Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts
Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts
Friday, November 08, 2013
” ပြာပုံဘဝနှင့် သားကောင်ဘဝသို့ တွန်းပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်စေရန် သုံးသပ် အကြံပြုစာတမ်း”
နိုဝင်ဘာ ၈ ရက် ၂၀၁၃
to amend 2008 constitution by U Phoe Hlaing.pdf
ဆင်ဖြူတော် ဦးကျော်ဝင်းနှင့် ဦးဖိုးလှိုင်(B.Sc  H.G,R.L) တို့ ရေးသားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သည့် ” ပြာပုံဘဝနှင့် သားကောင်ဘဝသို့ တွန်းပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်စေရန် သုံးသပ် အကြံပြုစာတမ်း” ဖြစ်ပါသည်။
စာတမ်းတွင်
* လူနည်းစုအခွင့်အရေး (Minority Right) နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ ရှိပါသလား။
* ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အာဏာရှင်စနစ်ကို စတင်ထူထောင်ခဲ့သူများ၏ မျိုးစေ့ အစစ်အမှန်များလား
* မိစ္ဆာ ဝါဒီတို့၏ ဆောင်ပုဒ်” မြေမျိုလျှင် လူမျိုးမပျောက် လူမျိုလျင် လူမျိုး ပျောက်မည်။”
* ဖျံကျသူများ သွေးခွဲထားသည် နိုင်ငံသား (၆) မျိုး ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား(၃) မျိုး၊
* လူများစု၏ ဆန္ဒဆိုတိုင်း ဒီမိုကရေစီ မထင်နဲ့ (ဝါဝါမြင်တိုင်း ရွှေမထင်နဲ့)
* သမ္မတများ လက်ရှိရာထူးမှ နှုတ်ထွက်ပေးရလျှင် မသင့်တော်ပါ။
* နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လူမပါဘဲ ငွေနှင့် နည်းပညာသာ ဝင်လာမှာလား/
*  ကေသရာဇာ ခြင်္သေမင်းသည် ဘယ်သောအခါမှ မြက်မစားပါ။ သို့သော် မြက်စားရကိန်း ကြုံတတ်ပါသည်။
* ဆင်သည် ပြထားသောအစွယ်ဖြင့် မစားပါ မဝါးပါ။
* ပြည်ထောင်စု မြန်မာနိုင်ငံဖွား နိုင်ငံမဲ့များ ကိစ္စ။
* ပြုပြင်ရန် ခက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူခိုးဓားပြ ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ခေါ်ပါသည်။
M-Media
Monday, April 22, 2013
အမေ ဒေါ်စု သိစေချင်ပါသည်..
Photo: အမေ ဒေါ်စု သိစေချင်ပါသည်..
Sunday, April 21, 2013 
အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်းပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနားမိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာဝင်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်ချင်တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေးသမားတွေလို ဝေ့လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့အမေ့ကို လေးစားပါတယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာမှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
 ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ်ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည်အတွက် ရေးဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။ 
 တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြားသားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော်သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
 တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက်ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြားသားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင်မှာလဲဆိုပြီး နိုင်ငံခြားသားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစားလာကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်ရှိတယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင်လိုက်ရင် နောင်နှစ်ပေါင်းများစွာမှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
 ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေအများကြီးရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ်လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာပါတဲ့အချက်တွေကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။ 
ပုဂံသား အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်း ပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနား မိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာ ၀င်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံ ရဲ့သမ္မတ ဖြစ်ချင် တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေး သမားတွေ လို ဝေ့ လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့ အမေ့ကို လေးစားပါ တယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေး ပါတီ ခေါင်းဆောင် မဆို နိုင် ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာ မှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ် ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော် အကြီးအကဲ အဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည် အတွက် ရေး ဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။
တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြား သားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော် သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင် ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက် ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြား သားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင် မှာလဲ ဆိုပြီး နိုင် ငံခြား သားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစား လာ ကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့် ရှိ တယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်း စုကြည် ကို နိုင်ငံတော် သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင် လိုက်ရင် နောင်နှစ်ပေါင်း များစွာ မှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေ အများကြီး ရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မှာပါတဲ့အချက်တွေ ကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။
ပုဂံသား
Monday, April 01, 2013
အသားထဲမှလောက်ထွက်၊ စကောလောက်မှ စောက်မနက်သော ဇာဂနာသို့ အိပ်ဖွင့်ပေးစာ (သို့) ပျက်လုံး
အနုပညာသည်ဆိုတာမိမိတို့တက်မြောက်လာတဲ့ပညာရပ်တွေကို  ရုပ်ရှင်၊ သဘင်၊ ဂီတစသည်ဖြင့် ကျရာ အခန်းကဏ္ဍအသီးသီးမှ အသုံးချပြီး ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းကို ပျော်ရွှင် ရယ်မော ရလောက်ေ အာ င် ပေးစွမ်းနေကြသူတွေကိုဆိုလိုပါတယ်။ အဲဒီအနုပညာနဲ့ မိသားစုစားဝတ် နေရေးကို တည်ဆောက် ယူနေ ကြတဲ့ ဘ၀သမားတွေဖြစ်ကြပါတယ်။ အဲ့ဒီလိုအနုပညာသည်တွေမှာ လူရွှင်တော်တွေဟာလည်း အရေးပါ အရာရောက်တဲ့အခန်းကဏ္ဍမှာ ပါဝင်ကြပါတယ်။
