွဲဆည်ကန် ကားဝင်း ပြောင်းရွေ့ရေးအပေါ် ကားဂိတ်ပိုင်ရှင်များ မကျေနပ်

Image may contain: sky and outdoor
မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးယာဉ်ရပ်နားကွင်း အဆင့်မြင့်တင်ရန် ကားဂိတ်များ ပြောင်းရွှေ့ရေးနှင့် ပတ်သတ်ပြီး အဝေးပြေး ကားဂိတ် ပိုင်ရှင်များနှင့် လုပ်ငန်ရှင်များ ကျေနပ်မှု မရှိကြောင်း ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်က ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်း

Image may contain: one or more people and people sitting
တရုတ်နိုင်ငံကနေစတင်ပြန့်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ် 2019-nCoVကိုတိုက်ဖျက်ရာမှာပါဝင်နေတဲ့လုပ်ငန်းတွေအကူအညီဖြစ်ဖို့ အခုတစ်ပတ်ကစပြီး ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်းသွားမယ်လို့ တရုတ်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ပါတယ်။

အစီရင်ခံစာပါအတိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးအဆုံးအဖြတ်ရယူဆောင်ရွက်သင့်ဟု လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအများစုသဘောထားမှတ်ချက်ပြု


Image may contain: 1 person, text
အစီရင်ခံစာပါအတိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးအဆုံးအဖြတ်ရယူဆောင်ရွက်သင့်ဟု လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအများစုသဘောထားမှတ်ချက်ပြုထားသည့်အကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်ထံ ယနေ့ အစီရင်ခံစာတင်ပြလိုက်သည်။

Facebook ရဲ့ ဘက်လိုက်နိုင်မှုတွေက ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ ဖြစ်နေပြီလား

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မဲရုံမှ မဲရုံကြီးကြပ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
“Facebook ပေါ်မှာရေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းတရားကို ဖြစ်စေတဲ့ စကားလုံးတွေ ရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ Facebook ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ သူတို့ကိုယ်တိုင် သိရင်လည်း ပယ်ဖျက်သွားဖို့ ရှိသလို ကျွန်တော်တို့ကနေ တင်ပြသွားရင်လည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီး ဖြစ်ပါတယ်”

ဓာတ်ဆီလောင်မီးရှို့ခြင်းခံခဲ့ရသည့်မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် သေဆုံး

Image may contain: 1 person, sitting, shoes, outdoor and nature

ကွာရှင်းထားသည့် ခင်ပွန်းဟောင်းက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခြင်းခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်မှ မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်း၌ ကွယ်လွန်ခဲ့သည်။

ရခိုင်အမျိုးသားပါတီမှဒေါ်ခင်စောဝေ၏ လွှတ်တော်တွင်းပြောဆိုဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်


Image may contain: 3 people, text
အမျိုးသားပညာရေးမူဝါဒကော်မရှင်က တင်သွင်းသည့် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ရခိုင်အမျိုးသားပါတီမှဒေါ်ခင်စောဝေဆွေးနွေးချက်များထဲမှ စကားစုတစ်ခုကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့တွင်ကြေညာသည်။

ခြေဥပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်ကိုယ်စားလှယ်၏တောင်းဆိုချက် ပြည်ထောင်စုလွှတ်တော်နာယက လက်မခံဘဲ ပယ်ချ

Image may contain: 4 people, text

ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းများအားလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီဝင်အများစု ၏သဘောထားမှတ်ချက်အတိုင်းမလုပ်ဘဲ တပ်နှင့်ကြံ့ခိုင်ရေးတင်ထားသည့်ခြေဥပြင်ဆင်ရေး၅ခုကို သီးခြားစီတင်ပြီးမဲခွဲဆုံးဖြတ်ပေးဖို့ တပ်ကိုယ်စားလှယ်တစ်ဦးက မိုက်တောင်းပြီး မတ်တပ်ရပ်တောင်းဆိုခဲ့သော်လည်း နာယက က လက်မခံဘဲ ပယ်ချလိုက်ကြောင်းသိရသည်။

NLD အစွမ်းအစ မရှိတာ လူတွေသိသွားပြီဟု ဦးဘိုဘိုကျော်ငြိမ်း ပြောဆို




“NLD မှာ အစွမ်းအစမရှိတာ လူတွေသိသွားပြီ၊ ဒါပေမယ့် ဖင်ပိတ်ငြင်းရင်တော့ မပြောတက်ဘူး၊ ဘယ်လိုလူတွေက NLD ကိုထောက်ခံနေလဲဆိုတော့ အလုပ်မလုပ်ရတဲ့ လူငယ်လေးတွေနဲ့ ကျွန်တော်တို့အရွယ် ပင်စင်စားနေတဲ့ အလုပ်မလုပ်ရတော့တဲ့ အရွယ်တွေကပဲ အသေအလဲ ထောက်ခံနေတာ” ဦးဘိုဘိုကျော်ငြိမ်း (နိုင်ငံရေးလေ့လာ သုံးသပ်သူ)

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အား ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်မည့်အပေါ်ကန့်ကွက်မှုမရှိဘဲ ပြည်ထောင်စုလွှတ်တော်သဘောတူပေး


Image may contain: 1 person, text and closeup
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်မည့်အပေါ်ကန့်ကွက်မှုမရှိဘဲ ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် သဘောတးပေးလိုက်ကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ဝန်ကြီးပြောကြား


Image may contain: 6 people, people sitting, table and indoor
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုကို အမေရိကန်အကူအညီဖြင့် မြန်မာနိုင်ငံ၌ ယခုလကုန်ခန့်တွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။

အတိုင်ပင်ခံ၏ မွန်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Image may contain: textImage may contain: text

အစိုးရ၏ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့်တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန်လို


Image may contain: 5 people, crowd and outdoor
အစိုးရ၏ ပြုပြင်ပြောင်းလဲမှု တစ်ခုနှင့် တစ်ခုအကြား ဆိုင်းငံ့ချိန်ပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

မကွေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော လူနာနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန သတင်းထုတ်ပြန်

Image may contain: text

၁။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်သူ အသက်(၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၂-၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် မောခြင်းရောဂါလက္ခဏာများခံစားခဲ့ရပြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၃:၃၀) ခန့်တွင် တက်ရောက်ကုသခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကြီးသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၇:၃၀) ခန့်တွင် လွှဲပြောင်းညွှန်းပို့ခဲ့ပါသည်။ 

အမျိုးဘာသာ သာသနာနှင့် အချုပ်အခြာအာဏာအ‌ပေါ် ထိပါးစော်ကားနေမှုများအား မဘသ ဦးဆောင်၍ ကန့်ကွက်ဆန္ဒပြ

Image may contain: 10 people, crowd
အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှူများအား ကန့်ကွက်ရှုတ်ချသဖြင့် မဘသအဖွဲ့ကဦးဆောင်ကာ ယနေ့(ဖေဖော်ဝါရီ ၉ ရက်) မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့တွင်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

My Blog List