Wednesday, January 09, 2013

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

Photo: ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ
Monday, January 07, 2013

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်း တွင်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း
ဒေသခံတဦးက ပြောသည်။

“ပြည်သူ့စစ်က ၇ ယောက်ပဲ ရှိတာ။ မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေးသွားရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ပြည်သူ့ စစ်စခန်းက ရွာထဲတင်ဆိုတော့
ကြောက်ကြတာပေါ့” ဟု နမ့်မွန်း ကျေးရွာသား တဦးဖြစ်သူ ကိုဂျာတောင်က ဆိုသည်။ 

ဝင်ရောက်ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး နမ့်မွန်း
ကျေးရွာတွင်ရဲစခန်းနှင့် စစ်တပ် မရှိသည့် အတွက် အင်အား ၇ ဦးသာ ရှိသည့် ပြည်သူ့စစ်အဖွဲ့ကိုသာ အားကိုးနေရကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ်ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။ 

“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။ 

နမ့်မွန်းကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေထိုင် ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်းသည် ၁၁ မိုင် အကွာရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ်တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ ဒဏ်ရာရသွားတဲ့ ပြည်သူ့စစ်အတွက် ဆေးဖိုး ဘာညာ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ကိုငယ်က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား
 ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ ၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။ 

အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်
တိုင်းရင်းသားများ သာမက ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိ
ဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ ၀င်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက်
တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။

ဧရာဝတီကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်း တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်း ရရှိသည်။
KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ ၀င် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ဘယ် ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာ များရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်းဒေသခံတဦးက ပြောသည်။

Tuesday, January 08, 2013

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည် Chevron အပါအ၀င် အမေရိကန်ကုမ္ပဏီ ခုနစ်ခုမှ လုပ်ငန်းရှင်များအပြင် ကမ္ဘာ့ဘဏ်မှ တက်ရောက်မည်ဟု သိရ

Photo: အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည် Chevron အပါအ၀င် အမေရိကန်ကုမ္ပဏီ ခုနစ်ခုမှ လုပ်ငန်းရှင်များအပြင် ကမ္ဘာ့ဘဏ်မှ တက်ရောက်မည်ဟု သိရ
Sunday, 06 January 2013

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်ကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) မှ ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဖရင့်သို့ ၀ါရှင်တန်ဒီစီအခြေစိုက် အမေရိကန် ကုန်သည်များ
အသင်းမှ အသင်းသားများ၊ အမေရိကန် ကုမ္ပဏီများဖြစ်ကြသည့် Asia Global Xpress, Cargill, Chevron, eBay, EMC, Conocophilips, 
Gibson Dunn & Crutcherlip, Honeywell စသည့် ကုမ္ပဏီကြီး ခုနစ်ခုမှ လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။

၎င်းအပြင် ကမ္ဘာ့ဘဏ်မှလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များ အကူအညီပေးရေးအတွက် ရှင်းလင်းဆွေးနွေးရန် လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ US-Myanmar Trade and Investment Relations: 
The Path Forward ကွန်ဖရင့်ကို ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပမည်ဖြစ်သည်။

အဓိကအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အကူအညီပေးရေး၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာ တွန်းအားပေးရေး၊ မြန်မာနိုင်ငံ၏ အလားအလာရှိနေသည့် ဘဏ္ဍာရေးကဏ္ဍ၊ အာဆီယံစီးပွားရေး အသိုက်အ၀န်းသို့ အတူတကွ ပါဝင်ဆောင်ရွက်ရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းများ ပါဝင်မည်ဟု သိရသည်။

တက်ရောက်လာမည့် အမေရိကန် ကုမ္ပဏီများတွင် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ကုမ္ပဏီ၊ သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ၊ စွမ်းအင်ကုမ္ပဏီ၊ စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ၊ ၀န်ဆောင်မှု ကုမ္ပဏီနှင့် အင်တာနက် မှတစ်ဆင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုတွင် နာမည်ကျော်
သည့် eBay ကုမ္ပဏီကဲ့သို့ ကုမ္ပဏီများ ပါဝင်လာမည်ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်သို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဦးဆောင်တက်ရောက်မည် ဖြစ်သည်။

အမေရိကန် ကုန်သည်များအသင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ရေးထိုးမည် ဖြစ်ပြီး အဆိုပါကွန်ဖရင့်သို့ တက်ရောက်
လိုသည့် မြန်မာလုပ်ငန်းရှင်များ ဖေဖော်ဝါရီ ၂၂ ရက်နောက်ဆုံးထား၍ 
UMFCCI သို့ စာရင်း ပေးသွင်းနိုင်သည်။

Eleven Media Groupအမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့်ကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) မှ ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဖရင့်သို့ ၀ါရှင်တန်ဒီစီအခြေစိုက် အမေရိကန် ကုန်သည်များအသင်းမှ အသင်းသားများ၊ အမေရိကန် ကုမ္ပဏီများဖြစ်ကြသည့် Asia Global Xpress, Cargill, Chevron, eBay, EMC, Conocophilips, Gibson Dunn & Crutcherlip, Honeywell စသည့် ကုမ္ပဏီကြီး ခုနစ်ခုမှ လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။

Monday, January 07, 2013

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ

Photo: နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ
Sunday, 06 January 2013

ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများ
အုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့ တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊
(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍
ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

““ကလေးဒေသထဲကိုခိုးဝင်လာနေတဲ့ဘင်္ဂါလီတွေရဲ့သတင်းတွေကတော့နေရာတိုင်းမှကြားနေရတယ်။တချို့ဘင်္ဂါလီတွေဆိုရင်ကလေးမြို့ထဲကအဆက်အသွယ်ကနေတစ်ဆင့်လိုင်းကားစီးပြီးမုံရွာ၊မန္တလေးကိုလိုက်သွားကြတယ်လို့သတင်းရတယ်။အခုလည်းဖမ်းမိလိုက်တဲ့ဘင်္ဂါလီတွေဆိုတာအ၀တ်တစ်ထည်
ကိုယ်တစ်ခုပဲပါတယ်၊ပိုက်ဆံလည်းများများမပါကြဘူး၊လမ်းအဆက်အသွယ်တွေကနေတစ်ဆင့်စရိတ်ယူပြီးသွားကြတယ်လို့ပြောသံကြားရတယ်။ကလေး
ဒေသမှာဖြစ်နေတဲ့သတင်းတွေအရလွတ်ထွက်သွားတဲ့ဘင်္ဂါလီတွေလည်း
အများကြီးလို့ပြောသံကြားရတယ်။””—-ဟုကလေးဒေသခံတစ်ဦး
မှပြောသည်။ 

ကလေးဒေသသို့ခိုးဝင်လာသောဘင်္ဂါလီများမကြာခဏဖမ်းဆီးရမိလျှက်ရှိရာ
တရားဝင်သိရသောသတင်းများအရပြီးခဲ့သည့်(၂၀၁၂)ခုနှစ်စက်တင်ဘာလ
(၁၄)ရက်နေ့က၊တမူးနယ်စပ်မှခိုးဝင်လာသောဘင်္ဂါလီ(၁၀)ယောက် ကလေးနယ်ပေါက်တောရွာတွင်လည်းကောင်း၊အောက်တိုဘာ(၆)ရက်နေ့တွင်ကလေးနယ်လက်ပံချောင်းကျေးရွာတွင်ဘင်္ဂါလီ(၃)ယောက်၊အောက်တိုဘာ
(၁၄)ရက်နေ့တွင်ဘင်္ဂါလီ(၁၆)ယောက်၊အောက်တိုဘာ(၂၀)ရက်နေ့တွင်
ကလေးမြို့ဈေးင်္ကြးအရှေ့ဖက်တိုက်တန်းတွင်ဖမ်းမိသောဘင်္ဂါလီ(၁)ယောက်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကလေးမြို့ ပေါ် တွင်ဖမ်းမိသောဘင်္ဂါလီ
(၃)ယောက်၊နိုဝင်ဘာ(၅)ရက်နေ့တွင်ကလေးမြို့အနောက်ဖက်ချင်းတောင်ခြေရင်းလျှို အတွင်းမှဖမ်းမိသောဘင်္ဂါလီ(၁၉)ယောက်တို့ကို ဖမ်းဆီးရမိ
ခဲ့ကြောင်းသိရသည်။


