29-12-2013
ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရေး စီမံချက် ရေးဆွဲထားသော မြန်မာနိုင်ငံ
တွင် ကယားပြည်နယ်၏ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ
အောင်မြင်ရန်အတွက် အစိုးရ၏ အကူအညီများ လိုအပ်နေကြောင်း တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
ဘိန်းအစားထိုး သီးနှံအဖြစ် ဂျင်း (ချင်း)၊ နနွင်း၊ ဂေါ်ရခါး၊ ပန်းသီးနှင့်
သစ်တော်သီးကဲ့သို့ သီးနှံအများကို စိုက်ပျိုးနိုင်သော်လည်း
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ကျစရိတ် မြင့်တက်ခြင်း၊
စိုက်ပျိုးရေ အလုံအလောက် ရရှိရန် ခက်ခဲခြင်း၊ ပြည်တွင်း ဈေးကွက်တွင်သာ
ရောင်းချနိုင်ပြီး ပြည်ပဈေးကွက်နှင့် မချိတ်ဆက်နိုင်ခြင်း တို့ကြောင့်
ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး သည် စီးပွားရေးအရ တွက်ခြေမကိုက်ကြောင်း
ကရင်နီ ပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ဗဟိုကော်မတီဝင်
ဦးဟက်စတန်က ရှင်းလင်းပြောကြားသည်။
ယင်းအပြင် ဘိန်းအစားထိုးသီးနှံ
စိုက်ပျိုးရေး အောင်မြင်ရန်အတွက် ငွေကြေး အရင်းအနှီး လွယ်ကူစွာ
ရရှိနိုင်ရန်၊ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ရန်နှင့်
စိုက်ပျိုးသီးနှံကို ရောင်းချနိုင်မည့် ဈေးကွက် ရှာဖွေပေးရန် ကဲ့သို့သော
အချက်များကို ကယားပြည်နယ် အစိုးရထံ မကြာခဏ တင်ပြထားကြောင်း ၎င်းက ထုတ်ဖော်
ပြောကြားသည်။
“အရင်းအနှီး လိုတယ်။ ငွေမရှိရင် လေပဲကုန်မယ်” ဟု
ဦးဟက်စတန်က ဆိုသည်။ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဗိုလ်မှူးကြီး
အောင်မင်းကမူ ငွေကြေး အရင်းအနှီး ချထားပေးသည့်အပြင် ဘိန်းအစားထိုး သီးနှံ
စိုက်ပျိုးရာ၌ ရာသီဥတုနှင့် အဖျက်ပိုးမွှားများကို ကာကွယ်နိုင်ရန် ဒေသခံ
စိုက်ပျိုးသူများကို စိုက်ပျိုးနည်းဆိုင်ရာ ပညာပေး သင်တန်းများ
ပို့ချပေးသင့်ကြောင်း ထောက်ပြသည်။
မြန်မာနိုင်ငံတွင်
ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံး ပြည်နယ်တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ်
မိုးနဲနှင့် မိုင်းပန်မြို့နယ် တို့တွင်မူ ဘိန်းအစားထိုး သီးနှံအဖြစ်
ရော်ဘာပင်များ စမ်းသပ် စိုက်ပျိုးခြင်းကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်
ပြစ်မှုဆိုင်ရာရုံး (UNODC)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
အစိုးရတို့အကြား ပူးပေါင်း ဆောင်ရွက်နေကြောင်း RCSS/SSA ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ
ဗိုလ်မှူးစိုင်းဦးက ရှင်းပြသည်။
ဘိန်းအစားထိုးသီးနှံ
စိုက်ပျိုးရေး အောင်မြင်ရန် အခက်အခဲ ကြုံနေသော ကယားပြည်နယ်တွင်းရှိ
လွိုင်ကော်၊ ဖရူဆိုး၊ ဒီမောဆိုးဒေသနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ
ကယန်းလူမျိုး အများစု နေထိုင်သည့် ဖယ်ခုံ ဒေသတို့တွင် ဘိန်းတစ်ပိဿာလျှင်
ကျပ်ခုနစ်သိန်းခန့် အထိ ဈေးပေါက်ကြောင်း ကယားလက်နက်ကိုင် အဖွဲ့များက
ပြောကြားသည်။
မြန်မာအစိုးရသည် လာမည့် ၂၀၁၄ ခုနှစ်အတွင်း
တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်စေရမည်ဆိုသော ရည်မှန်းချက်ကို
လက်တွေ့အကောင်အထည် ဖော်နိုင်ရန် နောက်ထပ် ငါးနှစ်သက်တမ်း ထပ်တိုးကာ ၂၀၁၉
ခုနှစ်သို့ ပြောင်းရွှေ့ သတ်မှတ်ထားရသည်။
လက်ရှိ အခြေအနေတွင်
မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးသည့် အိမ်ထောင်စုပေါင်း သုံးသိန်းခန့်
ရှိပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများဆုံး
စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်
ပြစ်မှုဆိုင်ရာရုံး၏ ၂၀၁၃ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment