Thursday, October 03, 2013

ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ #RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ


Thursday, October 03, 2013


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်း သားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့ မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးလှစောက ပြောသည်။

အချုပ်သားများ၏ ကျွေးမွေးစရိတ် တိုးမြှင့်ပေးရန် လွှတ်တော်တွင် တောင်းဆို


Thursday, October 3, 2013


အ ချုပ်သားများအတွက် တစ်ရက် ကျွေးမွေးစရိတ် ကျပ် ၄၈ဝကျော် သာရှိသည့်အတွက် တိုးမြှင့်ပေးရန် သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က တောင်းဆိုလိုက်ကြောင်း သိရသည်။

ကလေးမြို့ရေဘေး တစ်ဦးသေ၊ သုံးဦးပျောက်

Thursday, October 03, 2013

မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စက်တင်ဘာ လကုန်ပိုင်းခန့်က တောင်ကျချောင်းရေများမှ တစ် ဆင့်မြစ်သာမြစ်၊ နေရဉ္စရာ မြစ်အတွင်း စီးဝင်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နယ်အ တွ င်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ကာ လူသုံးဦး ပျောက်ဆုံးပြီး တစ်ဦးသေဆုံး စာရင်းဖွင့် ထားကြောင်း ကေ လးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က The Voice သို့ အတည်ပြု ပြောကြားသည်။ “စန်းမြို့ရပ်ကွက်က လင်မယား နှစ်ယောက်က ကျီကုန်းဘက်မှာ ဆိုင်ကယ်နဲ့ လာရင်း မျောသွားတာ။ အခုထိ ပြန်မတွေ့သေး ဘူး။ နောက်စခန်းကြီးရွာက အမျိုးသမီးတစ်ဦးလည်း ဖောင်ကူးဘက်မှာ မျောသွားတာ ပြန် မတွေ့သေး ဘူး။ သူတို့ကို ပျောက်ဆုံးဖွင့်ထားတယ်။ ဆင်ရွာဘက်က တစ်ဦးကတော့ ဆည်ကြီးချောင်းမှာ ရေဆင်းကူး ရင်း သေသွားတယ်” ဟု ဦးအေးနိုင်က ဆိုသည်။ 

မြို့တော်ခန်းမရှေ့ မိကျောင်းကန်အရေးဆန္ဒပြသူများကိုရေရှည်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဥ ပဒေနှင့်အ ညီ ဆန္ဒဖော်ထုတ်ကြရန် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးပြော


Thursday, October 3, 2013
မြို့တော်ခန်းမရှေ့ မိကျောင်းကန်အရေးဆန္ဒပြသူများနှင့်ပတ်သက်၍ရန်ကုန် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးက ရေရှည်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ကြရန် ယနေ့ညနေ ကပြော သည်။

မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို

Thursday, October 3, 2013
မွတ်ဆလင်လူနည်းစုကိုအကြမ်းဖက်ခံနေရသည်ဟုပြောဆိုလေ့ရှိသည့်အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC)၏မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်းလူဝင်မူကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေးတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံ များဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင်ကြားခွင့်ရအောင်လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအ ဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီ က ပြောကြားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့် KIO တို့ အကြိုညှိနှိုင်း

Thursday, October 3, 2013
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာအထောက်အကူပြုအဖွဲ့များဖြစ်သည့် အစိုးရနှင့် ကချင်ပြည် နယ် လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂ ရက်က ပြုလုပ်သည်။
မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် ဆွေးနွေးမှုအတွင်း စစ်ပြေးဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စများ၊နိုင်ငံရေးဆွေးနွေးမှုများတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးေ ဆွးနွေးပွဲကိစ္စဟူ၍ အပိုင်းနှစ်ပိုင်း ဆွေးနွေးရန်နှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် စသည့်အချက် ငါး ချက် ဆွေးနွေးခဲ့ကြသည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။ KIO မှ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက “နှစ်ဖက် တိုးတက်မှု အခြေအနေ၊ IDP ကိစ္စကို မူတခုကျအောင် လုပ်မယ်။ တပ်ပိုင်း ဆိုင်ရာကိစ်္စမှာ Join Minitoring Committee ပါမယ်။ ဖွဲ့စည်းပုံပါမယ်။ တပ်နေရာ ဆွေးနွေး မယ်။နိုင် ငံရေး ဆွေးနွေးပွဲကို လုပ်သွားမယ် ဆိုတဲ့ထဲမှာ တစ်နိုင်လုံး အပစ်အခတ်ရပ်စဲ လက်မှတ်ထိုးမယ်ဆိုတာနဲ့ အခြား ကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် ဂျပန်စစ်သင်္ဘောများလာရောက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာရေတပ်ဗိုလ်ချုပ်ပြော

