Tuesday, October 22, 2019

ထိုင်းဘုရင်က ကြင်ယာတော်ကို ရာထူးနှင့်ဘွဲ့များ ပြန်လည်ရုပ်သိမ်း

Image may contain: 4 people, people sitting and indoor
ကင်ယာတော် ဆီနီနက်သည် ထီးနန်းနှင့် နိုင်ငံတော်အပေါ်”သစ္စာမရှိ”သူ ဖြစ်သည်ဟု ထိုင်းတော်ဝင်နန်းတော်က မနေ့က ကြေညာလိုက်ပြီး ကြင်ယာတော်ထံမှ ဘွဲ့များနှင့် ရာထူးများကို ထိုင်းဘုရင်က ရုတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံလုံး အံ့ဩသင့်ခဲ့ရသည့် ယင်းကြေညာချက်ကို တော်ဝင်နန်းတော်က ယမန်နေ့ (အောက်တိုဘာ ၂၁) က ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်းစာမျက်နှာထက် ထိပ်တန်းသတင်းတစ်ရပ်ဖြစ်နေသည့် တော်ဝင်နန်းတော်၏ ကြေညာချက်သည် စာမျက်နှာ ၂ မျက်နှာအပြည့် ရှိပြီး တော်ဝင်ပြန်တမ်းထဲတွင် ကြင်ယာတော် ဆီနီနက်သည် ရည်မှန်းချက်အလွန်ကြီးမား၍ ထီးနန်းနှင့် နိုင်ငံတော်အပေါ် မသင့်လျော်သော အပြုအမူများဆောင်ရွက်ခြင်း၊ ထိုင်းတော်ဝင်မိဖုရားကြီး၏ အဆင့်အတန်းနှင့် ညီအောင် တန်းညှိခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ထိုင်းဘုရင် သည် ၎င်း၏ကိုယ်ရံတော်ဟောင်း အသက် (၃၄) နှစ်အရွယ်ရှိ ဆီနီနက်ကို လွန်ခဲ့သည့် ၃ လခန့်ကမှ ကြင်ယာတော်အဖြစ် တင်မြှောက်ခဲ့သည်။
Image may contain: 2 people, people smiling 

Image may contain: 1 person 
Ref: Thai king strips 'disloyal' royal consort of all titles: Palace
Photo: AFP, Twitter@PichayadaCNA
<Zawgyi>
ထိုင်းဘုရင်က ကြင်ယာတော်ကို ရာထူးနှင့်ဘွဲ့များ ပြန်လည်ရုပ်သိမ်း

ဘန်ကောက်၊ အောက်တိုဘာ ၂၂
ကင်ယာတော် ဆီနီနက်သည် ထီးနန်းနှင့် နိုင်ငံတော်အပေါ်”သစ္စာမရှိ”သူ ဖြစ်သည်ဟု ထိုင်းတော်ဝင်နန်းတော်က မနေ့က ကြေညာလိုက်ပြီး ကြင်ယာတော်ထံမှ ဘွဲ့များနှင့် ရာထူးများကို ထိုင်းဘုရင်က ရုတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းနိုင်ငံလုံး အံ့သြသင့်ခဲ့ရသည့် ယင်းကြေညာချက်ကို တော်ဝင်နန်းတော်က ယမန်နေ့ (အောက်တိုဘာ ၂၁) က ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်းစာမျက်နှာထက် ထိပ်တန်းသတင်းတစ်ရပ်ဖြစ်နေသည့် တော်ဝင်နန်းတော်၏ ကြေညာချက်သည် စာမျက်နှာ ၂ မျက်နှာအပြည့် ရှိပြီး တော်ဝင်ပြန်တမ်းထဲတွင် ကြင်ယာတော် ဆီနီနက်သည် ရည်မှန်းချက်အလွန်ကြီးမား၍ ထီးနန်းနှင့် နိုင်ငံတော်အပေါ် မသင့်လျော်သော အပြုအမူများဆောင်ရွက်ခြင်း၊ ထိုင်းတော်ဝင်မိဖုရားကြီး၏ အဆင့်အတန်းနှင့် ညီအောင် တန်းညှိခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ထိုင်းဘုရင် သည် ၎င်း၏ကိုယ်ရံတော်ဟောင်း အသက် (၃၄) နှစ်အရွယ်ရှိ ဆီနီနက်ကို လွန်ခဲ့သည့် ၃ လခန့်ကမှ ကြင်ယာတော်အဖြစ် တင်မြှောက်ခဲ့သည်။
Ref: Thai king strips 'disloyal' royal consort of all titles: Palace
Photo: AFP, Twitter@PichayadaCNA

No comments:

Post a Comment

My Blog List