ခေတ်ကာလပြောင်းလဲမှုနှင့်အတူ လူရွှင်တော်တွေဟာ ခေတ်နဲ့လျော်ညီတဲ့ ပြက်လုံးတွေကို ဦးစားပေးပြီး ပရိသတ်တွေနှစ်သက်လက်ခံလောက်အောင် ရွေးပြီးပြက်ကြရပါတယ်။ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးတွေကို ပရိတ်သတ်ကြိုက်လာတာနဲ့အမျှ ငါပြက်သမျှ အမှန်ချည်းပဲမို့ ပရိတ်သတ်လက်ခံတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ အားနည်းချက်မှန်သမျှကို အထိရောက်အောင်ပြက်လုံးတွေနဲ့ ထောက်ပြရ မယ်ဆို ပြီး သွေး နားထင်ရောက်လာခဲ့တယ်။ ပြက်လုံးဆိုတာ နားထောင်တဲ့ပရိတ်သတ်အားလုံးအတွက် အကျိုးပြုမယ့် မှတ် သားစရာ ဗဟုသုတတွေကို ရယ်စရာနဲ့ရောပြီး ဖျော်ဖြေရတာဖြစ်ပါတယ်။ လူသဘောသဘာဝ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို လူရွှင်တော်တွေရဲ့ အာဝဇ္ဇန်းနဲ့ ပရိတ်သတ်ရယ်မောအောင် ထိုးထွင်းဥာဏ် ထုတ်ထား တဲ့ပြက်လုံးမျိုးတွေမ ထုတ်နိုင်ကြ တော့ဘူး။
Wednesday, January 09, 2013
ကချင်မြေရောက် ရှမ်းတစ်ယောက်ရဲ့ ရင်ဖွင့်သံ
         ကျွန်တော်သည် ကချင်ပြည်နယ်ဖွား ရှမ်းလူမျိုးတစ်ယောက်ဖြစ်ပါသည်။ တာလောကြီးကျေးရွာ တွင် မွေးဖွားနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့၏ တာလောကြီးကျေးရွာသည် ယခုအချိန်တွင် KIA ၏ ကမ်းကုန်အောင် ရက်စက်ယုတ်မာမှုများကြောင့် မြန်မာပြည်သူများ သိရှိခဲ့ရပြီ ဖြစ်ပါသည်။ ငယ်စဉ် ကတည်းက နေထိုင်လာသဖြင့် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများအား မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရ ပါသည်။
          တာလောကြီးကျေးရွာတွင် ရှမ်းလူမျိုးအများစုနေထိုင်ကြပြီး တောင်ယာအလုပ်ဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းနေထိုင်ကြပါသည်။ သို့သော် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် လိုအပ်လာသည့် အချိန်တိုင်း ရွာထဲရှိ အရွယ်ကောင်း ယောင်္ကျားလေးများအား ရွာမှတစ်ဆင့် ဆင့်ခေါ်၍လည်းကောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့် လည်းကောင်း လူသစ်စုခဲ့ကြပါသည်။ ဆက်ကြေးငွေများကိုလည်း အခြားကချင် ရွာများထက် ပို၍တောင်းခံခဲ့ပါသည်။ အဆိုးဝါးဆုံးလုပ်ရပ်မှာ ရှမ်းသမီးပျိုလေးများအား ဖမ်းဆီးခေါ်ဆောင် သွားပြီး မုဒိန်းကျင့်ခြင်းဖြစ်သည်။ KIA အဖွဲ့မှာ လက်နက်များကိုင်ဆောင်ထားပြီး စည်းကမ်းမဲ့သော အဖွဲ့ဖြစ်သဖြင့် စိတ်မထင်ရင် မထင်သလို သတ်ဖြတ်ခြင်းများကို လည်း ဆောင် ရွက် သဖြင့် မည်သူမျှ မတားရဲခဲ့ပါ။ ၄င်းတို့၏ ရက်စက်ယုတ်မာမှုများအား လည်စင်းခံခဲ့ရသည်။
          လူသစ်စုခံရသူများအားလည်း KIA အဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုများရှိသည်။ ရှမ်းလူမျိုးလူသစ်များအား အစာရေစာဝအောင်မကျွေးပဲ ရှေ့တန်းစခန်းများတွင်သာ အသေခံခိုင်းခြင်း၊ မည်သည့်ပြဿနာဖြစ်လာသည် ဖြစ်စေ ရှမ်းလူမျိုးများကိုသာ ပြစ်ဒဏ်ပေးခြင်း၊ အဖွဲ့အတွင်း ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရာထူးမပေးခြင်းစသော လူမျိုးရေးခွဲခြားမှုများကိုလည်း ပြုလုပ်ခဲ့သည်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် နောက်ပိုင်းတွင် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများ ပိုမိုတိုးပွားလာသည်။ လူသစ်စုရန် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုများပြားလာပြီး အသက်မပြည့်သေးသူ အထက်တန်းကျောင်းသားများကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
          KIA ၏ ရှမ်းလူမျိုးများအပေါ် ရက်စက်မှုများမှာ ပြောမကုန်နိုင်အောင်ရှိသည်။ လူသစ်စုရန် ဖမ်းဆီးရာတွင် ယောင်္ကျာလေးများကိုသာမက မိန်းကလေးများကိုပါ ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ မိန်းမပျိုလေးများအား စခန်းရှိ KIA အဖွဲ့ဝင်များမှ စိတ်ကြိုက် မုဒိန်းကျင့်ပြီး ဖမ်းဆီးထား သည်။ ငြင်း ဆန်သောသူများအား ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ထုခြင်းစသည်ဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ စခန်း တစ်ခုလုံး အသုံးချ၍ ကျေနပ်ပြီဆိုပါက အခြားစခန်းများသို့ ပို့ဆောင်၍ ထပ်မံ အသုံးချစေသည်။ ထို့ထက် ပို၍ဆိုးသည်မှာ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချခြင်းပင်ဖြစ်သည်။