Thursday, October 3, 2013
ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးထိခိုက်စေမည်မဟုတ်ကြောင်း စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်းက ပြောသည်။ အောက်တိုဘာ၁ရက်ညက သီလဝါဆိပ်ကမ်း MITT တွင် ရောက်ရှိနေသော ဂျပန်စစ်သင်္ဘော ပေါ်၌ပြုလုပ်သည့် ညစာစားပွဲ တွင် သတင်းထောက်များ၏မေး မြန်းမှုအား ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
''ဒီလိုပဲ မိတ်ဆွေနိုင်ငံ တွေ က စစ်ရေယာဉ်တွေ မကြာခဏ မြန်မာနိုင်ငံဆီကို လာရောက်လည် ပတ်ကြပါ တယ်။ အခုလို ဂျပန် စစ်သင်္ဘောတွေ ချစ်ကြည်ရေး ခရီးလာရောက်လို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ထိုင်းတို့နဲ့ ဆက်ဆံရေးကို ပူပန်စရာမရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေပါတယ်။ မကြာသေးမီကပဲ တရုတ်နိုင်ငံက သင်္ဘောလာခဲ့ပါသေးတယ်။ ဒီလိုပဲ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့လဲ လာခဲ့ပါသေးတယ်။ ဒီပလို မေစီရိုလ်းတစ်ခုအနေနဲ့ နိုင်ငံအား လုံးနဲ့ ချစ်ကြည်ရေးအတွက် ဒီ လိုပဲ အမြဲဆက်ဆံနေပါတယ်'' ဟု ဗိုလ်ချုပ်တင်အောင်စန်းက ပြောသည်။

ဘတ်ဂျက်တွင် မပါသည့် အရေးကြီး စီမံကိန်းများ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ရယူဆောင်ရွက်မည်ဟုဆို

Thursday, October 3, 2013
နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဖြစ် မနေဆောင်ရွက်ရမည့်စီမံကိန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးအသုံးစရိတ်(ဘတ်ဂျက်)တွင် မပါဝင်သော် လည်း ငြိမ်းချမ်းရေးတည်ဆောက်ရေး ရန်ပုံငွေမှရယူ အသုံးပြုသွားမည် ဖြစ်ကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကပြောကြားသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်အတွင်းရှိ လမ်းတံတားစီမံကိန်းအချို့ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိလွှတ်တော်ကိုယ်စားလှယ်များ ၏ မေးမြန်းချက် အပေါ် ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဘတ်ဂျက်မှာ မပါလည်း ကျွန်တော်တို့ဆီမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုရန်ပုံငွေဆိုတာရှိတယ်။သက်ဆိုင်ရာဒေသအစိုးရတွေရဲ့ ထောက်ခံချက်နဲ့ ဆောင် ရွက်ပေးမယ်” ဟု ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။

