Tuesday, April 23, 2013

ရွှေပေါက်ကံမြို့သစ်လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားအချို့နှင့်မြို့နေထိုင်သူများ ပဋိပက္ခဖြစ်ပွား

၁၉၉၀-၉၁ ခုနှစ်တွင် တပ် မတော်အစိုးရလက်ထက်၌ မြေ ယာ ကွက်များဖော်ထုတ်၍ အငြိမ်းစားတပ်မတော်မိသားစု များ ကို မြေနေရာများချထားပေး ခဲ့သော ရန်ကုန် တိုင်းဒေသ ကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ လူနေမြေကွက် များနှင့် စက်မှုဇုန်မြေကွက် များ ဖော်ထုတ် ရာတွင် လယ်ယာမြေ များသိမ်းဆည်းခြင်းခံရသော လယ် သမား (၃၀)ဦးခန့်သည် အမျိုးသား ညီလာခံကိုယ်စား လှယ် ဦးထွန်းဦးနှင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ဦးမင်းဇော် တို့

SIM CARD အကြောင်း သိကောင်းစရာ

Photo: SIM CARD အကြောင်း သိကောင်းစရာ
 
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ လိုမျိုး စက်ပစ္စည်း တွေမှာ Subscriber တွေ အသုံးပြုနိုင်ဖို့
ID အလိုက် တိုက်ဆိုင် စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာ ထိန်းသိမ်း ထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ် ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုး အစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများ ပါတယ်။ SIM Card တွေ ကို H1, H2, H3,H4 ဆိုပြီး အမျိုး အစား လေးမျိုး ခွဲခြားထား ပါတယ်။

H1= Normal Network

H2= Better Network , Means Strong

H3= More Better Network , Means Stronger

H4= Normal, Better, More Better Is Nothing In Front OF This Sim

များသော အားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်း တွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေ အတွက် ထုတ်လုပ်လေ့ ရှိပါတယ်။ မိုဘိုင်း ကုမ္ပဏီတွေဟာ User တိုင်း အတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြု နေသလဲ သိချင်ရင် SIM card ရဲ့ ကျော ဘက်မှာ ပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

Read more>> http://bit.ly/11zlpzjSIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ လိုမျိုး စက်ပစ္စည်း တွေ မှာ Subscriber တွေ အသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင် စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာ ထိန်းသိမ်း ထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ် ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ

ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု

Photo: ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု
 
အသုံးပြုသူကို  မူလ လက်တစ်ချောင်း ပမာ ထိတွေ့ ခံစားမှု အာရုံ ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက  ထုတ်လုပ် နိုင်ခဲ့ကြပြီး ယခု အချိန်တွင် ၎င်း လက်အတုကို လက်မရှိသော လူများ ၏ လက်မောင်းတွင် အစားထိုး တပ်ဆင်ပေးရန်  စီစဉ်လျက်ရှိသည်။ ယခင်က ထုတ်လုပ်ခဲ့သည့် လက်အတု များသည်  ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း ရွေ့လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု လက်တုကဲ့သို့ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် မပေးပို့ နိုင်ခဲ့ကြပေ။ ယခင် လက်အတု သည် လက်မောင်း ပင်မ အာရုံကြော နှစ်ခုပေါ်၌ တပ်ဆင် ထားသော  အီလက်ထရုဒ် များမှ တစ်ဆင့် အာရုံကြော စနစ်သို့ တိုက်ရိုက် ဆက်သွယ် ပေးထားသည်။ 

အီလက် ထရုဒ်များသည် လက် အတု တပ်ဆင် အသုံးပြုသူ၏ စိတ်ကူးအတိုင်း လက်တုကို လှုပ်ရှား ဆောင်ရွက် ပေးနိုင်ပြီး လက်အတု၏ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည်။ ယခု ကဲ့သို့ ခံစားမှုကို တုံ့ပြန် ပေးနိုင်သည့် လက်အတုကို ဖန်တီး နိုင်မှုသည် အနာဂတ် ကာလတွင်  လက်တု အသစ်များ ထုတ်လုပ်နိုင်ရေး အတွက် လမ်းခင်း ပေးသကဲ့သို့ ဖြစ်စေသည်။ လက်တု တပ်ဆင်သူများကို ထိတွေ့ ခံစားမှု အာရုံပေးနိုင်ခြင်း၊ လက်တုကို လက်အစစ် တစ်ချောင်း ပမာ အသုံးပြုနိုင်ရန် အဆင့် တိုးမြှင့် နိုင်ခြင်း တို့သည်  ခန္ဓာကိုယ်၏ မူလ အစိတ်အပိုင်း များကဲ့သို့ ခြေလက်အင်္ဂါ တုများကို တပ်ဆင် အသုံးပြု နိုင်မည့် အခြေအနေမှာ  ပိုမို နီးကပ် လာပြီဟု မျှော်လင့်ရကြောင်း သိပ္ပံ ပညာရှင် များက ပြော ကြားသည်။ 

ယခု ကဲ့သို့သော လက်အတုကို ဖန်တီး နိုင်မှုသည် လက်ဖြတ်ေ တာက် ကုသခံရမည့်  လူနာများ အတွက် မျှော်လင့်ချက်ဖြစ်ပြီး လက်တု အသုံးပြုသူများအား ထိတွေ့ ခံစားမှု အာရုံကို မူလ လက်အတိုင်း တုံ့ပြန်မှု ပေးနိုင်သည့် ပထမဆုံး လက်အတု  ဖြစ်လာမည် ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်မောင်း တစ်ခုလုံးကို အစားထိုး နိုင်လိမ့်မည် ဟု မျှော်လင့် ရကြောင်း ဆွစ်ဇာလန် အခြေစိုက် Ecole  Polytechnique Federalede Lausanne မှ   ဒေါက်တာ ဆေလ်ဗာစတို မီဆီရာက ပြောကြားသည်


Read more>> http://bit.ly/ZFjiLqအသုံးပြုသူကို မူလ လက်တစ်ချောင်း ပမာ ထိတွေ့ ခံစားမှု အာ ရုံ ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက ထုတ်လုပ် နိုင်ခဲ့ကြပြီး ယခု အချိန်တွင် ၎င်း လက်အတုကို လက်မ ရှိသော လူများ ၏ လက်မောင်းတွင် အစားထိုး တပ်ဆင်ပေးရန် စီစဉ် လျက်ရှိသည်။ ယခင်က ထုတ်လုပ်ခဲ့သည့် လက်အတု များသည် ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း ရွေ့ လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု လက်တုကဲ့သို့ ထိတွေ့ ခံစားမှု

Monday, April 22, 2013

ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

Photo: ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက 
ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်
Monday, April 22, 2013

ကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ
အုပ်စုတွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါဘူး၊အထဲကို
မီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်းတယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ့
ဝင်သွားရင်လည်းမီးတွေငြိမ်းသွားပါတယ်။

 နောက်ပိုင်းမှာတော့လူတွေဝင်ထွက်သွားလာမှုတွေရှိခဲ့ပြီးနိုင်ငံခြားသားတွေပါ
လာရောက်လေ့လာခဲ့ကြပါတယ်။ ထူးဆန်းတဲ့အရာတွေကတော့လူ့အသုံး
အဆောင်ပစ္စည်းတွေက ကျောက်ဂူနံရံတွေပေါ်မှာတင်နေကပ်နေသလိုဖြစ်
နေပြီးလူတွေကသွားထိလိုက်တာနဲ့နေရာရွေ့သွားပြီးမူလနေရာကိုပြန်တင်လို့
မရတော့ဘဲပစ္စည်းတွေပါပျောက်သွားတဲ့အတွက်အခုနောက်ပိုင်းမှာဆိုရင်
ကျွန်းတလားသစ်ခေါင်းလိုပုံစံမျိုးတွေပဲတွေ့ရပါတော့တယ်”ဟုဒေသခံပြည်သူ
တချို့ကပြောကြားပါတယ်။ အဲဒီကယားပြည်နယ်မှာရှိတဲ့ကျတ်ဂူဟာ မိုင်
မည်မျှရှည်လျားပြီးမည်သည့်အရပ်ဒေသတွင်ခရီးဆုံးသည်ဆိုတာကို ယခု
လက်ရှိအချိန်အထိ ဘယ်သူမှအတိအကျမပြောနိုင်သေးကြောင်း သတင်း
ရရှိပါသည်။

SkyNet TV Browserကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ အုပ်စု တွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါ ဘူး၊အထဲ ကိုမီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်းတယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ

Photo: တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ
Monday, April 22, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး
က ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြားထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး
အတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန်ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။ရန်ကုန်တိုင်း
 ဒေသကြီးအပါအ၀င် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အလုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာရှိနေတဲ့
အတွက် အခုလိုမဲဖောက်တဲ့စနစ်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး အစိုးရတွေ
ရဲ့ ကွတ်ကဲမှုနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဌာနရဲ့
 ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေ
သကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ
 ပေးတာကိုး။ နောက်လမှာလည်း မေမှာလည်း ရောင်းဦးမှာပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာ အရမ်းနည်းနေတဲ့အတွက် မဲဖောက်ရောင်း
ချရဖြစ်ပြီးတော့ နောက်ပိုင်းမှာ ရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေ
အားလုံးကို ဖုန်းရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်
ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေး
ရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ
 ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စုတွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀ ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေ
ကတော့သူတို့ရရှိမယ့် ဆင်းကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်းကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေ
ကတော့ CDMA 800 အမျိုးအစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ် အလုံးရေ သုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် 
ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့လူတွေက ဒီလ ၂၄ ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀ တန်ဖုန်းတွေကို အသုံးပြုခွင့်ရ
မှာဖြစ်သလို မြို့နယ်တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်
နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ ဖုန်းမဲပေါက်ခဲ့တဲ့ မညိုက အခုလိုပြောပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့။ ပုဇွန်တောင် (၂) ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်
တယ်။ မနက်ပိုင်းကစပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက်ခဲ့
တယ်လေ။ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်း အသုံးပြုခွင့်ရမှာမဟုတ်
ဘူးပေါ့။ ကျမတို့ကတော့ ဒီနေ့ မဲပေါက်တယ်။ မြို့နယ်ရုံးမှာ နံပါတ်ရဖို့
သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အသုံးပြုဖို့ လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ရှေ့လမှာတော့ အခုရပြီးသားသူတွေရဲ့ စာရင်းကတော့ မပါတော့ဘူးပေါ့။ အခုစာရင်းပေး
ထားပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်
အချိန်မှာ မိုဘိုင်းဖုန်း ဟန်းဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက် ဖုန်းအလုံးအရေအတွက်ကို
 ရောင်းချပေးနိုင်ဦးမှာမဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက်
အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေက် ဈေးကြီးကြီးနဲ့ မှောင်ခို
 ပြန်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း
များအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းက လုပ်တဲ့ပုံစံမျိုးပဲ မှောင်ခို
ကိုမွေးဖွားပေးတဲ့ ပုံစံမျိုးလို့ပဲ သုံးသပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေကနေ ကြပ်မတ်တာတွေလုပ်မှာဖြစ်သလို ၀ယ်ယူထားတဲ့ ဆင်းကဒ်တွေကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်းမှာ ဖုန်းခေါ်ဆိုခအနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့
ဖူးပါတယ်။

VOAရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေ က ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်း ချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့်

စိုးရိမ်မှုတွေကြားကပဲ လန်ဒန်မာရသွန်ပွဲ ပြုလုပ်

Photo: စိုးရိမ်မှုတွေကြားကပဲ လန်ဒန်မာရသွန်ပွဲ ပြုလုပ်
Monday, April 22, 2013

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မာရသွန် ပြေးပွဲမစခင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန် မာရသွန်ပွဲဗုံးပေါက်ကွဲမှုမှာ သေဆုံး
ထိခိုက်သူတွေအတွက် စက္ကန့် ၃၀ ငြိမ်သက်ဂုဏ်ပြုခဲ့ပါတယ်။

Gereenwich က တာထွက်ပြီး လန်ဒန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Tower Bridge တံတား၊ ပါလီမန်အဆောက်အဦး အစရှိတဲ့နေရာတွေကို
 ဖြတ်ကာ Buckingham နန်းတော်ရှေ့ ပန်းတိုင်အထိ မိုင်ပေါင်း ၂၆ မိုင်
ရှည်တဲ့ ပြေးလမ်းတလျှောက်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။ အနံ့ခံခွေးတွေနဲ့ ရဲသား ရာနဲ့ချီကလည်း မသင်္ကာတဲ့ အထုတ်တွေကို စစ်ဆေးရှာဖွေခဲ့ကြပါတယ်၊။

ဘော်စတွန်မှာ ဗုံးကွဲထားတဲ့အတွက် စိုးရိမ်ပေမဲ့ ဘော်စတွန် မာရသွန် အပြေးသမားတွေနဲ့ စည်းလုံးမှုရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက် မာရသွန်ပြိုင်ပွဲကိုဝင်ရတာဖြစ်တယ်လို့ အပြေးသမားတော်တော်များများက
 ပြောကြပါတယ်။ ကင်ညာနိုင်ငံက Priscah Jeptoo က အမျိုးသမီးပွဲအတွက်
 ရွှေတံဆိပ်ရခဲ့သလို Ethiopian နိုင်ငံက Tsegaye Kebede က အမျိုးသား
ပွဲအတွက် ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ဆုရရှိသူတွေကို တော်ဝင်မင်းသား Harry က ဆုချီးမြှင့်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က လန်ဒန်မာရသွန်မှာ လူပေါင်း ၃ သောင်း ၄ ထောင်လောက် ဝင်ပြီးပြေးခဲ့ကြပါတယ်။ ဘော်စတွန်ဗုံးခွဲမှုမှာ သေဆုံး ထိခိုက်သူတွေအတွက် အပြေးသမားတယောက် ပန်းဝင်တိုင်း ရန်ပုံငွေ ၃ ဒေါ်လာ လှူမယ်လို့ လန်ဒန်မာရသွန် စီစဉ်သူတွေက ပြောပါတယ်။

VOAဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ မာရသွန် ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မာရသွန် ပြေး ပွဲမ စခင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန် မာရသွန်ပွဲဗုံးပေါက် ကွဲမှု မှာ သေဆုံးထိခိုက်သူတွေအတွက် စက္ကန့် ၃၀ ငြိမ်သက်ဂုဏ်ပြုခဲ့ ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ

Photo: ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ
Monday, April 22, 2013

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့
 မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန်
 ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ
အပေါ် အစိုးရ၀န်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာ
တက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြ
တယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ  ငြိမ်းချမ်းရေးအကျိုး
ဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်
ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့
ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီး
တော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစု
ကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့
 ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့
 မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာ
ပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေ
လည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့
 မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊
 နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာ
မိသားစုတွေ မေးမြန်းရာမှာတော့  လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က
 ပြောပါတယ်။

“၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာ
များပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့
လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊
 မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ၀န်ကြီး
ဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်
ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြ
တယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က
 ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်
များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံ
နေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြ
ပါတယ်။

VOAမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပြည်ပရောက် မြန်မာ လူငယ်တွေ ပါဝင်ကူညီ လာနိုင်အောင် လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေ နဲ့ တွေ့ ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယော က်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာ မိသားစုတွေ

အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်

Photo: အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်
Monday, April 22, 2013

ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါတယ်။
 
သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို ပြောကြား
ခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူနဲ့ Kremlin တို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။
 
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား ဆီကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimier Putin) က ထပ်တလဲလဲ ၀မ်းနည်းကြေကွဲ
ရကြောင်း ပြောကြားခဲ့တယ်လို့  Kremlin က ပြောပါတယ်။  နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကိုပိုမိုအနီးကပ်လက်တွဲလုပ်ဆောင်ကြဖို့ နည်းလမ်းတွေ
အတွက် သမ္မတ ပူတင် က ဆွေးနွေးလိုတယ်လို့ဆိုပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ဘော်စတွန် တိုက်ခိုက်မှုနောက်
ဆက်တွဲ စုံစမ်းစစ်ဆေးမှုအပါအ၀င် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်
သက်ပြီး ရုရှားနိုင်ငံက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းလိုက်
တာကြောင့် ၀မ်းသာတဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။

VOAဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက် မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက် တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက် ကြပါတယ်။ သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား

အမေ ဒေါ်စု သိစေချင်ပါသည်..

Photo: အမေ ဒေါ်စု သိစေချင်ပါသည်..
Sunday, April 21, 2013 

အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်းပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနားမိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာဝင်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်ချင်တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေးသမားတွေလို ဝေ့လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့အမေ့ကို လေးစားပါတယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာမှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
 ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ်ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည်အတွက် ရေးဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။ 
 တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြားသားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော်သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
 တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက်ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြားသားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင်မှာလဲဆိုပြီး နိုင်ငံခြားသားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစားလာကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်ရှိတယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင်လိုက်ရင် နောင်နှစ်ပေါင်းများစွာမှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
 ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေအများကြီးရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ်လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာပါတဲ့အချက်တွေကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။ 
                                                   
ပုဂံသား အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်း ပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနား မိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာ ၀င်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံ ရဲ့သမ္မတ ဖြစ်ချင် တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေး သမားတွေ လို ဝေ့ လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့ အမေ့ကို လေးစားပါ တယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေး ပါတီ ခေါင်းဆောင် မဆို နိုင် ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာ မှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ် ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော် အကြီးအကဲ အဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည် အတွက် ရေး ဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။
တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြား သားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော် သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင် ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက် ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြား သားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင် မှာလဲ ဆိုပြီး နိုင် ငံခြား သားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစား လာ ကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့် ရှိ တယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်း စုကြည် ကို နိုင်ငံတော် သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင် လိုက်ရင် နောင်နှစ်ပေါင်း များစွာ မှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေ အများကြီး ရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မှာပါတဲ့အချက်တွေ ကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။

ပုဂံသား

ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

Photo: ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ
Sunday, April 21, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 
 

"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ 
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ 
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
ဧရာဝတီ

 ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက် စာမျက်နှာ မှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။
"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့ တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်

Saturday, April 20, 2013

ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ

Photo: ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ
Friday, April 19, 2013

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအ၀ယ်ကျ
ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာခဲ့ကြောင်း ဒေသခံ
စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ 

"ဒီမှာ အဓိကစီးပွားရေးက ရော်ဘာလုပ်ငန်းတွေလေ။ ရော်ဘာလုပ်ငန်းတွေ
မကောင်းတော့ စီးပွားရေး ကြပ်လာကြတယ်။ အဲဒီတော့ စားသောက်
ကုန်တွေ အရောင်းအ၀ယ်အေးတယ်။ စားသောက်ကုန်ဈေး ကလည်း
 ပြန်မကျသေးတာလဲပါတယ်"ဟု မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ရွှေ
ဝါချောင်ကျေးရွာမှ စားသောက်ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငယ်က ပြောသည်။ 

အဆိုပါဒေသတွင် ရော်ဘာလုပ်ငန်းအချို့စိုက်ပျိုးထုတ်လုပ်မှု ရပ်နားထားကြ
ခြင်းကြောင့် အလုပ်သမားအများစုမှာ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့
သွားရောက်လုပ်ကိုင်မှုများပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။ 

