Tuesday, December 31, 2013

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သင့်သည့် အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု မပါဝင်

Tuesday, December 31, 2013

သုံးရက်ကြာကျင်းပသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် အချက်(၇၃)ချက် ရှိကြောင်း၊ ယင်းတို့အနက်(၂၁)ချက်အား ပယ်ဖျက်သင့်ကြောင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသားမဖြစ်ရဟူသည့်အချက်အား လျှော့ချရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းအစား ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်ရန် အချက်များအား ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဘာအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်ရပ် မူကြမ်းသစ် ထွက်ပေါ်ရန်ရှိ

Tuesday, December 31, 2013

ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န၀ါရီလကုန်ပိုင်းတွင် ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု မူကြမ်းတခု ထွက်ပေါ်လာရန် ရှိကြောင်း သိရ သည်။

ယင်း ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဘာအံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများဘက်မှ ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ၄င်းတို့၏ နှစ်ဘက်မူကြမ်းများကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း NCCT ဒု ဥက္ကဌ စောကွယ်ထူးဝင်း က ဧရာဝတီ သို့ ပြောသည်။

လက်ကျန်နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးမည့် သမ္မတကြေညာချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို

Tuesday, December 31, 2013

မြန်မာနိုင်ငံတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်တာကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ တည်ဆဲဥပဒေတွေကို စီစစ်ပယ်ဖျက်ပေးဖို့လည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ

Tuesday, December 31, 2013

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချခံထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။

Monday, December 30, 2013

ဆိုင်ကယ်ဦးထုပ်မပါသူများကို ချက်ချင်းဝယ်ဆောင်းစေကာ ပညာပေး

Monday, December 30, 2013

မြင်းခြံမြို့ပေါ်တွင် ယာဉ် စည်းကမ်းထိန်းသိမ်းရန်အတွက် ပညာပေးကာလအဖြစ် ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို မြင်းခြံ ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ ဒုရဲမှူးခင်မောင်ချို ဦးဆောင်သော ခရိုင်စည်း/ထိန်း အဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူး ပေါင်းအဖွဲ့က ခြင်းခြံ-မိတ်္ထီလာ လမ်း (အောင်ဆန်းလမ်း) တွင် တစ်နေ့နှစ်ကြိမ် မော်တော်ဆိုင် ကယ်စီးနင်းသူများကို စစ်ဆေးနေ သည်။

လျော်ကြေးငွေ မယူထားသော မြေနေရာတွင် မြေများစုပုံမှုနှင့်ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံများဆန္ဒပြ

Monday, December 30, 2013

လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးငွေ မယူထာသော မြေနေရာများတွင် စွန့်ပစ်မြေများ လာရောက်စုပုံထားခြင်းအား
ပြေလည်အောင် မဖြေရှင်းပေးသဖြင့် ဒီဇင်ဘာ ၂၉ ရက်နေ့က ဒေသခံ ၈၀၀ ဦးခန့် ဆန္ဒပြခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ဘောလုံးကွင်းအတွင်း အိမ်ရာ ဆောက်လုပ်ခွင့်ပြုသော ရန်ကုန်စည်ပင်ကို ဆန္ဒပြ

Monday, December 30, 2013
သာကေတမြို့နယ် (၄) ရပ်ကွက် တောင်ပိုင်း အောင်သစ္စာလမ်း ဘောလုံး ကွင်းအတွင်း အထပ်မြင့်အိမ်ရာ ဆောက်လုပ်ခွင့် ပြုခဲ့သော ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူ ဦးစိန်ထွေးက ပြောကြားသည်။

မင်္ဂလာတောင်ညွန့်တွင် မြေပြိုကာ လူသေဆုံးသည့်သတင်း မဟုတ်မှန်ဟုဆို

Monday, December 30, 2013

မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းတွင် ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က အဝီစိတွင်း တူးဖော်ရာမှ မြေပြိုကျကာ လူသေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်ထွေးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနမှ ဝန်ထမ်း ကိုမျိုးဇော်ဦးသည် အဆိုပါလမ်းရှိ မြေအောက် လေးပေ အနက်တွင် မြှုပ်ထားသော သောက်သုံးရေ ပိုက်လုံးကို သန့်ရှင်းရေး လုပ်ဆောင်နေစဉ် တူးဖော်ထားပြီး မြေပြင်ပေါ် တင်ထားသော မြေသားများ ပြိုကျကာ မျက်နှာနှင့် ခန္ဓာကိုယ် ထိခိုက်မိပြီး သတိလစ် မေ့မြောသွားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish

Monday, December 30, 2013

clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။

မွေးကတည်းက အထီးများသာ ဖြစ်တဲ့ Clownfish ဟာ ကိုယ့်မျိုးစိတ်မပျက် သုန်းဖို့အတွက် အမအဖြစ်သို့ ကိုယ်တိုင် ပြောင်းယူ ကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ၁၀ ကောင်မှာ တစ်ကောင်က အမအဖြစ်သို့ ပြောင်းလဲ စတေးပြီး ကျန် Clownfish များနဲ့ မိတ်လိုက်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်။ သားဥများ မွေးဖွားပေး ပါတယ်။

၂၀၁၂ အကယ်ဒမီမှာ ဘာတွေထူးခြားခဲ့လဲ

30-12-2013

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကို ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံအားကစားရုံတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့က ပူးတွဲ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်း အကယ်ဒမီပေးပွဲသည် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် ဒုတိယအကြိမ် မြောက် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ရရှိလာခဲ့ပြီးသည့် နောက်ပိုင်း၌ နိုင်ငံတော်က ၂၀၁၁ ခုနှစ်အတွက် ပေးသည့် အကယ်ဒမီကို ၂၀၁၂ ခုနှစ်မှ စတင်ကာ ရန်ကုန်တွင် ပြန်လည်ကျင်းပနိုင်ရန် ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် ထူးခြားမှုများ

၁၉၅၂ ခုနှစ်ကစတင်ကာ အကဲဖြတ်အဖွဲ့က နှစ်တိုင်း ဆုများကို ရွေးချယ်ချီးမြှင့်ရာ နှစ်ပေါင်း ၆၀အတွင်း ယခုအချိန်ထိ ၅၆ ကြိမ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်း အပြင် ၁၉၅၂ နှစ်က စပြီး ၂၀၀၄ ခုနှစ် အထိ သည် ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၀ အထိသည် နေပြည်တော်၌ ကျင်းပခဲ့ ခြင်းဖြစ်သည်။

ယခု အစိုးသစ်တက်လာပြီး နောက်ပိုင်း ၂၀၁၁ ကစပြီး ၂၀၁၂ အတွက် အကယ်ဒမီပေးခြင်းကို ရန်ကုန် မြို့တွင် ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယခင်နှစ်များက ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲပုံစံများဖြင့် ကွဲပြား ခြင်းသည် အစီစဉ်တင်ဆက်ကြသူများသည် အောင်မြင်နေကြသည့် တင်မိုးလွင်နှင့် ဆန်းထွဋ်တို့က အစီ အစဉ် တင်ဆက်သူအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကယ်ဒမီ ဆုမပေးမီအချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသူ ၁၂ ဦးက ရွှေစင်ကြယ်ကို ကိုင်ဆောင်ပြီး မြန်မာ့ရုပ်ရှင်၏ အထွတ်အထိပ်ဖြစ် သည့် ရွှေစင်နတ်သမီး အ၀တ်အစားများဖြင့် ကပြဖျော်ဖြေမှုသည် ပွဲကျင်းပရာ အကယ်ဒမီကို ပိုပြီး အသက်ဝင်စေခဲ့သည်။

၎င်းအပြင် ယခင်နှစ်များက ကျင်းပခဲ့သည့်ပုံစံများထဲက ခွဲထွက်ပြီး အကယ်ဒမီဗန်းကိုင်များ၏ လမ်း လျှောက်ပုံစံများသည် ဖြည်းညင်းစွာ လျှောက်လှမ်းမှုများ မဟုတ်တော့ဘဲ စင်ကာပူနိုင်ငံက မော်ဒယ် ဆရာ ဘရိုင်ယန်နှင့် အကယ်ဒမီ မို့မို့မြင့်အောင်တို့က မော်ဒယ်များလျှောက်သကဲ့သို့ ပြောင်းလဲပြီး လျှောက်စေခဲ့သည်။

ပရိသတ်များ ယခင်နှစ်များက တွေ့နေကြပုံစံများမဟုတ်သည့် ဖျော်ဖြေရေး တင်ဆက်မှုများသည် ယခုနှစ် အကယ်ဒမီထူးချွန်ဆုကို ပိုပြီး စိတ်ဝင်စားစေခဲ့ပြန်သည်။ ယခင်က ဖျော်ဖြေရေးများတွင် ရိုးရာ ယဉ်ကျေးမှုကို ထည့်သွင်းဖျော်ဖြေခဲ့သော်လည်း ယခု နှစ်ကစပြီး ဖျော်ဖြေမှုသည် ခေတ်ပ်ါအကများဖြင့် တွဲဖက်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ယူရေနီယမ်အကအဖွဲ့၊ ခေမီကိုအကအဖွဲ့ များသည်လည်း ပါဝင်ဖော်ဖြေ လာခြင်းသည် ထူးခြားပြီး ပရိတ်သတ်အမြင်ကို ပြောင်းလဲစေခဲ့သည်။

စင်မြင့်တည်ဆောက်မှု

ယခုနှစ် အကယ်ဒမီပေးပွဲအတွက် စင်မြင့်တည်ဆောက်မှုအပိုင်းတွင် တင်ဒါ အောင်မြင်ခဲ့သည့် Burco Co.,Ltd (Singapore) ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သည့် Clover Solution Co.,Ltd က စင်မြင့် တည်ဆောက်မှုကို ရရှိခဲ့ပြီး Futer Futuristic concert ကို Burco ကုမ္ပဏီနှင့် Ariel Architect ကို ဗိသု ကာပညာရှင် ကိုကျော်ဇေထွန်းသူက ပုံကြမ်းဖော်ဆောင်ပေးပြီး စင်မြင့်ဒီဇိုင်း အပြီးသတ် အချောကိုင်ခြင်း ကို ကိုကျော်လင်းသူ၊ ကိုမင်းခန့်ကျော်တို့က အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်၏ စတိတ်ဒီဇိုင်းကို တည်ဆောက်ကြသူများသည် ကွင်းအနေထားကိုကြည့်ပြီး LED၊ မီးအလင်း ရောင် မိုးစက်တွေကျနေသည့်ပုံစံကို ဖန်တီးထားခြင်း၊ စင်မြင့်ထိပ်တွင် တစ်လုံးတည်းရှိသည့် ရွှေစင် ကြယ်ကိုတပ်ထားခြင်း၊ ရွှေနှင့် အနက်ရောင်စင်မြင့်ကို တွဲဖက်အသုံးပြုထားခြင်းသည် ရွှေစင်ရုပ်တုကို ပေါ်လွင်စေရန်အတွက် အဓိကထာကြောင်း ဒီဇိုင်းပညာရှင်များက ဆိုသည်။

