Tuesday, September 03, 2019

ပြန်မလာချင်သည့် နေရပ်စွန့်ခွာသူများ အဖွဲ့ ၃ ဖွဲ့ကွဲနေဟုဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့သူတွေ အဖွဲ့ ၃ ဖွဲ့ကွဲနေဟု မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသူ (၂) ဦး ဆေးရုံတင်ပို့လိုက်ရ

Image may contain: 1 person, sitting, shoes and outdoor

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး အတွက် သပိတ်မှောက် ဆန္ဒပြနေသည့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသူ (၂) ဦးကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆေးရုံတင်ပို့လိုက်ရကြောင်း သိရသည် ။

အာဏာရပါတီ တည်မြဲရေးကိုသာ ရည်ရွယ်နေတယ်ဆိုတာ မြင်ပြီး ကိုယ်စားလှယ် ၂ ယောက် နုတ်ထွက်လိုက်တာ လို့ ရခိုင်အမျိုးသားပါတီ ထုတ်ပြန်


Image may contain: text

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍဟာ ပီပြင်စွာပါဝင်နိုင်တဲ့ အခြေအနေမရှိတာရယ်၊ လက်ရှိအာဏာရ ပါတီ တည်မြဲရေးကိုသာ ရည်ရွယ်နေတာတွေ့ရတယ်ဆိုပြီး ရခိုင်အမျိုးသားပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကနေ နုတ်ထွက်ရတာ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

နှစ်သန်း ၂၀၀ ကျော်က ဒိုင်နိုဆောမျိုးနွယ်ဝင် ကျောက်ဖြစ်ရုပ်ကြွင်း လားရှိုးတွင်တွေ့ရှိ


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ကျော်က ဒိုင်နိုဆောမျိုးနွယ်ဝင် ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နားကနေ တွေ့ထားတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။

ရည်းစားဟောင်းဖြစ်သူ အစ္စဏီအား "ကံ မကုန်လို့ ပြန်ဆုံခဲ့ရင် ဖက်နမ်း ခွင့်ပြုပါ"လို့ ဆိုလိုက်တဲ့ မော်ဒယ် စူးရှထက်


Image may contain: 1 person, smiling, standing, child and outdoor

အဆိုတော်အစ္စဏီကို ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်က ဥပဒေ ပုဒ်မ ၃၇၆၊ ၃၄၂၊ ၃၂၃ တို့နဲ့ တာမွေ မြို့နယ်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဧပြီလက တည်းက စွဲဆိုထားခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့နေခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ Mr. Moon Jae-in နေပြည်တော် ရောက်ရှိ


Image may contain: 1 person, smiling, standing, sky and outdoor
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိသည့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Moon Jae-in နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၃-၉-၂၀၁၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၀ မိနစ် အချိန်တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်(ဆက်ဆံရေးဝန်ကြီး)နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

နယ်မြေရဲစခန်းမှူးက ဇနီးအား သေနတ်ဖြင့် ပစ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံး


Image may contain: phone
ဒေးဒရဲမြို့၊အမှတ်(၁ )ရပ်ကွက် ၊ဗိုလ်ချုပ်လမ်းရှိ ဒေးဒရဲ အအေးခန်း ဧည့်ရိပ်သာ၊ အခန်းအမှတ် A1 ၌ စက်တင်ဘာလ (၂)ရက်နေ့ ည (၈)နာရီကျော်ခန့်က ဒေးဒရဲမြို့နယ်၊ကျုံးဒါးနယ်မြေ စခန်းမှူး ရဲအုပ်စောလှဌေး (၄၅)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာ (၃၃)ဖြစ်သူနဲ့ အတူ တည်းခိုရင်း လင်မယားချင်း စကားများ ရန်ဖြစ်ကာ စခန်းမှူးက ဇနီးဖြစ်သူရဲ့ ညာဘက်ပေါင်ကို ခြောက်လုံးပြူးသေနတ်နဲ့ (၂)ချက် ပစ်ခတ်ပြီးနောက် မိမိပါးစပ်ထဲသို့လည်း (၁)ချက် ပစ်ခတ်ပြီး စခန်းမှူးသေဆုံးခဲ့ကြောင်း ရဲစစ်ဆေးချက်များအရ သိရပါတယ်။ 

NLD ဦးဆောင်သော ဖွဲ့စည်းပုံ ပြင်ရေး ၄၅ ဦးကော်မတီမှ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ၂ ဦး ထပ်မံနှုတ်ထွက်ပြန်


