Saturday, April 20, 2013

ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး

Photo: ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး
Saturday, April 20, 2013 

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။

သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံသင်တန်း
တက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ်သည်။
 
 သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမ
လတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။
 
၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ (၂၃-၄-၂၀၁၃) အင်္ဂါနေ့တွင် သင်တန်းပို့ချရန်ဌာနဖြစ်သည့် တောင်ကြီးမြို့၊ ထီသိမ်ဘုန်းတော်ကြီးကျောင်း
သို့ သွားရောက်ရမည်ဖြစ်သည်။ 

အဆိုပါ ထီသိမ်ဘုန်းတော်ကြီးကျောင်းကို မသိလျှင် ပီအဲန်အိုဗဟိုရုံးချုပ်၌ လာရောက်စုရုံးကြပါ၊ ဒါ့အပြင် သင်တန်းသားများအနေဖြင့် မိမိတို့၏
 ခေါင်းအုံးစောင်ခြင်ထောင်နဲ့ ရိုးရာပအိုဝ်းဝတ်စုံကိုပါ တပါတည်း ယူလာပါ
ရန်လည်း အသေးစိတ် ညွန်ကြားဖော်ပြထားသည်ကို သိရှိရပါသည်။

တိုင်းရင်းသားများ မိမိတို့၏စာပေကို မိမိတို့နယ်ဒေသတွင် သင်ကြားပေးမှုနဲ့ ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအတိုင်း -
၁။ စာသင်ကျောင်း(၁)ကျောင်းလျှင် ပအိုဝ်းဆရာ/မ (၂)ဦးကျ မွေးထုတ်ပေးသွားရမည်။
၂။ ဆရာ/မများ၏ ပညာအရည်အချင်းမှာ ဘွဲ့ရပြီး (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့) ပထမလတ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
၃။ သင်တန်းရက်ကာလမှာ ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက် (၃-၅-၂၀၁၃) မှ ကဆုန်လဆန်း(၁)ရက် (၁၀-၄-၂၀၁၃)နေ့အထိ ဖြစ်သည်။
၎။ သင်တန်းနေရာနဲ့ စားရေးသောက်ရေးကိစ္စတို့ကို သက်ဆိုင်ရာမြို့နယ်က သံဃာတော်များ၊ ပီအဲန်အိုတာဝန်ခံများနဲ့ ပအိုဝ်းစာ/ယဉ်အဖွဲ့တို့က တိုင်ပင်
ညှိနှိုင်း၍ တာဝန်ယူသွားပေးရန်။
၅။ သင်ကြားပေးမည့် ဆရာ/မများကို ပီအဲန်အိုဗဟိုရုံးချုပ်မှ (အထက်က ထီသိမ် မွမ်းမံသင်တန်းဆင်းပြီးသူများကို) ပို့လိုက်မည်ဖြစ်သည်။
၆။ ထပ်ဆင့် ပအိုဝ်းဆရာဖြစ်အတွက် သင်ကြားကြမည့် သင်တန်းသား/သူ
များကို မိမိတို့နယ်ဒေသအတွင်းရှိ ပုဂ္ဂိုလ်များကိုသာ ခေါ်ယူရမည်။
၇။ မြို့နယ်အလိုက် သင်တန်းနေရာဌာနနှင့် သင်တန်းသား/သူစာရင်းများကို ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၃)ရက်နေ့တွင် ပီအဲန်အိုဗဟိုရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်သည်။

ပအိုဝ်းဖိုရမ်
KayanTimes၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်း များ မှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့် အား နိုင် ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံ သင်တန်းတက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ် သည်။
သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မ မခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ် ထားလေ သည်။၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ (၂၃-၄-၂၀၁၃) အင်္ဂါနေ့တွင် သင်တန်းပို့ချရန် ဌာနဖြစ် သည့် တောင်ကြီးမြို့၊ ထီသိမ်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ရမည်ဖြစ်သည်။
အဆိုပါ ထီသိမ်ဘုန်းတော်ကြီးကျောင်းကို မသိလျှင် ပီအဲန်အိုဗဟိုရုံးချုပ်၌ လာရောက်စုရုံးကြပါ၊ ဒါ့အပြင် သင်တန်းသားများအနေဖြင့် မိမိတို့၏ခေါင်းအုံးစောင်ခြင်ထောင်နဲ့ ရိုးရာပအိုဝ်းဝတ်စုံကိုပါ တပါတည်း ယူလာပါရန်လည်း အသေးစိတ် ညွန်ကြားဖော်ပြထားသည်ကို သိရှိရပါသည်။
တိုင်းရင်းသားများ မိမိတို့၏စာပေကို မိမိတို့နယ်ဒေသတွင် သင်ကြားပေးမှုနဲ့ ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအတိုင်း -
၁။ စာသင်ကျောင်း(၁)ကျောင်းလျှင် ပအိုဝ်းဆရာ/မ (၂)ဦးကျ မွေးထုတ်ပေးသွားရမည်။
၂။ ဆရာ/မများ၏ ပညာအရည်အချင်းမှာ ဘွဲ့ရပြီး (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့) ပထမလတ် တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
၃။ သင်တန်းရက်ကာလမှာ ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက် (၃-၅-၂၀၁၃) မှ ကဆုန်လဆန်း(၁)ရက် (၁၀-၄-၂၀၁၃)နေ့အထိ ဖြစ်သည်။
၎။ သင်တန်းနေရာနဲ့ စားရေးသောက်ရေးကိစ္စတို့ကို သက်ဆိုင်ရာမြို့နယ်က သံဃာတော်များ၊ ပီအဲန်အိုတာဝန်ခံများနဲ့ ပအိုဝ်းစာ/ယဉ်အဖွဲ့တို့က တိုင်ပင်
ညှိနှိုင်း၍ တာဝန်ယူသွားပေးရန်။
၅။ သင်ကြားပေးမည့် ဆရာ/မများကို ပီအဲန်အိုဗဟိုရုံးချုပ်မှ (အထက်က ထီသိမ် မွမ်းမံသင်တန်း ဆင်းပြီး သူများကို) ပို့လိုက်မည်ဖြစ်သည်။
၆။ ထပ်ဆင့် ပအိုဝ်းဆရာဖြစ်အတွက် သင်ကြားကြမည့် သင်တန်းသား/သူများကို မိမိတို့နယ်ဒေသ အတွင်း ရှိ ပုဂ္ဂိုလ်များကိုသာ ခေါ်ယူရမည်။
၇။ မြို့နယ်အလိုက် သင်တန်းနေရာဌာနနှင့် သင်တန်းသား/သူစာရင်းများကို ၁၃၇၅-ခုနှစ်၊ တန်ခူး လပြည့်ကျော်(၃)ရက်နေ့တွင် ပီအဲန်အိုဗဟိုရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်သည်။

ပအိုဝ်းဖိုရမ်
KayanTimes

No comments:

Post a Comment

My Blog List