ယင်းအပြင် အသံပိုင်းဆိုင်ရာများ၊ မီး အသုံးမှုများကို စင်ကာပူနှင့် မြန်မာနိုင်ငံအတွင်းက ပစ္စည်းများကို အသုံးပြုသွားခြင်း ဖြစ်သည်။ ယခုနှစ်၏ စင်မြင့်တည်ဆောက်မှုသည် စင်မြင့်အပိုင်းတွင် သိန်း ၁၅၀ အထိ ရှိပြီး မီးအလင်းသုံးစွဲမှုနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများသုံးစွဲမှုကိုလည်း ပေါင်းစပ်ပါက ကုန်ကျစရိတ်သည် ၂၅၀၊ ၃၀၀ အထိ ရှိနိုင်ကြောင်း စင်မြင့်တည်ဆောက်သူများက သုံးသပ် ပြောဆိုကြသည်။

အဆိုပါ စင်မြင့်တည်ဆောက်မှုတွင် စင်မြင့်ပုံစံကို ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံက ရွှေစင်ရုပ်တုနှင့် အနုပညာရှင်များကို ရည်ရွယ်ပြီး သီချင်းသီဆိုသူများနေရာ၊ အစီအစဉ်တင်ဆက်သူများနေရာ၊ အကယ် ဒမီ ထူးချွန်ဆုချီးမြှင့်သည့်နေရာ၊ အကယ်ဒမီ ကျင်းပခြင်းနှင့် ပက်သက်ပြီး စကားပြောကြားမည့် လူကြီး များနေရာဟု လေးနေရာခွဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ယခုနှစ်နောက်ပိုင်းတွင် နိုင်ငံများတွင် ခေတ်စားနေသည့် အကယ်ဒမီ ဆုပေးပွဲများနှင့် အနု ပညာဖျော်ဖြေပွဲများတွင် စက်ရုပ်ဆန်ဆန် ဖန်တီးမှုများသည်ကိုလည်း နောင်ကျင်းပမည့် အကယ်ဒမီပွဲ များကို ကြိုတင်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီဆုရွေးချယ်မှု ပုံစံ

ယခင်နှစ်များက အကယ်ဒမီဆုများကို ၁၁ ဆုအထိ ရွေးချယ် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဆု ၁၂ ဆု ပေးအပ်မည်ဟု အသံများထွက်ခဲ့သော်လည်း ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် ရွှေစင်ရုပ်ဆုသည် ကိုးဆုသာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုသည် လက်ပံဇာတ်ကားတွင် ကလေးသရုပ်ဆောင်ဇာတ်ရုပ်ကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် ယွန်းယွန်း ဖြစ်သည်။ ယခင်ပေးအပ်ခဲ့သည့် ဆုများသည် အသံ၊ တေးဂီတ၊ တည်းဖြတ်၊ ဓာတ်ပုံ၊ အမျိုး သားဇာတ်ဆောင်ဆု၊ အမျီုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသမီဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊အကောင်း ဆုံး ဒါရိုက်တာဆု၊ ဇာတ်ကားဆုများ ဖြစ်ကြသည်။

ယခုနှစ်တွင် ထူခြားမှုအဖြစ် အထူးခြားဆုံးဆုအဖြစ် ကလေးသရုပ်ဆောင်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းကလေး သရုပ်ဆောင်ဆုသည် ၁၉၅၅ ခုနှစ်တွင် ၀င်းမာလေးက (ဖိုးပြုံးချို)၊ ၁၉၇၇ တွင် အောင်ထွန်း လေးက (အဖေတစ်ခု သားတစ်ခု)၊ ၁၉၇၈ ခုနှစ်တွင် အင်္ဂလန်စိန်က (မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ)၊ ၁၉၉၉ ခုနှစ်တွင် အိဖြူစိုးက (ရင်ထဲက ဆောင်းရာသီ) ဇာတ်ကားများဖြင့် ကလေးသရုပ် ဆောင်ဆုကို ရရှိခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် တွင် ကလေးသရုပ်ဆောင်ဆုကို ကလေးသရုပ်ဆောင် ယွန်းယွန်းက “တိမ်မင်း သမီးရဲ့ ဒဏ္ဍာရီ” ဇာတ်ကားဖြင့် ပြန်လည် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီ တစ်ကြိုပါဝင်ပေမယ့် ဆုမရရှိကြသူများ

အကယ်ဒမီ တစ်ကြိုစာရင်းတွင် မော်ကင်းဥဒါန်းက ဇာတ်ကောင်များ ရရှိမည်ဟု အများက သုံးသပ်ပြော ဆိုခဲ့ကြသည်။ ယင်းဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ကြသည့်သူများသည် ယခုနှစ်တွင် အကယ်ဒမီများ မရရှိခဲ့ကြပေ။

Mizzima - News in Burmese

ဒေါ်စု သမ္မတဖြစ်လျှင်

30-12-2013

( ဒီကနေ့ထုတ် The Voice weekly ဆောင်းပါး။ အကျိုးအပြစ်၊ ဖြစ်နိုင်ခြေ၊
လက်တွေ့ အနေအထား၊ ရေရှည်အကျိုးစီးပွား စတာတွေကို လူတိုင်းက တွေးတွေးချင့်ချင့်လေး လုပ်တတ်စေချင်ပါတယ်။ လူတစ်ယောက်က တစ်ခုခုပြောရင် ဘက်ပေါင်းစုံကနေ စဉ်းစားကြည့်တတ်တဲ့အကျင့်ကို မွေးမြူကြစေချင်ပါတယ်။ မေးခွန်းအမြောက်အများထုတ်တတ်တဲ့ လူတွေ များလာမှ ယုံကြည်ချက်ကွဲပြားခြင်းကို တလေးတစားအသိအမှတ်ပြုနိုင်မှ ဒီမိုကရေစီရမှာ မို့ပါခင်ဗျာ။ )

ဒေါ်စုသာသမ္မတဖြစ်ရင် အရင်ဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေနဲ့ Aidsဆိုတဲ့ ထောက်ပံ့ငွေတွေ လူသားချင်းစာနာမှုဆိုင်ရာ
အကူအညီတွေ သိသိသာသာတိုးပွားလာဖို့က မလွဲဧကန်ဖြစ်ပါတယ်။ နောက်ထပ်သေချာပေါက်ရမယ့်ရလဒ်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို နိုင်ငံတကာက
အပြည့်အဝ အသိအမှတ်ပြုခြင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါ အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိခြင်းတို့ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတေ၊ွ ချေးငွေတွေက တိုင်းပြည်စီးပွားရေးကို သိသိသာသာတိုးတက်ကောင်းမွန်စေဖို့ အရေးအပါဆုံးအထောက်အပံ့တွေထဲက တစ်ခုဖြစ်ပြီး
ပြည်တွင်းက အခြေခံအဆောက်အဦ များ တည်ဆောက်နိုင်တဲ့အတိုင်းအတာပေါ်မူတည်လို့
အာရှမှာ မြန်မာ့ရပ်တည်ချက်ဟာ တမုဟုတ်ချင်း အနေအထားပြောင်းလဲနိုင်တာဖြစ်ပါတယ်။
နိုင်ငံတကာရဲ့လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ်ယုံကြည်လက်ခံမှုဟာ ဒေါ်စုသမ္မတရာထူး
အရွေးချယ်ခံပိုင်ခွင့် အပေါ် များစွာမူတည်နေပြီး အထူးသဖြင့် အနောက်တိုင်းက ဒီမိုကရေစီတောင့်တင်းပြီးသား နိုင်ငံတို့ဟာ သမ္မတရာထူးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များဖြစ်တဲ့
၅၉ ( စ ) အပေါ်ကို အထူးသဖြင့် အာရုံစူးစိုက်ထားကြတာဖြစ်ပါတယ်။

ဒေါ်စုသာ သမ္မတရာထူးရခဲ့ရင် စီးပွားရေးအရ သေချာပေါက်တိုးတက်မှုဟာ အတိုင်းအတာတစ်ခုအထိ
သေချာပေါက် အရှိန်ရလာနိုင်တယ်လို့ခန့်မှန်းကြည့်နိုင်ပေမယ့် နိုင်ငံရေးအရတော့ ပြည်တွင်းက အင်အားစုအားလုံး လက်ခံနိုင်တဲ့ အနေအထားကို ချက်ချင်းရောက်ရှိမှာမဟုတ်သေးပါဘူး။တစ်နည်းပြောရရင်
၂၀၁၅ ခုနှစ်မှာ ဒေါ်စုသမ္မတဖြစ်ရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝဖြစ်ထွန်းပြီလို့ ပြောလို့လုံးဝ မရသေးပါဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့က လုပ်စရာတွေ အများကြီးရှိနေဦးမယ်ဆိုတာ သတိပြုရပါလိမ့်မယ်။
ဖက်ဒရယ်ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုနဲ့ တခြားသော နိုင်ငံရေးအရ ဖြစ်ထွန်းမှုတချို့တော့ရှိလာမှာဖြစ်ပေမယ့် ၂၅ ရာခိုင်နှုန်းကိုလွှတ်တော်တွင်းမှ ဖယ်ရှားရေးကိစ္စကိုချက်ချင်းလက်ငင်းကိုင်တွယ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သေးဘဲ ဒါဟာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူညှိနှိုင်းသင့်တဲ့ကိစ္စလည်းဖြစ်ပါတယ်။

ဒေါ်စုသမ္မတဖြစ်ရေးဟာ နှစ်ဖက် ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်ခဲ့ရင် ၅၉ (စ )ကိုပြင်ဆင်တဲ့နည်းအားဖြင့်လည်းကောင်း၊သို့တည်းမဟုတ် ဒေါ်စုအနေနဲ့ ၅၉ ( စ )နဲ့ကိုက်ညီမယ့်အနေအထားကို ဖန်တီးပေးခြင်းအားဖြင့်လည်းကောင်း အလွယ်တကူ ပြေလည်သွားနိုင်တာလည်းဖြစ်ပါတယ်။ နှစ်ဖက် ယုံကြည်မှုကိုအမှန်တစ်ကယ်တည်ဆောက်နိုင်ရင် ဒီနည်းလမ်းနှစ်ခုစလုံးက( နည်းလမ်းတစ်ခုခုက ) အလုပ်ဖြစ်နိုင်တဲ့နည်းလမ်းများ ဖြစ်လာနိုင်ပါတယ်။

