Monday, June 10, 2013

မလေးရောက်မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

Monday, June 10, 2013
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများလုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့်အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ကိုမလေးရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်သည်။အဆိုပါကိုယ်စားလှယ်အဖွဲ့  စေလွှတ်နိုင်ရေး ခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဘက်ညှိုင်နှိုင်းမှုများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ လူမှုရေးစာမျက်နှာ၌ ဖော်ပြထားသည်။မလေးရှားနိုင်ငံတွင်၂၀၁၃ခုနှစ် မေလကုန် ပိုင်းညမှစတင်၍အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးအဆိုပါအကြမ်းဖက်မှုများသည်ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှ ကူးစက်လာခြင်းဖြစ်သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိနေသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံ

Monday, June 10, 2013
သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA-S) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ၍ ပဋိပက္ခစောင့် ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး သဘောတူကြ ကြောင်း သိရသည်။သမ္မတ အကြံပေး အဖွဲ့ဝင်တဦးဖြစ် သည့် ဦးလှမောင်ရွှေက“သမ္မတ ဦးသိန်းစိန်ဘက်က ဆွေးနွေးတာမှာ စောင့်ကြည့်ရေး ကော်မတီဖွဲ့တာ သဘောတူတယ်။ နောက် သူ့အနေနဲ့ ၂ ဖက်လက်နက်စွဲကိုင်ပြီး တိုက်ပွဲတွေဖြစ်နေခဲ့ကြတာ သိပ်ကြာနေ ပြီ။ ဒါကြောင့် မို့လို့ ဒီအစား စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ တိုင်းရင်းသားတွေဘက် ဆွေးနွေး ချက်တွေကို သူ့ အနေနဲ့ နောက်ဆုံး ဒါတွေ ဆွေးနွေးသွားလို့ရတယ်ဆိုပြီး သူ့ရဲ့ Road Map(လမ်းပြမြေပုံ) ကိုလည်း သွားဖို့ ရှင်းပြပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။ 

Friday, June 07, 2013

"လက်ပံတောင်းအရေးလှုပ်ရှားသူများအား အင်အားသုံး ရှာဖွေဖမ်းစီးမည် ဆိုခြင်းမှာ တရားဥပဒေနည်းအရ မဟုတ်ဘဲ ခြိမ်းခြောက်မှုဖြစ်ကြောင်း တုံ့ပြန်ပြောကြား "

လက်ပံတောင်းအရေးလှုပ်ရှားသူများအနေဖြင့် ဆက်လက်တိမ်းရှောင်နေပါက ၄င်းတို့နေထိုင်ရာ ရွာများ အတွင်းသို့အင်အားသုံးဝင်ရောက်ရှာဖွေဖမ်းစီးမည်ဆိုခြင်းမှာတရားဥပဒေနည်းလမ်းအရမဟုတ်ဘဲ ပြည်သူ လူထုအား လူတစ်စုမှ ခြိမ်းခြောက်မှု သက်သက်သာသာဖြစ်ကြောင်း လက်ပံတောင်းအရေး အဓိက လှုပ်ရှားသူတစ်ဦးဖြစ်သော ဟန်ဝင်းအောင် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်) က the street view သို့ပြောသည်။
"အခုသူတို့ဖမ်းမယ်လို့ပြောတဲ့လူတွေက၁၅ ယောက်ရှိတယ်အဲ့ဒီမှာ ဒေသခံ၇ယောက်ပါတယ်။ ဒေသခံဆို တာ အဲ့ဒီဒေသမှာ သူတို့ဒေသမှာ သူတို့ နေထိုင်နေကြတဲ့လူတွေ။ အခုဖြစ်ပုံက တရားခံလို့သတ်မှတ် ထားရင်တရားရုံးကနေဆင့်ခေါ်ရမယ်အခုဟာကအဲ့ဒီလိုမဟုတ်ဘူးခြောက်လပိုင်း၎ရက်တုန်းက ညောင်ပင် ကြီးရွာက လမ်းဘေးမှာ စာရွက်တွေလိုက်ဝေတယ်။

၈၈မျိုးဆက် နှင့် CPI ကုမ္ပ္ပ္ပဏီ တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ China Power Investment (CPI) ကုမ္ပ္ပ္ပဏီ သို့ ယမန်နေ့ ( ဇွန်လ၊ ၆ ရက် ) ဒေသစံတော်ချိန် ညနေ ၃း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးကြရာတွင် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီး ဆုံးရူံးမူ အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြ ခဲ့ကြသည်။

