(နေပြည်တော်) မြန်မာနိုင်ငံမှ
အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ ဖွင့်ပွဲအတွက် ကြိုတင် သရုပ်ဖော်လေ့ကျင့်မှုများကို
နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသ္ဓိဘောလုံးကွင်းအတွင်း
စတင်လေ့ကျင့်မှုများပြုလုပ်နေပြီ ဖြစ်သည်။
“ မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းမှာ တရုတ်က
နည်းပညာအကူအညီပဲ ယူထားတာပါ။ အစီအစဉ်တွေအားလုံးကို တစ်ခုခြင်းစီ
လေ့ကျင့်သွားမှာပါ သူ့အပိုင်းနဲ့သူပေါ့။ အက သရုပ်ဖော်တာတွေနဲ့
ကျန်တာတွေအားလုံးကို မြန်မာမှု မြန်မာ့ဟန်နဲ့ ပေါ်လွင်အောင်
ဆောင်ရွက်ထားပါတယ်” ဟု အနုပညာဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှုး ဦးအောင်မြင့်က
မဇ္ဈိမကို ပြောသည်။ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ကလေးငယ် ၈၀၀၀ ကျော်တို့က ပါဝင်သရုပ်ဖော် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကျောင်းသား/သူ လူငယ်များ ပါဝင်သရုပ်ပြ ဖျော်ဖြေကြမည်ဖြစ်သည်။