တပ်မတော်အနေနဲ့ကလည်း ပြည်ထောင်စုမပြိုကွဲရေးနဲ့ အထူးသဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားတဲ့
position ကို မထိပါးသရွေ့ ကျန်တာအားလုံးကို လိုက်လျောနိုင်စရာရှိပါတယ်။ဒေါ်စုသမ္မတဖြစ်ခဲ့ ရင်
တိုင်းရင်းသားတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာလိုလားချက်များ၊ လူထုရဲ့ ဖွံ့ဖြိုးတိုးတက်လိုသောဆန္ဒများနဲ့ ဒေါ်စုအပေါ် ထားရှိတဲ့ မျှော်လင့်ချက်များ ဟာဒေါ်စုအတွက် စိန်ခေါ်မှုတွေ သေချာပေါက်ဖြစ်လာမှာပါ။
ဒေါ်စုအနေနဲ့လည်း သက်တမ်းငါးနှစ်တာကလအတွင်းမှာ အလုံးစုံသော မျှော်လင့်ချက်များကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး၊ ရေ မီးရရှိရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ
အခက်အခဲတွေက ၂၀၁၅ နောက်ပိုင်းကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို
ဖင့်နှေးစေမယ်ဖြစ်ပါတယ်။ဘယ်ပါတီကပဲအစိုးရဖွဲ့ဖွဲ့ ဘယ်သူပဲသမ္မတ ဖြစ်ဖြစ် ဒီအချက်ကို သန်းခြောက်ဆယ်သော လူထုတစ်ရပ်လုံးနဲ့အတူ တပ်မတော်အပါအဝင် Stakeholder များအားလုံးတို့က
ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ တော်တော်အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒေါ်စုသာသမ္မတလောင်းဖြစ်ခွင့်ရခဲ့ရင် တခြားသောသမ္မတလောင်းများထက် ပိုပြီးဂရုပြုရမယ့် အချက်ဖြစ်ပါတယ်။ တပ်မတော်ကျောထောက်နောက်ခံရှိတဲ့သမ္မတလောင်း သို့မဟုတ် တပ်မတော်နဲ့ နားလည်မှုအပြည့်အဝရရှိပြီးသားသမ္မတလောင်းထက် ဒေါ်စုက သမ္မတဖြစ်လာတဲ့အခါ ပိုမိုများပြားတဲ့ဖိအားတွေကိုရင်ဆိုင်ရနိုင်ပြီး ဖြေရှင်းရလည်းခက်ခဲမယ့်ပြသနာတွေဖြစ်နေတာကြောင့်ပါ။
ဒါပေမယ့် အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးကိုသာ အခိုင်အမာတည်ဆောက်နိုင်ရင်တော့
ဒီကိစ္စဟာလည်း လက်တွဲပြီးဝိုင်းဝန်းဖြေရှင်းလို့ရတဲ့ သာမန် အသေးအဖွဲတွေဖြစ်သွားနိုင်ပါတယ်။ရင်ကြားစေ့ရေးကိုတောင် ခိုင်ခိုင်မာမာ ပီပီပြင်ပြင်မလုပ်နိုင်သေးတော့
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို နှစ်နှစ်အတွင်းတည်ဆောက်ပြီးဆီးနိုင်မလားဆိုတာလည်း အရေးတကြီး မေးရမယ့်မေးခွန်းတစ်ခုဖြစ်နေပါတယ်။

ဒေါ်စုကို သမ္မတဖြစ်ခွင့်ပြုဖို့ တစ်ဖက် ( တပ်နဲ့ အာဏာရပါတီဖက် )ကစဉ်းစားပြီဆိုရင်လည်း ၂၀၁၅ မတိုင်ခင်မှာ တိုင်းရင်းသားများ၊ ပါတီများ၊ တပ်မတော်နဲ့လူမှုအဖွဲ့အစည်းအသီးသီးတို့ဟာ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် preelection condition များအတွက်
သေချာပေါက် တွေ့ဆုံညှိနှိုင်းဆုံးဖြတ် သဘောတူညီချက်ရယူကြရမှာဖြစ်ပါတယ်။အကြောင်းကတော့
၂၀၁၅ ရွေးကောက်ပွဲကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့နဲ့ ၂၀၁၅အလွန် နိုင်ငံရေးခရီး ကိုတည်တည်ငြိမ်ငြိမ်ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် သက်ဆိုင်သူ
အားလုံးကြိုတင်နားလည်မှုရယူထားဖို့ မဖြစ်မနေလိုအပ်တာကြောင့်ဖြစ်ပါတယ်။

stakeholder များအားလုံးက အမြော်အမြင်၊ရိုးသားမှု ၊ လိမ်မာပါးနပ်မှု ၊စိတ်ရှည်သည်းခံမှုနဲ့ အမျိုးသားရေးစိတ်ဓါတ်တို့ကိုအခြေခံပြီးကြိုးပမ်းနိုင်ရင်လည်း ဒေါ်စု သမ္မတဖြစ်ခွင့်ရတဲ့အခါနိုင်ငံရေးအပြောင်းအလဲရဲ့ ဒုတိယမြောက် အစိုးရနဲ့လွှတ်တော်သက်တမ်းအတွင်း အပြောင်းအလဲရဲ့အရှိန်အဟုနကို သိသိသာသာမြှင့်ယူနိုင်ပါတယ်။ တစ်နည်းပြောရရင် ဒီမိုကရေစီကို ပိုပြီးမြန်မြန်ဆန်ဆန်ရနိုင်ဖို့မျှော်လင့်လို့ရလာနိုင်ပါတယ်။

ဒေါ်စု သမ္မတလောင်းအဖြစ် ရွေးချယ်ခံခွင့်ရ မရ ကိစ္စက ၂၀၁၄ ခုနှစ်အတွင်း အဖြေထွက်မယ်လို့ ယူဆရပါတယ်။ အခုအခါမှာတော့ ဒီအဖြေအတွက် အဓိက အတားအဆီး ဒါမှမဟုတ် ဆုံးဖြတ်ခွင့်ဟာ တပ်မတော်ခေါင်းဆောင်များရဲ့ လက်မှာရှိတယ်လို့ ခိုင်မာစွာ ယူဆထားချက်ဟာ ပြောင်းလဲတော့မယ့်အရိပ်လက္ခဏာများပေါ်လာပြီဖြစ်ပါတယ်။ ဒေါ်စုရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
လူထု စုဝေးပွဲတွေ အရှိန်မြင့်လာတဲ့အချိန်မှာပဲ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ကန့်ကွက်မယ်မဟုတ်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ခြင်း၊ ပြင်ဆင်ရေးဆိုင်ရာ တပ်မတော်သဘောထားများကို လွှတ်တော် ပြင်ဆင်ရေးဆိုင်ရာ သုံးသပ်ရေးကော်မတီသို့ တင်ပြဖို့ရှိခြင်း တို့ကြောင့် တပ်မတော်က ပြင်ဆင်ရေးရဲ့အဓိက အတားအဆီးလို့ရှုမြင်နေမှုများကို ပြန်လည်သုံးသပ်မှုများရှိလာနိုင်ပါတယ်။တပ်မတော်ရဲ့ အခု ခြေလှမ်းတစ်လှမ်းဟာ နိုင်ငံတော်တိုးတက်ရေး၊ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေတာဖြစ်ပြီး တပ်မတော်က ပြောသလို အမှန်တစ်ကယ်ရပ်တည်မယ်လို့လည်း ယုံကြည်ရပါတယ်။ အမှန်တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေး အတားအဆီးမဟုတ်ခဲ့ရင်
မြန်မာ့ နိုင်ငံရေးလမ်းကြောင်းဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲတော့မှာဖြစ်ပြီး လူထုနဲ့တပ်မတော်ကြား စည်းလုံးညီညွတ်မှုရရှိရန်လည်း မဝေးတော့ဘူးလို့ ပြောလို့ရပါတယ်။

ဒေါ်စုသမ္မတဖြစ်ခဲ့ရင် နိုင်ငံတော်အချုပ်အခြာအာဏာကိုမထိပါးနိုင်ဘူးလို့ တပ်မတော်က ယုံကြည်လောက်တဲ့အနေအထားရှိရင်တစ်နည်းအားဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကိုမထိခိုက်နိုင်ဘူးလို့ တပ်မတော်က စိတ်ချလက်ချရှိခဲ့ရင် တစ်ကယ်တမ်းဒေါ်စုအနေနဲ့ သမ္မတရာထူးယှဉ်ပြိုင်ခွင့်ရရေး
အဓိက ကျော်ဖြတ်ရမှာကတပ်မတော်မဟုတ်ဘဲ အာဏာရပါတီကြီးဖြစ်သာပါလိမ့်မယ်။ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ
အစည်းအေဝေးဟာ ပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်ပြီး တစ်ညီတစ်ညွတ်ထဲ ပြင်ဆင်ရေးဆိုင်ရာ
လိုက်လျောမှုများကိုပြုလုပ်ဖို့ဆုံးဖြတ်မလားဆိုတာကတော့ စောင့်ကြည်ရရမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအမတ်များက တစ်ညီတစ်ညွတ်သော်လည်းကောင်း အများစုကသော်လည်းကောင်း ပြင်ဆင်ရေးဆိုင်ရာ လိုက်လျောမှုများပြုလုပ်ဖို့ထောက်ခံခဲ့ရင်တော့ ဒေါ်စုအတွက် လမ်းပွင့်သွားဖို့ရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနဲ့ အတိုက်အခံ အမတ်များ ပေါင်းရင် ကန့်ကွက်မယ့်ပါတီတချို့ရှိခဲ့ရင်တောင် ပြင်ဆင်ရေးအတွက်လိုအပ်နေတဲ့ ၇၅ ရာခိုင်နှုန်းကျော်ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

တစ်ကယ်လို့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးက ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အတိုက်အခံတို့လိုလားတဲ့
အနေအထားအထိ လိုက်လျောရန် ဆုံးဖြတ်မပေးနိုင်ရင်တော့ ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေကို အတိုက်အခံတို့ လိုလားတဲ့ အနေအထား ၊ဒေါ်စု သမ္မတရာထူးရွေးချယ်ခွင့်ရရှိမယ့်အနေအထား ဖြစ်လာဖို့
ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာလက်လွတ်ဖြစ်မယ့်အနေအထားကို အမှန်တစ်ကယ်ပဲ ပြောင်းလဲပေးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်အကောင်းဆုံး မေးခွန်းဖြစ်လာပါပြီ။

တပ်မတော်ဟာ အခြေခံဥပဒေမှာ ဆုံးဖြတ်ခွင့်အတွက်အရေးပါတဲ့ ရာခိုင်နှုန်းတစ်ခုကိုအခိုင်အမာပြဌာန်းပြီးရယူထားခဲ့တာကြောင့် ဒီအနေအထားဟာ ဒေါ်စုကို တပ်မတော်က ဟန့်တားထားလိုခြင်းဖြစ်တယ်၊ ဒီမိုကရေစီကိုဦးတည်ပြီး အမှန်တစ်ကယ်ပြောင်းလဲမပေးလိုခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ အယူအဆများကိုလည်း မကြာခင်ချေဖျက်ပစ်နိုင်တော့မယ်လို့ယူဆရပြီး တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေးဆိုင်ရာလိုက်လျောမှုများပြုလုပ်ပေးခဲ့ရင်တော့ အားလုံးရဲ့ ယူဆချက်များကို ပြန်လည်သုံးသပ်ရတော့မှာဖြစ်ပါတယ်။

