Sunday, August 12, 2012

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်


46_8_1344498840_98_ham_ngam
ရုရှား နိုင်ငံ ရှိ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က မြေတိုက် ခန်း တွင် နှစ် ပေါင်း များ စွာ
ပိတ်လှောင် ခံထား ရသည့် ကလေး များ ကို ရုရှား အာဏာ ပိုင်များ က ပြန်လည် ကယ် တင် နိုင်
ခဲ့ ပြီ ဖြစ်သည်။
မြေတိုက် ခန်း ထဲ တွင် ပိတ်လှောင် ခံထား ရစဉ်  ကလေးများ မှာ နေရောင် ကို လုံးဝ မြင်ရ ခြင်း မရှိဘဲ
ချမ်းအေးသည့် ရာသီ များ တွင် အပူပေး စက် များ ဖွင့် လှစ် ပေး ခဲ့ ခြင်း မရှိ ဟု CNN သတင်း
တွင် ဖော် ပြ ထား သည်။
ပိတ်လှောင် ခြင်းခံထား ရသူများ ကို ပြန်လည် ကယ် တင် ရာ တွင် ကလေးများ နှင့် အရွယ် ရောက်

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေကြီး

မဲဆောက်သား၊ သြဂုတ် ၁၂၊ ၂၀၁၂ ထိုင်း-မြန်မာ နယ်စပ်ကသောင်ရင်းမြစ်ရေဟာ ၈ လပိုင်း လဆန်းကတိုင်းက အဆက်မပြတ်ရွာလိုက်သော မိုးကြောင့် သောင်ရင်းမြစ်ရေဟာ သြဂုတ် ၁၀၊ ၂၀၁၂ မှာတော့ ထိုင်းဘက်က မဲဆောက်မြို့နယ်ပိုင် မယ့်တော် (ကမ်းနဖူး) နှင့် မြ၀တီဘက်ခြမ်းက ကမ်းနဲ့နီးတဲ့ ရပ်ကွက်အာလုံး ရေ၀င်ရောက်လာပါတယ်။ မြ၀တီဘက်က ပိုပြီ အထိနာခဲ့ရပါတယ်။ သြဂုတ် ၁၁၊ ၂၀၁၂ နေလည်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျနေပေမယ့် မိုးပြန်ရွာလာတာကြောင့် ရေဆက်တက်လာနိုင်တယ်လို့ သိရပါတယ်။  မဲဆောက်ရေကာတာ ကလည်း ရေပိုဆက်လက်မထိန်းနိုင်တဲ့အတွက် ရေပိုဖောက်ချခဲ့တာကြောင့်လည်း မြစ်ရေ ပိုတက်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁၀ ရက်နေညနေပိုင်းက မိုးကုတ်ဂိတ်၊ ဇီးတောဂိတ် စသည် နာမည်ကြီး လှေဂိတ်များပိတ်ခဲ့ရပြီး ၁၁ ရက်နေ့ နေ့လည်ပိုင်းမှတော့ ပြန်ပြီး ဖွင့်ခဲ့ပါတယ်။ မြစ်ရေတက်နေတဲ့အတွက် ကုန်သည်များနစ်နာကြရတယ်လို့ သိရပြီး ရေနစ်နေတဲ့ မိသားစုတွေအတွက် မြ၀တီမြို့ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ကူညီနေကြပါတယ်။ မဲဆောက်ဘက်ခြမ်း ၁၂ ဂိတ်ကဲ့သို့ ကားများထားရှိသည့် ဂိတ်များလည်း ရေ၀င်နေပြီဖြစ်ပါတယ်။
from -moemaka

ဟင်္သာတမြို့က (သဲ)ကတ္တရာလမ်းများကြောင့် ပြည်သူများ ဒုက္ခရောက်

ဟင်္သာတသားတဦး၊ သြဂုတ် ၁၂၊ ၂၀၁၂ ဧရာဝတီတိုင်းဒေသကြီးက ဟသာင်္တမြို့မှာ လမ်းများကို စည်ပင်နဲ့ ဆည်မြောင်း ဌာန ၂ ခုက ခွဲယူပြီး လမ်းခင်းပါတယ်။ လမ်းခင်းပုံက “လမ်းပြင်နေသည်” ဆိုင်းဘုတ်ထောင်၊ ရေ၀ပ်နေတဲ့ ချိုင့်ထဲကို ရှုင်းလင်းပြီး ကျောက်ခဲခင်း၊ လုပ်အားဖြင့် နင်း၊ ကတ္တရာနဲ့ သဲရောထားတာကို ကျောက်ခဲ၊ ကျောက်စရစ်ပေါ် အုပ် (ခင်းတယ်ပေါ့) လိုက်ပါတယ်။ အဲဒါနဲ့ မိုးပြန်ရွာ၊ သဲတွေ ကျောက်တွေ ကတ္တရာတွေက ကားဘီးနဲ့ မိုးနဲ့ ပြန်ပြီး ကွာထွက်ပြီး ပျက်စီးတဲ့ သံသရာ လည်နေပါတယ်။             နွေရာသီမှာ လမ်းခင်းပုံကလည်း လမ်းပေါ်မှာ ကတ္တရာတွေကို ဖြန်းပြီး ခင်းလိုက်တာပါပဲ။ လုပ်အားနဲ့ ကတ္တရာကို ဖြန်းတဲ့နေရာမှာ မြန်မြန်ပြေးပြီး ဖြန်းနိုင်တဲ့ အလုပ်သမားတွေကို

