Wednesday, January 15, 2020

ရန်ကုန်ရှိ အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများ ပြန်လည်စိစစ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီတင်ပြ

Image may contain: 1 person, standing
ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများအား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပြန် လည်စိစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ အဖွဲ့ဝင် ဦးမိုးမြင့်က လွှတ် တော်သို့ ပြောဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ ဂုဏ်ပြုလွှာ

Image may contain: text

ဆရာ၊ဆရာမများသည် ငွေဝယ်ကျွန် မဟုတ်၊ လစာပေး၍ ခိုင်းချင်ရာ ခိုင်းသဘောက စော်ကားလွန်းဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများ ေျပာဆို


Image may contain: 7 people, people sitting
အခြေခံစာသင်ကျောင်းများ မတ်လကုန်ထိ တက်ရောက်ရမည်ဟု ပညာရေးဝန်ကြီးဌာန ပြောဆိုချက်သည် ပိုက်ဆံပေးပြီး ခိုင်းချင်သလိုခိုင်းမည် ဆိုသော သဘောဖြစ်၍ စော်ကားလွန်းရာကျနေကာ ကျောင်းဆရာဆရာမများသည် ငွေဝယ်ကျွန်မဟုတ်ကြောင်း ယမန်နေ့ကျင်းပပြုလုပ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်သူများက ပညာရေးဝန်ကြီးဌာနသို့ ပြောဆိုလိုက်သည်။

နှစ်သစ်အခါသမယ တရုတ်သမ္မတလာရောက်ခြင်းမှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်က မြန်မာအပေါ်အလေးထားကြောင်းပြသခြင်းဖြစ်ဟု ဦးကိုကိုလှိုင် သုံးသပ်


Image may contain: 4 people, text that says 'News Watch'
တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် နှစ်သစ်အခါသမယတွင် မြန်မာတနိုင်ငံတည်းကိုဦးစားပေး လာရောက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အလေးထားကြောင်းကို ပြသခြင်းဖြစ်သည်ဟု သမ္မတဟောင်း ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးကိုကိုလှိုင်က သုံးသပ်ပြောကြားသည်။

ဥပဒေရှေ့မှောက်ရောက်ရှိလာသူ အားလုံးအညီအမျှ ဖြစ်စေရန် တရားရေးမဏ္ဍိုင်အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ကြရမည်ဟုနိုင်ငံတော်သမ္မတမှာကြား

Image may contain: 1 person

ဥပဒေရှေ့မှောက်ရောက်ရှိလာသူ အားလုံးအညီအမျှ ဖြစ်ရမည်ဖြစ်ပြီး တရားရေးမဏ္ဍိုင်အနေဖြင့် တည်ဆဲဥပဒေများအတိုင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လမ်းညွှန်မှာကြားလိုက်သည်။

မိုးပျံရထားလမ်းစီမံကိန်း အသေးစိတ်ဒီဇိုင်းထွက်မှ မြေနေရာလျော်ကြေးတန်ဖိုး ဆုံးဖြတ်မည်

Image may contain: outdoor
ရန်ကုန်မြို့ရဲ့ အရှေ့နဲ့အနောက်ကိုဆက်သွယ်မယ့် မိုးပျံရထားလမ်းစီမံကိန်း အသေးစိတ်ဒီဇိုင်းထွက်လာမှသာ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မြေနေရာတွေအတွက် လျော်ကြေးတန်ဖိုး ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းနဲ့ မြေယာရယူခြင်း လျော်ကြေးပေးရေးကိုဆောင်ရွက်နေတဲ့ E Guard Environmental Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်က လှိုင်မြို့နယ် မင်္ဂလာခန်းမမှာပြုလုပ်တဲ့ မိုးပျံရထားလမ်းတည်ဆောက်ရေးစီမံကိန်းအတွက် အများပြည်သူ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ကိုယ်ခံပညာမျိုးစုံအသုံးပြုပြီး ယှဉ်ပြိုင်တိုက်ခိုက်တဲ့ MMA ကစားသမား အောင်လအန်ဆန် ၂၀၁၉ ရဲ့ နိုင်ငံတကာအကောင်းဆုံး တိုက်ခိုက်ရေးသမားဆု ရရှိ



Image may contain: 1 person, smiling
အောင်လအန်ဆန်ဟာ MMA ဝိတ်တန်း နှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး လာမယ့် မတ်လအတွင်းမှာ Light Heavy Weight ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ထိုးသတ်ဖို့ရှိနေပါတယ်။