သေချာတာကတော့ ဒေါ်စုသမ္မတ ဖြစ်ရေးကိစ္စဟာ အလားအလာတချို့ရှိလာနေသော်ငြားလည်းသေချာရေရာမှုမရှိသေးဘူးလို့ကောက်ချက်ဆွဲနိုင်ပါတယ်။ကြိုတင်သဘောတူညီချက်များ ဘယ်လောက်ရရှိထားသည်ဖြစ်စေ ၊ တပ်မတော်က ကြီးကြီးမားမားလိုက်လျောနိုင်သည်ဖြစ်စေ နောက်ဆုံးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့စတင်ရမှာဖြစ်တဲ့ ပြင်ဆင်ရေးကိစ္စဟာ တိတိကျကျခန့်မှန်းပြောဆိုဖို့ရာ ခက်ခဲနေသေးတာတွေ့ရပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း၊ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးစတဲ့ကိစ္စများဟာ တစ်ခုနဲ့တစ်ခု သေသေချာချာ ချိတ်ဆက်နေတာဖြစ်ပြီး
အတိမ်းအစောင်းခံနိုင်တဲ့အနေအထားကိုလည်းမရောက်သေးတာအမှန်ဖြစ်ပါတယ်။၂၀၁၅ခုနှစ်မှာ
ဒီမိုကရေစီ ရရှိဦးမှာမဟုတ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလွန်အကျွံမျှော်လင့်လို့မရကြောင်း၊ ပြင်ဆင်ရေးကလည်း ဒီမိုကရေစီနဲ့ လုံးဝကိုက်ညီတဲ့အထိမဖြစ်နိုင်သေးကြောင်း
အားလုံးက ကြိုတင်လက်ခံထားပြီး ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကိုဖြတ်သန်းကြဖို့ဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတလောင်းအဖြစ် အရွေးချယ်ခံခွင့်ရခဲ့ရင် ဒေါ်စုဟာ သမ္မတရာထူးရယူရန်အလားအလာကောင်းတဲ့သမ္မတလောင်းဖြစ်လာတော့မှာဖြစ်ပြီး သမ္မတသာဖြစ်ခဲ့ရင် လည်း
ဒေါ်စုအနေနဲ့ အခုထက်အများကြီးပိုမိုခက်ခဲတဲ့ ခရီးကြမ်းကိုလျှောက်လှမ်းရပါလိမ့်မယ်။ ပါတီကို စိတ်ချလက်ချ ထားခဲ့ဖို့၊ လူထုရဲ့မျှော်လင့်ချက်များဖြည့်ဆည်းပေးနိုင်ဖို့၊ ဖက်ဒရယ်နဲ့တန်းတူညီမျှရေးဆိုင်ရာ ဖိအားများကို ရင်ဆိုင်ဖို့ ၊အင်အားကောင်းလှတဲ့ အမျိုးသားရေးဝါဒီတို့ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့ ၊တစ်ဖက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တည်ဆောက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ၊အစိုးရ ယန္တရားကြီးကို အကြီးအကျယ် reform ပြုလုပ်ဖို့၊
စွမ်းရည်ပြည့်ဝတဲ့ ကက်ဘိနက်ဖွဲ့နိုင်ဖို့၊ တပ်မတော်နဲ့ နားလည်မှုရှိရှိလက်တွဲလုပ်ဆောင်နိုင်ဖို့၊လူထုရဲ့စွမ်းရည်ကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ဦးဆောင်မြှင့်တင်ပေးနိုင်ဖို့နဲ့ အထူးသဖြင့်တိုင်းပြည်ကို ဒီမိုကရေစီတည်ဆောက်ရေးလမ်းပေါ်ကနေချော်ထွက်မသွားအောင် ထိန်းသိမ်းပေးဖို့
စတဲ့ စိန်ခေါ်မှုတွေက ဒေါ်စုကို ဆည်းကြိုနေမှာ မုချဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စု သမ္မတဖြစ်ခဲ့ရင် အားလုံးက အခုထက် ပိုသဘောထားကြီးကြဖို့၊ အခုထက်ပိုပြီး စိတ်ရှည်သည်းခံကြဖို့နဲ့ အခုထက်ပိုပြီး အလုပ်လုပ်ကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းကလည်းအထူးတလည်မျှော်လင့်ထားတာဖြစ်လေတော့ သေချာပေါက် ကြိုတင်တွက်ဆဖို့ မလွယ်သေးတာမှန်ပေမယ့် ဒေါ်စုသာသမ္မတရာထူးကိုရယူထမ်းဆောင်ခွင့်ရခဲ့ရင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအမြင်မှာ အခုထက်ပိုပြီး လင်းလက်တောက်ပလာနိုင်တာဖြစ်သလို နှစ်ပေါင်းငါးဆယ်ကြာအောင်
မှေးမှန်နေခဲ့တဲ့ တပ်မတော်ရဲ့ ပုံရိပ်ကလည်း အံ့မခန်း ပြောင်းလဲသွားပါလိမ့်မယ်။
သန်းခြောက်ဆယ်သောလူထုနဲ့ stakeholder အားလုံး ကသာ စိတ်ရှည် သည်းခံမှု နဲ့ လုံ့လဝိရီယများကို အချိုးညီညီပေါင်းစပ်ပြီး
ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကိုလည်း အမြန်ဆုံးအရောက်လှမ်းနိုင်ဖို့ရာလည်း ပိုမိုလျှင်မြန်သွားနိုင်မယ်ဖြစ်ပါကြောင်း။ ။

ပိုက်တင်

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည်

30-12-2013
ရန်ကုန် အနောက်ပိုင်းခရိုင် အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း (အထက-၁ ဘောလုံး ကွင်း) ကရင်အမျိုးသား ရပ်ကွက်၌ ၂၇၅၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်သွားမည် ဖြစ်ကာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီတွင် အလံတော် အလေးပြုခြင်း၊ ဟောပြောပွဲ ကျင်းပခြင်း၊ သက်ကြီး ပူဇော်ပွဲနှင့်သြဝါဒပေးခြင်း များ ဆောင်ရွက်မည် ဖြစ်သည်။

ပျော်ပွဲရွှင်ပွဲများတွင် ပတ်လမ်း ပြေးပြိုင်ပွဲ၊ မီတာ ၁ဝဝ နှင့် မီတာ ၅ဝ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ပိုက်ကျော် ခြင်းတို့ကို ကစားကြမည် ဖြစ်ပြီး ညနေ ၆ နာရီတွင် ရိုးရာအက၊ ဒုံးယိမ်းအကများ အပြင် ကရင်ရိုးရာ တေးသီချင်းများလည်း သီဆိုဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

Sunday, December 29, 2013

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

၂၉.၁၂.၂၀၁၃၊ တနင်္ဂနွေနေ့

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ မလုပ်တတ်၊ မကိုင်တတ်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သွေးစည်းရေးတွင်လည်းကောင်း၊ မှန်ကန်စွာ မဖော်ဆောင်နိုင်လျှင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လည်းကောင်း များစွာအခက်အခဲ ရှိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တယ်။ မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအဖြစ်မျိုးများမဖြစ်ရလေအောင် အစဉ်အလာရှိသော မိမိတို့ပါတီ၊ အနိုင်ရထားသောပါတီ၊ အနိုင်ရအစိုးရတို့က ဆင်ခြင်တုံတရားအပြည့်၊ ဥာဏ်ပညာ အမြော်အမြင်အပြည့် စိတ်ကောင်းစေတနာအမှန်တို့ဖြင့် ဆောင်ရွက်ပေးရန်လိုပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ပြည်သူများ၏ ဆုံးဖြတ်ချက်များသည် လည်းကောင်း အလွန်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို မိမိတို့ပါတီ မိမိတို့အစိုးရနှင့် လုပ်ဖော်ကိုင်ဖက် ညီနောင်ပါတီများက မှန်မှန်ကန်ကန် ကျင့်သုံးနိုင်လျှင် မိမိတို့အမှန်တကယ် မျှော်လင့်လိုလားသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာမှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း ပြောကြားသည်။

"ဒီအချိန်၊ ဒီကာလအတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာပါက တိုင်းပြည်နာမည်နဲ့ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမယ်။ ဒါ့ကြောင့် ပြည်သူမျက်နှာကို ကြည့်ရမယ်။ တိုင်းပြည်မျက်နှာကို ကြည့်ရမယ်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခုအတွက် ကြည့်၍မဖြစ်ပါ။ ဒါ့ကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းအပါအ၀င်န နိုင်ငံတော်နှင့်ဆိုင်သော အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရာမှာ သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ရဲဝံ့စွာ ဆောင်ရွက်သွားရန်လည်း အရေးကြီးပါတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများအား ပါတီသို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာ အကြံပြုစာများအားချပြခဲ့ပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက်ပြုလုပ်မည်ဟု သိရသည်။

ထို့ပြင် အရေးကြီးဆုံးဖြတ်ရန်ရှိသည့် အချက်များကိုလည်း ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သိရသည်။

EMG

ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက်လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

29-12-2013
ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်ရှင်သည် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန် အတွက် Demand Letter နှင့် ထိုင်းအလုပ်ရှင် အမည်ပါဝင်သော work permit မိတ္တူ၊ အလုပ်သမား၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့်ပုံစံ၊ နိုင်ငံသားဆိုင်ရာ အထောက်အထားမိတ္တူများနှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးသို့ အနည်းဆုံး ခြောက်လ ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားဖြည့်ထားသည့် လ၀က ပုံစံအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်အတည်ပြုချက် ရယူမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ပြီးသူများအား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး (သို့မဟုတ်)နယ်စပ်စခန်းများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် ပုံစံနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းအဖွဲ့သို့ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအလုပ်ရှင်၏ Demand Letter များနှင့်အတူ One stop service Centrer များဖြစ်သည့် နယ်စပ်စခန်းများ၌ ပြည်ပအလုပ်အကိုင် သတ်သေခံကတ်ပြားထုတ်ယူ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာနှင့် ယာယီ ၏ work permit ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်စပ်တွင် ပြည်ဝင်ဗီဇာသက်တမ်း တိုးပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် ပြီး မိမိတို့အလုပ်ရရှိသော ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွင် work permit လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအနေဖြင့် သာမန် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း ရှိနေသေး၍ လဲလှယ်ရန် ဆန္ဒမရှိပါက သာမန်နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်ကိုင်ဆောင်နိုင်ပြီး သက်တမ်းကုန်ဆုံးပါက သာမန်နိုင်ငံကူးလက်မှတ်ဖြင့်သာ အသုံးပြုရမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာနမှ လည်းကောင်း အသီးသီး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