"ဒီမှာအလုပ်နည်းနည်းပါးနေတော့ မြ၀တီတက်ပြီးအလုပ်လုပ်မလို့ပါ။ အိမ်ကတော့ ရော်ဘာစိုက်ပါတယ်။ အခုတော့ ခဏရပ်ထားတယ်"ဟု
 မော်လမြိုင်၊ ကျိုက်မရော၊ ငါးပြေမကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

မော်လမြိုင်ဈေးကွက်အတွင်း သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်းပိုင်းမှ
စတင်ကာ စားသောက်ကုန် ပစ္စည်းဈေး နှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိအချိန်
(ဧပြီ လကုန်ပိုင်း)ထိ ဈေးကွက်ဈေးနှုန်းများပြန်လည်ကျဆင်းခြင်း မရှိသေး
 ကြောင်း သိရှိရသည်။

“ဈေးက ပြန်မကျလာသေးဘူး။ သင်္ကြန်တွင်းမှာ မြ၀တီဘက်က ကားတွေ
မဆင်းတော့ ကုန်တွေမ၀င်သေး လို့လဲ ဖြစ်နိုင်ပါတယ်။ ကားတွေပြန်ဆင်း
လာရင်တော့ ဈေးနှုန်းတွေ ပြန်ကျသွားနိုင်ပါတယ်” ဟု မော်လမြိုင်မြို့မှ ကုန်သည် ဦးဝင်းနိုင်က ပြောသည်။       

သင်္ကြန်ကာလမတိုင်မီ ကုန်ဈေးနှုန်းအမြဲမြင့်တက်မှုရှိပြီး မော်လမြိုင်
စားသောက်ကုန်ဈေးကွက်မှာ ၂၀၁၂ ခုနှစ် သင်္ကြန်ကာလအပြီးထက် ယခု ၂၀၁၃ ခုနှစ် သင်္ကြန်ကာလ (ဧပြီ)အပြီး အရောင်းအ၀ယ်ဖြစ်ပေါ်မှုသည် ထက်ဝက်ခန့် သိသိသာသာ ကျဆင်းခဲ့ကြောင်း ကုန်စည်တင်ပို့ရောင်း
ချနေသူများက ပြောဆိုသည်။
 

မော်လမြိုင်ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောကုန်စည်ဈေးနှုန်းများ

အမျိုးအစား               အရေအတွက်             ဈေးနှုန်း

Singha (ဘီယာ)         ၂၄လုံး (တစ်ကတ်)      ၁၀၅၀၀ ကျပ်

Coke (အချိုရည်)        တစ်ကတ်                 ၈၅၀၀ ကျပ်

ယမ်ယမ် (ခေါက်ဆွဲ)     တစ်ဖာ (အထုပ် ၃၀)     ၄၂၀၀ ကျပ်

Birdy (ကော်ဖီမစ်)       တစ်ထုတ်(အထုပ် ၃၀) ၂၅၀၀ ကျပ်

ငါးလိပ်ခြောက်            တစ်ပိဿာ                ၁၀၀၀၀ ကျပ်

Myit Makha Mediagroupမွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်း အ၀ယ် ကျ ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ ခဲ့ကြောင်း ဒေသခံ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ "ဒီမှာ အဓိကစီးပွားရေး က ရော်ဘာ လုပ်ငန်းေ တွလေ။ ရော်ဘာလုပ်ငန်းတွေမကောင်းတော့ စီးပွားရေး ကြပ်လာကြ တယ်။ အဲဒီတော့ စားသောက်ကုန်တွေ အရောင်းအ၀ယ်အေးတယ်။

ကမ်းနီး၊ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ခွင့်များအတွက် တတိယအကြိမ်တင်ဒါခေါ်ယူ

Photo: ကမ်းနီး၊ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ခွင့်များအတွက် တတိယအကြိမ်တင်ဒါခေါ်ယူ
Friday, April 19, 2013

မြန်မာနိုင်ငံမှ ကမ်းနီးနှင့်ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ
အတွက် ဇွန်လတွင် အမေရိကန်နိုင်ငံမှ စီးပွါးရေးပိတ်ဆို့မှုများဖွင့်လှစ်
ပြီးနောက် ဒုတိယအကြိမ်တင်ဒါ ခေါ်ယူမည်ဖြစ်သည်။အဆိုပါတင်ဒါတွင် ကမ်းနီးလုပ်ကွက် ၁၁ကွက်နှင့် ကမ်းဝေးလုပ်ကွက်၁၉-ကွက်ပါဝင်မည်ဖြစ်
သည်။ 

အဆိုပါတင်ဒါကို စိတ်ပါဝင်စားသောကုမ္ပဏီများသည် နေပြည်တော်စွမ်းအင်
ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ထံသို့ ဇွန်လ ၁၄-ရက်နောက်ဆုံးထား၍
 လျှောက်ထားနိုင်မည်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များနှင့်
 နိုင်ငံပိုင်သတင်းစာများတွင် ၁၈.၄.၂၀၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ 

တင်ဒါတွင်ပါဝင်သော ကမ်းနီးကမ်းဝေး လုပ်ကွက်စုစုပေါင်းမှာ ၃၀-ဖြစ်ပြီး ၂၀၁၁-မှစတင်ကာ တတိယအကြိမ် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်
နိုင်ငံမှ စီးပွါးရေးပိတ်ဆို့မှုများဖွင့်လှစ်ပြီးနောက် ဒုတိယ အကြိမ်ခေါ်ယူခြင်း
ဖြစ်သည်။ 

တင်ဒါလျှောက်သူများသည် တင်ဒါတွင် ကမ်းနီး (သို့ )ကမ်းဝေး ( သို့ ) 
 နှစ်နေရာစလုံးတွင် လုပ်ကိုင်လိုသည် ဟူသည့်အချက်ကို တင်ဒါခွဲ၍
 လျှောက်ထားရမည်ဖြစ်သည်။ 

ကမ်းနီးလုပ်ကွက်၁၁-ကွက်တွင် လုပ်ကိုင်ခွင့်ရရှိသူများသည် ပြည်တွင်း
အခြေစိုက် ကုမ္ပဏီတစ်ခုနှင့်တွဲဖက်၍ လုပ်ကိုင်ရမည်ဟု စွမ်းအင်ဝန်ကြီး
ဌာနမှထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ဇန်နဝါရီလတွင် ခေါ်ယူခဲ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈-ကွက်ကို ပြည်တွင်းမှ ကုမ္ပဏီတစ် ခုနှင့်တွဲဖက်လုပ်ကိုင်ရမည်ဟု ဆိုသောကြောင့်ပြည်တွင်းမှ ကုမ္ပဏီပေါင်း ၁၃၇-ခုပါဝင်လျှောက်ထား
ခဲ့သည်။ 

၁၈.၄.၂၀၁၃ ရက်နေ့တွင် အဆိုပါလုပ်ကွက်၁၈-ကွက်အတွက် ပထမ
အဆင့်တင်ဒါအောင်မြင်သော ကုမ္ပဏီ၅၉ ခုကို ကြေငြာခဲ့ရာ ကနေဒါ၊
အင်္ဂလန်၊ဩစတြေးလျား၊ဂျပန်    ၊ထိုင်းအမေရိကန်နိုင်ငံမှ Esso ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ပါဝင်သည်။အဆိုပါကုမ္ပဏီများထဲတွင် MPRL E&P Pte တခုတည်းသာလျှင် ပြည်တွင်းရှိ   မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်
သည်။ 

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ စီးပွါးရေးခုနှစ်
အတွင်း ၃.၅ ဘီလီယံ ယူအက်စ်ဒေါ်လာ ခန့်ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁တွင် ၂.၅၂ ဘီလီယံခန့်ရှိခဲ့သည်။ 

မေလတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့စတင် တင်ပို့မည်ဖြစ်သည်။ရေနံတင်ပို့သောပိုက်လိုင်းမှာ ၂၀၁၄-တွင်စတင် အလုပ်လုပ်မည်ဟု တရုတ်နိုင်ငံမှသတင်းများတွင်ဖော်ပြ
ထားသည်။

Myit Makha Mediagroupမြန်မာနိုင်ငံမှ ကမ်းနီးနှင့်ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် များ အတွက် ဇွန်လတွင် အမေရိကန်နိုင်ငံမှ စီးပွါးရေး ပိတ်ဆို့မှုများ ဖွင့်လှစ်ပြီးနောက် ဒုတိယအကြိမ်တင် ဒါ ခေါ်ယူမည်ဖြစ် သည်။ အဆိုပါ တင်ဒါတွင် ကမ်းနီးလုပ်ကွက် ၁၁ကွက်နှင့် ကမ်းဝေး လုပ်ကွက်၁၉- ကွက်ပါဝင်မည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

Photo: အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
Friday, 19 April 2013

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
 နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်း
လည်း ဖြစ်သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကိုလည်း လေ့လာ
ခဲ့ကာ ကျိုတို တက္ကသိုလ်၊ Ryukoku တက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ်များ
တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃
 ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပ
 နိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံ
များသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ
 အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမ ဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ
 ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီး
ယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

eleven media groupဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့် တွင် မြန်မာနိုင် ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင် ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

ဘော်စတွန် ဗုံးပေါက်ခွဲမှု

Photo: ဘော်စတွန် ဗုံးပေါက်ခွဲမှု သံသယရှိသူ နှစ်ဦးအနက် အသက် ၂၆ နှစ်အရွယ် Tamerlan Tsarnaev ကို ဖမ်းဆီးရမိ ပြီး နောက်သေဆုံးသွားသူ့ ရဲ့ ညီဖြစ်သူ 
အသက် ၁၉ နှစ် အရွယ် Dzhokar Tsarnaev ကတော့ Honda CRV ကားနဲ့  ထွက် ပြေး နေဆဲ ဖြစ်ပါတယ်။