ကြိုးဆွဲချ အမျိုးသမီးငယ်၏ ဝိညာဉ် မိခင်ကိုဝင်ပူးပြီး လုပ်ကြံခံရသည်ဟု ပြောသဖြင့် ပြန်အမှုဖွင့်ရန် စီစဉ်နေ

Image may contain: 1 person, childImage may contain: 2 people
ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၌ လွန်ခဲ့သော သုံးရက်က ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသမီးငယ်၏ ဝိညာဉ်မှ အသုဘချခါနီး မိခင်ဖြစ်သူအား ဝင်ပူးသည်ဟုဆိုကာ သူ့ကို အခြားသူက လုပ်ကြံသည်ဟု ပြောဆိုသဖြင့် မိဘများက ရဲစခန်း တွင် ပြန်လည်အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ 

လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ မူလတန်းကျောင်း ၆ ကျောင်းနှင့် လူ ၆ဝကျော် လေယာဉ်ဆီများ ထိမှန်ပေကျံ

Image may contain: sky, plant, nature and outdoor, text that says 'Sujey Hernandez'Image may contain: sky, cloud and airplane
လေယာဉ်တစ်စီးက ဂျက်လေယာဉ်ဆီများသွန်ချခြင်းကြောင့် မြေပြင်မှ လူ ၆၀ လေယာဉ်ဆီများပေကျံကုန်ပြီး၊ မူလတန်းကျောင်း ၆ ကျောင်းပေါ်သို့လည်း လေယာဉ်ဆီများကျရောက်ခဲ့ခြင်း လော့အင်ဂျလိစ်တွင်ဖြစ်ပွားခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် ကရင်နီလူငယ်များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံ ညှိနှိုင်းမည်

Image may contain: 1 person, smiling, sitting and flowerImage may contain: text

ကယားပြည်နယ်လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားရှိတာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် ကရင်နီလူငယ်အင်အားစုများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့တွေ့ဆုံဆွေနွေးသွားမည်ဖြစ်သည်။

တစ်ကမ္ဘာလုံးသို့ ဝူဟန်အဆုတ်ယောင် ဗိုင်းရပ်စ် ကူးစက်ပျံ ့နှံ့နိုင်ဟု WHO သတိပေးညွှန်ကြားထား

Image may contain: one or more people

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသည့် ထူးဆန်းသည့် ဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝန်းသို့ပျံ ့နှံ့နိုင်ခြေရှိနေခြင်းနှင့်အတူ တစ်ကမ႓ာလုံးမှ ဆေးရုံများအနေဖြင့် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ပြောကြားလိုက်ပြီဟု ဗြိတိန်မှ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုထားမှု ဇန်နဝါရီလ ၂၃ ရက်နေ့ အမိန့်ချမည်


Image may contain: 1 person, indoor
အပြည်ပြည်ဆိုင်ရာတရားရုံးICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာတရားစွဲဆိုထားမှုကို လာမည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဂမ်ဘီယာတရားရေးဌာနက တွစ်တာလူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲမှူးချုပ်နှင့် ရဲအရာရှိအချို့ကို တရားစွဲနိုင်ရန် သမ္မတထံသို့ ခွင့်ပြုချက်တောင်းခံ

No photo description available.

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှုးချုပ်နှင့် ရဲအရာရှိအချို့ကို ဥပဒေနှင့်အညီတရားစွဲဆိုနိုင်ရန်ဟုဆိုကာ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM)က သမ္မတထံ ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပုံအသစ်နှင့် အဖွဲ့ဝင်များ သမ္မတရုံး ကြေညာ

No photo description available.No photo description available.

Tuesday, January 14, 2020

ဆံနွယ်ရှည်တွေနဲ့ အရမ်းလှနေတဲ့ ယွန်းယွန်း

Image may contain: 1 person, smiling, standing and outdoorImage may contain: 1 person, smiling, standing

တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အရေးယူဖို့ ကျောင်းသားတွေတောင်းဆို

Image may contain: 5 people, people smiling, outdoor

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဇန်နဝါရီ ကိုးရက်နေ့ကစပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ခြောက်ရက်မြောက် ရှိနေပြီး ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေကြောင်း သိရပါတယ်။

ရန်ကင်းမြို့နယ် စည်ပင်နယ်နိမိတ်အတွင်းရှိ ဆိုင်ကျူး၊ ခြံကျူးများအား ရှင်းလင်းဖယ်ရှားသွားမည်