ကောင်းမြတ်သူ(ကလေး)
The Hot News

ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့ တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ ကိုလည်းကောင်း၊ ထိုနေ့မှာပင်လျှင်ကလေးဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃) ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ကျပ်သန်း ၉၀ သုံးစွဲမည်

Photo: ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ 
၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့်
ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ကျပ်သန်း ၉၀ သုံးစွဲမည် 	
Sunday, 06 January 2013 

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ်သန်း ၉၀ သုံးစွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။

မန္တလေးဘူတာ ရပ်ဝန်းရထားလမ်းပိုင်း၊ မန္တလေး-ရန်ကုန် ရထားလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှင့် မန္တလေး-မင်းစု ရထားလမ်းပိုင်း
များကို အဆင့်မြှင့်ပြုပြင်ခြင်းများ၊ သစ်သားဇလီဖားတုံး နေရာများတွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် အသစ်လဲလှယ်ခြင်းများ လုပ်ဆောင်
လျက်ရှိကြောင်း သိရှိရသည်။

"ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မိုင်နှုန်းများလျော့ချနိုင်ဖို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ အပြီးသတ် လုပ်ဆောင်သွားဖို့ရာ ရှိပါတယ်။ ရထားလမ်းပိုင်း အကြီးစား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဒီနှစ်ပိုင်းလောက်မှ စလုပ်ဖြစ်တာပါ။ နှစ် ၅၀၊ ၆၀ သက်တမ်းရှိပြီဖြစ်တဲ့ သစ်သား ဇလီဖားတုံးတွေနေရာမှာ ကွန်ကရစ် ဇလီဖားတုံးတွေနဲ့ အစားထိုးနေပါတယ်။ လမ်းမြှောက် ပက်ကင်ရိုက်ဖို့အတွက်ကိုတော့ စက်နဲ့လူအင်အားကို အများဆုံးသုံးရပေမယ့် လူအင်အားကိုတော့ အများဆုံးသုံးရပါတယ်" ဟု တိုင်းအမှတ် (၃) မြို့ပြတိုင်းအင်ဂျင်နီယာမှူးကြီး ဦးမောင်မောင်သန်းက ပြောသည်။

မီးရထားလမ်းပိုင်းများ အကြီးစားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် လမ်းလွှဲ၊ လမ်းကူးများ ပြုပြင်ခြင်း၊ တာပေါင်များ ပြုပြင်ခြင်း၊ သံလမ်းပြုပြင်ခြင်းနှင့် သံလမ်းဆက်နေရာ ပြုပြင်ခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

Eleven Media Groupရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထား (မန္တလေး) မှ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ရထား လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များ အတွက် ငွေကျပ်သန်း ၉၀ သုံးစွဲ မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော မီဒီယာ တွေ့ ဆုံရှင်းလင်းပွဲမှ သိရသည်။

မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

Photo: မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်
Sunday, 06 January 2013

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်
လာခဲ့ခြင်းမရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့်
ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်
များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း
ဖြစ်သည်။

ထုတ်ပြန်ချက်အရ ကချင်တွင် ပဋိပက္ခများ စတင်ကတည်းက တရုတ်
ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်
စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာချဉ်းကပ်ခဲ့ခြင်းသာရှိသည်ဟု သိရသည်။

ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး
ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက်
မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။

PN-055
Ref: Xinhua
Popular Myanmar News Journal

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်းမရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့်ကေအုင်အေတို့ ၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတကာအဆင့် ဧရာဝတီစာပေပွဲတော် ဖေဖော်ဝါရီကျင်းပမည်

Photo: နိုင်ငံတကာအဆင့် ဧရာဝတီစာပေပွဲတော် ဖေဖော်ဝါရီကျင်းပမည်
Sunday, 06 January 2013

ဧရာဝတီစာပေပွဲတော် စာနယ်ဇင်းရှင်းပွဲကိုယနေ့နံနက်က အင်းလျားလိတ်
ဟိုတယ်၌ပြုလုပ်သည်။ မြန်မာနိုင်ငံတွင်ပထမဆုံးကျင်းပခြင်းဖြစ်သည့်
အဆိုပါပွဲကို ဖေဖော်ဝါရီ ၁ရက်မှ ၃ရက်နေ့အထိအင်းလျားလိတ်
ဟိုတယ်၌ပြုလုပ်မည်ဖြစ်သည်။ပြည်တွင်းပြည်ပမှ နာမည်ကျော်
စာရေးဆရာများတက်ရောက်မည်ဖြစ်ပြီးစာပေရေးရာများဆွေးနွေးခြင်း ၊
စာရေးဆရာကိုယ်တိုင် ၄င်းစာအုပ်ကိုဖတ်ကြားခြင်း၊စာအုပ်များရောင်း
ချခြင်း၊ဂျက်ဂီတနှင့်ရုပ်ရှင်ပြသခြင်းတို့ပါဝင်မည်ဟုသိရသည်။

ဝင့်ခွင့်လက်မှတ်များကိုအင်းလျားလိတ်ဟိုတယ်၊ တူဒေးစာအုပ်တိုက်၊
myanmar book center များတွင် ၁၅၀၀ကျပ်ဖြင့်ဝယ်ယူနိင်ကြောင်း
သိရသည်။ 

wy/kyl
Popular Myanmar News Journal


ဧရာဝတီစာပေပွဲတော်စာနယ်ဇင်းရှင်းပွဲကိုယနေ့နံနက်ကအင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သည်။ မြန်မာနိုင်ငံတွင်ပထမဆုံးကျင်းပခြင်းဖြစ်သည့် အဆိုပါပွဲကို ဖေဖော်ဝါရီ၁ရက်မှ၃ရက်နေ့အထိအင်းလျားလိတ်ဟိုတယ်၌ပြုလုပ်မည်ဖြစ် သည်။ပြည်တွင်းပြည်ပမှ နာမည်ကျော်စာရေးဆရာများတက်ရောက်မည်ဖြစ်ပြီးစာပေရေးရာများဆွေးနွေးခြင်း ၊စာရေးဆရာကိုယ်တိုင် ၄င်း စာအုပ်ကိုဖတ်ကြားခြင်း၊စာအုပ်များရောင်းချခြင်း၊ဂျက်ဂီတနှင့်ရုပ်ရှင်ပြသခြင်းတို့ပါဝင်မည်ဟုသိရသည်။

ဝင့်ခွင့်လက်မှတ်များကိုအင်းလျားလိတ်ဟိုတယ်၊ တူဒေးစာအုပ်တိုက်၊myanmar book center များတွင် ၁၅၀၀ကျပ်ဖြင့်ဝယ်ယူနိင်ကြောင်းသိရသည်။

wy/kyl
Popular Myanmar News Journal

ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ

Photo: ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ
Sunday, 06 January 2013

ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ
ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာများ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် သတင်း ပေးချက်အရ
ကျောက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်း များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင် များနှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ်အရွယ် ဒေသခံ နှစ်ဦးအား
ကျောက်မျက်ရတနာ မှောင်ခို ရောင်းဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။

မြ၀တီရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ သည်ကျာက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ် ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ်

Photo: ၂၀၁၀ ပြည့်နှစ်က အဆင့်မြင့် ဈေးသစ်အဖြစ် ပြန်လည် ဆောက်လုပ်
ခဲ့သော ဆင်မလိုက်ဈေး ပြန်လည်ဖွင့်လှစ် 	
Sunday, 06 January 2013

၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍
ပြန်လည်ဖွင့်ကာ ဈေးရောင်းချခွင့် ပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။

"ဈေးသစ်ကြီးကို ပြန်ဖွင့်ဖို့အတွက် မျှော်ခဲ့ရတာပါ။ ဘာဖြစ်လို့လဲ
ဆိုတော့ ယာယီဈေးအဖြစ် ချပေးခဲ့တဲ့နေရာမှာက ဈေးရောင်းဝယ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ဈေးသစ်မှာ ဆိုင်ခန်းပြန်မရမှာကို စိုးရိမ်ခဲ့ရတာပါ။ အခုလည်း ဈေးသစ်ကြီးမှာ ပြန်ရောင်းရဖို့အတွက် သုံးနှစ်နီးပါးလောက်
စောင့်ခဲ့ရပါတယ်" ဟု ဆင်မလိုက်ဈေးသစ်ကြီးမှ ဈေးဆိုင်ခန်းပိုင်ရှင်
တစ်ဦးက ပြောပြခဲ့သည်။

ယခင်ဆင်မလိုက်ဈေးဟောင်းသည် မြေစိုက်ဈေးဖြစ်ပြီး ယင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၁၀ ပြည့်နှစ်
နှစ်ဆန်းပိုင်းကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းများကို ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန် (၆) ရပ်ကွက်၊ ကမာရွတ်ရဲစခန်းအနီးသို့ ယာယီဈေးအဖြစ် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်နှစ်ခွဲကာလအတွင်း အပြီးတည်ဆောက်ပေးမည်ဟု ပြောကြား
ခဲ့သော်လည်း ယခုအချိန်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်
ဟုလည်း သိရှိရပါသည်။

Eleven Media Group၂၀၁၀ ပြည့်နှစ်ကတည်းက ယခင်ဈေးဟောင်းအား ဖျက်သိမ်း၍ ဆင့်မြင့်ဈေး သစ်ကြီး အဖြစ် ပြန်လည် တည်ဆောက်ခဲ့သော ဆင်မလိုက် ဈေးသစ်ကြီးအား ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ပြန်လည်ဖွင့် ကာဈးရောင်းချ ခွင့်ပးနေ ပြီဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိသည်။
Photo
ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား Sunday, January 06, 2013 သမ္မတ ဦးသိန်းစိန် ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စား လှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ အသစ်ရွေးချယ် တင်မြှောက် လိုက်တဲ့ ခေါင်းဆောင် ပိုင်း အသစ်ရွေးချယ်မှုအပြီး ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်

ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့

Photo: ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊
ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့
Sunday, 06 January 2013 

ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင်ပြည်နယ်၌
မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိလပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် နံနက် ဝဝ နာရီ ၄၅ မိနစ်က ကေအိုင်အေ အင်အား ၁ဝ ဦးခန့်သည် ဝိုင်း မော်မြို့နယ် နန့်ဝါ ကျေးရွာနေ မလငန် ခေါင်နော ၃၂ နှစ်၊ မလနေ ဒေါင်ညွယ် ၃၄ နှစ်နှင့် မလတုံ ယိန်းမျှော် ၂၈ နှစ်တို့ သုံးဦးအား နန်ဇော်ယန် ကျေးရွာ ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၃ ရက်ည ၇ နာရီ ခွဲခန့်က ကေအိုင်အေ အဖွဲ့သည် မိုးညှင်းမြို့နယ် ကာဒူနှင့် မော်ဟန် ကျေးရွာ အကြား ရထားလမ်း မိုင်တိုင် အမှတ် (၆၂ဝ-၈/၉)တွင် ရထားလမ်း လုံခြုံရေး ဆောင်ရွက် နေသော လုံခြုံရေး အဖွဲ့အား လက်နက်ကြီး များဖြင့် အဝေးမှ ပစ်ခတ် ခဲ့ကြောင်း၊ လူထိခိုက် ဆုံးရှုံးမှု မရှိ၊ ရထားလမ်း ပျက်စီးမှု မရှိသော်လည်း မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာ လာသော အမှတ်(၄ဝ) အဆန် အမြန် ရထားမှာ မော်ဟန် ဘူတာ၌ ခေတ္တရပ်နား စောင့်ဆိုင်း ခဲ့ရပြီး ည ၉ နာရီခွဲ ခန့်တွင် မိုးညှင်းဘက်သို့ ဆက်လက် ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကေအိုင်အေ အဖွဲ့သည် ဗန်းမော်-မန်စီ ကားလမ်း ပေါ်မှ အလျား ပေ ၂၈ဝ၊ အကျယ် ၁၂ ပေရှိ မံရွတ် ချောင်းကူး သံပေါင် ဘေလီ တံတားအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့မှုကြောင့် တံတား ပေ ၂ဝ ခန့် ပြိုကျ သွားသဖြင့် လူ/ယာဉ် ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် ည ၁၁ နာရီ ခန့်က ဗန်းမော်မြို့ ကြေးနန်း ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်း မိုင်တိုင် အမှတ်(၃၇၈/၃) နှင့် (၃၇၈/၄) အကြား လမ်း၏ ယာဘက် ကြံခင်း ကျေးရွာသွား လမ်းခွဲ အနီးတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ယင်းနေရာ၏ အနောက်ဘက် ကိုက် ၁ဝဝ ခန့် အကွာ၌ မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲ ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် လူထိခိုက် ဆုံးရှုံးမှု မရှိဘဲ အုတ် ခုံနှင့် သံတိုင် အချို့ ပျက်စီးမှုသာ ရှိခဲ့ ကြောင်း၊ ကေအိုင်အေ အဖွဲ့က ယာဉ်တန်းများ ဖြတ်သန်း မည်ဟု ထင်သဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း သက်ဆိုင်ရာ
ပြည်နယ်မှ သတင်း ရရှိသည်။

မြ၀တီကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင်ပြည်နယ်၌ မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက် ရှိကြောင်း သိရသည်။

အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား

Photo: အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား 
Sunday, 06 January 2013 

အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ 
စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။

သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး လမ်းဘေးမှာ အ၀တ်အစားမပါဘဲ
သွေးသံရဲရဲနဲ့ ပစ်ချထားခဲ့ပေမဲ့ ၂၅ မိနစ်ကျော်ကြာမှာ သူတို့ကို ကူညီဖို့ ရဲတွေ ရောက်လာတယ်လို့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေက ပြင်သစ် သတင်းဌာနနဲ့ အိန္ဒိယအခြေစိုက် Zee တီဗွီ သတင်းဌာန တို့ကို သောကြာနေ့က ပြန်ပြောင်း ပြောပြခဲ့တာပါ။

