အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေအတွက် ဖန်းတီးထားတဲ့ ဝတ်စုံတွေထဲမှာ သမိုင်းပညာရှင်တွေပြသတဲ့ ဓာတ်ပုံပါ အထောက်အထားတွေနဲ့ ကွဲလွဲနေတာကြောင့် ပယ်လိုက်ရတဲ့ အဝတ်အထည်တွေအတွက် ကိုယ်ပိုင်ငွေ သိန်း ၂၀ ဖိုးဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ တာဝန်ပေးအပ်ခံရတဲ့ ဒီဇိုင်နာတွေထဲက တစ်ယောက်ဖြစ်တဲ့ ပြည်စိုးအောင်က ပြောပါတယ်။