Image may contain: one or more people
ရန်ကင်းမြို့နယ်ရှိ လမ်းအချို့တွင် လမ်း၏ ဘေး/ယာ စည်ပင်ပိုင် နယ်နိမိတ် မြေလွတ်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း ဈေးဆိုင်များ ကျူးကျော် ဆောက်လုပ်ထားခြင်းများအား မြေစာရင်း အရ တွေ့လျှင် ချက်ခြင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည် ။

လူမြင်မကောင်းတဲ့အနုပညာကို မဖန်တီးဘူးဆိုတဲ့ ဂုဏ်ရှိန်ဝင့်ထည်

Image may contain: 1 person, shoes and hat
အနုပညာအလုပ်တွေအတွက် အခွင့်အရေး နည်းနေသေးတယ်လို့ ပွင့်ပွင့်လင်း လင်းပြောပြလာတဲ့ အဆိုတော် ဂုဏ်ရှိန်ဝင့်ထည်က မကြာ ခင်မှာ သူမရဲ့သီချင်း တစ်ပုဒ်ကို ပရိသတ် ဆီအရောက်ပို့ တော့မယ်လို့ သိရ ပါတယ်။

မူးယစ်ဆေးဝါးပပျောက်ရေးကို ဖမ်းဆီးမှုဖြင့်သာ ဆောင်ရွက်ပါက အကျဉ်းထောင်များတွင် လူများရုံသာရှိဟု ဦးခင်ရီ ပြော


Image may contain: 1 person, indoor
မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပပျောက် ရန်နည်းလမ်းများ ဆောင်ရွက် ခြင်းမရှိဘဲ ဖမ်းဆီးမှုများဖြင့်သာဆောင်ရွက်နေပါက အကျဉ်း ထောင်များတွင် လူများရုံသာရှိ နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်းဦးခင်ရီ က ပြောသည်။

သရုပ်ဆောင် ဗေလုဝရဲ့ လတ်တလော ရောဂါ အခြေအနေ စောင့်ကြည့်နေရ

Image may contain: 1 person, sitting, sleeping and closeup
ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးပိတ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် MPT သုံးစွဲသူတို့မှ SMS ဖြင့် လှူဒါန်းငွေ ဇန်နဝါရီ ၉ ရက်နေ့ထိ (၃,၆၅၁,၅၀၀) ကျပ်ထိ ရရှိခဲ့

MPT က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်လှူဒါန်း လိုသည့် MPT သုံးစွဲသူ မိဘပြည်သူများအားလုံးအတွက် SMS ဖြင့် လှူဒါန်းနိုင်မည့် အစီအစဉ် တစ်ခုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်တွင် စတင်ပြုလုပ်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်အထိ MPT သုံးစွဲသူ မိဘပြည်သူ တစ်ဦးချင်းစီ၏ SMS ဖြင့် လှူဒါန်းမှုအကြိမ်ပေါင်း (၇,၃၀၃) မှတစ်ဆင့် စုစုပေါင်း (၃,၆၅၁,၅၀၀) ကျပ် လက်ခံရရှိခဲ့ကြောင်း MPT က ကြေညာထားသည်။

ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် GENERAL VONG PISEN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

Image may contain: 8 people, people standing
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြ ကြောင်း သတင်းရရှိသည်။

အများပြည်သူအသုံးပြုနေသည့် SIM ကဒ်များနှင့်ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်


No photo description available.
အများပြည်သူအသုံးပြုနေသည့် SIM ကဒ်များနှင့်ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန် လိုက်ပြီး ညွှန်ကြားချက်အရ ငွေဖြည့်သွင်းခြင်းမရှိသည့် ဆင်းကတ်များ ရက်ပေါင်း (၆၀)ကျော်ပါက သုံးစွဲသူအသစ်ထံ ချပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခုထူထောင်ရန် စီစဉ်နေ


Image may contain: 1 person, living room and indoor
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုယ်ပိုင်ရုပ်သံလိုင်းတစ်ခုထူထောင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပြောပြချက်အရ သိရသည်။

ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသားများက ဗကသများအဖွဲ့ချုပ်၏ဆန္ဒဖော်ထုတ်မှုအပေါ် တန်ပြန်ဆန္ဒထုတ်ဖော်


ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသားများက ဗကသများအဖွဲ့ချုပ်၏ဆန္ဒဖော်ထုတ်မှုအပေါ် တန်ပြန်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

My Blog List