သူတို့  နှစ်ဦး ဟာ ချေချင်းညှာ ဒေသမှာ မွေးဖွားခဲ့ပြီး နောက်တော့ ကာဇက် 
စတန်ကို ပြောင်း ရွှေ့  အခြေချကာ လွန်ခဲ့တဲ့ နှစ် တွေအတွင်း အမေရိကန် မှာ နေထိုင်ခွင့်ရလို့  ပြောင်း ရွှေ့ အခြေချခဲ့ပါတယ်။ တာမလင်း ဆာညာယက်
(ဗ်)က Bunker Hill Community College မှာ ပညာသင်ကြား နေ ပြီး ဇိုကာ ဆာညာယက်(ဗ်)ကတော့ ဟားဗတ်တက္ကသိုလ်မှာ ရေကူးသင်တန်းနည်းပြ 
အဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်ပါတယ်။

ဇိုကာ ဆာညာယက်(ဗ်) ရဲ့  အထက်တန်း ကျောင်းဆရာမကတော့ ဒီကလေး ဟာ ကျောင်းမှာ ချစ်ဖို့  ကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်ပြီး ဒီလို ပြုမူ
 ဆောင်ရွက်မယ်ဆိုတဲ့ အပြုအမူ မျိုးတောင်မတွေ့ ခဲ့ဖူးလို့  ဆိုပါတယ်။

ဇိုကာ ဆာညာယက်(ဗ်)ဟာ ရပ်ကွက်အတွင်းမှာလည်း လူချစ်လူခင်များသူ
 ဖြစ်ပါတယ်။

ဇိုကာ ဆာညာယက်(ဗ်) ၏ ဓာတ် ပုံ

Freedom News Group(Burma) ဘော်စတွန် ဗုံးပေါက်ခွဲမှု သံသယရှိသူ နှစ်ဦးအနက် အသက် ၂၆ နှစ် အရွယ် Tamerlan Tsarnaev ကို ဖမ်းဆီးရမိ ပြီး နောက်သေ ဆုံး သွားသူ့ ရဲ့ ညီဖြစ်သူ အသက် ၁၉ နှစ် အရွယ် Dzhokar Tsarnaev ကတော့ Honda CRV ကားနဲ့  ထွက် ပြေး နေဆဲ ဖြစ်ပါတယ်။
သူတို့  နှစ်ဦး ဟာ ချေချင်းညှာ ဒေသမှာ မွေးဖွားခဲ့ပြီး နောက်တော့ ကာဇက် စတန်ကို ပြောင်း ရွှေ့  အခြေချကာ လွန်ခဲ့တဲ့ နှစ် တွေအတွင်း အမေရိကန် မှာ နေထိုင်ခွင့်ရလို့  ပြောင်း ရွှေ့ အခြေချခဲ့ပါတယ်။ တာမလင်း ဆာညာယက်(ဗ်)က Bunker Hill Community College မှာ

ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး

Photo: ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး
Saturday, April 20, 2013 

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။

သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံသင်တန်း
တက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ်သည်။
 
 သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမ
လတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။
 
၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ (၂၃-၄-၂၀၁၃) အင်္ဂါနေ့တွင် သင်တန်းပို့ချရန်ဌာနဖြစ်သည့် တောင်ကြီးမြို့၊ ထီသိမ်ဘုန်းတော်ကြီးကျောင်း
သို့ သွားရောက်ရမည်ဖြစ်သည်။ 

အဆိုပါ ထီသိမ်ဘုန်းတော်ကြီးကျောင်းကို မသိလျှင် ပီအဲန်အိုဗဟိုရုံးချုပ်၌ လာရောက်စုရုံးကြပါ၊ ဒါ့အပြင် သင်တန်းသားများအနေဖြင့် မိမိတို့၏
 ခေါင်းအုံးစောင်ခြင်ထောင်နဲ့ ရိုးရာပအိုဝ်းဝတ်စုံကိုပါ တပါတည်း ယူလာပါ
ရန်လည်း အသေးစိတ် ညွန်ကြားဖော်ပြထားသည်ကို သိရှိရပါသည်။

တိုင်းရင်းသားများ မိမိတို့၏စာပေကို မိမိတို့နယ်ဒေသတွင် သင်ကြားပေးမှုနဲ့ ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအတိုင်း -
၁။ စာသင်ကျောင်း(၁)ကျောင်းလျှင် ပအိုဝ်းဆရာ/မ (၂)ဦးကျ မွေးထုတ်ပေးသွားရမည်။
၂။ ဆရာ/မများ၏ ပညာအရည်အချင်းမှာ ဘွဲ့ရပြီး (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့) ပထမလတ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
၃။ သင်တန်းရက်ကာလမှာ ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက် (၃-၅-၂၀၁၃) မှ ကဆုန်လဆန်း(၁)ရက် (၁၀-၄-၂၀၁၃)နေ့အထိ ဖြစ်သည်။
၎။ သင်တန်းနေရာနဲ့ စားရေးသောက်ရေးကိစ္စတို့ကို သက်ဆိုင်ရာမြို့နယ်က သံဃာတော်များ၊ ပီအဲန်အိုတာဝန်ခံများနဲ့ ပအိုဝ်းစာ/ယဉ်အဖွဲ့တို့က တိုင်ပင်
ညှိနှိုင်း၍ တာဝန်ယူသွားပေးရန်။
၅။ သင်ကြားပေးမည့် ဆရာ/မများကို ပီအဲန်အိုဗဟိုရုံးချုပ်မှ (အထက်က ထီသိမ် မွမ်းမံသင်တန်းဆင်းပြီးသူများကို) ပို့လိုက်မည်ဖြစ်သည်။
၆။ ထပ်ဆင့် ပအိုဝ်းဆရာဖြစ်အတွက် သင်ကြားကြမည့် သင်တန်းသား/သူ
များကို မိမိတို့နယ်ဒေသအတွင်းရှိ ပုဂ္ဂိုလ်များကိုသာ ခေါ်ယူရမည်။
၇။ မြို့နယ်အလိုက် သင်တန်းနေရာဌာနနှင့် သင်တန်းသား/သူစာရင်းများကို ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၃)ရက်နေ့တွင် ပီအဲန်အိုဗဟိုရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်သည်။

ပအိုဝ်းဖိုရမ်
KayanTimes၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်း များ မှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့် အား နိုင် ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံ သင်တန်းတက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ် သည်။
သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မ မခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ် ထားလေ
 နည်းပညာ တိုးတက်လာခြင်း တို့နှင့် အတူ ဆန်းသစ် တီထွင် မှု များကြောင့် အွန်လိုင်း ဂိမ်းများမှာ အမျိုးအစား စုံလင်လှသည်။ အချို့ ဂိမ်း များသည် ကစားသူများအား  တကယ့် လက်တွေ့ ဘဝတွင် ကြုံတွေ့ နေရ သလို  စိတ်ထဲတွင် ထင်မြင်လာအောင် ဆွဲဆောင် ထားနိုင် ကြသည်။ယခုအခါ ဂိမ်းကစားခြင်းကို ကလေးများ သာမက လူကြီးများပင် စွဲလမ်းနေကြပြီး

ကရင်ကျောင်းသားကွန်ယက် အနုပညာနှင့် မီဒီယာ လက်တွေ့ လှုပ်ရှားမှု ပြုလုပ်

Photo: ကရင်ကျောင်းသားကွန်ယက် အနုပညာနှင့် မီဒီယာ လက်တွေ့ လှုပ်ရှားမှု ပြုလုပ်
Saturday, April 20, 2013 

ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ သတင်းမီဒီယာ၊ ပန်းချီရေးဆွဲရေး
နှင့် ပြဇာတ်ဆိုင်ရာ လက်တွေ့လှုပ်ရှားမှုကို မယ်လဒုက္ခသည်စခန်းတွင် တစ်လတာသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပို့ချလျှက်ရှိသည်။ 

 ယခုလှုပ်ရှားမှုကို KSNG ဗဟိုမှ ဦးစီးခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုးနှင့် ပြည် တွင်းဒုက္ခစခန်း အီတိုးထာ့ စသည့်စခန်းများရှိ KSNG အဖွဲ့ ၀င် ၅၄ဦးအား သင်တန်းပေးကာ စခန်းအတွင်းရှိ ရပ်ကွက်များတွင် ဧပြီလ ၅ရက်မှစ၍ ၂၇ရက်နေ့အထိ လက်တွေ့လုပ်သွားမည်ဖြစ်ကြောင်း KSNG ဥက္ကဌ စောမော့က ပြောသည်။

 “ကျနော်တို့ လှုပ်ရှားမှုကတော့ သုံးခုပါ။ သင်တန်းကတော့ ပေးရင်းနဲ့ လက်တွေ့လုပ်သွားမယ်။ အရင်နှစ်လည်း ဒီလို လှုပ်ရှားမှု တွေ လုပ်တာတော့ ရှိတယ်။ ဒုက္ခသည်စခန်းတခုချင်းစီ သွားပြီး နွေရာသီကျောင်းပိတ်ရက်မှာ မဟုတ်ဘဲ ကျောင်းတက်ချိန်မှာ လုပ်ခဲ့တယ်။

 ဒီနှစ်တော့ ကုန်ကျစရိတ် သက်သာအောင် တနေရာတည်း လုပ်လိုက်တယ်။ ဒီလိုစုပေါင်းလုပ်တာ ပထမဆုံးပဲ”ဟု စောမော့က ပြောသည်။ လက်တွေ့
လှုပ်ရှားမှု ရည်ရွယ်ချက်မှာ အဖွဲ့အတွင်းရှိ လုပ်ငန်းများကို နားလည်ပြီး လူ့အဖွဲ့အစည်းများထဲတွင် ပြန်လည် အကျိုး ပြုရန်ဖြစ်ပြီး KSNG ဗဟိုမှ ၎င်းတို့၏ အဖွဲ့ဝင်ကျောင်းသူကျောင်းသားများကို ခေါ်ယူကာ မယ်လ
ဒုက္ခသည်စခန်း (ဇုံစီ-1B)ရှိ Leadership and Management Course - LMC အထက်တန်းလွန်ကျောင်းနှင့် (ဇုံဘီ-4B)ရှိ Shalom Arts Leadership College - SALC အထက်တန်းလွန်ကျောင်းများ၌ သင်တန်းပို့ချပေးနေခြင်း
 ဖြစ်သည်။