Monday, August 20, 2012
ရေတပ် တပ်ကြပ် မောင်ညိုနှင့် အဖွဲ့ ဒေသခံ ရခိုင်လူထုများ အပေါ် ဗိုလ်ကျနေ (ပေးစာ)
မြန်မာ့ ရေတပ်မှ တပ်ကြပ်ကြီးနှင့် တပ်ဖွဲ့ဝင်များ ဗိုလ်ကျအနိုင်ခံနေခြင်းကို သက်ဆိုင်ရာမှ အရေးယူပေး ပါရန် ရိုသေစွာတင် ပြခြင်း
ကျောက်ဖြူမြို့နှင့် (၃၃) မိုင်ဝေးသော ကလန့်တဲ ကျေးရွာ ပိုင်မြေဧက (၅၀)ခန့်ကို လွန်ခဲ သော(၈) နှစ်ခန့်မှ စ၍ ကြက်ဆူ စိုက်ရန် မတရား သိမ်ပိုက်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကလန်.တဲ၊ မူရွင်း၊ ကုန်ဘောင်၊ ကင် အုတ်စု၊ ရမ်းဗြဲ မြို့နယ် လေးတောင် နယ်နှင့် ဇင်း ချောင်းကျေး ရွာအုပ်စုတို့မှ ဒေသခံ ပြည်သူ များမှာ အမျိုးမျိုး အနိုင်ကျင့်ခြင်းကို ခံခဲ့ရ ပါသည်။
လွန်ခဲသော(၂)နှစ်ကျော်မှ ၄င်းကြက်ဆူခြင်းကို မြေပဲ စိုက်ရန် အကြောင်းပြချက်ဖြင့် တပ်ဖွဲ. ၀င်များနှင့် တာဝန်ခံ တပ်ကြပ်ကြီး မောင်ညို တို့မှာ ပတ်ဝန်းကျင် ကျေးရွာများကို ညအချိန် အရက်သေစာ သောက်စားပြီး ကျေးရွာရှိလူငယ်များကိုအနိုင်ကျင်.ရိုက်ပုတ်ခြင်း ကျေးရွင် တွင်း အော်ဟိုက်ဆူပူခြင်း လင်ယောင်္ကျားများ မရှိသော အိမ်များကို ညအချိန် ၀င်ရောက်ခြင်း ပြုလုပ်နေသော်လည်း ရေတပ် တပ်ကြပ် ကြီးမောင် ညိုကို ကြောက်၍ အမှု မတိုင်ဘဲနေကြပါသည်။
Friday, August 17, 2012
ဟင်္သာတက ဦးထွန်းရွှေအကြောင်း ပေးစာ
ဟင်္သာတမြို့ တနေရာ (ဓာတ်ပုံ - ဂူဂဲလ်ဂြိုလ်တု)
ဧရာဝတီတိုင်း ဟင်္သာတမြို့ နယ်မှာ ပြီး ခဲ့  တဲ့  ၁၅ ရက် ၆ လပိုင်းက ဖြစ် ခဲ့  တဲ့  အမှုအကြောင်း ပြောချင်ပါတယ်။
တလုတ္ထော် ကျေးရွာ မြစ်ကိုင်းရပ်ကွက် နေ ဦးထွန်းရွေ ဆိုသူက အဲံ့ ဒီ နေ့မှာ မူးပြီး အိမ်မှာ ရမ်းကားနေခဲ့ ပါ တယ်။
ဒါ ကို အိမ် က လူ တွေ က ရဲ ကို အကြောင်း ကြားပြီး ဖမ်းခိုင်းတယ်။ ရဲက မူးရစ် ရမ်းကားဆို ဖမ်းတော့  သူက မလိုက်ဘူးဗျ။ ၇ဲ ကအတင်း ရိုက်နှက် လူမဆန် စွာ ကြိုးတုပ် လက်ထိပ်ခတ်။ ဒါတင်မက တိ ရိစ္ဆာန် ထမ်းသလို ဒုတ် နဲ့  ရှိုထမ်းပြီး ရဲစခန်းေ၇ာက်စေခဲ့  ကြပါတယ်။
ဥပဒေမှာ မူးယစ်ရမ်းကားသူကို ရဲက ၂၄ နာရီထက် ပိုဖမ်းလို့မရပါ။ တကယ်လို့  အရမ်း ခံရသူတွေက အမှုဖွင့် ခဲ့ ရင်လဲ ၇ဲက အမှုဖွင့်ပြီး ဟင်္သာတ ပို့ရမှာပါ။ တရားရုးံ က တစ်လ အမိန့် ချခဲ့ရင် တရားခံက ကျခံရမှာပါ။ ဒါက ပုံစံအမှန်ပါ။
သို့ သော် တလုတ္ထော် ရဲစခန်းမှာ စခန်းမှူးနဲ့ စခန်းရှိ မိန်းမများ မကျန် ဦးထွန်းရွှေကို ဟိုခိုင်း ဒီခိုင်း ခိုင်း ပြီး ၀ိုင်း နှိပ်စက်လိုက်ကြတာ တစ်လ တင်းတင်း ပြည့် တဲ့ နေ့ (၇ လ ပိုင်း ၁၅ ရက်နေ့  မှာ ရဲစခန်းမှာ သေဆုးံခဲ့ပါတယ်။ သေတာက မနက် လေး နာရီမှာပါ။
Saturday, August 11, 2012
သမ္မတ၏ ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် မူလမြေပိုင်ရှင်ကိုသာ ပေးလိုပါတယ်
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို မွတ်ဆလင်ဘာသာဝင် ကုလားတွေက မီးရို့ တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့  ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရို့ သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို လိမ်ညာလို့  မရတဲ့ အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင် ဘယ်လိုလာဘ်စားတဲ့  လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ် ။
စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီလ-၅-ရက်နေ့ ကလဲဘဲ အခုလို ကုလား-ရခိုင်အဓိကရုဏ်းကြောင့် ပထမတကြိမ် မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို - နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။
စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ စစ်ကိုင်းမြို့မြင်ကွင်း (ပေးစာ)
ဓာတ်ပုံ သြဂုတ်လ(၉)ရက်နေ့က စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီဝင်းအတွင်း  ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများတွေ့ဆုံပွဲ မြင်ကွင်း
 (ဓာတ်ပုံ ပေးပို့သူ ပြည်သူ့သတင်းထောက်)
မနေ့က (၉.၈.၂၀၁၂)က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများနဲ့ ကောင်းမှုတော်စေတီမှာ ပန်းရေချမ်း ဆပ်ကပ်ပြီး ၈၈၈၈လုံး အရေးတော်ပုံကြီးရဲ့ နောက်တရက် ၉ ရက် ၈ လ ၁၉၈၈က ကျဆုံးသွားခဲ့ကြတဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် ဆုတောင်း မေတ္တာပို့သ ခဲ့ကြပါတယ်..။  ထိုစဉ်က စစ်ကိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမဆန်စွာ ပစ်ခတ်ခဲ့မှု အခြေအနေတွေကို မမှီလိုက်တဲ့ ယနေ့ခေတ် လူငယ်တွေနဲ့ မသိရှိရသေးသူတွေ သိရှိနိုင်ဖို့အတွက် ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဆိုပါ ၉ရက် ၈လ ၁၉၈၈ခုနှစ်က   စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ မြင်ကွင်း (ပေးစာ)ကို ဖော်ပြလိုက်ပါတယ်..။
Friday, August 03, 2012
ကိုကိုကြီး သို့ အိတ်ဖွင့်ပေးစာ
သြဂုတ်လ၊ ၂ ရက်နေ့က ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွှာိ မသီတာထွေး၏ ကျန်ရစ်သူ မိသားစုများကို အားပေးစကားပြောကြားနေသည့် ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားတချို့၊ ဓာတ်ပုံ- ၈၈
ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုကိုကြီးရှင့်
အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း
စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။
ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ
စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ်ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက် ခဲ့ရတာ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့ တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုလေးစား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင်။
ခေတ်အဆက်ဆက် အဖိနှိပ်ခံနေရတဲ့ တောင်သူလယ်သမားတဦး၏ အိတ်ဖွင့်ပေးစာ...
ခေတ်အဆက်ဆက် အဖိနှိပ်ခံနေရတဲ့ တောင်သူလယ်သမားတဦး၏ အိတ်ဖွင့်ပေးစာ...
Sunday, July 29, 2012
ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်
ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့
Tuesday, July 24, 2012
ဖြစ်ကြောင်းရယ် ကုန်စင် မြိတ်မြို့တစ်ခွင်... (တိုင်ကြားစာ)
 ငါးမှုန့်(ပါကေး) စက်ရုံများ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းတွင် ငါးမှုန့်(ပါကေး) စက်ရုံ(၄)ရုံရှိသည်။ ၎င်းစက်ရုံကြီးများကို နှစ်ပေါင်း တစ်ဆယ်ကျော်ခန့် ကတည်းက တည်ဆောက်ခဲ့သည်။ စစ်အစိုးရခေတ် အဆက်ဆက် တိုင်းမှုး အဆက်ဆက် ၎င်းစက်ရုံကြီးများကို လည်ပတ်လာခဲ့ရာ ယနေ့ခေတ်ဒီမိုကရေစီ အစိုးရလက်ထက်တိုင် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။
စက်ရုံများမှထွက်သော အနံ့ဆိုးများ၊အပုတ်နံများ၊ စွန့်ပစ်ရေများက မြိတ်မြို့တစ်မြို့လုံးကို ဒုက္ခပေးလျှက်ရှိသည်။ ရောဂါဖြစ်၍ သေဆုံးကုန်သော ပြည်သူများလည်း မနည်းတော့ပါ။ ၎င်းကိစ္စများကို တိုင်းမှူး အဆက်ဆက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို၊ ယနေ့ခေတ်တွင်လည်း မည်သူ တစ်ဦးတစ်ယောက်မှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။