ကာယဗလ မောင်နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပမည်

အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့်မြန် မာနိုင်ငံကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှကြီးမှူး ၍ ၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယ ဗလမောင် ပြိုင်ပွဲနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု (Model Physique) ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ဇွန် ၂၇ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာငွေ ဘယ်လောက်တန်သလဲ (ဆောင်းပါး)

နိုင်ငံတစ်ခုရဲ့ ငွေကြေးတန်ဖိုး ဆိုတာဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို အခြေခံ ခြုံငုံပြီးမှ ဈေးကွက် အလိုကျ ဖြစ်ပေါ် လာတာပါ။ ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက် အခြေအနေတွေ ... ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ အပြောင်းအလဲ တွေကြောင့် ဖြစ်ပေါ် လာတဲ့ ဈေးကွက်ရဲ့အပြောင်းအလဲတွေကို ကြည့်ပြီး ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အစိုးရဌာန တွေဟာ Monetary Policy (ငွေကြေးဆိုင်ရာမူဝါဒ)တွေကို သင့်တော် သလို ချမှတ် လုပ်ကိုင် ကြရပါတယ်။

Monday, June 03, 2013

အခြေခံ လူတန်းစားတွေကို အရင်းအနှီးတွေ ချေးငှားမည်


micro-finance-ygn-president305
ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝမြှင့် တင်ရေးအခမ်းအနားကို တွေ့ရစဉ်
 
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုလျော့ချရေး အတွက်  ငွေကြေးအရင်းအနှီးနဲ့ ပစ္စည်းအရင်း အနှီးတွေ ကို အခြေခံလူတန်းစားတွေဆီ  သမဝါယမအသင်း အဖွဲ့တွေကနေတဆင့် ချေးငှားပေးသွားမယ် လို့  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးခန့်အပ်

အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Roland Kobia (ဓာတ်ပုံ - European Union - EEAS)
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Roland Kobia (ဓာတ်ပုံ - European Union - EEAS)

အီးယူဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသား ရိုလန်ကိုဘီယာ (Roland Kobia) ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ ကိုဘီယာကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသံအမတ်ကြီးအဖြစ်နဲ့ ခန့်အပ်လိုက်တဲ့အတွက် နှစ်ဘက်အကြား ဆက်ဆံရေးတွေ ပိုပြီးတော့ တိုးမြင့်လာတော့မယ့် လက္ခဏာအဖြစ် အကဲခတ်တွေက မြင်ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို   ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာတို့နှင့် အိမ်နီးချင်း မိတ်ဆွေများ အကြောင်း။

ရေးမယ်လို့ကြံထားတာ ကြာပါပြီ။ ဟိုချိန်ဒီချိန်နဲ့ နေ့ရွှေ့ညရွှေ့ရွေ့လာတာ အတော်ကြာခဲ့ပြီပေါ။ အခုတော့ တကယ်ရေးဖြစ် ပါပြီ။  ကျွန်တော်  နားလည်မိသလောက်  ကျွန်တော့်အမြင်ကို  တင်ပြချင်း  သတ်သတ်မျှသာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ မြန်မာပြည်ဟာ  တံခါးပိတ်ဝါဒမှ သည်  တံခါးဖွင့်ချင်းဆီ သို့  ကူးပြောင်းရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။တစ်ချိန်က ပိတ်ခဲ့သမျှရဲ့  ဆိုးကျိုး ဆိုးပြစ်တွေကို  တံခါးဖွင့်မှပဲ  ဟာကနဲ ဟင်ကနဲနှင့် ရင်နင့်အောင် ခံစားလိုက်ရတယ်လို့ဆိုရင်  ကျွန်တော်လွန်လေမလား  မသိပါ။ အဟုတ်ကိုရင်နင့်အောင်ခံစားလိုက်ရပါတယ်။တစ်ချိန်ကတံခါးပိတ်ဝါဒရဲ့အောက်မှာကျွန်တော်တို့ဟာလည်း
မွေးကတည်းက စတေးခံခဲ့ရတဲ့  သားကောင်းတွေလိုပါပဲဗျာ။ တကယ်ကို ဘာမှ မသိခဲ့ပါ။ မသိချင်းမှ စ၍  မတတ်ချင်းဆီသို့ရောက်မှန်းမသိ ရောက်ခဲ့ရပါတယ်။  ကျွန်တော်တို့ တတွေ  အိပ်မောကျခဲ့စဉ်မှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေဟာ  အပြိုင်အဆိုင်နဲ့  ရှေ့သို့သာဆိုတဲ့မူဝဒများနဲ့ တိုး၍ တိုး၍ သိ ၊ တိုး၍ တိုး၍ တတ် ၊ တိုး၍ တိုး၍ ကြီးပွားချမ်းသာကုန်ကြပါသည်။