 အစီအစဉ်ဖြစ်မြောက်ရေးတွင် ကိုယ်တိုင်ပါဝင်သူ KNSG အတွင်းရေးမှူး
 စောဆာ့ကစောက “အခုလှုပ်ရှားမှုမှာ အထူးသဖြင့် ဒရာမာ(ပြဇာတ်)ဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ မပြန်ရေးနဲ့ပတ်သက်ပြီး ဇာတ်တိုက်ပြီး ရပ်ကွက်တွေထဲမှာ လက်တွေ့ တင်ဆက်ကြတယ်။ မီဒီယာနဲ့ ပန်းချီကတော့ သင်တန်းကျောင်းမှာပဲ လက်တွေ့လုပ်ကြတယ်”ဟု ပြောသည်။ 

 ယခုလှုပ်ရှားမှုတွင် KSNG ဗဟိုမှ သင်တန်းပို့ချပေးသူများ အပါအ၀င် ၁၇ဦး လိုက်ပါသွားခဲ့ပြီး သင်တန်းတက်ရောက်သည့် KSNG အဖွဲ့ဝင်များတွင် အမျိုးသား ၃၁ဦးနှင့် အမျိုးသမီး ၂၃ဦး ပါဝင်သည်။ 

KSNG ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအ၀င် ပြည်တွင်း
ပြည်ပတွင် နေထိုင်ကြသော ကရင်ကျောင်းသား ကျောင်းသူများ တဖွဲ့နှင့်
တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတများကို ဝေငှနိုင်ရန် ရည်ရွယ်၍ ၁၉၉၆ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။ 

KICကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ သတင်းမီဒီယာ၊ ပန်းချီရေး ဆွဲရေး နှင့် ပြဇာတ်ဆိုင်ရာ လက်တွေ့လှုပ်ရှားမှုကို မယ်လ ဒုက္ခသည် စခန်းတွင် တစ်လတာသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပို့ချလျှက် ရှိသည်။
ယခုလှုပ်ရှားမှုကို KSNG ဗဟိုမှ ဦးစီးခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုးနှင့် ပြည် တွင်းဒုက္ခစခန်း အီတိုးထာ့ စသည့်စခန်းများရှိ KSNG အဖွဲ့ ၀င် ၅၄ဦးအား သင်တန်းပေး ကာ စခန်းအတွင်းရှိ ရပ်ကွက်များတွင် ဧပြီလ ၅ရက်မှစ၍ ၂၇ရက်နေ့ အထိ လက်တွေ့လုပ်သွားမည်ဖြစ်ကြောင်း KSNG ဥက္ကဌ စောမော့က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈နှစ်မြောက်မွေးနေ့ကို ဆုတောင်းသည့်အနေနှင့် လူငယ်ဂရပ်ဖစ်တီ သမား အာကာကျော်က သမ္မတ၏ပုံတူဂရပ်ဖစ်တီကိုချော်တွင်းကုန်း မီးပွိုင့်အနီးတွင် ယနေ့နံနက်ကရေးဆွဲထားခဲ့သည်။ သမ္မတ ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄နာရီတွင် စတင်ရေး ဆွဲခဲ့ ကြောင်း အာကာကျော်ကပြောကြားသည်။ “ကျွန်တော်ကြောက်ေ ကြာက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက်ဆွဲတာ သိပ်အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။

Friday, April 19, 2013

အမေရိကန်တွင် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၇၀ နီးပါး သေဆုံး

Photo: အမေရိကန်တွင် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၇၀ နီးပါး
 သေဆုံး
Thursday, 18 April 2013 

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ၀ါကိုမြို့ပြင်ရှိ  ဓာတ်မြေသြဇာ
စက်ရုံတွင် ဧပြီ ၁၇ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ၆၀မှ ၇၀အကြား သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်ရုံပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အအုံ အမြောက်အမြား မီးလောင်ခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။

ယင်းအနက် အဆောက်အအုံတစ်လုံးတွင် လူအများ ပိတ်မိနေခဲ့ရာ ယင်းအဆောက်အအုံအား အရေးပေါ် လူနာ ကုသရာ နေရာအဖြစ် အသုံးပြုလျက်ရှိကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

''ပေါက်ကွဲသံဟာ ကျွန်တော်တို့ အနီးမှာ ဗုံးသုံးလုံး ပေါက်ကွဲသွား
သလိုပါပဲ''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။        

ပါက်ကွဲမှု အကြောင်းအရင်းကို မသိရသေးသော်လည်း အမိုးနီးယား
ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ၀ါကိုမြို့ မီးသတ်လက်ထောက် အရာရှိချုပ် ဒွန်ယေဂါက ပြောကြားခဲ့သည်။

eleven media groupအမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ၀ါကိုမြို့ပြင်ရှိ ဓာတ်မြေသြဇာ
စက်ရုံတွင် ဧပြီ ၁၇ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ၆၀မှ ၇၀အကြား သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။စက်ရုံပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက် အအုံ အမြောက်အမြား မီးလောင်ခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။
ယင်းအနက် အဆောက်အအုံတစ်လုံးတွင် လူအများ ပိတ်မိနေခဲ့ရာ

ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံသူများ

Photo: ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံသူများ
Thursday, April 18,2013


မိုးပျံပူဖောင်းကို အခကြေးငွေပေး၍ စီးနင်းလိုက်ပါပြီး ရှေးဟောင်းမြို့တော် ပုဂံကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်

အသက်ဝင်လာသည့် မြန်မာ့ စီးပွားရေး လောကသို့ ထူးထူးခြားခြား စီးပွားရေး လုပ်ငန်းများကို စွန့်စားလုပ်ဆောင်လာသည် ကို တွေ့ရသည်။ ၀ိုင်အရက် လုပ်ငန်း၊ ဟိုတယ်ခန်း မလုံလောက်မှုကို ဖြေရှင်းပေးရာ ရောက်သည့် ရွက်ဖျင်တဲထိုး အပျော် ခရီးသွားလုပ်ငန်း၊ တောတွင်း ခရီးသွား လုပ်ငန်း၊ မိုးပျံပူဖောင်းစီးပြီး ၀န်းကျင်ကို ကြည့်ရှုခံစားရင်း ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများ ပါဝင်သည်။

ယင်း ထူးထူးခြားခြား လုပ်ငန်းများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ပြည့်စုံမှု နည်းပါးနေသေးသည့် အချိန်မှာပင် တိုးတက်လာနေသောကြောင့်  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အရှိန်မြင့်လာခဲ့သည်ဟု ဆိုရမည်။

ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ပိုမို လာရောက်လျက် ရှိရာ ၂၀၁၂ ခုနှစ်တွင် ခရီးသွား ဦးရေ ၁ သန်းခန့် ရှိပြီး ယင်းသို့ လာရောက်သူများအနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသူများမှာ ၂၀၁၁ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ အဓိက ကြုံတွေ့ရသည့်ပြဿနာမှာ တည်းခိုခန်း မလုံလောက်ခြင်း ဖြစ်သည်။ သို့သော်လည်း တချို့ နိုင်ငံခြားသား ခရီးသွားများသည် ဇိမ်ကျကျ နေထိုင်တည်းခိုခြင်းထက် စိတ်လှုပ်ရှား စွန့်စားရခြင်းမျိုးအတွက် ငွေကြေးပိုမို သုံးစွဲလိုကြသည်။

ထို့ကြောင့် ဗြိတိန် အားလပ်ရက် စူးစမ်းလေ့လာရေး ခရီးသွားလုပ်ငန်းက ၁၄ ရက်ကြာ တောင်တက် ခရီးကြမ်း သွားလာရေး အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ခရီးစဉ် တခုလုံးအတွက် အမေရိကန် ဒေါ်လာ ၅၃၂၀ ကုန်ကျပြီး၊ မွန်ပြည်နယ် ကျိုက်ထီးရိုးတောင် စေတီအား တက်ရောက် ကြည်ညိုသည့် ခရီးစဉ်လည်း ပါဝင်သည်။ ကျိုက်ထီးရိုးတောင်သည် အမြင့်မီတာ ၁၀၀၀ ရှိပြီး ဘာသာရေး အထွဋ် အမြတ် ထားရာလည်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ အထီးကျန် နေခဲ့ရသည့် မြန်မာနိုင်ငံသည် မကြာသေးမီ အချိန်ကမှ နိုင်ငံတွင်းသို့ ခရီးသွားများ လာရောက် လည်ပတ်ခြင်းကို ခွင့်ပြုခဲ့သည်။ ဤသို့ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေထိုင်ခဲ့သဖြင့် မြန်မာတို့၏ လူနေမှုစနစ်မှာ ခေတ်မီလူ့ အဖွဲ့အစည်း၊ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနှင့် များစွာ အလှမ်းဝေးလျက်ရှိသည်ဟု ဗြိတိန် အားလပ်ရက် စူးစမ်းလေ့လာရေး ခရီးသွားလုပ်ငန်း လမ်းညွှန်၌ ရေးသားထားသည်။ “ဒီလို မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေ သိရပြီးတော့ ကျနော်တို့ ဝေးလှမ်း သီခေါင်တဲ့ နေရာတွေကို ခရီးကြမ်း နှင်ကြတယ်။ မြန်မာနိုင်ငံရဲ့ သွားသင့်တဲ့ နေရာတွေ သွားကြတယ်။ ရှမ်းပြည်နယ်မှာ ရှိတဲ့ တောင်ပေါ် တိုင်းရင်းသား လူမျိုးစုတွေ ဆီကိုရောပေါ့” ဟု ခရီးစဉ်မှာ ပါဝင်သူများက ပြောဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများအတွက် နေရာထိုင်ခင်း မလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ရွက်ဖျင်တဲ ဟိုတယ်များကို ပုဂံဒေသတွင် တည်ဆောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် မကြာမီ ကာလအတွင်း ခရီးသွား ဧည့်သည်များ တည်းခိုနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ခရီးသွားများသည် မိုးပျံပူဖောင်းကို အခကြေးငွေပေး၍ စီးနင်းလိုက်ပါပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသကို အပေါ်စီးမှ ချမ်းမြေ့ပျော်ရွှင်စွာ ကြည့်ရှုနိုင်သည်။