ဖောက်ထွက်မှုကို မြင်ချင်ရင် ဗီဒီယိုထက် ရုပ်ရှင်ကို ကြည့်ပါဆိုတဲ့ ဒါရိုက်တာဝိုင်း

Thursday, October 3, 2013
ဒါရိုက်တာဝိုင်း က ဗိုလ်ချုပ် ရုပ်ရှင် အတွက် နယ်တွေကို သွားဖြစ် နေသလို ၂ဝ၁၅ မှာ ရုံတင်နိုင်ဖို့ အတွက် လည်း အားစိုက် လုပ်ဖြစ်နေ တယ် လို့ပြောပြပါတယ်။
“ဗိုလ်ချုပ် ရုပ်ရှင်ကို အစ်ကို့ တစ်ယောက်တည်း အနေနဲ့ ပြောနိုင် တာ တစ်ခုက ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ကို ၂ဝ၁၅ မှာ ရုံတင်ကို တင် နိုင်ရပါမယ်။ လတ်တလောမှာ ဒါကို ပိုပြီး အားစိုက် လုပ်ဖြစ်နေပါတယ်။ ဒါက မြန်မာ့သမိုင်း ရဲ့ အဓိကအကျ ဆုံးအရာပဲ” လို့ပြောပြပါတယ်။ လတ်တလော မှာတော့Vampire ဆို တဲ့ ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးနေပါတယ်။ ရိုက်ကူးရင်း စိုင်းစိုင်းခမ်းလှိုင် က မန္တလေးမှာ ရှိုးသွား ဆိုတဲ့အတွက် ခဏတာ ရပ်ထားပြီး စက်တင်ဘာလ ကုန် မှာ ပြန်လည် ရိုက်ကူးမယ် လို့ သိရပါတယ်။ ဇာတ်ကား အတွက်နဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်း က..

အစိုးရနှင့် အပစ်ရပ် သဘောတူညီချက်များ ပြန်သုံးသပ်ရန် လက်နက်ကိုင် ငါးဖွဲ့ ဆွေးနွေး

Thursday, October 3, 2013
အစိုးရသစ် လက်ထက်တွင် လက်မှတ် ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ကို ပြန်လည် သုံးသပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံနိုင်ရန် စီစဉ်ပေးသူ ဦးစောချစ်သက်ထွန်းက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (ALP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ်မှစ၍ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည်

Thursday, October 3, 2013
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ Free Permit ဖြင့် ကားအသစ်များကိုတင်သွင်းမည်ဆိုပါက ဘယ်မောင်း ကားများကိုသာခွင့်ပြုတော့မည်ဖြစ်သည်ဟုကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ 
   Photo: ၂၀၁၄ ခုနှစ်မှစ၍ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည်
Thursday, October 3, 2013

လာမည့် ၂၀၁၄ ခုနှစ်မှ စ၍ Free Permit ဖြင့် ကားအသစ်များ ကို တင်သွင်းမည် ဆိုပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြု တော့မည် ဖြစ်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။


လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများ တင်သွင်း ရောင်းချ ရာတွင် ဘယ်မောင်း ၊ ညာမောင်း ခွဲခြားမှု မရှိဘဲ Free Permit ဖြင့် တင်သွင်း ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်း ခွင့်နှင့် ပတ်သက်၍ အချိန်တိုင်း ပြောင်းလဲ နေမှုများထက် ပြည်သူများ အဆင်ပြေ စေမည့် ဥပဒေများ ချမှတ်ကာ ပုံသေ ဆောင်ရွက်သင့် သည်ဟု ကားဈေးကွက် ကျွမ်းကျင်သူ တချို့က သုံးသပ် ပြောကြား သည်။


လာမည့် နှစ်တွင် CIF တန်ဖိုးများ ၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ်ချက် များကို အောက်တိုဘာလ တွင် စတင် ရေးဆွဲ သွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။

မြ၀တီ
လက်ရှိတွင် Brand New Show Room များ အနေဖြင့် ကားများတင်သွင်းရောင်းချရာတွင် ဘယ်မောင်း၊ ညာမောင်းခွဲခြားမှုမရှိဘဲ Free Permit ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍အချိန်တိုင်း ပြောင်းလဲနေမှုများထက် ပြည်သူများအဆင်ပြေစေမည့်ဥပဒေများချမှတ်ကာပုံသေ ဆောင် ရွက်သင့်သည်ဟု ကားဈေးကွက်ကျွမ်းကျင်သူတချို့ကသုံးသပ် ပြောကြား သည်။ လာမည့် နှစ်တွင် CIF တန်ဖိုး များ ၊ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ၊ ကားအမျိုးအစား မော်ဒယ်လ် သတ်မှတ်ချက် များကို အောက်တိုဘာလတွင် စတင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန မှ သိရှိရသည်။
မြ၀တီ

