Thursday, February 19, 2015

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိ

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ပုသိမ်မြို့မှ ရန်ကုန်မြို့ဆီသို့ ချီတက်ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းမှာ ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက် ရှိ လာခဲ့သည်။

ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့် ညှဉ်းပန်းမှုများကို တိုက်ဖျက်နိုင်ခြင်း မရှိသေးဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ကဆို

ငါးဖမ်းလုပ်ငန်းအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိုင်း နိုင်ငံ၏ ကြိုးပမ်းမှုသည် မလုံလောက် သေးကြောင်းနှင့် ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့် အလုပ်သမားများအား ညှဉ်းပန်းမှုများတွင် အရာရှိများ၏ ပါဝင်မှုကို အဆုံးသတ်နိုင် ခြင်း မရှိသေးကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ဘတ်ငွေ ဘီလီယံ ၆ဝဝ ဆုံးရှုံးမှုအတွက် တရားစွဲခံရဖွယ်ရှိ


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၏ အစိုးရသည် အငြင်းပွား ဖွယ်ဆန်စပါးထုတ်လုပ် ရေး စီမံကိန်းကို ချမှတ်ဆောင်ရွက် ခဲ့ရာ အောင်မြင် စွာဆောင်ရွက်နိုင် စွမ်းမရှိသည့်ပြင် တိုင်းပြည်ဘဏ္ဍာ ငွေများ အကြီး အကျယ်ဆုံးရှုံးနေ သည်ကိုလည်း ရပ်တန့်နိုင်စွမ်းမရှိ ဟု ထိုင်းစစ်အစိုးရက စွပ်စွဲထားသည်။

ခြောက်ပွင့်ဆိုင် မဆွေးနွေးဘဲ အခြေခံဥပဒေပြင်ပါက အကျပ်အတည်း ပိုဆိုးလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ သုံးသပ်


 ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုမပြုလုပ်ဘဲ အခြေခံဥပဒေပြင်ဆင်ပါက လက်ရှိကြုံ တွေ့နေရသည့် နိုင် ငံရေးအကျပ် အတည်းများထက် ဆိုးရွားသော အကျပ်အတည်း ကြုံတွေ့လာ နိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့က သုံးသပ်သည်။

တကျော့ပြန် လောက်ကိုင်တိုက်ပွဲနှင့် တရုတ်ပြည်


တရုတ်နှစ်ကူး တပတ်အလို ကိုးကန့်ရဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် ကိုးကန့်ဒေသတွင်းမှာ အစိုးရတပ်တွေကို အပြင်းအထန် တိုက်ပွဲဆင်ပါတယ်။ 

အခြေခံပညာစာမေးပွဲ အနှောင့်အယှက်မဖြစ်ရန် ပင်မသပိတ်စစ်ကြောင်း ၁၀ ရက် နားမည်

 
ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ဖို့နဲ့ အခြေခံပညာ ကျောင်းစာမေးပွဲတွေ အနှောင့် အယှက်မဖြစ်ဖို့ ပင်မသပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားမယ်လို့ ကျောင်းသားတွေက ပြောပါ တယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်း



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တိုင်းမ်ဂျာနယ်က ဖေဖော်ဝါရီ ၁၄ရက် ညနေ ၄နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ သီးသန့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ် ဂျာနယ်မှ သိလိုသည်များ ကို မေးမြန်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်များကို စာဖတ်သူတို့ အတွက် ဖော်ပြလိုက်ပါသည်။

ဝန်ကြီးချုပ် Modi ရဲ့ ဝတ်စုံ လေလံတင်မည်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား လာရောက်ခဲ့စဉ်က အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ၀တ်ခဲ့တဲ့ အစင်းကြား ၀တ်စုံဟာ အငြင်းပွားစရာဖြစ်ခဲ့ပြီး တဲ့နောက် လေလံတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ကွမ်းလုံ ရက် လေးဆယ် ကိစ္စ တပ် မ တော် သား အားလုံးကို မင်းမော်ကွန်း တောင်းပန်


ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ကပြခဲ့သော နှင်းဆီအငြိမ့်တွင် လူရွှင်တော်အဖြစ် ပါဝင် ကပြရင်း ကွမ်းလုံ ရက်လေးဆယ်တိုက်ပွဲအား ပြက်လုံးအတွင်း ထည့်သွင်း ပြက်မိခဲ့ခြင်းနှင့် ပတ်သက် ၍ သရုပ်ဆောင် မင်းမော်ကွန်းက တပ်မတော်သားများအပေါ် ယခုကဲ့သို့ ဖြေရှင်း တောင်းပန်ခဲ့ကြောင်း သိရ သည်။

ဖုန်ကြားရှင်၏ အိတ်ဖွင့်ပေးစာအပေါ် နိုင်ငံတော်သမ္မတက လုံးဝအယုံအကြည် မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးခဲ့မှုအပေါ်တွင် နိုင်ငံတော် သမ္မတအနေဖြင့် အယုံအကြည် မရှိကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်သည်။

TNLA ကိုးကန့်ဘက်က ၀င်တိုက်


မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လူမျိုးစု တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးက ပါဝင်တိုက်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။တရုတ် - မြန်မာနယ်စပ်မှာ ကိုးကန့် နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ KIA ကချင်လွတ်မြောက်ရေးတပ်၊ SSA - ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး တို့ပါ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ပြော ကြားလိုက်တဲ့အပေါ် ပလောင်လွတ်မြောက်ရေးတပ်ဦးက တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ဝှိုက်ကတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး လွှတ်တော်က အစိုးရကို ပြောရန်မရှိတော့ဟု ဦးဌေးဦး ဆို


အငြင်းပွားနေကြသည့် ယာယီနိုင်ငံသားကတ်များ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် မဲပေးနိုင်ရေးနှင့် ပတ်သက်ပြီး အာဏာရပါတီလည်းဖြစ်၊ လွှတ်တော်တွင်းနေရာ အများဆုံးလည်းရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သည် အစိုးရကို ပြောဆိုတိုက်တွန်းရန် မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ် ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅)
၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်

ကေအင်န်ယူ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ငြိမ်းချမ်းရေးကတိက၀တ် လက်မှတ်ရေး ထိုးခြင်း ဗဟိုအမြဲတမ်းကော်မတီဆုံးဖြတ်ချက်နှင့် မညီဟု ထုတ်ပြန်


ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ နှစ်ဦး ပြည်ထောင်စုနေ့တွင် မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့ခြင်းမှာ ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေးထုတ်ပြန်ချက်နှင့် မကိုက်ညီကြောင်း KNU ဗဟိုကော်မတီ က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Messenger မီဒီယာ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော် ဝါရီ ၁၄ ရက် ညနေ ၄ နာရီ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြည်တွင်း သတင်းမီဒီယာများ ဖြစ်သည့် Sky Net၊ Tomorrow၊ 7 Day၊ Yangon Times၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ဆုံ၍ သတင်း မီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။

တောင်ကြီးမှာ ကျောင်းသားတွေ ဆန္ဒပြ


ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျောင်းသား ကျောင်းသူ ၃၀ နီးပါးလောက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကို ထောက်ခံ ဆန္ဒပြကြပါတယ်။အမျိုးသားပညာရေး ဥပဒေ ပြင် ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးတဲ့အချိန်ထိ သပိတ်မှောက် မှာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြ ပွဲမှာ ပါဝင်တဲ့ ရှမ်းပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝင်းနိုင် ဦးက ပြောပါတယ်။

ကမ္ဘာ့အလှဆုံးအလှမယ် ၁၂ဦးစာရင်း ၀င်နေတဲ့ ဟန်သီနဲ့ အိန်ဂျယ်လမုံ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်Beauties Concept က ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး၁၂ဦးကို ထပ်မံရွေးချယ် ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်နှစ်ဦး ဆက်လက်ပါဝင်နေကြောင်း သတင်းရရှိသည်။

ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦးကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။တိုက် ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲများကြောင့် ပိတ်မိသူများတွင် အစိုးရ၀န်ထမ်းများ ပါဝင်