No photo description available.
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် NLD ဦးဆောင်ဖွဲ့စည်းထားသည့် ၄၅ ဦးကော်မတီမှ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ၂ ဦးသည် ထပ်မံနှုတ်ထွက်လိုက်ကြောင်းသိရသည်။

Tiktok ပေါ်က မတ်မတ်တို့လာပြီနော် 😘





လိပ်ကျွန်းအမှုတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ကူညီပေးရန် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွှန်ကြားထားပြီး ထိုင်းနိုင်ငံရှိ သံအရာရှိ၊ သံအမတ်ကြီးများကလည်း အဆင့်အလိုက် ကူညီနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ကူညီပေးရန် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွှန်ကြားထားပြီး ထိုင်းနိုင်ငံရှိသံအရာရှိ၊ သံအမတ်ကြီးများကလည်း အဆင့်အလိုက်ကူညီပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မန္တလေးကျောင်းသားသပိတ် ဦးဆောင်သူ ကျောင်းသားမိဘများကို အာဏာပိုင်များ ဖိအားပေးနေ၊ ပိုမိုပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ကြေညာ


Image may contain: one or more people, people sitting and outdoor
မန္တလေးတက္ကသိုလ်အတွင်းတွင် တင်ဒါ ခေါ်ယူခြင်းမရှိဘဲ Food Court လုပ်ပိုင်ခွင့်ပေးမှုနှင့်ပတ်သက်၍ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက သပိတ်မှောက်လျက်ရှိပြီး သပိတ်မှောက် ကျောင်းသားများ၏ မိဘများကို အာဏာပိုင်များက ဖိအားပေးမှုများရှိခဲ့သဖြင့် ပိုမို ပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြေညာသည်။

ကွတ်ခိုင်တွင် အရပ်သား ၅ ဦး သေဆုံးမှု တပ်မတော်လက်ချက်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လက်ချက်ဟုဆို


Image may contain: text
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်မှု ကြောင့် အရပ်သား ၅ ဦးသေဆုံးမှုသည် တပ်မတော်၏ လက်ချက်မဟုတ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ငြင်းဆိုလိုက်သည်။

သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ထံမေတ္တာ ရပ်ခံ ဆုတောင်းပွဲ မြို့တော်ခန်းမရှေ့ပြုလုပ်


Image may contain: 8 people, people on stage, people standing and outdoor
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်အမိန့် ချမှတ်ခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ထိုင်းဘုရင်မင်းမြတ် မဟာဝါချီရာလောင်ကွန်း အနေဖြင့် အသက်ဘေးမှကယ်တင်ပေးရန် မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် ရဟန်းသံဃာတော်များ၊ ပြည်သူများက မေတ္တာရပ်ခံဆုတောင်းပွဲကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

သင်ကြားပျံသန်းစဉ် ဆရာဖြစ်သူသတိလစ်သွား၍ လေယာဉ်မောင်းသင်တန်းသားကိုယ်တိုင် မြေပြင်သို့ ဆင်းသက်ခဲ့ရ



ဩစတြေးလျနိုင်ငံတွင် လေယာဉ်ပျံ အမောင်းသင်နေသည့် သင်တန်းသားမှာ သင်ကြားပေးသည့်ဆရာဖြစ်သူ ရုတ်တရက် သတိလစ်သွားပြီးနောက် အဆိုပါလေယာဉ်ကို ချောမွေ့စွာ ဆင်းသက်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

Monday, September 02, 2019

Myanmar sat -2 ဆက်သွယ်ရေး ဂြိုလ်တု အောက်တိုဘာ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေကပြော


Image may contain: 3 people, people sitting, table and indoorImage may contain: outdoor
နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် Myanmar sat -2 ဆက်သွယ်ရေးဂြိုလ်တု အောက်တိုဘာ ၁၅ ရက်တွင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြား ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ ထိုင်းဝန်ကြီးချုပ်ထံသို့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအတွက် မေတ္တာရပ်ခံချက် ပေးပို့


Image may contain: text

ချင်းပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိ


ချင်းပြည်နယ်တွင် ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၁၀၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမြန်လမ်းရဲကင်းတွင် ရဲတပ်သားတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရသောဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသူအား ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိ



အခင်းဖြစ်ပွားခဲ့သည့် နေရာနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူ နေထက်လင်း (ခ) မင်းကိုလတ် ကိုတွေ့ရစဉ်
ပြီးခဲ့သည့် မေ ၂၉ ရက် နံနက်အစောပိုင်းက အမြန်လမ်းမကြီး ၁၅၂ မိုင် ၃ ဖာလုံ အနီး အမြန်လမ်းရဲကင်းတွင် အမြန်လမ်းမ ကြီး ရဲတပ်သားတစ်ဦး ဓားဖြင့်ခုတ်သတ်ခံခဲ့ ရသောဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားအား သြဂုတ် ၃၁ ရက် ညနေပိုင်းက ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်တွင်  ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

