
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း အား ဒီဇင်ဘာ ၆ ရက်၊ (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကာ ပညာရေး၊ ကုန်သွယ်ရေး နှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။





