လောက်ကိုင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေ သော တိုက်ပွဲများကြောင့် ပိတ်မိ နေသူများထဲ၌ အစိုးရ ၀န်ထမ်း များပါဝင်နေပြီး တပ်မတော်အပါ အ၀င်ကူညီိရေးအဖွဲ့များက ၎င်းတို့ကို ကယ်ဆယ်ရန် ဆောင် ရွက် နေကြသည်။

ဒဏ်ရာရရှိသော ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦးသက်သာ ကြက်ခြေနီတပ်ဖွဲ့ ၀င်များ တိုက်ခိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်


ကိုးကန့်ဒေသတွင် ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ ပြန်သောဒုက္ခသည်များအား ကူညီပို့ဆောင်ပေးနေစဉ် လက်နက်ကိုင်အချို့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး၏ ကျန်းမာရေးအခြေ အနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်သည်။

စစ်အုပ်ချုပ်ရေး ပထမနေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား၊ ဗိုလ်ကြီးတစ်ဦး ကျဆုံး တိုက်ပွဲကာလအတွင်း တပ်မတော်သား ၅၀ ဦး ကျဆုံး၊ ၁၀၀ ဦး ဒဏ်ရာရရှိကာ အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုရှိ

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်နေ့၌ ချင်းရွှေဟော် မြို့အနီးတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရကာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး အခြားအဆင့်သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း တပ်မတော်သားသုံးဦး ထပ်မံကျဆုံးသွားခြင်း ဖြစ်ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။

လောက်ကိုင်တိုက်ပွဲဝင် ရဲဘော်မိသားစုများနှင့် စစ်ရှောင်ဒုက္ခသည်များထံ အနုပညာရှင်များ သွားရောက်လှူဒါန်းမည်


လောက်ကိုင်ဒေသ၌ အသက်စွန့်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များ၏ မိသားစုများနှင့် စစ်ဘေးရှောင်ဒုက္ခသည် များအတွက် ကောက်ခံရရှိသော အလှူငွေများကို ဖေဖော်ဝါရီ ၂၁ ရက်တွင် သွားရောက်လှူဒါန်းမည်ဟုရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောသည်။

ကိုးကန့်ဒေသအတွင်း ဥပဒေချိုးဖောက်ပါက သေဒဏ်အထိချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်


စစ်အုပ်ချုပ်ရေးကြေငြာထားသည့် ကိုးကန့်ဒေသအတွင်း ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးပြီး သေဒဏ် အထိ အမိန့်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ရေးထိုးကာ ဗိုလ် မှူးကြီး စောမြင့်ဦးကို ဖေဖော်ဝါရီ ၁၈ရက်တွင် တာဝန်ပေးအပ်လိုက်သည်။

လောက်ကိုင်တိုက်ပွဲတွင် တရုတ်ကြေးစားတပ်များ ပါ/မပါ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရက်သတ္တပတ်ကျော် ကြာမြင့်လာပြီး နှစ်ဘက်အကျအဆုံး များစွာရှိနေသဖြင့် ရက်ပေါင်းကိုးဆယ် စစ်အုပ် ချုပ်ရေး နယ်မြေအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က သတ်မှတ်လိုက်ရသော လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့် အဖွဲ့ဘက်မှ တရုတ် ကြေးစားတပ်များ ပါဝင်မှု ရှိ/မရှိ သိအောင်လုပ်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

Wednesday, February 18, 2015

နှစ်ရက်အတွင်း ကိုးကန့်ဒေသခံတရာကျော်သတ်ဖြတ်ခံရ


သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတပ်မတော်ထိန်းချုပ်ထားသည့် လောက် ကိုင် မြို့ နယ်တွင် စစ်ဘေးရှောင် ရန် နေအိမ်မှ ထွက်ခွါသည့်ဒေသခံတရာကျော် ပစ်ခတ် သတ်ဖြတ်ခြင်းခံရ သည်ဟု ဒေသခံ များကပြောသည်။

My Blog List