Albania နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများ အမျိုးသားများရသည့်အခွင့်အရေးကိုရနိုင်

Thursday, October 3, 2013
Albania နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး အခွင့်အရေးကို ရနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွင့်အရေး ရရှိဖို့အတွက်ကိုတော့ ထိုအမျိုးသမီးအနေနဲ့ တစ်သတ်တာလုံး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုရမှာမဟုတ်ဘဲနဲ့ အပျိုစင်စစ်စစ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
ဥရောပအရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Albania နိုင်ငံရဲ့ ဒီရိုးရာယဉ်ကျေးမှုဟာ 15 ရာစုခန့်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ Kanun လို့ အမည်ရတဲ့ ဒီရိုးရာယဉ်ကျေးမှုမှာတော့ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Kanun ဥပဒေအရ အမျိုးသမီးတစ်ယောက်က လက်ထပ်ထားသည်ဆိုလျှင်မဲမပေးနိုင်ပါဘူး,နာရီမ၀တ်နိုင်ပါဘူး, ဆေးလိပ်သောက်လို့မရပါဘူး, မြေယာဝယ် လို့မရပါဘူး,တချို့သောအဆောက်အအုံတွေထဲဝင်လို့မရပါဘူး။စည်းမျဉ်းကိုချိုးဖေါက်ပါက သေဒဏ်အထိပေးခံ ရနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710

Thursday, October 3, 2013
ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံးထရပ်ကားကို ဥရောပဘီလာရုဇ်နိုင်ငံအခြေဆိုက် Belaz ကုမ္မဏီ က ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။
Photo: ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710
Thursday, October 3, 2013

ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံး ထရပ်ကားကို ဥရောပ ဘီလာရုဇ်နိုင်ငံ အခြေဆိုက် Belaz ကုမ္မဏီက ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။ 

ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင် ပူး ဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာလည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင် တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေ အား ကတော့ ၂၃၀၀ ကိုယ်စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံးမှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။ 

ဒါကြေင့်မို့ ကမ္ဘာ့ပထမဆုံး ၄၉၆ တန် တင်ဆောင်နိုင်သော ကားအဖြစ်လည်း စံချိန်တင်ပါတယ်။ အရွယ်အစား ထုထည်အရကော၊ သယ်ဆောင်နိုင်တဲ့ အလေးချိန်အရကော အကြီးဆုံး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၄၀ အထိပဲ အမြန်ဆုံးသွားနိုင်ပါတယ်။ သတ္တုတွင်းတွေမှာ အသုံးပြုနိုင်ရန် အတွက်ပါ။ Belaz ဆိုတာ ယင်းကဲ့သို့ အရွယ်ကြီး ထရပ်ကား၊ သတ္တုတွင်းကားများကို ထတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ကုဒ်နံပါတ် 75710 လို့ အမည် ပေးထားတဲ့ ယင်းကားကိုလည်း ဂင်းနစ်စံချိန်တင်နိုင်ရန် အတွက်ပါ ရည်ရွယ်၍ ထုတ်လုပ်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
ကားဗီဒီယို ကြည့်ရှုရန် - 
http://youtu.be/FYkzkzHDWp0

Aung Kham (ColayAutomobile) 
 ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင်ပူးဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာ လည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင်တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေအားကတော့ ၂၃၀၀ ကိုယ် စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံး မှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ

Thursday, October 3, 2013
ယခုရာသီအသင်းကိုစတင်တာဝန်ယူသည့်မိုယက်စ်၏သမီးတစ်ဦးက အမျိုးသမီးဘောလုံးသမားများဖြစ်နြေ ခင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီးအသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက်အနေဖြင့် မန်နေဂျာဒေးဗစ်မိုယက်စ်ကြောင့်အမျိုးသမီးဘောလုံးအသင်းကိုပြန်လည် ဖွဲ့စည်းဖြစ် ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
 Photo: မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန် လည်ဖွဲ့စည်းဖွယ်ရှိ
Thursday, October 3, 2013

ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံးသမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။

မိုယက်စ်၏ သမီးကြောင့် ယူနိုက်တက် အမျိုးသမီးအသင်း ပြန်လည် ဖွဲ့စည်းဖွယ်ရှိမန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာ ဒေး ဗစ်မို ယက်စ်ကြောင့် အမျိုးသမီး ဘောလုံးအသင်းကို ပြန်လည် ဖွဲ့စည်းဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် (၂၀၀၅)ခုနှစ် ကတည်းက အမျိုးသမီး အသင်းကို ဖျက်သိမ်းထားပြီး ဖြစ်သည်။ သို့သော်လည်း ယခုရာသီ အသင်းကို စတင်တာဝန်ယူသည့် မိုယက်စ်၏ သမီးတစ်ဦးက အမျိုးသမီး ဘောလုံး သမားများ ဖြစ်နေခြင်းနှင့်အတူ ယူနိုက်တက်က အမျိုးသမီး အသင်းကို တစ်ကျော့ပြန် တည်ထောင်ပေးရန် စဉ်းစားနေခြင်းဟု ဆိုသည်။ အင်္ဂလန် ဘောလုံးလောက၏ ဟဲဗီးဝိတ် အသင်းများဖြစ်သည့် မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့တွင် အမျိုးသမီး အသင်းများ ရှိသလို မိုယက်စ်ကိုင်တွယ်ခဲ့သည့် အသင်းဟောင်း အဲဗာတန်ကလည်း အလားတူ ဖွဲ့စည်းပေးထားသည်။

ယူနိုက်တက်သည် ယခင်က အမျိုးသမီး အသင်းကို ဖွဲ့စည်းဖူးသော်လည်း (၂၀၀၅)ခုနှစ်တွင် အသင်းတာဝန်ရှိသူများက ယင်းကုန်ကျစရိတ်ကို အသင်း၏ လူငယ်ပျိုးထောင်မှု ကဏ္ဍတွင် အဓိက အသုံးပြုရန် ဆုံးဖြတ်ကာ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက်သည် မိန်းကလေးများအတွက် ဘောလုံးနည်းစနစ် သင်ကြားပို့ချပေးသော်လည်း အသက်(၁၈)နှစ်ထိသာ လက်ခံပေးထားသည်။ မိုယက်စ်၏ (၁၉)နှစ်အရွယ် သမီးဖြစ်သူ လော်ရန်မိုယက်စ်သည် လတ်တလောတွင် ပရက်စ်တန် နော့သ်အန်း အမျိုးသမီး အသင်းအတွက် ကစားပေးလျှက် ရှိသည်။

မိုယက်စ်သည် မေလက ကင်းဘရစ်ဂ်ျ ယူနီယံသို့ သွားရောက် လည်ပတ်စဉ်က အမျိုးသမီး အသင်းများကို အားပေးကူညီသင့်ကြောင်း အလေးအနက် ပြောဆိုဖူးသည်။ ၎င်းက "အမျိုးသမီး ဘောလုံးပွဲတွေဟာ အချိန်နဲ့အမျှ ပိုအဆင့်မြင့်လာ၊ ပိုအားကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော့်သမီးဟာ ပရက်စ်တန်မှာ ကစားနေတယ်။ ကျွန်တော် ဒီအတွက် အရမ်း အားပေးမိပါတယ်။ အာဆင်နယ်မှာဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အမျိုးသမီးအသင်း ရှိနေသလို အဲဗာတန် အမျိုးသမီး အသင်းကလည်း ဘောလုံးကစားတာ အပျံစားပါပဲ"ဟုလည်း ပြောကြားခဲ့သည်။

Guardian သတင်းစာက ယူနိုက်တက်တွင် အမျိုးသမီးအသင်း ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ကလပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက "ဒီလိုကိစ္စဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကလပ်အသင်း အနေနဲ့ လိုအပ်ရင် ပြန်ပြီး သုံးသပ်လေ့လာမှုတွေ လုပ်ဆောင်တာမျိုး ရှိမှာပါ။ အမှန်တကယ် သုံးသပ်မှုတွေ ပြည့်ပြည့်ဝဝ ရှိခဲ့ပြီ ဆိုရင်တော့ အသင်းက လိုအပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ပါလိမ့်မယ်"ဟု ဖြေဆိုသွားသည်။