Eleven

ပြင်ဆင်လိုသည့်အချက် (၁၆၈) ချက်ပါဝင်သည့် NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောထားကို လွှတ်တော်ကော်မတီသို့ ယနေ့ တင်သွင်းမည်

 29-12-2013
ပြင်ဆင်လိုသည့်အချက် ၁၆၈ ချက်ပါဝင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် သဘောထားကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ ပြင်ဆင်လိုသည့် အခန်းများတွင် အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းမှလွဲ၍ ကျန်သည့်အခန်း ၁၄ခန်းစလုံးပါဝင်ပြီး ပြင်ဆင်လိုသည့်အချက်များတွင် အုပ်ချုပ်ရေးကဏ္ဍ၌ အများဆုံး ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၂၆ ရက်က ဗဟိုကော်မတီမှာ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ တိုင်ပင်ကြတယ်။ အပြီးသတ်ရေးတယ်။ ရေးပြီးသားဟာကို ဒီနေ့ဗဟိုကော်မတီမှာ အတည်ပြုတယ်။ ဒီအတည်ပြုတဲ့ဟာကို ကျွန်တော်တို့ ပူးပေါင်းကော်မတီကို တင်ဖို့က ဒီညနေသွားမယ်။ မနက်ဖြန်မနက်မှာ ပူးပေါင်းကော်မတီကို တင်မယ်" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ ရက်က ပြောကြားသည်။

NLD မှ ပြင်ဆင်လိုသည့် အချက်များအပေါ် လွှတ်တော်တွင်း၌ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန် မျှော်လင့်သလဲဟူသည့် မေးခွန်းအပေါ် "မိမိကိုယ်မိမိ ပြည်သူ့ကိုယ်စားလှယ်တွေပါ။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေက မဲပေးထားတဲ့ ကိုယ်စားလှယ်တွေပါလို့ ခံယူထားတဲ့သူတွေက ဘယ်လောက် ဒီမိုကရေစီလိုချင်သလဲ။ ပြီးရင် ၈၈ မှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူ အသက်ပေးသွားတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဘယ်လောက်တန်ဖိုးထားမလဲ။ ပြီးရင်ကိုယ်ကိုယ်နှိုက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက်မြတ်နိုးမလဲ။ အဲလိုလူတွေရဲ့ မဲပေးမှုပေါ်မှာပဲ အဖြေထွက်လာမှာပါ။ မှန်းလို့တော့မရဘူး" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖြေကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် တစ်နိုင်ငံလုံးအနှံ့ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်လံဟောပြောမှုများပြုလုပ်ခဲ့ပြီး ပြည်သူအများစုက ပြင်ဆင်ရေးအတွက် အဆိုပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူ့ဆန္ဒသဘောထားပေးပို့မှုများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ကလေး( ၁) ဦးသာယူရသည့် မူဝါဒ တရုတ်ဖြေလျှော့

29-12-2013

မိဘနှစ်ပါးစလုံးက တစ်ဦးတည်းသော သားသမီးဖြစ်သော ဇနီးမောင်နှံတွင် ကလေး ၂ ဦးယူခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအမျိုးသားကွန်ယက်၏ အမြဲတမ်းကော်မတီက ချမှတ်ပေးခဲ့သည်ဟု တရုတ်အစိုးရပိုင် စင်ဟွာသတင်းဌာနက ကြေငြာခဲ့သည်။ ထို့ပြင် ပြန်လည်ပညာပေးရေး ရဲဘက်စခန်းများ ဖျက်သိမ်းရန် အဆိုပြုမှုကိုလည်း ထိုကော်မတီကပင် အတည်ပြုပေးခဲ့သည်။

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ မိခင်တစ်ဦးလျှင် ကလေးတစ်ယောက်ခွဲနှုန်းရှိပြီး အမှန်တကယ်တွင် ထိုင်ဝမ်နှင့်ဂျပန်တို့ထက် မြင့်မားဆဲအဖြစ်ကာ ၁၉၇၀ နှောင်းပိုင်းနှစ်များက အလွန်တိုးပွားလာသော လူဦးရေကိုထိန်းချုပ်ရန် ထိုမူဝါဒကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း ဒုတိယမြောက်ကလေးယူခွင့်ပေးသည့် ပြုပြင်ပြောင်းလဲမှု အချို့လုပ်ခဲ့သော်လည်း ပထမသားဦးမှာ မိန်းကလေးဖြစ်မှသာ (သို့) တောနယ်ပိုင်းတွင်သာ ခွင့်ပြုခဲ့သည်။

တရုတ်ရိုးရာအရ သားဦးယောက်ျားလေးသာ ယူလိုမှုကလည်း ကိုယ်ဝန်ဖျက်ချမှုများကို ဖြစ်စေခဲ့ကာ ထိုကဲ့သို့ ယောက်ျား၊ မိန်းမ အချိုးမညီမှုများကြောင့် ယခုဆယ်စုနှစ် အနှောင်းပိုင်းတွင် တရုတ်ပြည်၌ အိမ်ထောင်ဖက် မရနိုင်သော လူပျိုကြီးပေါင်း ၂၄ သန်းခန့် ရှိမည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

Ref : BBC

မြန်မာနိုင်ငံတွင် ပထမဦးဆုံး လူထုဟစ်တိုင်နယ်မြေ သတ်မှတ်ပေးမည်

29-12-2013

မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒများကို လွပ်လပ်စွာ ဖော်ထုတ်နိုင်မည့် ပထမဦးဆုံးသော လူထုဟစ်တိုင် နယ်မြေတစ်ခုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် တည်ဆောက်မည့် လူထု အပန်းဖြေနေရာကို သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဧရိယာ စုစုပေါင်း ပေ ၃၅၀ ကျယ်ဝန်းပြီး လူဦးရေ တစ်ထောင်ခန့် စုစည်းနိုင်မည့် အဆိုပါ လူထုဟစ်တိုင်ကို မနော်ရမံရှေ့မှ ချောင်း ဧရိယာပေါ်တွင် တံတားအပြည့်ခင်းကာ ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လမတိုင်မီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ နေရာကို မူလက လူထုအပန်းဖြေ အဖြစ်သာ သတ်မှတ် ထားသော်လည်း ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရန် နေရာတစ်ခု သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာသာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေရာမှာ လူတွေစုဝေးပြီး ဆွေးနွေးလို့ရမယ်။ ဆန္ဒထုတ်ဖော်ချင်တဲ့ သူတွေက ခွင့်ပြုချက် တောင်းပြီး ဒီနေရာမှာ ဆန္ဒထုတ်ဖော်လို့ ရမယ်။ ဒီနေရာကို လုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုက နေရာတစ်ခု သတ်မှတ်ပြီး ဆန္ဒပြလို့ ရအောင်ပါ။ လူထုဟစ်တိုင် သဘောမျိုးပေါ့။ ဆန္ဒပြချင်တဲ့သူက ဒီနေရာမှာ လာပြ၊ စိတ်ဝင်စားတဲ့သူက ရပ်ကြည့်၊ စိတ်မဝင်စားတဲ့သူက ကိုယ့်အလုပ်ကိုယ်ဆက် လုပ်ပေါ့။ မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ မရှိသေးဘူး။ ဒါပထမဆုံးနဲ့ တစ်ခုတည်းသော လူထုဟစ်တိုင်ပါ” ဟု ၎င်းကဆိုသည်။
“အခုလို နေရာသတ်မှတ်ပေးမယ် ဆိုတော့ ဆန္ဒပြချင်တဲ့သူက စည်းကမ်းတကျနဲ့ပြ၊ သူ့သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ဘာတွေ ဆန္ဒဖော်ထုတ်နေလဲဆိုတာ လာကြည့်လိမ့်မယ်။ လုံခြုံရေးအတွက် လည်း မလုံလောက်မှာ မပူရတော့ဘူးပေါ့” ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သည့် အောင်မြေ သာစံမြို့နယ်မှ အသက် ၆၀ အရွယ် ဦးသန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်ရာနှင့် အဓိက စီးပွားရေး လုပ်ငန်းများ အခြေစိုက်ရာ ရန်ကုန်မြို့တော်၌ ပြည်သူများ ဆန္ဒထုတ်ဖော်ရန် သီးသန့်နေရာ မရှိသေးဘဲ ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး နေရာ၌သာ ပြုလုပ်နေလျက် ရှိသည်။

Myawady News
Coko Dmeo

၂၀၁၂ ခုနှစ်အတွက် ဆန်ခါတင်အကယ်ဒမီဇာတ်ကားများ

29-12-2013
၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး (၁၇)ကား ရုံတင်ပြသခဲ့ပါသည်။ ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှ အကယ်ဒမီဆုပေးသင့်သော ဇာတ်ကားခုနစ်ကားကို ဆန်ခါတင်ရွေးချယ်ခဲ့သည်။
ယင်းခုနစ်ကားမှာ လက်ပံ၊မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ တို့ဖြစ်သည်။
အမွေခံထိုက်သူဖြစ်ပါစေဇာတ်ကားမှာ ရန်ကုန်၌ ရုံမတင်ရသေးဘဲ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရုံတင်မည် ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် အကယ်ဒမီ ၁၂ ခုပေးမည်ဟု မီဒီယာများက ခန့်မှန်း ပြောဆိုနေကြသည်ကို ယနေ့အဖြေလက်တွေ့ ကြားသိရမည်ဖြစ်သည်။

၁။ အကောင်းဆုံးဒါရိုက်တာဆုတွင် ဝိုင်း(လက်ပံ)၊ ရွှေပြည်ကတုံး (အမွေခံထိုက်သ်သူjlဖြစ်ပ်ပါစေ)၊ အောင်က်ကိုလိုလတ် (ကယန်းအလှ)S)၊ နေပိုငိုင် (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ)၊ ဝေမှိုင်းညို(မော်ကင်းဥဒါန်း)

၂။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတွင် ပြေတီဦး(လက်ပံ)၊ လူမင်း (မော်ကင်းဥဒါန်း)

၃။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွင် န၀ရတ် (တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)၊ န၀ရတ် (အမွေခံ ထိုက်သူဖြစ်ပါစေ)၊ ဖွေးဖွေး(လက်ပံ)၊
စိုးမြတ်သူဇာ (အမုန်းမီးတောက်)

၎။ အကောင်းဆုံး ဇာတ်ပို့ဆုတွင် ကျော်ဟိန်း(မော်ကင်းဥဒါန်း)

၅။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွင် ချောရတနာ(ဥ)၊ စိုးမြတ်သူဇာ (လက်ပံ)၊ မူနှင်းမိုင်၊ မူမေရီ(ကယန်းအလှ)