ရဲတွေ ရောက်လာတဲ့အချိန်မှာလည်း ဒီအမှုကို ဖြေရှင်းဖို့ ဘယ်ရဲစခန်းရဲ့ အပိုင်း ဖြစ်တယ် ဆိုတဲ့အပေါ် အချင်းချင်း ငြင်းခုန်နေကြပြီး သူတို့ကို အနီးဆုံး ဆေးရုံကို ပို့မပေးဘူးလို့ ဥပဒေလမ်းကြောင်း အခြေအနေအရ အမည်နဲ့ ရုပ်ပုံ ဖော်ပြလို့မရနိုင်တဲ့ အဲဒီ အမျိုးသားက ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီ အကူအညီပေးနိုင်ခဲ့တဲ့အကြောင်းနဲ့ သူတို့ထံ အကူအညီတောင်းတဲ့ ဖုန်းခေါ်ပြီး မိနစ် ၃၀ အတွင်း သူတို့နှစ်ဦးကို
ဆေးရုံပို့ပေးလိုက်နိုင်တဲ့အကြောင်း ဒေလီရဲတပ်ဖွဲ့ရဲ့ ပူးတွဲ ရဲမင်းကြီး 
Vivel Gogia က စနေနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဗွီအိုအေအိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆို ချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။

ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်

Photo: ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်
Sunday, 06 January 2013 

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာ
မော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့်
မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ်
မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။

သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်း
ပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။

ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတ
အနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများ
အား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် 
လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။

ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်
ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ
 ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာ
လောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။

(ကျော်သူ facebook မှ)
Popular Myanmar News Journal၄.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာ မော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့သည်နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့်မြင့်မြတ်လှသောအလှူရှင် တစ်ဦး လည်းဖြစ်သည်။

PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ

Photo: PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော
နှုန်းထား ကွာခြားမှုရှိနေ 	
Sunday, 06 January 2013 

အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့
ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူ
အချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်
ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

“PCO တွေအတွက် ယူရမယ့် နှုန်းထားတွေကို သတ်မှတ်ပေးပြီးသား
ဖြစ်ပါတယ်။ သတ်မှတ်နှုန်း ထားထက် ပိုယူတဲ့အတွက် အရေးယူ တာတွေလည်း ရှိခဲ့ပါတယ်။ အရင်တုန်းကတော့ ပိုက်ဆံအကြွေကိစ္စ အတွက်လည်း ဆက်သွယ်ရေးအနေနဲ့ စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မစီစဉ်ပေး ဖြစ်တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ပုံမှန်ကတော့ မြို့တွင်းခေါ်ဆိုခကို တစ်မိနစ်ကျပ် ၃၀ ယူပြီးတော့ နယ်ဝေးခေါ်ဆိုခကို တစ်မိနစ်ကျပ် ၅၀ ယူပါတယ်။ တချို့လည်း 
တစ်မိနစ်ကို ကျပ် ၇၀၊ ကျပ် ၁၀၀ ယူကြတာတွေ ရှိနိုင်ပါတယ်။ ကျွန်မတို့က နေ့စားဝန်ထမ်း အနေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်လကို တစ်ခါ နေရာပြောင်းရပါတယ်။ အရင်ကနဲ့ ယှဉ်ရင်တော့ အခုနောက်ပိုင်းမှာ ဖုန်းလာဆက်တဲ့သူ နည်းသွားပါတယ်” ဟု PCO ၀န်ထမ်းတစ်ဦးက
ပြောပြခဲ့သည်။

“PCO မှာ ဖုန်းပြောတာ တစ်မိနစ်ကိုကျပ် ၇၀ ပေးလိုက်ရတယ်။ အပြင်ဖုန်းဆိုင်တွေမှာတော့ ဒီနှုန်းထားနဲ့ ယူနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အများပြည်သူသုံး PCO အနေနဲ့ သတ်မှတ်ပေးထားတဲ့
နှုန်းထားရှိပြီးတော့ ပိုယူတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်တာတောင် တစ်မိနစ်ကျပ် ၅၀ ဆို တာက တော်တော် များနေပါပြီ။ ကြိုးဖုန်းတွေက တစ်မိနစ်ကို ကျပ် ၁၅၊ ကျပ် ၂၅ ပဲရှိတာကို ဒီလိုမျိုး
နှုန်းထားနဲ့ မယူသင့်ပါဘူး။ အပြင်ဖုန်းတွေကတော့ မူရင်းဈေးကိုက တစ်မိနစ် ကျပ် ၅၀ ရှိနေတော့ ကျပ် ၇၀ ယူတာမျိုးက ဖြစ်နိုင်ပါသေးတယ်။ PCO ၀န်ထမ်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးထားသင့်တယ်” ဟု PCO တွင် ဖုန်းဆက်ခဲ့သူ တစ်ဦးက ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။

Eleven Media Groupအများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ် ထားသောနှုန်းထားနှင့်လက်တွေ့  ကောက် ခံ နေသော နှုန်း ထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ် ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင် ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်း မရှိဟုဆို

Photo: ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်း
မရှိဟုဆို
Sunday, January 06, 2013

ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ 
အထ္တုပ္ပတိမှာခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ၄င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အဆိုပါ အထ္တုပ္ပတိကို
ဖတ်ရှု့လေ့လာခြင်းမပြုသကဲ့သို့ စာရေးသူ၏အမြင်ကိုသာ
ရေးသားထားသည်ဟုမှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေး အထ္တုပ္ပတိကိုလည်း ရေးသားရန်အစီအစဉ်မရှိကြောင်း ပြောသည်။

ယနေ့နံနက်က အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သော ဧရာဝတီစာပေ
ပွဲတော် စာနယ်ဇင်းရှင်းပွဲ တွင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
ခဲ့ပြီး သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို အထက်ပါအတိုင်း
ဖြေကြားခြင်းဖြစ်သည်။ 

Kyl/ wy
Popular Myanmar News Journal

ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိမှာခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ၄င်းကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အဆိုပါ အထ္တုပ္ပတိကိုဖတ်ရှု့လေ့လာခြင်းမပြုသကဲ့သို့ စာရေးသူ၏အမြင်ကိုသာရေးသားထားသည်ဟုမှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေးအထ္တုပ္ပတိကိုလည်း ရေးသားရန်အစီအစဉ်မရှိကြောင်း ပြောသည်။

ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ



Photo: ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ 
Sunday, January 06, 2013

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတရုံမှာ လူအစုလိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ရပြီးတဲ့နောက်
သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံး သွားပါတယ်။

စနေနေ့ ပစ်ခတ်မှု အတွင်း အိမ်တလုံးထဲမှာ အကာအကွယ်
ယူထားတဲ့ သေနတ်သမားကို ရဲတွေက ၀င်ရောက် ရှင်းလင်းချိန်မှာ
သေဆုံးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့လည်း
သေနတ်သမား ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာက သေဆုံးခဲ့တာ 
ဟုတ်မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အိမ်ထဲမှာတော့ နောက်ထပ် သေဆုံးနေသူ လူ ၃ ယောက်ကို တွေ့ရပြီး၊ ကျန်တယောက်ကတော့ ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ အခုနောက်ဆုံး ပစ်ခတ်မှု ဖြစ်ပွားတဲ့ Aurora မြို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲ the Dark Knight Rises ဆိုတဲ့ လင်းနို့လူသား ရုပ်ရှင်ပြသခဲ့တဲ့ ရုံတရုံမှာ သေနတ်သမား တယောက် ၀င်ပစ်ခဲ့လို့ လူ ၁၂ ယောက်အထိ
သေဆုံးပြီး ၅၈ ယောက်အထိ ဒဏ်ရာရခဲ့ဖူးတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ ပစ်ခတ်မှုမှာ တုန်းကတော့ သေနတ်သမား James Holmes ဟာ ရုံထဲကို မျက်ရည်ယိုဗုံး ပစ်သွင်းပြီးမှ ပရိတ်သတ်တွေကို ပစ်ခတ်ခဲ့တာလို့ ရဲက ပြောပါတယ်။ သူ့ကိုတော့ လူသတ်မှု၊ လူသတ်ဖို့ ကြံစည်မှု၊ဖောက်ခွဲရေး
ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု စတဲ့ အမှုတွေ အပါအ၀င် အမှုပေါင်း ၁၄၂ မှုနဲ့ တရားစွဲဆိုထားပြီး၊ အမှုအတွက် ကြိုတင်ကြားနာမှုတွေကိုတော့ တနင်္လာနေ့မှာ စတင်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ 