Planet Myanmar Network

လက်တွေ့ပျောက် ဆေးမီးတို

Thursday, October 3, 2013
လက်တွေ့ပျောက်ကင်းခဲ့တဲ့ ဆေးမြီးတိုလေးတွေ အကြောင်းပြောချင်ပါတယ်။
ကြွက်နို့
ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။
ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး အူနဲ့ ကန်ဇွန်းရွက်ကိုနုတ်နုတ်စင်းပြီး ဆီးစပ်မှာအုံထားပါ။
နားထဲပိုးကောင်ဝင်ရင်
ဘယ်လောက်ဆိုးတယ်ဆိုတာကြုံးဘူးမှသိပါမယ်။ ဆွေ့ဆွေ့ခုန်အော်ဟစ်နေရတာမျိုးပါ။ ပိုးကောင်ဝင်နေ တဲ့ နားထဲကို အုန်းဆီလောင်းထည့်ပါ။ ခဏနေရင်အုန်းဆီတွေပြန်ထွက်အောင် ခေါင်းဆောင်းလိုက်ပါ။ ပိုးကောင်ထွက်သွားပါလိမ့်မယ်။
ပုဂံအွန်လိုင်းမီဒီယာ

ပျောက်ဆုံးနေသော ကမ္ဘာငယ် (သို့မဟုတ်) ဆိုကိုထရာကျွန်း

Thursday, October 3, 2013
အိန္ဒိယသမုဒ္ဒရာအတွင်းရှိကျွန်းငယ်လေးပေါ်တွင်ကမ္ဘာပေါ်၌ရှေးနှစ်သန်းပေါင်းများစွာကရှင်သန်ပေါက်ရောက်ခဲ့ သည့်အပင်မျိုးစိတ်များတည်ရှိနေဆဲ ဖြစ်သည်။ အချို့သောအပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာ တွင်မျှရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။ပျာက်ဆုံးနေသောကမ္ဘာငယ်(သို့မဟုတ်) ဆိုကိုထရာကျွန်းမြင်ကွင်း က အချိန်ကာလယန္တရားဖြင့် အတိတ်ဆီသို့ နောက်ပြန်သွားသည့် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တစ်ခု ၏ နောက်ခံမျိုးဖြစ်သည်။ သို့သော်လည်း ပျောက်ဆုံးနေသော ကမ္ဘာဟု တင်စားခံရမည့် ဆိုကိုထရာ ကျွန်းလေးသည် ကမ္ဘာပေါ်တွင်အမှန်တကယ် တည်ရှိနေဆဲ ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်း ငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ ရှိနိုင်မည် မဟုတ်ချေ။ လူသူအရောက်အပေါက်အလွန်နည်းပြီး ဝေးလံသီခေါင်လှသည့် ဆိုကိုထရာ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာ့အရှားပါးဆုံး အပင်မျိုးစိတ် (၈၀၀)ကျော် သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်လျှက်ရှိသည်။

ထိုင်ဝမ်သားကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အမှုဖွင့်

Thursday, October 3, 2013
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရွှေတိဂုံဘုရားလမ်း (၇) ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်ဖြင့်နေ သူ အသက် ၅၃ နှစ်အရွယ်ရှိ ထိုင်ဝမ်အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် တရားရင်ဆိုင်နေရစဉ် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အောက်တိုဘာ ၁ ရက်နေ့က ထပ်မံအမှုဖွင့်ထားကြောင်း လသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းက The Voice သို့ ပြောကြားသည်။
ထိုင်ဝမ်တွင် နေထိုင်သူ ဦးကျော်ခင် (ခ) ရန်ကျုံချင်းကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ၎င်းနေထိုင်ရာ နေအိမ်တွင် WY စိတ်ကြွဆေးပြား ၅၂ ပြား၊ ဒိုင်ယာစီပင် ထိုးဆေး ၁၁ လုံး၊ ဗျူဖရီနော်မင်း ထိုးဆေး ၂၁ လုံးတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားရုံးတွင်စစ်ဆေးလျက်ရှိရာဗီဇာပါစည်းကမ်းချက်ဖောက်ဖျက်မှုကြောင့်ထပ်မံအမှုဖွင့် ရခြင်း ဖြစ်ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအုပ်တိုးမြို့က ပြောကြားသည်။

Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နှင့် စင်္ကာပူကြား တိုက်ရိုက် ပြေးဆွဲမည်

Thursday, October 3, 2013
စင်္ကာပူနိုင်ငံ အခြေစိုက် Tigerair လေကြောင်းလိုင်းမှ ရန်ကုန်နဲ့ စင်္ကာပူ နိုင်ငံကြား တိုက်ရိုက် ပျံသန်းမှု ခရီးစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာစတင် ပျံသန်းနေပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေကြောင်းလိုင်းသစ် ဖွင့်ပွဲ အခမ်းအနားမှ သိရပါတယ်။ အဆိုပါ Tigerair လေကြောင်းလိုင်း အနေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပထမဆုံး အကြိမ် ပျံသန်း ပြေးဆွဲတာ ဖြစ်ပြီး စင်္ကာပူမှ တစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ အပါအ၀င် အာရှပစိဖိတ် ဒေသများရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ Air Bus လေယာဉ် အစင်းရေ စုစုပေါင်း ၄၅ စင်းနဲ့ တိုက်ရိုက် ပျံသန်း ပြေးဆွဲ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း မန္တလေးနဲ့ နေပြည်တော် တို့မှာပါ တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခဈေးနှုန်းချိုသာရန် ဆောင်ရွက်ပေးမည်ဟု သမ္မတ ကတိပြု

Thursday, October 3, 2013
ကျောက်ဖြူမှထွက်သော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးကို ဈေးနှုန်းချိုသာ စွာဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော သမ်္မတ ဦးသိန်းစိန်က ကတိပြု ခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က သမ္မတနှင့် တွေ့ဆုံခဲ့ သူ မြို့မိမြို့ဖတစ်ဦးဖြစ် သည့် စစ်တွမြို့မှ ဦးသန်းထွန်းက မဇ်္ဈိမကို ပြောသည်။ သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၂ ရက်က စစ်တွေ့မြို့မိ မြို့ဖများနှင့်တစ်ကြိမ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တစ်ကြိမ် စစ်တွေမြို့တွင် တွေ့ဆုံခဲ့ သည်။“ရခိုင်တစ်ပြည်နယ် ၁၇မြို့နယ်လုံး မီးရရှိဖို့ ၅၀ မဂ္ဂါဝပ်ရှိတဲ့ ဂက်စ်တာဘိုင် တည်ဆောက်ပြီး ပေးဝေ သွားမယ်လို့ပြောသွားပါတယ်။ ရခိုင်ပြည်နယ်၁၇ မြို့နယ်အတွက် ၁၅ မဂ္ဂါဝပ်နဲ့ ၂၀ မဂ္ဂါဝပ်ဆို လုံလောက်နိုင်တဲ့အတွက်ပိုတဲ့ဟာကို ပြည်မထဲကို ပြန်သွယ်တန်းမယ်လို့လဲ ပြောသွားပါတယ်။ ဒီအချက် ကတော့ ကျွန်တော် တို့ တစ်ပြည်နယ်လုံးကျေနပ်အားရတဲ့အချက်ပါ” ဟု ဦးသန်းထွန်းက ပြောသည်။

ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူးမီးလောင်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံး

Thursday, October 3, 2013
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၌ အလုပ်သွားလုပ်သော ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူး မီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီးမှ သတင်းရရှိသည်။““နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေ နဲ့ ဆေးရုံမှာလာတက်ခဲ့ပြီး အမျိုးသမီး က အောက်တို ဘာ ၁ ရက် ညက သေဆုံးသွားပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာအခြေအနေကတော့ သက် သာနေပါပြီ””ဟု မူဆယ်မြို့နယ်ဆေးရုံကြီးမှ တာဝန်ကျဆရာမတစ်ဦးကပြောသည်။ မီးလောင်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ လွယ်လမ်ရွာနေ ဦးမိုင်းလုမ် အောင် ကျိုးနှင့် ဒေါ်ယေကမ် ဆိုသူတို့ဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နေ့စားဖြင့် ခြံရှင်းအလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်။

မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ

Thursday, October 3, 2013
မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေ သည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။ ၄င်း အမျိုးသမီး များသည် ငယ်ငယ်ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။

Wednesday, October 02, 2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Wednesday, October 2, 2013
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်)သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန် လာရောက်ခဲ့ သည်။ ရောက်ရှိချိန်တွင် ခြံဝန်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်း လူသုံးဦးလဲကျနေသည် ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။

တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ

Wednesday, October 2, 2013
မြန်မာ နိုင်ငံ တောင်သူလယ်သမား အသင်းမှာမှတ်ပုံတင်ကျပြီး တစ်ရက် အကြာတွင် ဖျက်သိမ်းခံရကြောင်း သိရသည်။ အဆိုပါအသင်း တရားဝင် ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ဇွန်လ ၇ ရက်ကရရှိခဲ့ပြီး ဇွန်လ ၈ရက် တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မှမရှိဘဲ အသင်းဖွဲ့စည်းခွင့်မှတ် ပုံတင်အား ပြန်လည်ဖျက်သိမ်း ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။ ဒေါက်တာ စိုးထွန်းက ''အသင်း မှတ်ပုံ တင်တင်ပြီး မှတ်ပုံတင် မရရင် ကျွန်တော်တို့က ဘာလုပ် ရမှာလဲ။ မှတ်ပုံမတင်ရင်တော့ အရေးယူတာခံရမယ်။ မှတ်ပုံတင် ရက်သားနဲ့ တင်ခွင့်မပေးဘူး။ ပြန် လည်ပယ်ဖျက်တယ်ဆိုတော့ ကျွန် တော်တို့ အတွက် ဘာအခွင့် ရေး ရှိလဲ''ဟု ပြောသည်။

နိုင်ငံရေးနည်းလမ်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း

Wednesday, October 2, 2013
ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်းနဲ့မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြောလိုက် ပါတယ်။ ဒီနေ့ မနက်က သမ္မတဦးသိန်းစိန် ရဲ့ ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ


Wednesday, October 2, 2013
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။ အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။
Photo: မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ
 Wednesday, October 2, 2013

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။

အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။

ယင်းကဲ့သို့ ပြည်သူများကိုယ်စား ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကို ဆုချီးမြှင့်ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ပြီး ယခင်က ပြည်သူများက ယာဉ်ထိန်းရဲများ အပေါ်တွင် အထင်လွဲခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ယင်းအထင်အမြင် လွဲခြင်းများ တဖြည်းဖြည်း လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

"ပြည်သူတွေက ဒါမျိုးဆု (Eversmile) ကိုပေးတာ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လည်း ဒါမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းတွေပေါ်မှာ ဆက်လက် တာဝန်ထမ်းဆောင် သွားမှာပါ" ဟု Eversmile ဆု ချီးမြှင့်ခြင်းခံရသူ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းက ဆိုသည်။

"အထူးသဖြင့် စည်ပင်သာယာ ဝန်ထမ်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ၊ အဲဒါတွေဆိုရင် အရင်က အများပြည်သူကို မောက်မောက် မာမာနဲ့ ဆက်ဆံခဲ့တာလေ။ ပြည်သူတွေပေးတဲ့ လစာကို စားနေမှတော့ ပြည်သူတွေကို ဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတယ် ဆိုတာ ကောင်းပါတယ်။ ပေးလည်းပေးသင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သောအားဖြင့် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကို ဂါရဝဆု၊ အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရဲမှူးသိန်းကိုကိုကို မန္တလာမြေမှ ဝန်ထမ်းကောင်းဆုံးဆု ချီးမြှင့် ခဲ့ကြသည်။

The Voice Weekly

My Blog List