၆။ အကောင်းဆုံး ဓာတ်ပုံ ဆံဆုတွင် အောင်က်ကိုလတ်(ကယန်းအလှ)

၇။ အကောင်းဆုံးအသံဆုတွင် လင်းကိုဦး(ကယန်းအလှ)

၈။ အကောင်းဆုံးဖလင်တည်းဖြတ်ဆုတွင် ဝေယံလင်း(လက်ပံ)၊ တာတီး(မော်ကင်းဥဒါန်း)

၉။ အကောင်း ဆုံး နောက်ခံတေးဂီတဆုတွင် ဦးဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ)

၁၀။ အကောင်းဆုံး ဇတ်ညွှန်းဆုတွင် သီဟစိုး(လက်ပံ) ၊ ရွှေပြည်ကတုံး (အမွေခံထိုက်သူဖြစ်ပါစေ)၊ Hector Caross (ကယန်းအလှ)

၁၁။ အကောင်းဆုံး ဇတ်လမ်းဆုတွင် လက်ပံ၊ အမွေခံ ထိုက်သူဖြစ် ပါစေ၊ မော်ကင်းဥဒါန်း၊

၁၂။ အကောင်းဆုံး ကလေးသရုပ်ဆောင်(အထူးဆု)တွင် ယွန်းယွန်း တွင် ယွန်းယွန်း (လက်ပံနှင့်တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ) ၊ အားသစ် (အမွေခံ ထိုက်သူဖြစ်ပါစေ)။

စိုးမြတ်သူဇာ ရှစ်ကားပါဝင်ပြီး အများဆုံးဖြစ်သည်။ အမုန်းမီးတောက်မှာ (အမျိုးသမီးဇာတ်ဆောင်ဆု)၊ လက်ပံမှာ (အမျိုးသမီးဇာတ်ပို့ဆု) တစ်ခုတော့ရနိုင်ပါသည်။
ဒါရိုက်တာ ဝိုင်းရိုက်တဲ့ လက်ပံဇာတ်ကား အကယ်ဒမီဆုအများဆုံး ရရှိနိုင်ကြောင်း ခန့်မှန်းလိုက်ပါတယ်။

 The Mirror Daily

Eleven Media သတင်းထောက် ထောင်ဒဏ် ချမှတ်ခံရမှု မန္တလေး သတင်းသမားများ ဆန္ဒထုတ်ဖော်မည်

29-12-2013

Eleven Media ၏ နယ်သတင်းထောက်ဖြစ်သူ မခိုင်ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံး က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ သတင်းသမားများက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေး သတင်းသမားများ အဆိုပါ ကိစ္စအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအရ သိရသည်။
“ကြေညာချက်ထဲက အတိုင်းပဲ ဒီကိစ္စကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေက ပြန်လည် စိစစ်ပေးဖို့ လိုလားတယ်။ ၃၁ ရက်နေ့အထိ စောင့်ကြည့်မယ်။ တကယ်လို့ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာဘူးဆိုရင် သက်ဆိုင်ရာ အသီးသီးကို စာတင်ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ သတင်းသမားတွေ အားလုံးစုပြီးတော့ ဆန္ဒထုတ်ဖော်ဖို့ ရှိပါတယ်” ဟု မန္တလေး ခေတ်ဂျာနယ် အယ်ဒီတာ ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ နယ်သတင်းထောက် မခိုင်ကို ထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မန္တလေး သတင်းသမားများက အပြင်းအထန် ကန့်ကွက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများက ပြန်လည် စိစစ်ပေးရန်၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေမဲ့ ဆောင်ရွက်နေမှုများ ရှိနေကြောင်း ကြားသိနေရသဖြင့် မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် မန္တလေး သတင်းသမားများက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းဒင်က ထပ်မံပြောကြားသည်။

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေချိန် ယင်းကဲ့သို့ သတင်းထောက်တစ်ဦးကို အချိန်တစ်လကျော်အတွင်း အမှုစစ်ဆေးကာ ထောင်ဒဏ် ချမှတ်ခြင်းသည် အစိုးရသစ်၏ နိုင်ငံပြုပြင် ပြောင်းလဲရေးကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ သတင်းသမားများ လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားသည့် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ကြိုတင် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းခြင်း ပြုလုပ်ပြီးမှသာ တရားစွဲဆို ပြစ်ဒဏ် စီရင်ခြင်းကို ဆောင်ရွက်ရန် မန္တလေး သတင်းသမားများက ဆန္ဒရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

The Voice Weekly

ဘိန်းအစားထိုးသီးနှံ စိုက်ပျိုး အောင်မြင်ရန် အစိုးရ၏ အကူအညီ လိုဟုဆို

29-12-2013

ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရေး စီမံချက် ရေးဆွဲထားသော မြန်မာနိုင်ငံ တွင် ကယားပြည်နယ်၏ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရန်အတွက် အစိုးရ၏ အကူအညီများ လိုအပ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။

ဘိန်းအစားထိုး သီးနှံအဖြစ် ဂျင်း (ချင်း)၊ နနွင်း၊ ဂေါ်ရခါး၊ ပန်းသီးနှင့် သစ်တော်သီးကဲ့သို့ သီးနှံအများကို စိုက်ပျိုးနိုင်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ကျစရိတ် မြင့်တက်ခြင်း၊ စိုက်ပျိုးရေ အလုံအလောက် ရရှိရန် ခက်ခဲခြင်း၊ ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနိုင်ပြီး ပြည်ပဈေးကွက်နှင့် မချိတ်ဆက်နိုင်ခြင်း တို့ကြောင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး သည် စီးပွားရေးအရ တွက်ခြေမကိုက်ကြောင်း ကရင်နီ ပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ဗဟိုကော်မတီဝင် ဦးဟက်စတန်က ရှင်းလင်းပြောကြားသည်။

ယင်းအပြင် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး အောင်မြင်ရန်အတွက် ငွေကြေး အရင်းအနှီး လွယ်ကူစွာ ရရှိနိုင်ရန်၊ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ရန်နှင့် စိုက်ပျိုးသီးနှံကို ရောင်းချနိုင်မည့် ဈေးကွက် ရှာဖွေပေးရန် ကဲ့သို့သော အချက်များကို ကယားပြည်နယ် အစိုးရထံ မကြာခဏ တင်ပြထားကြောင်း ၎င်းက ထုတ်ဖော် ပြောကြားသည်။
“အရင်းအနှီး လိုတယ်။ ငွေမရှိရင် လေပဲကုန်မယ်” ဟု ဦးဟက်စတန်က ဆိုသည်။ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဗိုလ်မှူးကြီး အောင်မင်းကမူ ငွေကြေး အရင်းအနှီး ချထားပေးသည့်အပြင် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရာ၌ ရာသီဥတုနှင့် အဖျက်ပိုးမွှားများကို ကာကွယ်နိုင်ရန် ဒေသခံ စိုက်ပျိုးသူများကို စိုက်ပျိုးနည်းဆိုင်ရာ ပညာပေး သင်တန်းများ ပို့ချပေးသင့်ကြောင်း ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံး ပြည်နယ်တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ် မိုးနဲနှင့် မိုင်းပန်မြို့နယ် တို့တွင်မူ ဘိန်းအစားထိုး သီးနှံအဖြစ် ရော်ဘာပင်များ စမ်းသပ် စိုက်ပျိုးခြင်းကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ပူးပေါင်း ဆောင်ရွက်နေကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးက ရှင်းပြသည်။

ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး အောင်မြင်ရန် အခက်အခဲ ကြုံနေသော ကယားပြည်နယ်တွင်းရှိ လွိုင်ကော်၊ ဖရူဆိုး၊ ဒီမောဆိုးဒေသနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကယန်းလူမျိုး အများစု နေထိုင်သည့် ဖယ်ခုံ ဒေသတို့တွင် ဘိန်းတစ်ပိဿာလျှင် ကျပ်ခုနစ်သိန်းခန့် အထိ ဈေးပေါက်ကြောင်း ကယားလက်နက်ကိုင် အဖွဲ့များက ပြောကြားသည်။

မြန်မာအစိုးရသည် လာမည့် ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်စေရမည်ဆိုသော ရည်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ရန် နောက်ထပ် ငါးနှစ်သက်တမ်း ထပ်တိုးကာ ၂၀၁၉ ခုနှစ်သို့ ပြောင်းရွှေ့ သတ်မှတ်ထားရသည်။

လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးသည့် အိမ်ထောင်စုပေါင်း သုံးသိန်းခန့် ရှိပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ ၂၀၁၃ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly

Friday, December 27, 2013

အမျိုးသားအကျိုးစီးပွားကို ရှေးရှုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉(စ) မပြင်သင့် သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ) သည် ပထဝီနိုင်ငံရေးနှင့်အညီ ဗိုလ်ချုပ်လမ်းစဉ်ဖြင့် ပြဌာန်းထားသည့်ဥပဒေဖြစ်ဟုဆို

27-12-2013

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ- ၅၉(စ)သည် တရုတ်၊ အိန္ဒိယကဲ့သို့ နိုင်ငံကြီးနှစ်ခုကြား ရောက်နေသည့် မြန်မာနိုင်ငံ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားလို လား ရှေးရှုသည်ဆိုလျှင် မပြင်ဆင်သင့်ကြောင်း ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ပြောသည်။
”ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)ဟာ နိုင်ငံခြားသားကို လက်ထပ်သူ၊ သြဇာခံအထောက်အပံ့ ခံနေတဲ့ ဆက်နွှယ်နေသူတစ်ဦး တစ်ယောက်ကို ရည်ညွှန်းပြီး မြန်မာနိုင်ငံရဲ့သမ္မတမဖြစ်နိုင်ရေး အတွက် ပြဌာန်းရေးဆွဲထားတာ မဟုတ်ဘူး ဆိုတာကိုလည်း ပြတ်ပြတ်သား သားပြောရဲပါတယ်။ သန်း ၆ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံသားအားလုံး ရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ရေးဆွဲပြဌာန်းခဲ့သလို၊ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံနှစ်ခုကြားမှာ မုန့်ဖက်ထုပ်လေး တစ်ခု လို ဖြစ်နေတဲ့ ကျွန်တော်တို့တိုင်းပြည် ရေရှည် ရပ်တည်နိုင်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ရေးဆွဲထားတယ်ဆိုတာကို ပြောရဲပါတယ်”ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)အရသမ္မတ ဖြစ်နိုင်သူအချို့ သမ္မတမဖြစ်နိုင်သောအနေ အထားမျိုးရှိခဲ့ပြီး ထိုအနေအထားမျိုးတွင် တစ်ဦးတစ်ယောက်အား အခွင့်ထူးခံအဖြစ် သတ်မှတ်ပြီး ထို သူ သမ္မတဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ) ကို ပြင်ရမလား၊ ဖြုတ်ရမလားဆို သည့် မေးခွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုက်စား သင်ယူနားလည်သူများအဖို့ မကြားဝံ့၊ မဖြေဝံ့သော မေးခွန်း တစ်ခုဖြစ်ကြောင်း ယင်းက ဆို သည်။

ပုဒ်မ-၅၉ (စ)ကို ပုဂ္ဂိုလ်ရေး ခံစားချက်များဖြင့် တစ်ဦးတစ်ယောက်အတွက် ဦးတည်ပြင်ခဲ့ပါက သမ္မတ သက်တမ်း အလွန်ဆုံး ၂ ကြိမ်စာအတွက် ၁ဝ နှစ်၏ နောက်ပိုင်းတွင် အခြားသောတိုင်းတစ်ပါးသား လက်အောက်ခံသြဇာခံဆက်နွှယ်နေသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာလျှင် မြန်မာ့နိုင်ငံ ရေးအလားအလာ ဆုတ်ယုတ်နိုင်မည်ဟု သုံးသပ်သူများရှိသကဲ့သို့ အချို့ကလည်း မိဘနှစ်ပါးနိုင်ငံ သားဖြစ်လျှင် သမ္မတဖြစ်ခွင့်အတွက် ပြည့်စုံသည်ဟူသော သုံးသပ်ချက် များနှင့်စပ်လျဉ်းပြီး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ”မိဘနှစ်ပါး နိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလား ပင်လယ်အော်ကို မကျော်နိုင်တဲ့အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေ ရိကန်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလိုတခြားနိုင်ငံတစ်ခုအမျိုးသားအကျိုးစီးပွားကို အသက်ပေး ကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာ နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွှယ် နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လားဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နား လည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ဖြေသည်။

အရှေ့ဘက်မှ တရုတ်၊ အနောက်ဘက်မှ အိန္ဒိယတို့ကဲ့သို့ လူဦးရေထူထပ်သော နိုင်ငံကြီး နှစ် နိုင်ငံ အလယ်တွင် သန်းခြောက်ဆယ်သာရှိသော မြန်မာနိုင်ငံအနေဖြင့် လူ တစ်ဦးတစ်ယောက်ကို လေးစား ကြည်ညိုသည့် အကြောင်းပြချက်ကြောင့် သမ္မတဖြစ်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ) ကို ပြင်မည် ဆိုပါက တိုင်းပြည်ကို မချစ်ရာကျသလို လူတစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာရောက်သည်ဟု ယူဆ ကြောင်းယင်းကဖြည့်စွက်ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုသဘောဆန္ဒအရ ပြင်လိုကပြင်နိုင်သော်လည်း ပုဒ်မ- ၅၉ (စ)အားပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ခဲ့မည်ဆိုပါက ရင်ဆိုင်ရမည့်ဆိုးကျိုးများကို သုံးသပ်ရာတွင် ”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီးရှိသော်လည်း အချိန်အခါကြည့်ပြီးပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေ ညက် ညက် ဖတ်ရှုလေ့လာဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ) ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ယုံကြည်လို့ပါ။တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲရောက်လာကြ၊ လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြား နိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသနအပြုခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသားဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြား တိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အား မရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ဘက်က ပေးဆပ်ဖို့သက်သက်ပဲ ရှိပါ တယ်”ဟု ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ဆက်လက်ဖြေကြားသည်။

တဖန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ယင်းတို့အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား မှုများကို ၈၈ ကျောင်းတွင်းလှုပ်ရှားမှု၊ ၈၈ လူထု အရေးတော်ပုံ ကာလ တည်းက ပံ့ပိုးကူညီခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို လူထုလေးစားကြည်ညိုရသည့် ခေါင်းဆောင် တစ်ယောက်၊ မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် ကာချုပ်၊ သမ္မတကဲ့သို့ တန်းတူအရေးပါသော ထိပ်ခေါင်းဆောင်အဖြစ် ရှုမြင်ကြောင်း၊ သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ)ပြင်ဆင်ရေး၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော အပိုဒ် တစ်ပိုဒ်၊ စကားလုံးတစ်လုံး သည်ပင်လျှင် ပြည်သူ သန်း ၆ဝ ရှိလျှင် သန်း ၆ဝ၊ သန်း ၆ဝဝရှိလျှင် သန်း ၆ဝဝ လုံးနှင့်သက်ဆိုင်ပြီး ထို့ထက် ပို၍ နောက်မျိုးဆက်နှင့်ပါ သက်ဆိုင် သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် မည်သို့ ပြင်မည်နည်း၊ မည်သည့်အချိန် ပြင် မည်နည်း၊ မည်ရွေ့မည်မျှပြင်မည်နည်း ဆိုသောအချက်မှာ နိုင်ငံသား အားလုံး ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်း စားစားဆောင်ရွက်သင့်ကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်အတွက် လိုအပ်သောမူဝါဒများ အကောင် အထည် ဖော်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံစွန့်လွှတ်ပေးဆပ်သူများအတွက် သမ္မတ ဖြစ်လိုကြောင်း၊ မိမိကို သမ္မတမဖြစ်အောင် ပိတ်ပင်တားဆီးထားသောအခြေခံဥပဒေကို ကန့်ကွက်ပြီး မည်သည့်အခြေခံဥပဒေမျှ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး မရေးဆွဲသင့်ကြောင်း သြစတြေးလျ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လွှတ်တော်က ပြဌာန်းထားသည့်ဥပဒေတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ် ပြီး ၂ဝဝ၈ အခြေခံဥပဒေ အသက်မဝင်ခင် ပြဌာန်းထားသော တည်ဆဲဥပဒေအားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရမည်ဖြစ်သည်။ မညီညွတ်ခဲ့ပါ က ဥပဒေသဘောသဘာဝအရ ပျက်ပြယ်သလို၊ လွှတ်တော်များက ပျက်ပြယ်အောင် လုပ်ဆောင်မှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ မည်သည့်ဥပဒေမျှ ပြဌာန်းနိုင်ခွင့်မရှိပေ။ ပြဌာန်း ခဲ့သည်ရှိသော် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာပြင်ပြီးမှသာ ပြဌာန်းနိုင်မည် ဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသား ဒေါက်တာမိုက် ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ခြင်း၊ သား ၂ ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်နေခြင်းတို့ကြောင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ရေးကို အဟန့်အတားဖြစ်နေသည်။

http://www.echoingvoicenews.com/ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရာနှုန်းပြည့် ပြန်ကောင်းပြီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်) ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့က ခြေထောက်ခွဲစိတ်ထားတဲ့ အနာချုပ်ရိုးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြည်ကြည့်ပြီးနောက် ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
asskဒေါက်တာတင်မျိုးဝင်းက အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့ လုပ်ငန်းတာဝန်တွေ ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ခွင့်ပြုလိုက်ပါတယ်။
ဒါကြောင့် အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် သွားရောက်ဖို့ မူလ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် ဇန်န၀ါရီ ၆ ရက်နေ့မှာ သွားရောက်မယ်လို့ မိသားစုဆရာဝန်က အတည်ပြု ပြောကြားပါတယ်။

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဂိုဏ်းတစ်ခု ဖမ်းမိ

ဒီဇင်ဘာ ၂၅ ရက် နံနက် ၄ နာရီခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၌ အခြေစိုက်ထားသည့် ဘိန်းချက်စခန်းကြီးတစ်ခုကို နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၀င်ရောက်စီးနင်းခဲ့ပြီး တရုတ်လူမျိုးများ ပါဝင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဘိန်းချက်စခန်းကိုပိုင်တဲ့ ခေါင်းဆောင်ကလည်း တရုတ်လူမျိုးလို့ သိရပါတယ်။ စခန်းကကြီးပြီး လျှိုတွေထဲမှာ ဆောက်ထားတော့ သေနတ်သံကြားတဲ့အချိန်မှာ တရားခံတချို့ ထွက်ပြေးသွားပါတယ်။ အဲဒီထွက်ပြေးသွားသူတွေထဲမှာ ခေါင်းဆောင်ဆိုသူလည်း ပါနိုင်ပါတယ်”ဟု ဘိန်းချက်စခန်း ၀င်ရောက်စီးနင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လားရှိုးမူးယစ်တပ်ဖွဲ့စု ၂၄ မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းတစ်ခုကို မိုးမလင်းမီအချိန် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်ဗျူဟာမှ ဗိုလ်ကြီးရန်မျိုးကျော်၊ ခလရ ၂၄ မှ ဗိုလ်မှူးနေ၀င်းမောင်နှင့် လားရှိုးမူးယစ်တပ်ဖွဲ့မှ (၂၄၁) မှ ရဲအရာရှိများ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းမှ AK47 မောင်း ပြန်ရိုင်ဖယ်တစ်လက်နှင့် သေနတ်နှစ်လက်အပြင် ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် တရုတ်လူမျိုး အမျိုးသားနှစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အရေအတွက် အတိအကျ မသိရသော ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘိန်းချက်စခန်းပိုင်ရှင်မှာ တရုတ်လူမျိုး ဟော်လောက်ဖန်ဆိုသူဖြစ်ပြီး ၎င်းကိုဖမ်းဆီးနိုင်ရန်အတွက် ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

“စီမံချက်ကာလ ပြီးဆုံးသွားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လျှို့ဝှက်စုံစမ်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါတယ်။ ဒေသတွင်းမှာ မူးယစ်ဆေးဝါးပပျောက်ရေးကို အတတ်နိုင်ဆုံးကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသော မူးယစ်တရားခံသုံးဦးကို လားရှိုးမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေသော ဘိန်းချက်စခန်းပိုင်ရှင် ဟော်လောက်ဖန်ဆိုသူကိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆ (ခ)/၁၉(က)/၂၀(က)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဗဟိုမှ ရွှေလီစစ်ဆင်ရေးအမည်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်ကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ရာ မူးယစ်မှု ၁၈၂ မှုနှင့် ပြစ်မှုကျူးလွန်သူ ၂၄၃ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဦးနေဝင်းနဲ့ တခုသောခရစ်စမတ်

အင်းယားလိတ်ဟိုတယ် ဂီတဖျော်ဖြေပွဲတခုကို ဦးနေဝင်းကြီး အရောက်သွားပြီး သွားကဲခဲ့ ပွဲကြမ်းခဲ့ဖူးပါတယ်။

သွားကဲတယ်ဆိုတာ သွားရောက် ကခုန်တာမျိုး၊ မိုက်ခဲပြီး ကာရာအိုကေဆိုတာမျိုး မဟုတ်ပါဘူး။
ပတ်မကြီးထိုးဖောက်ခဲ့တာပါ။ ဖြစ်ချင်တော့ အဲဒီနေ့က ခရစ်စမတ်ကာလ။
အနှစ်လေးဆယ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့ဒီအကြောင်းက ဒီနှစ်ခရစ်စမတ်ကာလမှာ အွန်လိုင်းထဲ အသေးစိတ် ရောက်လို့လာပါပြီ။ ခါတိုင်းတော့ တဆင့်စကားတဆင့်နားနဲ့ ကြားသိခဲ့ရတာများတယ်မဟုတ်လား။

