Wednesday, December 04, 2019

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏  မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုကို အတည်ပြုပေး

Image may contain: 1 person, sitting and indoor
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၉)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပပြုလုပ်

Image may contain: 6 people, people smiling, table and indoor

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင် နေပြည်တော်၊ M-Gallery Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Pol. Col. Mr. Vu Van Hau တို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား သို့ ဖိတ်ကြားထားသော ရဲအရာရှိကြီးများ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ် တို့မှ အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ် ၃၃ ဦးတို့ တက်ရောက် ခဲ့သည်။

ဗစ်တိုးရီးယားအမှု (၁၂)ကြိမ်မြောက်ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမနှစ်ဦးကိုစစ်ဆေးမည်


Image may contain: 5 people, people standing
နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့ (ဒီဇင်ဘာ(၄)ရက်)မှာ စစ်ဆေးသွားမယ့် ဗစ်တိုးရီးယားအမှု (၁၂)ကြိမ်မြောက်ရုံးချိန်းမှာ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ဆရာမနှစ်ယောက်ကို စစ်ဆေးသွားမယ်လို့တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ ဒီကနေ့ရုံးချိန်းမှာ CCTV မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပညာရှင်တွေရဲ့ အမည်စာရင်းကိုလည်း တင်သွင်း သွားမယ်လို့ဆိုပါတယ်။ 

Thursday, November 28, 2019

Myanmar’s Pride Awards ဂီတကဏ္ဍဆန်ကာတင်စာရင်းတွင် နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဓီရာမိုရ်၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်


ကဏ္ဍအသီးသီးမှ လေးစားအသိအမှတ်ပြုခံရသူတွေကို ရွေးချယ်ချီးမြှင့်မယ့် Myanmar’s Pride Awards ရဲ့ တေးဂီတကဏ္ဍဆန်ကာတင်စာရင်းမှာ နာမည်ကြီး တေးသံရှင်တွေ ဖြစ်ကြတဲ့ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဓီရာမိုရ်နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင် နေကြပါတယ်။

အာဆီယံတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၈ ခုရရှိ


အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ် ၈ ခု၊ ငွေ တံဆိပ် ၈ ခုနဲ့ ကြေးတံဆိပ် ၇ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် စတုတ္ထအဆင့် ရရှိခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားရောက်ဖြေရှင်းမှုသည် ကောင်းမွန်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူ တချို့သုံးသပ်


Image may contain: 1 person, sunglasses and closeup
International court of Justice (ICJ) ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းတာဟာ ကောင်းမွန်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတချို့ကသုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ တရားရုံးမှာ အမှုဖြစ်အကြောင်းအရာကို ရှင်းပြမှာဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြပြောဆိုမယ့် ဥပဒေ ပညာရှင်တွေလည်းရှိတယ်လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောပါတယ်။ 

တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၅၀ အသုံးပြုခွင့်ပေး


၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၅၀ အထိ အသုံးပြုခွင့်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မှ သိရှိရသည်။

မြန်မာအလှမယ် ဆွေဇင်ထက် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အမေရိကန်သို့ ထွက်ခွာ

78660010_1167655750291022_629286380438028288_n

အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ဆုံးဖြတ် ယင်ဥပဒေမူကြမ်းက ပုဒ်မ၅၉ (စ)ပါ ကန့်သတ်ချက်ကို သမ္မတအပြင် ဝန်ကြီး၊ဝန်ကြီးချုပ်တွေပါ ထည့်သွင်းကန့်သတ်ရန် တပ်မတော်ကြိုးပမ်းသည့် ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းတစ်ရပ်ဖြစ်


No photo description available.

ဗိုလ်မှူးချုပ်မောင်မောင်ပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၄၄)ဦး လက်မှတ်ရေးထိုး တင်ပြလာသည့် ခြေဥပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ယနေ့ မဲခွဲဆုံးဖြတ်ရာတွင် ပူးပေါင်းကော်မတီဝင်အများစု၏ သဘောထားမှတ်ချက်ဖြစ်သော ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် တင်သွင်းမည်ဆိုသည့် သဘောထားမှတ်ချက်ကို ကိုယ်စားလှယ် ၃၆၂ဦးက ထောက်ခံခဲ့ကြ သည်။

တပ်ကိုယ်စားလှယ် ၄ဦး နှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးမောင်မြင့်တို့၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ကြောင်း လွှတ်တော်နာယက ကြေညာ လွှ‌တ်တော်တွင်း ဆွေးနွေးရာ၌ ပုဂ္ဂိုလ်ရေး ထိခိုက်ပုတ်ခတ်မှုများ မပြုလုပ်ကြရန် လေးလေးနက်နက်သတိပေး



Image may contain: 1 person, text
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်မောင်မောင် တင်ပြထားသော ခြေဥပြင်ရေးဥပေးမူကြမ်းကို လွှတ်တော်တွင်းဆွေးနွေးစဉ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ဦး နှင့်ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးမောင်မြင့် တို့၏ ဆွေးနွေးချက်အချို့သည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် လွှတ်တော်မှတ် တမ်းမှ နုတ်ပယ်ကြောင်း နာယကက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကြေညာလိုက် သည်။