၎င်းငါးမှုန့် စက်ရုံများအတွက် လုပ်ငန်းရှင်များမှ ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ငါးဖမ်းပိုက်ကွက် အသေးများကို အသုံးပြုကာ တရားမဝင် ဖမ်းဆီးလျက်ရှိသည်။ စက်ရုံအင်ဂျင်စက်များ လည်ပတ်ရန်အတွက် ဒီဇယ်ဆီကို အသုံးမပြုဘဲဈေးနှုန်းသက်သာသော သဘာဝထင်းများကို မတရားခုတ်ယူကာ အလွန်အမင်း အသုံးပြု နေခြင်းကြောင့် ယခင်ကရာသီဥတု သာယာမျှတသော မြိတ်မြို့သည် အလွန်အမင်း ပူပြင်းသောမြို့ အဖြစ်သို့ ရောက်ရှိလာလျှက် ရှိနေပြီ။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန များမှလည်း  ပြည်သူအကျိုးကို မကြည့်ဘဲ ရေငုံနုတ်ပိတ်လျက် ရှိနေပါသည်။
Sunday, July 22, 2012
တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ
သို့
သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။
သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန်မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။ 
သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။
Wednesday, July 11, 2012
သာသနိကအဆောင့်အဦးအား အဓမ္မ လုယူနေ
 ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေဂူရပ်ကွက်အမှတ်(၇၇) လမ်းရှည်လမ်းနှင့် ပန်းဆိုးတန်း
လမ်းထောင့်ရှိ တနင်္ဂနွေ ဆွမ်းလောင်းအသင်းပိုင်ဖြစ်သောအောင်ခြင်းဓမ္မာရုံ အတွင်း၌
ခေတ္တထားသောအရံမီးသတ်တပ်ဖွဲ့ တပ်စု(၇) မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ
လျှက်ရှိသောကြောင့် ဆွမ်းလောင်းအသင်းမရှိပါကမြို့ပေါ်ရှိစာသင်တိုက်များအပါအ၀င်
တောရကျောင်းများမှ  သံဃာတော်အပါးနှစ်ထောင်ကျော်တို့၏ အာရုဏ်ဆွမ်းကိစ္စအား
မြို့ခံပြည်သူများမှ စိုးရိမ်လျှက်ရှိကြောင်းသိရှိရပါသည် ။
ဦးရွှေမန်းသို့ အိတ်ဖွင့်တိုင်စာ
ပထမအကြိမ်
ကျွန်တော့် မိတ်ဆွေ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ်ဆွဲချခဲ့ပါသည်။
၎င်းမိသားစုက နေစရာ မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည် အစားထိုးပေးခဲ့ပါသည်။
ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါသဖြင့်ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင် လာခဲ့ရပါသည်။
Tuesday, July 10, 2012
အတွင်းသိတဦးရဲ့ စပ်မိစပ်ရာ ပေးစာကဏ္ဍ...
ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အတွင်းသိတဦးရဲ့ စပ်မိစပ်ရာ ပေးစာ..
အားလုံးက အမေစုကို Vice President ဖြစ်စေချင်ကြတယ်။  ဒါပေမယ့် အခြေခံဥပဒေနဲ့ ညှိနေတယ်တဲ့။ သားတွေက နိုင်ငံခြားသားတွေ ဖြစ်နေလို့တဲ့။  ဟုတ်ပြီ ဒါဆိုရင် ဥပဒေ နားလည်သူတွေ အနေနဲ့ ယခုလွှတ်တော်ထဲ ရောက်နေပြီး ရာထူးကြီးကြီး ယူထားသူ အချို့ကိုလည်း ပြန်လည်ဆန်းစစ် ပေးဖို့လိုပါလိမ့်မယ်..။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများအား ဖိအားပေး ခြိမ်းခြောက်ခဲ့သူ)ရဲ့ သားမက်ဟာ နိုင်ငံခြားသား (Australianနိုင်ငံသား ခံယူထားသူ)ပါ။ ၂ဝဝ၈မေလ နာဂစ်မုန်တိုင်း ပြီးခါစသူတို့ လက်ထပ်ပြီးမှ ရန်ကုန်မှာ အခြေချ နေထိုင်လာတာပါ။ သူ့သမီး နိုင်ငံခြားသားနဲ့ လက်ထပ်တာကို လူသိမှာစိုးလို့ တချက်လွှတ်အမိန့်နဲ့ ခမည်းခမက်တွေကို မြန်မာနိုင်ငံမှာ ပြန်ပြီး အခြေချ နေခိုင်းပါတယ်။ မိဘတွေက သားသမီး ကောင်းစားတာ မြင်ချင်တော့ ဝယ်ပြီးခါစ Sydney ကအိမ်လေးကို ရောင်းပြီး ပြည်တော်ပြန် ရပါရောလား။  ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ သူနဲ့ နာမည်တူနေလို့ဆိုပြီး ခမည်းခမက်မှာ နာမည်ပြောင်းပေးရရှာတယ်..။
My Blog List