ဩစတြေးလျ လေယာဉ်မှူး သတိလစ်သွား၍ သင်တန်းသားက အရေးပေါ် လေယာဉ်ဆင်းသက်ခဲ့


သြစတြေးလျနိုင်ငံအနောက်ပိုင်း ပါ့သ်မြို့ ဂျန်ဒါကော့တ်လေဆိပ်မှာ လေယာဉ်မှူး သင်တန်းသားတယောက်ကို လေကြောင်းထိန်းချုပ်ရေးဌာနက အရေးပေါ်လေယာဉ် ဆင်းသက်နိုင်အောင် လမ်းညွှန်ပေးခဲ့ရပါတယ်။

မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်လှပတဲ့ ပါးချိုင့်မင်းသမီးလေး အေးမြတ်သူ❤️❤️❤️❤️❤



ပရိသတ်တွေချစ်တဲ့ ပါးချိုင့်မင်းသမီးလေး အေးမြတ်သူကတော့ ရိုးသားပွင့်လင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေအခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

(၇)ကြိမ်မြောက် အောင်ဘာလေသိန်း ၁၅၀၀၀ ဆုကို မော်လမြိုင်မြို့ ငန်းတေးရပ် အထက ခွဲကျောင်းမှ ညစောင့်လုပ်သားတစ်ဦး ဆွတ်ခူး


(၇)ကြိမ်မြောက် အောင်ဘာလေသိန်း ၁၅၀၀၀ ဆုကို မော်လမြိုင်မြို့ ငန်းတေးရပ်ရှိ အထက ခွဲကျောင်းမှညစောင့် ကိုကျော်မျိုးဝင်း (ခ)အုန်းသီး(၃၈ နှစ်)က ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့အနီး ဘဏ္ဍာကုန်းကျေးရွာတွင် ဆိုင်ကယ်မောင်းနှင်သွားသည်ကို မကျေနပ်၍ မသေမချင်း ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား


ပဲခူးမြို့မှ ရန်ကုန်ဘက်သို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး မိုင်တိုင် ၄၂ အနီးရှိ ဘဏ္ဍာ ကုန်းကျေးရွာတွင် သြဂုတ် ၃၁ ရက် ည ၇ နာရီခွဲခန့်က မိမိနေအိမ်ရှေ့တွင် ဆိုင်ကယ်မောင်းနှင်သွားသည်ကို မကျေနပ်၍ ဆိုင်ကယ်မောင်းနှင်သူအား မသေမချင်းဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် မိုးသည်းထန်၍ နေအိမ်အချို့ရေထဲမျောပါ ◾ ဘေလီတံတားတစ်စင်း ကျိုးပျက်ပြီး ဆက်သွယ်ရေး ပြတ်တောက်နေ


Image may contain: 2 people, outdoor and nature
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တောင်နဝင်းချောင်းမကြီး ရေကြီး ရေလျှံမှုဖြစ်ပေါ်ကာ နေအိမ်အချို့ ရေထဲ မျောပါခဲ့ပြီး ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းမပေါ်ရှိ သံပေါင်ဘေလီ တံတား ကျိုးပျက်ခဲ့သောကြောင့် ကား လမ်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိ ကြောင်း ပေါက်ခေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပုဂံဘုရား ၄၀ ကျော်၏ မြေငလျင်ဒဏ်ခံနိုင်ရည် ကြိုတင်ဆန်းစစ်မှု ပြီးဆုံး



ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ထင်ရှားသည့် ဘုရားအဆူ ၄၀ ကျော်၏ မြေငလျင်ဒဏ်ခံနိုင်ရည် ကြိုတင်ဆန်းစစ် လေ့လာခြင်းလုပ်ငန်းများ ပြီးဆုံးပြီဖြစ်ကြောင်း Bagan Technical Experts Team ထံမှ သိရသည်။

စီးရီးမြန်မာပြိုင်ပွဲအတွက် ပြင်းထန်သောလေ့ကျင့်မှုတွေကိုလုပ်နေတဲ့ ကြက်တောင်မယ် သက်ထားသူဇာ


Image may contain: 1 person
မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကတော့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်တာနေရှင်နယ် စီးရီးမြန်မာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

My Blog List