ဗီယက်နမ်အခြေစိုက် The Apple Tree ကုမ္ပဏီသည် ဧရာဝတီ မြစ်နံဘေးတွင် လေအေးပေးစက် တပ်ဆင်ထားသည့် ရွက်ဖျင်တဲ ဟိုတယ်များ တည်ဆောက်လျက် ရှိပြီး ဧပြီလတွင် ဖွင့်လှစ်မည်ဟု သိရသည်။ ရွက်ဖျက်တဲ ဟိုတယ် အခန်းရမ်းခ ဈေးနှုန်းကိုမူ ကြေညာခြင်း မရှိသေးချေ။

“အရှေ့တောင် အာရှမှာ ပုဂံဟာ လူတွေ အသွားချင်ဆုံး နေရာတခုပဲ” ဟု ရွက်ဖျင်တဲ တည်ဆောက်ရေး စီမံချက်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် တခုတွင် မန်နေဂျာ Mr. Kurt Walter က ပြောသည်။ ၎င်းက ဆက်၍ “မြန်မာနိုင်ငံကို ခရီးသွားသူတိုင်း စိတ်ဝင်စား ကြတယ်လေ။ အထူးသဖြင့် ပုဂံဟာ မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံးနေရာပါပဲ” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် “ရွှေလေတံခွန်” ခရီးသွားလုပ်ငန်း ကုမ္ပဏီသည် ပုဂံဒေသတွင် မိုးပျံပူဖောင်း စီး၍ လှည့်လည် ကြည့်ရှု နိုင်အောင် စီစဉ်ပေးသည့် ကုမ္ပဏီဖြစ်သည်။ ၄၅ မိနစ်ကြာ မိုးပျံပူဖောင်းစီး၍ လှည့်လည်မည်ဆိုလျှင် အမေရိကန် ဒေါ်လာ ၃၆၀ ကျသင့်သည် ဟု သိရသည်။

ပုဂံဒေသအား မိုးပျံပူဖောင်းဖြင့် လှည့်လည် ကြည့်ရှုသည့် အစီအစဉ်မှာ စမ်းသပ် အစီအစဉ်တခု ဖြစ်သည်။ ရွှေလေတံခွန် ခရီးသွားလုပ်ငန်းသည် မိုးပျံပူဖောင်းများကို ဗြိတိန်နိုင်ငံမှ ၀ယ်ယူတင်သွင်းခြင်း ဖြစ်ပြီး၊ ယခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ အနှံ့ ၆ ရက်ကြာ ခရီးစဉ်များကို လူတဦးလျှင် အမေရိကန် ဒေါ်လာ ၈၀၀၀ နှုန်းဖြင့် လှည့်လည် ကြည့်ရှုနိုင်ရန် စီစဉ်ပေးမည် ဟု သိရသည်။

နှစ်ငါးဆယ်ကြာ အထီးကျန် နေထိုင်ခဲ့ရပြီး မကြာခင်ကမှ လွတ်မြောက်လာသည့် နိုင်ငံ၊ လူဦးရေအများစုက ဆင်းရဲမွဲတေလျက် ရှိသည့်နိုင်ငံ၊ လျှပ်စစ်မီး မှန်မှန်မရသည့် နိုင်ငံ စသည့် အားနည်းချက်တွေ ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဈေးနှုန်းသတ်မှတ်ချက်များသည် အဆင်မပြေ အချိုးမကျသလို ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။

ဤသို့ အခြေအနေတွင် စွန့်စားပြီး လာရောက် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းရှင်များတွင် ရှေ့တန်းရောက်သူများမှာ ပြင်သစ်နှင့် ဂျာမန် လူမျိုးများဖြစ်ပြီး ၎င်းတို့သည် ရှမ်းကုန်းပြင်မြင့်တွင် စပျစ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ဒေသထုတ် ၀ိုင်အရက်များကို တရုတ်ပြည်နှင့် အရှေ့တောင်အာရှ နိုင်ငံတချို့သို့ တင်ပို့ရောင်းချနေခဲ့ပြီး မကြာခင်၌ အခြားဈေးကွက်များသို့လည်း တင်ပို့ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။

Red Mountain Estate ဟု အမည်ရသည့်  ၀ိုင်အရက်လုပ်ငန်းကို ပြင်သစ်လူမျိုး မစ္စတာ Mr. Francois Raynal က ကြီးကြပ်ကွပ်ကဲပြီး၊ Myanmar Vineyard ၀ိုင်လုပ်ငန်းကို ဂျာမန်လူမျိုး မစ္စတာ Bert Moisbach က ဦးစီး လုပ်ကိုင်သည်။

စပိန်နှင့် အီတလီနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ၀ိုင်အဖြူနှင့် ၀ိုင်အနီကဲ့သို့သော ၀ိုင်အမျိုးအစားမျိုး ရရှိအောင် ၎င်းတို့ ၂ ဦး စလုံးက ကြိုးစားကြမည် ဟုဆိုသည်။ ၎င်းတို့ ၂ ဦးသည် မီတာ ၁၀၀၀ အမြင့်ရှိသည့် မြူခိုးများ ဖုံးအုပ်နေ သည့် ရှမ်းတောင်တန်းများ ပေါ်တွင် စပျစ်ပင်များ စိုက်ပျိုးကြသည်။ ၎င်းတို့၏လုပ်ငန်းများ အောင်မြင်မည်ဟု ယူဆရပါသည်။

“ဒုတိယတန်းစား အရည်အသွေးရှိတဲ့ ၀ိုင်အရက်ဗူးတွေကို မြန်မာနိုင်ငံလို အပူပိုင်း ရာသီဥတုရရှိ တဲ့ဒေသတွေမှာ ထုတ်လုပ်နိုင် ပါတယ်” ဟု ၀ိုင်လုပ်ငန်း ကျွမ်းကျင်သူ စာရေးဆရာ ဂျင်မြူလန် (Jim Mullan) က ဘန်ကောက်မြို့တွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ ပြောကြားသည်။

Red Mountain ကို မမြည်းစမ်းဘူးသေးဘဲ ၎င်း၏ ပြိုင်ဘက် အေးသာယာရှိ Myanmar Vineyard ကို မကြာခင်က ဂျင်မြူလန် စမ်းသပ်သောက်သုံးပြီးနောက် “ဆောဗစ်နွန်ဘလန့် (Sauvignon blanc) စပျစ်ဝိုင် အမျိုးအစားနဲ့ ထုတ်လုပ်ထားတဲ့ ၀ိုင် အနီနဲ့ အနက် ၂ မျိုးစလုံး ရဲ့ အရည်အသွေးတွေ ဆက်တိုက် ကောင်းလာတာကို တွေ့ရတယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စပျစ် အမျိုးအစားရဲ့ ထူးခြားတဲ့ အရည်အသွေး ကြောင့်ပဲ” ဟု ဆိုသည်။

၎င်းက “ထိုင်းနိုင်ငံက အနည်းဆုံး ဆယ်နှစ်သက်တမ်း ကြာနေပြီ ဖြစ်တဲ့ ၀ိုင်စက်ရုံတွေက ထုတ်လုပ်တဲ့ ၀ိုင်တွေနဲ့ အခု မြန်မာနိုင်ငံက ၀ိုင်တွေကို နှိုင်းယှဉ်ကြည့်ရမယ်” ဟု ထပ်မံပြောဆိုသည်။

ချီနင်ဘလန့် (Chenin blanc) အမျိုးအစား ကဲ့သို့ ထိုင်းနိုင်ငံထုတ် ၀ိုင်အဖြူများသည် အလွန်ကောင်းမွန်သော်လည်း ထိုင်းအစိုးရက အခွန်အမြောက်အများ ကောက်ခံခြင်းကြောင့် ပြည်ပမှ သွင်းလာသော ဝိုင်ထက် ဈေးပိုကြီးနေသောကြောင့် ထိုင်း ပြည်တွင်းထုတ် ဝိုင်လုပ်ငန်း ဝန်ပိနေရသည်ဟု မြူလန်က မှတ်ချက်ချ ပြောဆိုသည်။ “မြန်မာအစိုးရအနေနဲ့ ထိုင်းထက် ပိုပြီး အမျှော်အမြင်ရှိတဲ့ အခွန်စနစ်ကို ရွေးချယ်ကျင့်သုံးမယ်လို့ မျှော်လင့်ရတာပဲ”ဟု မြူလန်က ပြောဆိုသည်။

မြန်မာ့ ၀ိုင်အရက်များကို မကြာမီ တချိန်ချိန်တွင် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်မည်ဟု မျှော်လင့်ရသော်လည်း ယခု အခါတွင် စပျစ်စိုက်ပျိုး၍ ၀ိုင်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင် နှစ်ဦးက ၎င်းတို့၏ ၀ိုင်အရက်များကို ပြည်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ အလျှံပယ် ရောင်းချနေသည် ဟုဆိုသည်။