တောင်ကြီးတွင် “ဖဲကြိုးဖြူနေ့” ပြုလုပ်


သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဟုတ်ကြန့်ခန်းမတွင် “ဖဲကြိုးဖြူနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၈ ) ရက် ကျင်းပပြုလုပ်ခဲ့သည်။

ICJ တွင် တရားစွဲဆိုထားမှု ပကတိအရှိတရားအတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည် ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်၊ `အရေးကြီးပြီ သွေးစည်းကြစို့´ ဟု တိုက်တွန်း



မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုထားမှုအား ပကတိအရှိတရားအတိုင်း ကမ္ဘာသိအောင် ဆောင်ရွက်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ


Image may contain: 2 people, people sitting
လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ကောက်ယူပြီးစီးပြီဖြစ်ကာ မဲဆန္ဒပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

နည်းပညာနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၅ စီးမြောက် လေယာဉ်တင် သင်္ဘောတည်ဆောက်မှု တရုတ်ရပ်ဆိုင်း


Image may contain: ocean, sky, outdoor and water

တရုတ်စစ်တပ်ဟာ ၄ စီးမြောက် လေယာဉ်တင်သင်္ဘောအထိ ဆက်လက်တည်ဆောက်နေပြီး ၅ စီးမြောက် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကိုတော့ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်ကပေးအပ်ထားသည့် အဆောင်အယောင်များ မသုံးရန် ပိတ်ပင်ထားခြင်းမရှိဟုဆို


Image may contain: 1 person, sitting
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံတော်က ပေးအပ်ထား သည့် အဆောင်အယောင်များ အသုံးပြုခွင့်မရှိဟု ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်


No photo description available.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်က ပေးအပ်ထားသည့် အဆောင်အယောင်များ အသုံးပြုခွင့်ရှိ


Image may contain: 2 people, people standing and indoor
နိုင်ငံတော် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရေးကာလ အတွင်း နိုင်ငံတော်က ပေးအပ်ထား သည့် အ ဆောင် အယောင်များအသုံးပြုခွင့် ရှိပြီး ဥပဒေအရ ပိတ်ပင်ထားခြင်းမရှိကြောင်း ရွေးကောက်ပွဲကော် မရှင်ပြော ရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောကြားလိုက်သည်။

Wednesday, November 27, 2019

အောင်လအန်ဆန်းကိုဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်



ကချင်ပြည်နယ်နေ့အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအားဂုဏ်ပြုသည့်အနေဖြင့် ကလပ် ပေါင်းစုံဖိတ်ခေါ်Boxingပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ သိရသည်။

ဘားအံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဓာတ်ပုံကို ပိုစတာအဖြစ် စတင်အသုံးပြု၊ နိုင်ငံတစ်ဝန်း ထောက်ခံပွဲများ တပြိုင်နက်တည်း ကျင်းပမည်


Image may contain: 4 people, people smiling, outdoor
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို အမှုစတင်စစ်ဆေးမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ တစ်နိုင်ငံလုံး ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့တွင် ပြုလုပ်ရန်ရှိနေသည့် ဗီနိုင်းကြော်ငြာအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုြကည် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာအဖြစ် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

ICJ ဆိုင်ရာ အထူးအဖွဲ့ ဖွဲ့လိုက်ကြောင်း အစိုးရ ကြေညာ



နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ (Special Unit On International Criminal Justice)ကို ဖွဲ့စည်းပြီး ဖြစ်တယ်လို့ နိုင်ငံအတိုင်ပင်ခံရုံးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြဝတီရောက် ကရင်ဒုက္ခသည်တွေအတွက် ဂျပန်က နေအိမ် ၂၀၀ လှူ



ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်မှာ စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်းဒေးရှင်းက ဆောက်လုပ်လှူဒါန်းထားတဲ့ နေအိမ်၂၀၀ ကို ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Tuesday, November 26, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တောင်ကိုးရီးယားသမ္မတတွေ့ဆုံနှုတ်ဆက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တောင်ကိုးရီးယားသမ္မတမွန်ဂျေအင်းက ယနေ့ကျင်းပသော အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ ပထမပိုင်းမစတင်မီ တွေ့ဆုံနှုတ်ဆက်သည်။

ဦးကိုနီအမှုမှ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်းတို့ကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သတ်ပြီး ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့ကိုထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် လျှောက်လဲချက်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

AA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ အမြန်ဆုံးပြန်လွတ်ရေး မန်း၌ ဆုတောင်းပွဲပြုလုပ်



(AA) မှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအမြန်ဆုံးလွတ်မြောက်ရေးနှင့် ဘေး အန္တရာယ်ကင်း စေရေးအတွက် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ မဟာမုနိဘုရားကြီး စနေထောင့် တွင် ဆုတောင်းပွဲပြု လုပ်ခဲ့သည်။

My Blog List