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားတိုင်းတွင် ပေတံကိုယ်စီ ရှိကြသည်……

ယနေ့ကျွက်ကျွက်ညံနေသည့် အနောက်ဖက်ကမ်းက ဘင်္ဂါလီများအပေါ် အိမ်ထောင်ပြုခွင့်နှင့် ကလေးယူ ခွင့် ပေါ်လစီကိစ္စကို စဉ်းစားမိပေသည်….. ထိုကိစ္စသည်ကား ယခုမှမဟုတ်၊ ရှေးယခင်ကပင် ရှိခဲ့သည့် အမိန့်ပင်တည်း….. ထို့ကြောင့်ပင် ၎င်းအမိန့်အား လက်ညှိုးထိုး၍ ဘင်္ဂါလီ လော်ဘီတို့မှ ၎င်းတို့အပေါ် ကန့်သတ်ချက်များဟု နိုင်ငံတကာအပေါ် မျက်ရည်ထိုးခံခဲ့ခြင်းပင်….. အဆိုပါ ဥပဒေ၏ အကျိုး သက်ရောက်မှုကား မြို့ပေါ်ဝန်းကျင်တွင်ပင် ငွေကြေးမတတ်နိုင်သူများအတွက်သာ ဖြစ်ပေသည်….. မြို့မှ အပသောကျေးရွာငယ်များတွင်ကား ၎င်းဥပဒေသည်အကျိုးသက်ရောက်မှုစိုးစဉ်းမျှပင် မရှိချေ…..  ငွေကြေး တတ်နိုင်သူများအဖို့မူကား အဆိုပါဥပဒေသည် စာရွက်ပေါ်တွင်သာ ရှိပေသည်…..

တရားစွဲဆိုခံထားသူများ၏သက်သေအဖြစ်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုထည့်သွင်း

ပုဒ်မ (၁၈)နှင့် တရားစွဲဆိုခံထားရသူ (၆)ဦး၏ သက်သေအဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊ လူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်တို့အား ထည့်သွင်း ထားကြောင်းတရားစွဲဆိုခံရသူများ၏ရှေ့နေဖြစ်သူဦးရောဘတ်စန်းအောင်၏ ပြောကြားချက်အရသိရသည်။
“နိုင်ငံရေးမှာဥပဒေအားနည်းချက်တွေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ(၁၈) ရဲ့  အားနည်း ချက်တွေ၊ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့နိုင်င်ငံသားဥပဒေတွေနဲ့ တကယ်လက်တွေ့မှာရနေတဲ့ လူ့အခွင့် အရေးတွေ ကွဲပြားနေတယ်ဆိုတာကို သိစေချင်လို့ သက်သေအနေနဲ့ ထည့်သွင်းလိုက်တာပါ” ဟု ပုဒ်မ (၁၈)ဖြင့် တရားစွဲခံထားရသူတစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဒေသခံတွေကကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံးအသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်

လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက် ရှိကြောင်း သိရသည်။မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာမြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။“မေ ၃၀ မှာ မြန်မာအလုပ်သမား တစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။ 

မလေးရှားနိုင်ငံ ဆာလာရမ်းမြို့ ရန်ပြုမှု မြန်မာနိုင်ငံသား ၂ ဦးသေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆာလာရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နဲ့ သောကြာနေ့ ၂ ရက်အတွင်း လူတချို့ရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။ သေဆုံးသူ ၂ ဦးမှာ တဦးက ရန်ကုန်မြို့ကနေ အလုပ်သွားလုပ်နေတဲ့ ကိုမင်းဇော် (ခ) နာဆစ် ဆိုသူ ဖြစ်ပြီး၊ နောက်တယောက်ရဲ့အမည်ကိုတော့ မသိရသေးဘူးလို့ ဆာလာရမ်း မြို့နယ်နဲ့ကပ်လျက်က ပုမ်းမြို့နယ်က နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။