၂၀၁၂ ခုနှစ်တွင် ၀ိုင်အရက် ပုလင်းပေါင်း ၁၀၀,၀၀၀ ထုတ်လုပ် နိုင်ခဲ့သည်ဟု Red Mountain Estate ၀ိုင်အရက် လုပ်ငန်းက ပြောဆိုသည်။ ၀ိုင် ၁ ပုလင်းလျှင် ၁၁ ဒေါ်လာနှင့် ရောင်းချနိုင်သဖြင့် မိုးပျံပူဖောင်းစီးပြီး ၄၅ မိနစ်သွားရသည့် ခရီးစဉ်တွင် ဈေးစစ်သလောက်သာရှိသဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။

(Entrepreneurs Cash in on Jungles, Balloons, Tents and Grapes ကို တင်မောင်ယုက ဆီလျော်အောင် ဘာသာပြန်သည်)
ဧရာဝတီမိုးပျံပူဖောင်းကို အခကြေးငွေပေး၍ စီးနင်းလိုက် ပါပြီး ရှေးဟောင်း မြို့တော် ပုဂံကို အပေါ်စီးမှ ကြည့်ရှုနိုင်သည် အသက်ဝင်လာ သည့် မြန်မာ့ စီးပွားရေး လောကသို့ ထူးထူးခြားခြား စီးပွားရေး လုပ်ငန်း များကို စွန့်စားလုပ်ဆောင်လာသည် ကို တွေ့ရသည်။ ၀ိုင်အရက် လုပ်ငန်း၊ ဟိုတယ်ခန်း မလုံလောက်မှုကို ဖြေရှင်းပေးရာ ရောက်သည့် ရွက်ဖျင်တဲထိုး အပျော် ခရီးသွားလုပ်ငန်း၊ တောတွင်း ခရီးသွား လုပ်ငန်း၊ မိုးပျံပူဖောင်းစီးပြီး ၀န်းကျင်ကို ကြည့်ရှုခံစားရင်း ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ပြင်ဦးလွင်မြို့၌ တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ပြင်ဦးလွင်မြို့၌ တွေ့ဆုံ
Thursday, April 18,2013


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပြင်ဦးလွင်မြို့၌ ဧပြီလ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

တွေ့ဆုံမှု အသေးစိတ်နှင့် စပ်လျဉ်း၍ သက်ဆင်က ရေးသားထားခြင်း မရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၎င်းက သပြေခက်ဖြင့် ရေပက်နေသည့်ပုံကို ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သွားရောက် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကိုလည်း ဆင်နွှဲခွင့် ကြုံရသည့်အတွက် ၀မ်းသာမိပါကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

သက်ဆင်က ၎င်းအနေဖြင့် ပြင်ဦးလွင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ရာသီဥတုကိုလည်း အ  လွန် နှစ်သက်ကြောင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြကြောင်း ရေးသားထားသည်။ သက်ဆင်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ၊ အာဆီယံ၏ အနာဂတ်နှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစ်ကိုဖြစ်သူ သက်ဆင်သည် မြန်မာနိုင်ငံ ထားဝယ်သို့ ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ထိုသို့လာရောက်ရာတွင် ထားဝယ်မြို့နယ်၊ မောင်းမကန်ဒေသရှိ မောင်းမကန် ဘုတ်ကျွန်းနှင့် လောင်းလုံ ဘုတ်ကျွန်းများသို့ သွားရောက်ခဲ့ကာ မတ်လ ၂၂ ရက် နံနက် ၈ နာရီတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ၎င်းသည် ထိုင်းကုမ္ပဏီက ဦးစီးလုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့လည်း သွားရောက်ခဲ့ပြီး ယင်းရေနက်ဆိပ်ကမ်းတွင်ပင် ညအိပ်ခဲ့ကြောင်း သိရသည်။

သက်ဆင် လာရောက်လေ့လာသည့် ကျွန်းများအား စင်ကာပူလုပ်ငန်းရှင်များကလည်း အပန်းဖြေစခန်း တည်ဆောက်ရန် စိတ်ဝင်စားမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Eleven Media Groupတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပြင်ဦးလွင်မြို့၌ ဧပြီလ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ၏ ဖေ့ ဘွတ်စ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
တွေ့ဆုံမှု အသေးစိတ်နှင့် စပ်လျဉ်း၍ သက်ဆင်က ရေးသားထားခြင်း မရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၎င်းက သပြေခက်ဖြင့် ရေပက်နေသည့်ပုံကို ၎င်း ၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

Wednesday, April 10, 2013

တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး

Photo: တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး
Wednesday, April 10, 2013

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှမကြားသေးပါဘူး”ဟု ဦးဝင်းမြင့် က ဧပြီလ ၈ ရက်တွင် ပြောသည်။လက်ရှိတွင် အလုပ်သမားများ ကို ကိုရီးယားသို့ဆက်လက်ပို့ဆောင် နေပြီး၊ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့ များတွင် အလုပ်သမား ၅ဝ ဦးခန့် စီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ် ကြောင်း သိရသည်။

 မြောက်ကိုရီးယားနိုင်ငံသည် မတ်လနောက်ဆုံးပတ်မှစ၍ အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများတိုးလာခဲ့သည်။ တောင် ကိုရီး ယားနိုင်ငံတွင်EPS စနစ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇ဝဝဝ ခန့်ရှိသောကြောင့် အလုပ် သမားများ၏ မိသားစုများက စိတ်ပူ ကာ မေြး မန်းစုံစမ်းမှုများရှိကြောင်း လည်း ဦးဝင်းမြင့်က ပြောသည်။ ”ကိုရီးယားလူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးဌာနက အရာရှိက တော့ ဒီလိုမျိုးတင်း မာမှုက ဖြစ်နေ ကျပဲမို့ စိုးရိမ်စရာ မရှိပါဘူး ဆိုပြီး ပြောတယ်။ ဒီကလူတွေကတော့ စိုးရိမ် တာပေါ့”ဟုဦးဝင်းမြင့်ကပြောသည်။

 တောင်ကိုရီးယား တွင် အလုပ် သွားရောက်လုပ်ကိုင်နေသောမြန်မာ အလုပ်သမားတစ်ဦး၏ မိသားစုဝင် တစ်ဦးကလည်း လက်ရှိတွင် အခြေ အနေတည်ငြိမ် လျက် ရှိပြီး ထူးခြား ချက်မရှိသေးဘဲ ပုံမှန်အလုပ်ဆင်း လျက်ပင်ရှိကြောင်း ပြောသည်။ကိုရီးယားသို့ အလုပ်သမားပို့ ဆောင်မှုကို သင်္ကြန်တွင်းရပ် နားထား မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်မူ အလုပ် သမားများကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မြန်မာ အလုပ်သမား တစ်သောင်းကျော်နှင့် ကျောင်းသား နှစ်ရာကျော်ရှိကြောင်း၊ နိုင်ငံခြားသားနှင့် လက်ထပ်ထား သော အမျိုးသမီးပါ ပေါင်းလျှင် တစ် သောင်းကျော်ရှိသောကြောင့် တောင် ကိုရီးယားအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသံအမတ်တို့ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးကို ကာကွယ်ပေးသွားမည်ဟု သံရုံးဒုတိယအတွင်းဝန်ဒေါ်သင်းသင်း မြတ်ပြောကြားချက်ကို ပြည်ပ အခြေ စိုက် မြန်မာသတင်းအေဂျင်စီတစ်ခု တွင်ဖော်ပြထားသည်။

မေဇင်ဝင်း
Popular Myanmar Newsတောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင် စီမှ ညွှန် ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှမကြားသေးပါဘူး”ဟု ဦးဝင်းမြင့်

အဏုမြူ စက်ရုံနား လှုပ်တဲ့ အီရန်ငလျင်

Photo: အဏုမြူ စက်ရုံနား လှုပ်တဲ့ အီရန်ငလျင်
Wednesday, April 10, 2013

 အီရန် နိုင်ငံ ရဲ့ တခုတည်းသော အဏုမြူ ဓာတ်ပေါင်းဖို ရှိတဲ့ ဘူရှီးယား မြို့နားမှာ ငလျင် လှုပ်လို့ အနည်းဆုံး ၃၇ ယောက် သေဆုံးပြီး ၈၅ဝ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ရစ်ချတာ စကေး ၆.၃ ပြင်းအား ရှိတဲ့ ငလျင်ကြီးဟာ ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဘာရိန်း နိုင်ငံတွေထိ ရိုက်ခတ် ခဲ့ပြီး လူတွေ လမ်းပေါ် ဆင်းလာကြ ရပါတယ်။


ဓာတ်ပုံတွေ အရ အဆောက်အဦ တော်တော်များများ ပြားပြားဝပ်သွားတာ တွေ့ရပြီး ရွာ ၂ ရွာ လုံးဝ ပျက်စီးသွားပြီလို့ အီရန် လခြမ်းနီ အဖွဲ့က ဆိုပါတယ်။

ဘူရှီးယားနဲ့ ငလျင် ဗဟိုချက် မိုင် ၆ဝ လောက်ပဲ ဝေးပေမယ့် အဏုမြူ ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှု မရှိကြောင်း ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူးက အီရန် အစိုးရ ရုပ်သံမှာ ပြောကြား ခဲ့ပါတယ်။

လူ ၇၅ဝ က အနည်းအကျဉ်းသာ ထိခိုက် ဒဏ်ရာရပြီး ကျန်တဲ့သူ တွေကို ဆေးရုံတွေ တင်ထားကြောင်း၊ သမ္မတ အာမက် ဒီနာဂျက် ကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူး Fereydoun Hassanvand က ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ လှုပ်မှာ စိုးလို့ လူအများအပြား အပြင်ဘက် ထွက်အိပ် ကြရကြောင်းလဲ သတင်းရရှိပါတယ်။