ဗွီအိုအေ
အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင် ရုံတရုံမှာ လူအစုလိုက် အပြုံလိုက် ပစ်သတ် ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေ နဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ရပြီးတဲ့နောက်သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံး သွားပါတယ်။

စနေနေ့ ပစ်ခတ်မှု အတွင်း အိမ်တလုံးထဲမှာ အကာအကွယ်ယူထားတဲ့ သေနတ်သမားကို ရဲတွေက ၀င်ရောက် ရှင်းလင်းချိန်မှာသေဆုံးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့လည်းသေနတ်သမား ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာက သေဆုံးခဲ့တာ ဟုတ် မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အဓိပ္ပာယ်အသစ်များဖြင့်… အမည်ပြောင်းလိုက်ပါပြီ… UNFC

Photo: အဓိပ္ပာယ်အသစ်များဖြင့်… အမည်ပြောင်းလိုက်ပါပြီ… UNFC 
Saturday, 05 January 2013 

KIA ကိစ္စနဲ့ပတ်သက်ပြီး UNFC က ဇန်နဝါရီလ(၁)ရက်နေ့ရက်စွဲနဲ့ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့တယ်ဆိုပဲ။ KIA ကို တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တယ်
ဆိုတဲ့အကြောင်း၊ ဒါကို အပြင်းအထန် ကန့်ကွက်တယ်ဆိုတဲ့
အကြောင်းပေါ့ဗျာ။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA ကို ဘာကြောင့်တိုက်ခိုက်ရသလဲ ဆိုတာ အစိုးရသတင်းစာတွေမှာ တရားဝင်ရှင်းပြထားတာတွေ့ရပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး တပ်ရဲ့ပုံမှန်ရိက္ခာပို့စစ်ကြောင်းကို KIA ကအင်အားအများအပြားနဲ့
စောင့်ကြိုတိုက်ခိုက်တဲ့အတွက် တပ်က ရှင်းလင်းရခြင်းသာဖြစ်ပါတယ်။ 

ဒါကို UNFC လို ဘာမှမဟုတ်တဲ့အဖွဲ့က အပြင်းအထန်ပဲ ကန့်ကွက် ကန့်ကွက်၊ မပြင်းမထန်ဘဲ ကန့်ကွက် ကန့်ကွက်၊ တပ်ကတော့ သိပ်ဂရုစိုက်မယ်မထင်ပါဘူး။

တပ်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ကတည်းက ဘယ်သောင်းကျန်းသူကိုမှ အရှုံးပေးခဲ့တာမရှိဘူး။ ကူမင်တန်လို အင်အားသောင်းချီတဲ့ ပြည်ပကျူးကျော်သူကိုလဲ တီးထုတ်ပစ်ခဲ့တာပဲ။ တပ်က လက်သံပြောင်တယ်ဆိုတာ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သိပါလိမ့်မယ်။ 

ပွိုင့်-၇၇၁ တောင်ကုန်းလို ပေ ၂၅၀၀ လောက် တောင်ကိုမပြောနဲ့၊ ပေ ၄၀၀၀/၅၀၀၀ ကျော်မြင့်တဲ့ တောင်ကုန်းတွေတောင်သိမ်းလာတာ KIA ကိုပြောလိုက်ပါ၊ ကချင်ပြည်နယ်ထဲက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ၁၉၂၉၆ ပေရှိတဲ့ ခါကာဘိုရာဇီတောင်ပေါ် တက်ပုန်းနေလဲ တပ်က
သိမ်းနိုင်ပါတယ်လို့။

UNFC ကပြောတဲ့ မဟာလူမျိုးကြီးဝါဒတို့၊ ဖက်ဆစ် စစ်အာဏာရှင်
စနစ်တို့ဆိုတဲ့ စကားတွေက Expire Date ဖြစ်သွားတာကြာလှပါပြီ။ ဒီခေတ်မှာ အသုံးမပြုတော့ပါဘူး။ ဒီခေတ်ဟာဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီစနစ်နဲ့သွားမယ်။

ပြည်သူရွေးချယ်တဲ့သူ အစိုးရလုပ်၊ တပ်ကအခြေခံဥပဒေကပေးတဲ့
တာဝန်အတိုင်းလုပ် ဒါပဲ။ မွေးရာပါအခွင့်အရေးကို ဘယ်သူမှ
ပိတ်ပင်မထားပါဘူး။

မွေးရာပါအခွင့်အရေးကို စုပေါင်းလက်တွဲတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စကားလုံး UNFC က ထည့်သုံးကတည်းက ခင်ဗျားတို့ဟာ အခွင့်အရေးသမားတွေဆိုတာပေါ်လွင်နေပြီ။ UNFC မှာ တိုင်းရင်းသား
အဖွဲ့အစည်း ၁၁ ဖွဲ့ရှိပါတယ်ဆိုပေမယ့် လေ့လာချင်လို့ အစည်းအဝေး
လာတက်တာနဲ့ အဖွဲ့ဝင်အဖြစ်တန်းပြီး စာရင်းသွင်းလိုက်တော့ အဖွဲ့ဝင်တွေ ဖောင်းပွသွားပေမပေါ့ဗျာ။ အရင်းစစ်လိုက်တော့ KIA က အင်ဘန်လဟာ ဒီအဖွဲ့ရဲ့ ဇာတ်လိုက်ကြီးပါ။ ငွေကြေးထောက်ပံ့မယ်ဆိုတဲ့ မက်လုံးပေးပြီး တစ်ခြားအဖွဲ့တွေကို စည်းရုံးနေပေမယ့် UWSA အဖွဲ့၊ RCSS/SSA အဖွဲ့နဲ့ NDAA အဖွဲ့တွေကတော့ KIA ကို အထင်မကြီးလို့ ဒီအဖွဲ့ထဲဝင်ဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါပကော…

