Friday, December 06, 2019

စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ်(၁၅)ဘီလီယံကို သုံးစွဲခွင့်ပြုထားကြောင်း ဒုသမ္မတပြော

Image may contain: 1 person
စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ်(၁၅)ဘီလီယံကို သုံးစွဲခွင့်ပြုထားပေးပြီးဖြစ်ကြောင်း တောင်သူလယ် သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်း ဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့် တင်ရေး ဦးဆောင်အဖွဲ့အနေနဲ့
ဥပဒေပုဒ်မ (၂၃) အရဝယ်ယူမယ့်လယ်ယာထုတ်ကုန် အမျိုးအစားနဲ့အစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက်ရယူပြီး စပါးတင်း (၁၀၀)ရဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ်ငွေ (၅) သိန်းအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁၅)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်၊ ထုတ်ပြန်ရခြင်းရဲ့ရည်ရွယ်ချက်က ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်ကို ကျဆင်းနေရင်အခြေခံရည်ညွှန်းစပါးဈေးအတိုင်း ဝယ်ယူပေးခြင်းအားဖြင့် တောင်သူ လယ်သမားများရဲ့ အကျိုးစီးပွားကိုမြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်"ဟု၄င်းကပြောသည်။

ဒီဇင်ဘာ ၅ရက်ကတောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ် သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်း ဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထိုသို့ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် ဈေးနှုန်းကျဆင်းခြင်းကို ထိန်းကြောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့တင်ပို့ရောင်းချ ခွင့်ကိုလည်း ၂၀၁၉ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တင်ပို့ခွင့်လိုင်စင်ခွင့်ပြုပေးမည် ဖြစ်ပြီး တန်ချိန်(၂)သိန်းမှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီ (၃၁)ရက်နေ့အပြီး တင်ပို့ရန်နှင့်လိုအပ်ပါက တန်ချိန်(၅) သိန်း အထိ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ငှက်ခါး

No comments:

Post a Comment

My Blog List