Tuesday, August 27, 2013
အခြေခံ ပညာအဆင့် အင်္ဂလိပ်စာအဆင့် မြှင့်သင်ရိုးအားလာမည့် ပညာသင် နှစ်တွင် စတင်သင်ကြား နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့သင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီ တို့ ပူးပေါင်းကာသင်ရိုး ရေးဆွဲနေပြီဖြစ်ပြီး လာမည့်ပညာ သင်နှစ်တွင် သင်ကြားနိုင်ရန် အ ကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။
''အခုလက်ရှိအနေနဲ့ ပညာ ရေးဝန်ကြီးဌာနကနေဗြိတိသျှ ကောင်စီကိုလိုအပ်တဲ့ အကြံပြု ချက်တွေ တောင်း ခံနေဆဲပါပဲ။ သင်ရိုးအဆင့်မြှင့်တင်ဖို့ ပရော ဂျက်တွေကနေ တစ်ဆင့်လိုအပ် တဲ့နေရာတွေကို ထပ်ဖြည့်၊ ဖြုတ် တာတွေလုပ်မယ်။ အဓိကစကား ပြောအပိုင်းကို အလေးထားထည့် သွင်းဖို့ရှိပါတယ်''ဟု ဆိုသည်။