နေရာတိုင်းမှာ စေ့စပ်ဆွေးနွေးရုံနဲ့ အလုပ်မဖြစ်တာတွေအများကြီးရှိပါတယ်။
နိုင်ငံရေးရဲ့နောက်ဆုံးနည်းဟာ စစ်ရေးပဲဖြစ်လေတော့ KIA လို ခွဲထွက်ဖို့တာစူနေတဲ့အဖွဲ့ကို ကြာကြာထားရင် တိုင်းပြည်အတွက် ပိုပြီးအန္တရာယ် ရှိပါလိမ့်မယ်။ ခံတွင်းထဲကသွားတွေလိုပါပဲ။ ပိုးစားပြီး အပေါက်ဖြစ်လို့ သန့်ရှင်းရေးလုပ်တယ်၊ ဆေးထည့်တယ်၊ ဖာတယ်၊ ဒါမှမရလို့ ပိုဆိုးလာရင်တော့ နှုတ်ပစ်ရပါမယ်။ ပြီးမှအသစ်စိုက်ချင်စိုက်၊ မနှုတ်ရင်သွားကိုက်ပြီး ထမင်းစားမရဖြစ်ရသလို ဘေးနားက သွားတွေပါလိုက်ပြီး ရောဂါကူးစက်ပါလိမ့်မယ်၊ ယိုင်နဲ့ပါလိမ့်မယ်၊ ခံတွင်းထဲက သွားအားလုံး ကောင်းနေမှသာ အစာကြေပြီး ခန္ဓာကိုယ်မှာ အာဟာရဖြစ်ပေမပေါ့ဗျာ။

စစ်တိုက်တဲ့နေရာမှာ ဘယ်နေရာကိုတိုက်မယ်၊ ဘယ်နေရာကိုတော့
မတိုက်ဘူးဆိုတာ ကြိုပြောထားလို့မရပါဘူး။ ဒီပုံစံအတိုင်းဆိုရင် တပ်က 
KIA ကို မြေလှန်ပစ်တော့မယ်ထင်တယ်။ လိုင်ဇာလဲသိပ်စိတ်မချရတော့ဘူး၊ ဘာလို့လဲ ဆိုတော့ တပ်က လိုင်ဇာနဲ့လက်တစ်ကမ်းကိုရောက်နေလို့ပါ။ ဒီအချိန် တရုတ်ဘက်ကိုပဲပြေးပြေး၊ လက်နက်ပဲချချ KIA ခေါင်းဆောင်များ၊ ခင်ဗျားတို့အတွက် အချိန်ရပါသေးတယ်။ နဖူးပေါ်လက်တင်ပြီး အခြေအနေမှန်ကိုအမြန်စဉ်းစားလိုက်ပါ။ UNFC အားကိုးနဲ့မိုက်ရင် ခင်ဗျားတို့ပဲခံရပါလိမ့်မယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သူ့မူနဲ့သူသွားမှာပဲ။

UNFC နာမည်သုံးပြီး အော်ချင်တာအော်နေတာလောက်တော့ တပ်ကဂရုစိုက်လိမ့်မယ်မထင်ဘူး။ ခွေးဟောင်တိုင်း ထကြည့်ရင်လဲ အိပ်ရေးပျက်ပေမပေါ့။ UNFC က လေနဲ့ပစ်နေတာကို တပ်အနေနဲ့တော့ ချင်းမိုင်ကလေလည်တာလို့ပဲ အောက်မေ့မှာပါ။ အာဏာရအစိုးရနဲ့ ဗမာ့တပ်မတော်၏တာဝန်ပင်ဖြစ်မည်ဟု ဆိုသွားပါလားဗျာ၊ မှန်ပါတယ်။ အစိုးရနဲ့ တပ်မတော်က တာဝန်ရှိလို့ တာဝန်သိတဲ့အတိုင်းလုပ်နေတာ
ပဲဖြစ်ပါတယ်။

တကယ်တော့ UNFC ဆိုတာကို ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ KIA ကခေါင်းဆောင်ပြီး ချင်းမိုင်မှာဖွဲ့ခဲ့တာပါ။ အဖွဲ့တွေစုပေါင်းပြီး အစိုးရ ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်ဖို့ KIA ရဲ့ကောက်ကျစ်တဲ့အကြံနဲ့ စတင်ခဲ့တာပါ။ ဒါကိုသိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လေ့လာသူ
အဆင့်မှာသာ ရပ်တည်နေပြီး အမာခံအဖွဲ့က ၂ ဖွဲ့ပဲရှိပါတယ်။ အဲဒါတွေကတော့ KIO နဲ့ KNO ကချင်နှစ်ဖွဲ့ပါပဲ။ ဒါကြောင့် RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က UNFC ကို အယုံအကြည် မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲဖြစ်ပါတယ်။

စိတ်မပါ့တပါနဲ့ အဖြစ်သဘောအစည်းအဝေးလာကြသူတွေကို ချင်းမိုင်အရောက်မှာ KIO ကျောက်သူဌေးတွေက Night Club တွေနဲ့ အပျော်ခန်းတွေဆီပို့ပြီး အစည်းအဝေးကာလတစ်လျှောက်လုံး ဒကာခံနေတာကြားရတော့ ကျွန်တော် တို့တောင် ချင်းမိုင်အစည်းအဝေးကို တက်ချင်စိတ်ပေါက်လာပါတယ်။ အခြေအနေမဟန်တဲ့ ဒီအဖွဲ့ကိုတော့ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်တွေအတိုင်း အဓိပ္ပာယ်အသစ်များဖြင့်… အမည်ပြောင်းလိုက်ပါပြီ… UNFC ရေ…

အမေ့အိမ်
KIA ကိစ္စနဲ့ပတ်သက်ပြီး UNFC က ဇန်နဝါရီလ(၁) ရက်နေ့ ရက်စွဲနဲ့ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့တယ်ဆိုပဲ။ KIA ကိုတပ်ကဂျက်တိုက်လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေ သုံးပြီး တိုက်ခိုက်တယ် ဆိုတဲ့အကြောင်း၊ ဒါကို အပြင်းအထန်ကန့်ကွက်တယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA ကို ဘာကြောင့် တိုက်ခိုက် ရသလဲ ဆိုတာ အစိုးရသတင်းစာတွေမှာ တရားဝင် ရှင်းပြထားတာတွေ့ရပါတယ်အများပြည်သူအသုံးပြုနေ တဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး တပ်ရဲ့ပုံမှန် ရိက္ခာပို့စစ်ကြောင်းကို KIA ကအင်အား အများအပြားနဲ့
စောင့်ကြိုတိုက်ခိုက်တဲ့အတွက်တပ်ကရှင်းလင်း ရခြင်း သာဖြစ်ပါတယ်။

ဒါကို UNFC လို ဘာမှမဟုတ်တဲ့အဖွဲ့က အပြင်းအထန်ပဲ ကန့်ကွက် ကန့်ကွက်၊ မပြင်းမထန်ဘဲ ကန့်ကွက် ကန့်ကွက်၊ တပ်ကတော့ သိပ်ဂရုစိုက်မယ်မထင်ပါဘူး။ တပ်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ကတည်းက ဘယ်သောင်းကျန်းသူကိုမှ အရှုံးပေးခဲ့တာမရှိဘူး။ ကူမင်တန်လို အင်အားသောင်းချီတဲ့ ပြည်ပ ကျူးကျော် သူကိုလဲ တီးထုတ်ပစ်ခဲ့တာပဲ။ တပ်က လက်သံပြောင်တယ်ဆိုတာ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သိပါလိမ့် မယ်။

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်

Photo: နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်
Saturday, 05 January 2013 

မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်း ပညာသည်ဆေးပညာအရလူသားများ အားကောင်းစွာအကျိုးပြုလာနိုင်သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပ သန္ဓေသားစပ်ခြင်းသည် စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာတစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်မြင်မြင် မွေးဖွားပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲ
ဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာများကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။

BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွားအပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူမျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။

ထို အယူအဆကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံ သူများမှာပုံတူမျိုးပွားခံရသည့်ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကိုအစားထိုးခံသတ္တဝါတစ်ဦး အဖြစ် သိမ်ငယ်စိတ်ဝင်မည့်
အရေးကို ကန့်ကွက်ကြခြင်းဖြစ်သည်။