Saturday, June 01, 2013

ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ အသည်ကြီးရဲတပ်ဖွဲ့ စခန်း ထံမှ သိရသည်။ လွန်ခဲ့သောရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက် ၂၀ အရွယ် လပြည့် (ခ)ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင် နံဘေးရှိပေိုက်မှ တွယ်တက်ကာ လေသာဆောင်ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကို ယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။

မန္တလေး ဘီယာလုပ်ငန်း အသိမ်းခံခဲ့ရမှု အတွက် နစ်နာကြေး တောင်းမည်

စစ်အစိုးရလက်ထက်တွင် မန္တလေး ဘီယာစက်ရုံကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ရင်း အသိမ်းခံခဲ့ရသည့် ရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ၎င်း၏ စီးပွားရေးအရ ဆုံးရှုံးနစ်နာခဲ့ရမှု များကို အစိုးရသစ်ထံတွင်တောင်းခံသွားမည်ဟု ဧရာဝတီသို့ ပြောသည်။စင်ကာပူ အခြေစိုက် ရောင်ခြည်ဦး ကုမ္ပဏီသည် ၁၉၉၃ ခုနှစ်က အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်စဉ်က မန္တလေးဘီယာကို ၅ နှစ်စာချုပ်ဖြင့် ဖက်စပ် ထုတ်လုပ် ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

“မြေမြို၍ လူမျိုးမပျောက် လူမျို၍ လူမျိုးပျောက်” ဆိုသည့်စကား ဒေါ်အောင်ဆန်းစုကြည် သိစေချင်သည်




ဒကာမကြီး အောင်ဆန်းစုကြည်- ဦးပဉ္ဖင်းကတော့ ဘုန်းကြီးတစ်ပါးမို့ ..ပြောရမယ်ဆိုရင် ဒကာမကြီးရဲ့ လုပ်ရပ်တွေ ကို အကောင်းမြင်စိတ်နဲ့ ထောက်ခံလာတဲ့သူမို့ ဒကာမကြီးအတွက် အကျိုးရှိစေဖို့ ပြောဆို သွားမှာဖြစ်ပါတယ်။ ယခုတလော ဒကာမကြီးအပေါ်လူကြိုက်နည်းလာတာနဲ့ပတ်သက်လို့ ဘယ်ကစပြောရ မလဲဆိုရင် ဘုန်းကြီးဝီရသူပြောတဲ့ ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပဲ အခြေခံ ပါ့မယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၇၈၆ တွေကို နေရာပေး လိုက်ကတည်းကဘုန်းကြီးတို့ လောက မှာလဲ လှုပ်လှုပ်ရွရွ တော်တော်ဖြစ်သွားပါတယ်။

မန္တလေးသုဓမ္မာဇရပ် အမည်ပြောင်းမည်

မန္တလေးမြို့တွင် အသစ်ပြန်လည် တည်ဆောက်မည့် ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်တော်ကို သုဓမ္မာ သံဃာသဘာဟု အမည်ပြောင်းလဲခေါ်ဝေါ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)ထံမှ သိရသည်။ ယင်းကဲ့သို့ အမည်ပြောင်းလဲခေါ်ဝေါ်ရန် သီတဂူ ဆရာတော် ဘုရားကြီးက မိန့်ကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။ ‘သု’ ဆိုသည်မှာ-မွန်မြတ်ခြင်း၊ ‘ဓမ္မာ’ ဆိုသည်မှာ တရား၊ ‘သံဃာ’ ဆိုသည်မှာ သံဃာတော်များ၊ ‘သဘာ’ ဆိုသည်မှာ အဆောက်အအုံဟု အဓိပ္ပာယ်ရှိကြောင်း၊ သုဓမ္မာ သံဃာသဘာ ဆိုသည်မှာ မွန်မြတ်သည့် တရားတော်များ၊ သံဃာတော်များ စုဝေးသည့် အဆောက်အအုံ နေရာဟု အနက် အဓိပ္ပာယ်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။

Thursday, May 30, 2013

NLD မြို့နယ် ဥက္ကဌ တစ်ဦး နှုတ်ထွက်စာတင်


          သန်လျင်မြို့နယ် NLD ပါတီဥက္ကဌမှ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရှိရပါသည်။ သံလျင်မြို့နယ် NLD ပါတီဥက္ကဌ ဦးစိုးဟန်သည် ပါတီ လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လိုစိတ် မရှိသဖြင့် ယခုကဲ့သို့ နှုတ်ထွက်စာတင်ခဲ့ကြောင်း ၄င်းနှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
          ယခုလ ၂၈ ရက်နေ့တွင် သံလျင်မြို့နယ်  NLD ပါတီရုံးခန်းတွင် ပါတီဥက္ကဌ ဦးစိုးဟန် နှုတ်ထွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်အလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ဦးစိုးဟန် အနေဖြင့် ၄င်းနှုတ်ထွက်စာများအား အဖွဲ့ချုပ်ရုံး၊ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများ သို့ ပေးပို့ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဦးစိုးဟန်အနေဖြင့်