ဒီရက်ပိုင်း အဆိုတော်ကြီးဆက်မော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်ပြောပြ ရေးပြထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

"မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း"

Christmasရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ကိုယ်တွေ့မှတ်တမ်းလေးတခုကိုတင်ပြပါရစေ....။

ဒီလိုပါ..၁၉၇၅လောက်က အင်းယားလိပ်ဟော်တယ်မှာ အထူးအစီအစဉ်အဖြစ် ခရစ်စမတ်အကြိုဖျော်ဖြေရေးမှာ ကျနော်တို့ELF အဖွဲ့နဲ့ ဧည့်သည်တော်တီးဝိုင်း Electronic Machine တို့တီးခတ်ရမှာဖြစ်ပါတယ်။
ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကိုအပြင်ရေပန်းရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကိုမြင်နေရပြီး အင်းယားရေပြင်သာခြားတယ်)မှာကျင်းပပါတယ်။

ည ၈နာရီခွဲ လောက်မှာပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ Tetkatho အေးမောင် သီဆိုပြီးကြပြီ ၁၁နာရီလောက်မှာ ပထမပိုင်းကျနော်တို့နားချိန်မှာ E. Machine ဖျော်ဖြေပါတယ်။

သိတ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင်ရဲ့ Killing me softly အင်္ဂလိပ်လိုဆိုနေချိန် drum အသံ ပါမလာတော့လို့ ကြည့်လိုက်တော့ Drummer ကိုကျော်ဆွေဟန်ကို လူ တယောက်က ဆင်းခိုင်းပြီး သူက တက်ထိုင်လိုက်ကိုအမှောင်ထဲမှာတွေ့ရပါတယ်၊ အမူးသမားထင်တာပေါ့...

ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း(ရုပ်ရှင်မင်းသားမဟုတ်)က ဦးနေဝင်းနဲ့တူတယ်ဆိုပြီး မီးများအားလုံးဖွင့်ချလိုက်တော့ တကယ့် ဦးနေဝင်းပါဘဲ....Drumstick ကိုကိုင်ထားပြီး၊ ပြောလိုက်တာကတော့"ငါတို့က တိုင်းပြည်အတွက်အလုပ်လုပ်နေတာကို မင်းတို့ကဒီမှာစောက်ကမြင်းကျောထနေကြတယ်" ဆိုပြီး Drum Tom Tom ကိုထိုးဖောက်ဖျက်စီးပြစ်လိုက်တယ်။

Sound Engineer ကိုအောင်ဇော်လူ ကအသံတွေကိုပိတ်ဖို့စင်ပေါ်တက်လာတာကို "မင်းကလူမိုက်လား"ဆိုပြီး ဆံပင်ကိုဆွဲပြီး ရင်ဘတ်ကိုထိုးပါတယ်၊
နောက်တယောက်နိုင်ငံခြားသားတယောက်(UN ရုံးမှလို့ပြောပါတယ်)ကစင်ပေါ်တက်လာပြီ၊
Christmas မှာဒီလိုမလုပ်ဖို့တားတာကို ဦိးနေဝင်းက ဒီလူရဲ့အောက်ပိုင်းကိုကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။

ဦးနေဝင်းရောက်ပြီးမှ ဦးစန်းယု၊ ဦးတင်ဦးနဲ့တခြားကောင်စီဝင်များရောက်လာတာတွေ့ရပါတယ်။

ဒိအပြင် စင်နောက်မှာရှိနေတဲ့ ပွဲတာဝန်ခံ ဇနီးမောင်နှံကိုလည်း ဒီနေရာမှာရှိရမလားဆိုပြီး ပါးရိုက်ခဲ့တယ်။

ကိုအောင်ဇော်လူကိုတော့ MI တင်ဦးက လမ်းသရဲလားလို့မေးပြီးလက်ထိပ်ခပ်တော့ ၊သူက လမ်းသရဲမဟုတ်ကြောင်း၊ သူ့အဖေနာမည်ပြောတော့မှ ဦနေဝင်းကချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။

ကျနော်တို့လည်း ထွက်အပြေးဟော်တယ်ထဲမှာတခါ ၁၀ပေ အကွာလောက် ဦနေဝင်းနဲ့က "Get out, get out" ဆိုပြီးအော်ငေါက်နေတယ်။

ဝတ်ထားတာကလည်း စစ်အင်္ကျီဆွယ်တာအဟောင်း၊စစ်ဘောင်းဘီအဟောင်း၊ ခြေညှပ်ဖိနပ်နဲ့ပါ။ သူ့ရဲ့Bodyguard များကတော့ စင်ပေါ်တက်ပြီး စက်များကိုကန်ချခဲ့ကြတယ်။

ပွဲလာတဲ့လူတွေနဲ့ကျနော်တို့ကတော့ ကမ္ဘာကြီးပျက်သလား အောက်မေ့ရတယ်၊ ဘာမှမကြောက်ပါဘူး ကျည်ဆံတွေအနောက်ကလိုက်လာမှဘဲကြောက်တာပါ။
ဘယ်ရမလဲ အသားကုန် သွန်ခဲ့ရတဲ့ Christmasအကြိုညပေါ့... ။

ဦးနေဝင်းဘာကြောင့်အဲဒီလောက်စိတ်ဆိုးသွားလည်းဆိုတော့....(အတွင်းလူတယောက်ရဲ့ပြောပြချက်အရ) ကျနော်တို့ဒီဘက်မှာတီးနေတဲ့အချိန်မှာသူနဲ့ကောင်စီဝင်တို့ သူ့အိမ်မှာစုစားသောက်ရင်းနဲ့တပ်မတော်ရှေ့တန်းတိုက်ပွဲကအကျအဆုံးများနေတာတွေကိုကြည့်ပြီး ဒေါသထွက်ထွက်ရတာကတကြောင်း၊
သတင်းရုပ်ရှင်ခဏနားတဲ့အချိန်မှာ အင်းယားကန်တဖက်က ကျနော်တို့ဆိုတီးသံတွေကြားတော့မှ သူ့သားသမီးကိုသတိရတယ်၊ မေးကြည့်တော့ အိမ်မှာမရှိကြဘူး၊ အရက်ကလည်းသောက်ထားတယ်၊
အဲဒီမှာရှိမယ်ထင်ကိုယ်တိုင် Mazda Jeep မောင်းပြီး တယောက်ထဲထွက်လာတယ်။
ကောင်စီလူကြီးများကတားတယ်မရ...

Motor vehicle ပုလိပ်တယောက် က ဟော်တယ်အဝင် ကားမောင်းမြန်လို့(ဦးနေဝင်းမှန်းမသိ)တားတယ်၊အထိုးခံလိုက်ရတယ်(သံခမောက်ကိုလမ်းမမှာတွေ့ခဲ့ရတယ်)
လက်မှတ်စောင့် ဦနေဝင်းမှန်းမသိ၊ လက်မှတ်သွားတောင်းလို့ ဦနေဝင်းလက်သီးစာမိသွားတယ်လေ....ဒါပါဘဲလေ...

အားလုံးအတွက်သိထားရအောင်၊ ခရစ်စမတ်လက်ဆောင်လေးပါ....အားလုံးကိုချစ်ခင်လေးစားပါတယ်။

ဖေါ်ပြပါပုံလေးကတော့ အဲဒီညကဖျော်ဖြေခဲ့တဲ့ "ELF"ဖြစ်ပါတယ်။
left to right- Gordon (Drums),Zeyar Chan Htoon (rhythm),Fred Chan Htoon (Bass), Reggie Ba Oo (Tetkatho Aye Maung)(lead), Peter Paw( Keyboard ).

ကျန်တဲ့ပုံကတော့ မခေါ်ဘဲ မမျှော်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးရဲ့ပုံလေ....
Merry Christmas and a bright happy new year!!!!!

ဧရာဝတီ Facebook / ဧရာဝတီ Twitter

ခန္ဓာကိုယ် အတွင်းမှ ကျဆင်းသွားသော လျှပ်စစ်ဓာတ်အား ပြန်လည်အားသွင်းပေးသည် E-Life စက်ကို အခမဲ့ အသုံးပြုခွင့် ပေးမည်

27-12-2013
ခန္ဓာကိုယ်မှ ကျဆင်းသွားသော သဘာဝ လျှပ်စစ်ဓာတ်အားကို ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိဘဲ လျှပ်စစ် ဓာတ်အား ပြန်လည် အားသွင်းပေးနိုင်သည့် E-Life နောက်ဆုံးပေါ်ကျန်းမာရေး အထောက်အကူပြု စက်ကို အခမဲ့ အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း လမ်းမတော် One Energize Station မှ သိရသည်။

E-Life စက် လာရောက် အသုံးပြုသူများကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် အခမဲ့ အသုံးပြုမှု အနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ အဆိုပါ E-Life စက်ကို အမှတ် (၈၂) မြေညီထပ် ရွှေတောင်လမ်းလသာ မြို့နယ်ရှိ One Energize Station တွင် အသုံးပြုခွင့် ရမည်ဖြစ်သည်။

လူတို့၏ ခန္ဓာကိုယ်တွင် သဘာဝအားဖြင့် လျှပ်စစ်ဓာတ်အား ရှိနေရာ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အူသိမ် အစရှိသော ကိုယ်တွင်း အင်္ဂါများ ပုံမှန် လုပ်ဆောင် ချက်အတိုင်း လုပ်ကိုင်ရန် အထောက်အကူ ပေး ကြောင်း သိရသည်။

ယင်း သဘာဝ လျှပ်စစ်ဓာတ်အားသည် ခန္ဓာကိုယ်၌ လျော့နည်းသွားမည် ဆိုပါက ကိုယ်တွင်း အင်္ဂါများ ပုံမှန် အလုပ် မလုပ်နိုင်တော့ဘဲ စွမ်းရည် ကျဆင်းကာ ရောဂါဝေဒနာများ ဖြစ်ပေါ်စေနိုင်သည်။ E-Life စက်မှ လျှပ်စစ် ဓာတ်အားသည် ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေနိုင်ခြင်း၊ အပူလောင်စေခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် အားသွင်းပေး ခြင်းဖြင့် ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

E-Life စက်ကို အသုံးပြုခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ်၊ လေဖြတ်ပြီး ခြေလက် မလှုပ်ရှားနိုင်သူများ၊ အရိုးအကြော၊ ဦးနှောက်နှင့် အာရုံကြော၊ သွေး၊ ပန်းသေ၊ ပန်းညှိုး၊ သားသမီး မထွန်းကားသူ၊ အရေပြားရောဂါ၊ အဝလွန်သူများနှင့် အသားအရေ လှပချင်သူများ အသုံးပြုနိုင်ကြောင်း သိရသည်။

ထက်နေ

My Blog List