သီဟ
Source: ANI
Health Updates Journalမတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ် များဆုံး ရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအားပုံတူပွားနိုင်မည်ဖြစ်ကြာင်း ၂၀၁၂ဆေး ပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများ ကိုပုံ တူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်း အခိုင် အမာဆိုထားသည်။

ဖန်ပြွန်သန္ဓေသားလောင်းသန်းနှင့်ချီ၍အသုံးမပြုဘဲစွန့်ပစ်နေရ

Photo: ဖန်ပြွန်သန္ဓေသားလောင်းသန်းနှင့်ချီ၍အသုံးမပြုဘဲစွန့်ပစ်နေရ
Saturday, 05 January 2013 

အမျိုးသမီးတစ်ဦးစီအတွက် ဖန်ပြွန်သန္ဓေဆောင်နိုင်ရန်ပျမ်းမျှ သန္ဓေ သားလောင်း ၁၅ ခုခန့်အသင့်ဆောင်ထားရပြီးယင်းတို့ အနက် တစ်ဝက်ကျော်ကျော်မှာ သန္ဓေဆောင်နိုင်ရန်ဓာတ်ခွဲ စမ်းသပ်မှုများအတွင်း စွန့်ပစ်နေရကြောင်း သိရှိရသည်။ 

လွန်ခဲ့သည့် ၂၁နှစ်ခန့် မှစတင်၍ဖန်ပြွန် သန္ဓေသားနည်းပညာထွန်းကား
လာခဲ့ပြီး အဆိုပါနှစ် များမှယခုအထိ ဖန်ပြွန် သန္ဓေသား လောင်း၃.၃သန်းခန့်
အသုံးမလို၍သော် လည်းကောင်း၊အရည် အသွေးမမီ၍ သော်လည်းကောင်း
စွန့်ပစ်နေကြရသည် ဟုယခုလေ့လာမှု တွင်ဖော်ပြထားသည်။

လူသားများ၏မျိုးဥနှင့်သုက်ပိုး ကိုသား အိမ်ပြင်ပတွင် မျိုးအောင်စေသော နည်းပညာသည်၁၉၉၁ခုနှစ်မှ စတင်ခေတ်စားလာခဲ့ပြီး လူသားများ၏
မျိုးအောင်ခြင်းနှင့် သန္ဓေသားဗေဒ ဆိုင်ရာအာဏာပိုင် အဖွဲ့၏
လက်အောက်တွင်လေ့လာမှုများပြုလုပ်ခဲ့ သည်။

သန္ဓေသားများ ကိုမမျိုးဥနှင့်သုက်ပိုးများကို အထူးပြုဖန်ပြွန်ထဲတွင် မျိုးအောင်စေသောဖြစ်စဉ်ဖြစ်ပြီး ထို့နောက်တွင်မျိုးအောင်ပြီးသော သန္ဓေသားလောင်းများကိုလက်ခံမည့် မိခင်လောင်း၏သားအိမ်တွင်းသို့
ခက် ခဲသောနည်းပညာများကိုအသုံးပြု၍ ထည့်သွင်းပြီး ကိုယ်ဝန်ဆောင်
စေရသောလုပ်ငန်းစဉ်များလည်းရှိသည်။ထိုသို့မထည့်သွင်းမီကာလတွင်
ဓာတ်ခွဲ ခန်းတွင်အေးခဲ သိုလှောင်ထားရလေ့ ရှိပြီး ၊မိဘများက မလို
အပ်သော(မျိုးအောင်သွားပြီးဖြစ်၍)၊ လေ့လာမှု သက်သက်အတွက် သာရည်ရွယ်သော ဖန်ပြွန်သန္ဓေသားလောင်း များကိုစွန့်ပစ် ရလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ကြေညာချက်
အရ ၁၉၉၁ ခုနှစ်မှ ၂၀၁ ၂ ခုနှစ်အထိဖန်ပြွန် သန္ဓေသားလောင်း ၃၅၄၆၈၁၈ ခုဖန်တီးနိုင်ခဲ့သည်။သို့ သော် ယင်းတို့အနက် ၇% ကိုသာ သားအိမ်တွင်း
ထည့်သွင်း ကိုယ်ဝန်ဆောင်စေသော လုပ်ငန်းစဉ်ကိုလုပ် ဆောင်ခဲ့ပြီး ၉၃% သော သန္ဓေသား လောင်းများ(၃.၃သန်းခန့်)ကိုအသုံး မပြုဖြစ်ဘဲ စွန့်ပစ်နေရသည်ဟုသိရသည် ၁၃၈၈၄၄၃ ခုရှိသော ဖန်ပြွန် သန္ဓေသားလောင်းများသည်ကိုယ် ဝန်ဆောင်စေသောဖြစ်စဉ်တွင်ပါ ဝင်ခဲ့ပြီးယင်းကိန်းဂဏန်းအရမျိုး အောင်ပြီးသန္ဓေသားခြောက်ခုတွင်တစ် ခုသာကိုယ်ဝန်ဆောင်စေသောရလဒ် ကိုထုတ်ပြန်နိုင်ခဲ့သည်။ 

ယခုလေ့လာမှုကို International Journal of IVF တွင်ဖော်ပြ ထားခြင်း
ဖြစ်သည်။

သက်ကို
Ref;ANI
Health Updates Journalအမျိုးသမီးတစ်ဦးစီအတွက် ဖန်ပြွန် သန္ဓေဆောင်နိုင် ရန်ပျမ်းမျှ သန္ဓေ သားလောင်း ၁၅ ခုခန့်အသင့်ဆောင် ထားရပြီးယင်းတို့ အနက် တစ်ဝက်ကျော်ကျော်မှာ သန္ဓေဆောင်နိုင်ရန်ဓာတ်ခွဲ စမ်းသပ်မှုများအတွင်း စွန့်ပစ်နေရကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂၁နှစ်ခန့် မှစတင်၍ဖန်ပြွန် သန္ဓေသား နည်းပညာထွန်းကားလာခဲ့ပြီး အဆိုပါနှစ် များမှယခု အထိဖန်ပြွန်သန္ဓေသား လောင်း၃.၃သန်းခန့်အသုံး မလို၍သော်လည်းကောင်း၊အရည် အသွေးမမီ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ

Photo: သတင်း+ဓာတ်ပုံ - စွမ်းရဲထွဋ်
Popular Myanmar News Journal
နေပြည်တော်၊ ဇန်န၀ါရီ ၅ နေပြည်တော်သို့ရောက်ရှိနေသော ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ခေါင်းဆောင် များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၆ နာရီ ခန့်က နေပြည်တော် ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူထူးဆေးဖိုးက "ဒီကိုရောက်လာတာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတနဲ့

Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး Saturday, 05 January 2013

Photo: Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး
Saturday, 05 January 2013 

ကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲမှာလည်း စကားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။

ဒီထက် ထူးခြားတာ တစ်ခုကတော့ Google ရဲ့  ဝန်ထမ်း တစ်ဦး သေဆုံးရင် ကျန်ရှိတဲ့ သူ မိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာ တစ်ဝက်ကို တစ်သက်လုံး ရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက် တိတိ ဖြစ်ပါတယ်။