Monday, May 27, 2013

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ ၄၉၈ သန်း ကူညီမည်


president-japan-305
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နေပြည်တော်တွင် တွေ့ဆုံစဉ်
 
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၄၉၈ သန်းကျော် အကူအညီ   ပေးသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာလိုက်ပါတယ်။

မောက်စံရွာ NLD ပါတီဝင်တွေကို ပအိုဝ်းအမျိုးသားတပ်မတော်က ဖိအားပေး


nld-taunggyi-meeting-305
တောင်ကြီးမြို့နယ် NLD ရုံးမှာ မေလ ၁၉ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပနေပုံ
 
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်း အမျိုးသားတပ်မတော် PNA အဖွဲ့က တောင်ကြီး မြို့  မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာတစ်စောင်  ပေးပို့လိုက်ပါတယ်။

ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေး ရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။

တနင်္ဂနွေနေ့တိုင်း လက်ပံတောင်း တောင်ကြည့်ပွဲ ခွင့်ပြုချက် မတင်ဘဲ ဆက်လုပ်မည်


latpadaung-s 
ရန်ကုန် (မဇ္ဈိမ)။   ။ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စရပ်သည် ပြီးပြတ်သွားသည် မဟုတ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်လည်းဖြစ်နေ၍ အာဏာပိုင်များ သိရှိစေရန် တောင်ကြည့်ပွဲကို အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း မုံရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက ပြောသည်။

၈၈ မျိုးဆက်တို့ရဲ့ ခရီးခဲ -၂


ပန်းချီ..စစ်ငြိမ်းအေး
နှမျောစိတ်က သူ့အတိုင်းရပ်မနေခဲ့။ တွေး၏။ ယာဂုအိုးကြီးကွဲသလို ခံစားမှုတွေဝင်၏။ မင်ဖူးသည့်တရား ကွယ်သလိုလို ဖြစ်ရ၏။ “ကောင်းပါတယ်ကွာ၊ ပြီးသွားတာပေါ့၊ လူလုံးကွဲသွားတာပဲ” စသည့်မချိတင်ကဲဖြင့် သက္ကရာဇ်ဟောင်းတို့ကို ငဲ့စောင်းမိ၏။ “ကျောင်းသားခေါင်းဆောင်များအဖြစ် ထောင်ထဲဝင်သွားကြပြီး နိုင်ငံရေးသမားများအဖြစ် ပြန်ထွက်လာကြ သည့် သူတို့အား   ခေတ်တခေတ်ထဲအပြိုင်  ဖြတ်ခဲ့ကြသည်ဆိုငြား မိမိခေါင်းဆောင် များအဖြစ် မြင်စမ်းချင်လှ” ဟု တောင့် တခဲ့ဖူး၏။ ခု ထိုမျှော်လင့်ချက် တို့အား ယာယီသိမ်းဆည်းရုံမှတပါး မှုံဝါးဝါးအနာဂတ်ပေါ် မပုံဝံ့ မယုံဝံ့သေး။
ပန်းချီ..စစ်ငြိမ်းအေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အခြေခံဥပဒေပြင်ဆင်ရေး သဘောထားထုတ်ပြန်

Constitution-of-the-Republicရန်ကုန် (မဇ္ဈိမ)။    ။ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်
နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်သော်လည်းကောင်း ကွယ်လွန်ပြီးလျှင်သော် လည်းကောင်း အကျုံဝင်ခြင်း မရှိစေရဟု ပြင်ဆင်လိုက်သည်။ လက်ရှိဖွဲ့စည်းပုံပါ သမ္မတဖြစ်ခွင့်နှင့်ပတ်သက်၍ ကန့်သတ်မှု လွန်ကဲနေသည်ဟု NDF က ဝေဖန် လိုက်သည်။

ယခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု NLD ပညာရေးကွန်ရက် ရရှိ

Citizen-Burma-Award

ပြည်သူ့ဂုဏ်ရည်အသင်းက ချီးမြှင့်သော ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ ဂုဏ်ရည်ဆုကို “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

My Blog List