အီရန် နိုင်ငံဟာ ငလျင်ကြောကြီးပေါ် မေးတင် နေတာမို့ ၂ဝဝ၃ ခုနှစ် ငလျင်တုန်းက လူပေါင်း နှစ်သောင်းခွဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
BBC
အဆောက်အဦးတွေ ပြားပြားဝပ်အီရန် နိုင်ငံ ရဲ့ တခုတည်းသော အဏုမြူ ဓာတ်ပေါင်းဖို ရှိတဲ့ ဘူရှီး ယား မြို့နားမှာ ငလျင် လှုပ်လို့ အနည်းဆုံး ၃၇ ယောက် သေဆုံးပြီး ၈၅ဝ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။
ရစ်ချတာ စကေး ၆.၃ ပြင်းအား ရှိတဲ့ ငလျင်ကြီးဟာ ဒူဘိုင်း၊ အဘူ ဒါဘီနဲ့ ဘာရိန်း နိုင်ငံတွေထိ ရိုက်ခတ် ခဲ့ပြီး လူတွေ လမ်းပေါ် ဆင်း လာကြ ရပါတယ်။

မြန်မာနိုင်ငံအား ကုန်သွယ်ရေးခွန် ကင်းလွတ်ခွင့်ပြုရန် ဥရောပပါလီမန်အတွင်း အဆိုတင်သွင်း

Photo: မြန်မာနိုင်ငံအား ကုန်သွယ်ရေးခွန် ကင်းလွတ်ခွင့်ပြုရန် ဥရောပပါလီမန်အတွင်း အဆိုတင်သွင်း
Wednesday, April 10, 2013

မြန်မာနိုင်ငံအနေဖြင့် ဥရောပဈေးကွက်တွင် ကုန်သွယ်ရေးခွန်နှင့် ကုန်ပစ္စည်းအပေါ် သတ်မှတ်သော ကိုတာ ကင်းလွတ်စွာဖြင့် ကုန်သွယ် နိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ပြန်လည်ခွင့်ပြုပေးရန် ဥရောပပါလီမန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီက တောင်းဆိုလိုက်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ အထူးသဖြင့် အဓမ္မလုပ်အားပေးခိုင်းစေမှု (Force Labour)ပပျောက်အောင် ကြိုးပမ်းမှုများကို အားပေးရန်အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက်များကို ထောက်ခံပေးပါရန် ဥရောပ ပါလီမန်နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

လက်နက်နှင့် ခဲယမ်း ရောင်းဝယ်မှုများမှ လွဲ၍ အခြားပစ္စည်းများကို မြန်မာနိုင်ငံအနေဖြင့် အခွန်နှင့် ကိုတာ ကင်းလွတ်စွာ ရောင်းဝယ်ခွင့် ပေးရန်ကိစ္စကို ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်ရေး ကော်မတီတွင် မဲအများဆုံးဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် အီးယူက သတ်မှတ်ထားသော မူအရ မြန်မာနိုင်ငံအနေဖြင့် အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိခဲ့သော်လည်း ၁၉၉၇ခုနှစ်တွင် အဓမ္မလုပ်အား ပေးခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည့်အတွက် ၁၉၉၇ခုနှစ်မှစပြီး ယင်းအခွင့်အရေးကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ အထက်ပါ ကင်းလွတ်ခွင့်ကိစ္စကို ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ် ပြီးနောက် ဥရောပ ကောင်စီ၏ တရားဝင် အတည်ပြုချက် ရယူရန် လိုအပ်ဦးမည်ဟု သိရပါသည်။

Myanmar ICTမြန်မာနိုင်ငံအနေဖြင့် ဥရောပဈေးကွက်တွင် ကုန်သွယ်ရေးခွန်နှင့် ကုန်ပစ္စည်းအပေါ် သတ်မှတ်သော ကိုတာ ကင်းလွတ်စွာဖြင့် ကုန် သွယ် နိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ပြန်လည်ခွင့်ပြုပေးရန် ဥရောပ ပါလီမန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီ က တောင်း ဆို

သင်္ကြန်တွင်း မန္တလေးနှင့် ရခိုင်ခရီးစဉ်များသို့ ခရီးသွားလာမှု နည်းပါးနေပြီး ရှမ်းပြည်နယ်နှင့် ထားဝယ်ခရီးစဉ်များတွင် ခရီးသွား များပြားနေ

Photo: သင်္ကြန်တွင်း မန္တလေးနှင့် ရခိုင်ခရီးစဉ်များသို့ ခရီးသွားလာမှု နည်းပါးနေပြီး ရှမ်းပြည်နယ်နှင့် ထားဝယ်ခရီးစဉ်များတွင် ခရီးသွား များပြားနေ
Wednesday, April 10, 2013

သင်္ကြန်တွင်း ခရီးစဉ်များအဖြစ် နှစ်စဉ်နှစ်တိုင်းပင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ညောင်ရွှေ စသည့်ရှမ်းပြည်နယ်နှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ သွားရောက် လည်ပတ်မှုများ ရှိနေသည့်အပြင် ယခုနှစ်တွင် တနသာင်္ရီတိုင်း ဒေသကြီး၊ ထားဝယ်ဘက်သို့ ခရီးသွားများ သွားရောက်မှု များပြားနေကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ သိရှိရသည်။
“ရာသီဥတုကပူတော့ တောင်ကြီးတို့ အင်းလေးတို့လို အေးတဲ့နေရာတွေကိုတော့ နှစ်တိုင်းသွားကြတာပါပဲ။ ဒါပေမယ့် အခုနှစ်မှာတော့ ထားဝယ်ဘက်ကို ပုံမှန်ထက် အသွားများလာကြတယ်” ဟု OD Tour ကုမ္ပဏီမှ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။
ယခင်နှစ်များတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဘက်သို့ သွားလာမှု သိသိသာသာ များပြားမှု မရှိသော်လည်း ယခုနှစ် ခရီးသွားရာသီမှ စတင်ပြီး ထားဝယ်ရှင်ကိုးရှင် ခရီးစဉ်ကို လူသိများလာကြောင်းလည်း သိရသည်။
“အခုသင်္ကြန်တွင်းကို ထားဝယ်ရှင်ကိုးရှင် ခရီးစဉ်ကို ပန်းဆိုးတန်းက ဂိတ်တွေလည်း အကုန်နီးပါးလောက်ကို ထွက်ဖြစ်ပါမယ်။ 

အန်ကယ်သိသလောက် ပြောရရင်တော့ သန်းဌေးနှင့် ရောင်းရင်းများက ခြောက်စီး၊ အန်ကယ်တို့ သုခမိန်စာပေက ခြောက်စီး၊ နန်းဦးလှိုင်ကငါးစီး၊ ပြီးတော့ ရပ်ကွက်ဂိတ် လေးတွေကလည်း တော်တော်များများ သွားဖြစ်ပါမယ်” ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးယာဉ်လိုင်းမှ ဦးမျိုးကြီးက ပြောသည်။
ထို့ပြင် ရာသီဥတု အခြေအနေ ပူပြင်းသောကြောင့် ရှမ်းပြည်နယ် ခရီးစဉ်များအဖြစ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ စသည့်ခရီးစဉ်များသို့ ခရီးသွားများ ရွေးချယ်မှု ပိုမိုများပြားကြောင်းနှင့် ခရီးသွားများသည် မိမိတို့သွားလာရမည့် နေရာဒေသများနှင့် လမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချမှု ရရှိမည့် ခရီးစဉ်များ ကိုသာ ရွေးချယ်သွားရောက်ကြ ကြောင်းလည်း သိရှိရသည်။

“ဒီနှစ်သင်္ကြန်ခရီးစဉ်ကို တောင်ကြီးတို့၊ မော်လမြိုင်တို့ပြီးတော့ ကမ်းခြေတွေကို အသွားများပါတယ်။ မော်လမြိုင်မှာ ဆိုလည်း ကျိုက္ခမီ၊ စက်စဲတို့ အသွားများပါတယ်။ အသွားနည်းသွားတာက မန္တလေးဘက်ကိုပေါ့။ မုံရွာ၊ အလောင်းတော်ကသာပ၊ ရွှေစက်တော်တို့ ဒီနှစ်သွားတာ နည်းနည်းကျဲသွားတယ်။ ခရီးသွားတွေကတော့ အရင်ဆုံး ဘယ်လမ်းကြောင်းက သွားမလဲ အရင်မေးကြတယ်။ ပြီးမှသာ ခရီးစဉ်ကို ရွေးချယ်ကြတယ်” ဟု Dream Paradise ခရီးသွား ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်မြတ်သူက ပြောသည်။

ထို့ပြင်ခရီးသွားများက ခရီးလမ်းကြောင်းကို ကြည့်ပြီးမှသာ ခရီးစဉ်တွေကို ရွေးချယ်ကြပြီး အထက်မြန်မာပြည် ခရီးစဉ်များတွင် အလောင်းတော်ကဿပ၊ ရွှေစက်တော်အပြင် မန္တလေး၊ မုံရွာ အစရှိသည့် ခရီးစဉ်များမှာ နှစ်စဉ်နှစ်တိုင်း ခရီးသွား များပြားခဲ့သော်လည်း ယခုနှစ်တွင် မိတ္ထီလာ ပဋိပက္ခများကြောင့် ခရီးသွားများ နည်းပါးသွားကြောင်း သိရသည်။

Eleven Media Groupသင်္ကြန်တွင်း ခရီးစဉ်များအဖြစ် နှစ်စဉ်နှစ်တိုင်းပင် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ညောင်ရွှေ စသည့်ရှမ်းပြည် နယ်နှင့် ချောင်း သာ၊ ငွေဆောင်ကမ်းခြေများသို့ သွားရောက် လည်ပတ်မှုများ ရှိနေ သည့်အပြင် ယခုနှစ်တွင် တနသာင်္ရီတိုင်း ဒေသကြီး၊ ထားဝယ်ဘက်သို့ ခရီးသွားများ သွားရောက်မှု များပြားနေကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ သိရှိရသည်။

My Blog List