ပြီးတော့ သားသမီး ရှိရင်လည်း အသက် ၁၉ နှစ်မပြည့်မချင်း ပညာသင် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဒေါ်လာ ၁ထောင် ထောက်ပံ့ ပါတယ်။ အခြေအနေအချိန်ကို ကြည့်ပြီး လိုအပ်ရင် ထောက်ပံ့ကြေးကို အကန့်အသတ်တောင် မထားပါဘူး။ ဝန်ထမ်း ခင်ပွန်းသယ်က ဖျားနေတာမျိုး၊ ဆေးရုံတက်ရတာမျိုး ရှိရင်လည်း လစာကို ပုံမှန်ပေး ပါတယ်။ ထောက်ပံ့စရိတ်လည်း ပေးပါတယ်။

ယင်းအတွက် Google က အကျိုးအမြတ်မရပေမယ့် သက်သက်ကို ငွေကြေး အကုန်ကျခံလို့ ပြုလုပ်ပေးတဲ့ ပရဟိတ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
---
Ref: mashable
ရိုးရာလေး
YoYarLay ကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြ ပါတယ်။ ရုံးထဲမှာလည်း စကားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။

ဒီထက် ထူးခြားတာ တစ်ခုကတော့ Google ရဲ့  ဝန်ထမ်း တစ်ဦး သေဆုံးရင် ကျန်ရှိတဲ့သူမိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာ တစ်ဝက်ကို တစ်သက်လုံး ရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက် တိတိ ဖြစ်ပါတယ်။

မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများမှ ABSDF ဥက္ကဋ္ဌ ကိုသံခဲတို့ အဖွဲ့နှင့် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ပြီးနောက် ၃ ရက်ကြာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

Photo: မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများမှ ABSDF ဥက္ကဋ္ဌ 
ကိုသံခဲတို့ အဖွဲ့နှင့် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ပြီးနောက် ၃ ရက်ကြာတွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်
Saturday, 05 January 2013 

မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသော မြောက်ပိုင်းပြန် ရဲဘော် နန်းအောင်ထွေးကြည် အပါအ၀င် ၁၉၉၁- ၁၉၉၂ မြောက်ပိုင်း ပါဂျောင် စခန်းမှ လွတ်မြောက်လာသူ ကျောင်းသားဟောင်းအချို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီက
ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းသည် မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိနေသည့် ABSDF လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲအပါအ၀င် ၉ ဦးအဖွဲ့နှင့် ဇန်န၀ါရီလ ၂ ရက်က ၄နာရီကျော် ကြာတရားဝင် အလုပ်သဘောတွေ့ဆုံခဲ့ပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲ၌ မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှ
အချက် ၅ ချက်ပါ ကြေညာချက် ၁ / ၂၀၁၃ ကိုထုတ်ပြန်ခဲ့ပြီး ABSDF (မြောက်ပိုင်း) ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရားမျှတမှုနှင့် အချက်အလက်မှန်များပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မှားယွင်းစွာဆောင်ရွက်မိကြောင်း တရားဝင်ထုတ်ပြန်ပေးရန်နှင့် ကျဆုံးသွားသော ကျောင်းသားရဲဘော်များ
အား ABSDF ကျဆုံးရဲဘော်စာရင်း၌ မြောက်ပိုင်းဖြစ်စဉ်၌ ကျဆုံးခဲ့သော ရဲဘော်များ ခေါင်းစဉ်ဖြင့် ထည့်သွင်းမှတ်သားပေးရန် တောင်းဆိုချက်နှစ်ခုကို ဥက္ကဋ္ဌ ကိုသံခဲပါ ၉ ဦးအဖွဲ့အားတောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

NLA
Popular Myanmar News Journal
မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသော မြောက်ပိုင်းပြန် ရဲဘော် နန်းအောင်ထွေးကြည် အပါအ၀င် ၁၉၉၁- ၁၉၉၂ မြောက်ပိုင်း ပါဂျောင် စခန်းမှ လွတ်မြောက်လာသူ ကျောင်းသားဟောင်းအချို့မှ သတင်းစာရှင်း လင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီကရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ နှစ်ရာ နီးပါးရှိခဲ့

Photo: ၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်
လာသူ နှစ်ရာ နီးပါးရှိခဲ့
Saturday, 05 January 2013 

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လူကုန်ကူးခံရတဲ့ အထဲမှာ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး လူကုန်ကူး ခံရသူ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေ ပါဝင်ခဲ့တာ
ဖြစ်ပါတယ်။ ဒါ့အပြင် ကျန် ၂၅ ရာခိုင်နှုန်းရဲ့ တ၀က် ကလည်း ကလေးသူငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် ကူညီဆောင်ပေး နေတဲ့ အဖွဲ့၂၆ ဖွဲ့ရှိပြီး အဖွဲ့တိုင်းဟာ လှုပ်ရှားမှု အစုံနဲ့ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်
ကနေ လာမယ့် ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒုတိယ စီမံကိန်း ၅ နှစ်အဖြစ် အဖွဲ့အစည်း တွေပူးပေါင်းပြီး ဆောင်ရွက်မှု တွေကို ထိထိရောက်ရောက် လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်မှုတွေ သာမက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ မှာလည်း အကြောင်း အမျိုးအမျိုးနဲ့လူကုန်ကူးသူတွေ အတွက် အရေးယူမှုတွေ သာမက လူကုန်ကူး ခံရမှုမှ သိမ်းဆည်းရမိတဲ့ ပစ္စည်း၊ ငွေကြေး စတာတွေကို
ရောင်းချပြီး နစ်နာသူတွေ ထံပြန်လည် ပေးအပ်စေမှု စတာတွေ ကိုလည်း ထည့်သွင်း ရေးဆွဲပြီး အများအကျိုးအတွက် ကာကွယ် ပေးထားတယ် လို့လည်း သိရပါတယ်။

Mrtv-4ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန် ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လူကုန်ကူးခံရတဲ့ အထဲမှာ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး လူကုန်ကူး ခံရသူ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျန် ၂၅ ရာခိုင်နှုန်းရဲ့ တ၀က် ကလည်း ကလေး သူငယ်တွေ ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

ဥပဒေအထက်မှ လိုင်စင်မဲ့ကား စီးနင်းနေသည့် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး၏ ပြောကြားချက်များ (ပေးစာ)

တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက အောင်သပြေ တိုးဂိတ် ကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ကုမဏ္ဍီမှ တာဝန်ရှိသူများ၊ နေပြည်တော်မှ ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ အခွန်ထိန်း ဦးစောအောင်၊နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သူ(၂၃) ဦးပါဝင်သည့် တောင်ကြီးမြို့ ၊ ပြည်သူ့ဆောက်လုပ်ရေး ၊ စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃ )ရက်နေ့ ကျင်းပခဲ့သည့် တိုးဂိတ်ညိနှီုင်း အစည်း အဝေးတွင် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကြားတွင် ဂယက်ရိုက်ခတ် လျက်ရှိကြောင်း သိရှိရသည်။

Sunday, January 06, 2013

၆-၁-၂၀၁၃ ရက်နေ့သတင်းစုံ

ဝံပုလွေကြီးသုံးကောင်ကြား လိမ်မာပါးနပ်နိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်

မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့တရုတ် မြန်မာ အမေရိကန် သုံးပွင့်ဆိုင် သံခင်း တမန်ခင်း ဆက်ဆံရေး အကြောင်းကို အစိုးရရော လူထု ကပါ စဉ်စား သင့်တဲ့ အကြောင်းတွေကို မနေ့က ရန်ကုန်မှာ ဟောပြောခဲ့ပါတယ်။

My Blog List