သတင်းစာဆရာအသင်း ပေါ်ထွက်လာပြီ

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကို နှစ် (၅၀) အတွင်း ပထမဆုံးအကြိမ် လွှတ်လပ်စွာ ဒီကနေ့ ဖွဲ့စည်းထူထောင် လိုက်ပါတယ်။
RFA
ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပရာတွင် အသင်း ဥက္ကဋ္ဌ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ စကားပြောဆိုနေစဉ်။
ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးက သတင်းစာဆရာတွေရဲ့ ပြည်လုံးကျွတ် ညီလာခံမှာ အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး၊ ဒီအသင်းဟာ အစိုးရရဲ့ စွက်ဖက်မှုကင်းပြီး သတင်းလွတ်လပ်ခွင့် အတွက် အဓိက ဆောင်ရွက်သွားမယ့် အဖွဲ့အစည်း ဖြစ်တယ်လို

တက္ကသိုလ် လိုင်းကားများ စည်းကမ်းဖောက်မှု အရေးယူတော့မည်


ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ် ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။

“တက္ကသိုလ်တွေမှာ ရှိတဲ့ မော်ကွန်းထိန်းတွေက သူတို့ တက္ကသိုလ်တွေမှာ ခရီးသည်တင် ယာဉ် တွေ ဂိတ်စ ဂိတ်ဆုံး မဆွဲတဲ့အတွက် တက္က သိုလ်ကျောင်းသားတွေ သွားရေး လာရေး ခက်ခဲနေ တာတွေကို တင်ပြကြ ပါတယ်။ဒါကို သက် ဆိုင်ရာယာဉ်လိုင်းအသီးသီးကိုအကြောင်း ကြာထားသလို မထသ ကလည်း စစ်ဆေးအရေးယူမှုတွေ ထိထိရောက်ရောက် လုပ် သွားမှာပါ” ဟုမထသ (ဗဟို) မှ အတွင်း ရေးမှုး

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

 
အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ် ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ

၂၄ နှစ်ပြည့်မြောက် ၈၈၈၈ နေ့အထိမ်းအမှတ် နိုင်ငံရေး ဆွေးနွေးပွဲ



၂၀၁၂ ခုနှစ်  သြဂုတ်လ ၁၂ ရက်။
အာဏာရှင် မဆလ အစိုးရအား ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ပြည်သူ့အရေးတော်ပုံ ၈၈၈၈ နေ့ အထိမ်းအမှတ် ဆွေးနွေးဟောပြောသည့် အခမ်းအနားကို တိုရှိမားခု မြို့နယ် Minami Otsuka hall , Dai Ichi ခမ်းမ၌ ယနေ့ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပြီး ၂၄ နှစ်မြောက် ၈၈၈၈ ဖြစ်ပေါ်လာရခြင်း၏ နောက်ခံသမိုင်းကြောင်းကို လေ့လာသုံသပ်တင်ပြခြင်း အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ဂျပန်နိုင်ငံတွင် အတူတကွ ရှေ့ဆက် လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များတို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆလုံ




ရေးသားသူ ဝါးလုံးရှည် အတီး

ဆလုံ ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့် မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။

ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။

သမိုင်းကြောင်း အရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှု များကြောင့် မြိတ်ကျွန်း စု ဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများ

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် ယမန်နှစ် သြဂုတ်လအတွင်းက တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြောင်း သတင်းရပါတယ်။

အခု တခေါက်တွေ့ဆုံမှုဟာ တတိယ အကြိမ်လည်းဖြစ်ပါတယ်။ အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိပ် ဘာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

အခုလို တွေ့ဆုံမှုဟာ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးမီကပဲ လွှတ်တော်တွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်းဖြစ်လာတဲ့ အတွက် လတ်တလော ရခိုင်အရေးဖြစ်နိုင်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခ အမြန်ဆုံး တည်ငြိမ် အေးချမ်းမှု ရရေး အားလုံးနဲ့ လက်တွဲပူးပေါင်းပြီး ဖြေရှင်းနိုင် ဖို့ ဆွေးနွေးတာဖြစ်နိုင်တယ်လို့ သူတို့က ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော် သမ္မတ ရုံးခန်းမှာ တနာရီ ကျော် တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် ယမန်နှစ် သြဂုတ်လ ၁၉ ရက်ကလည်း ပထမ အကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။

မြန်မာအမျိုးသမီး ၃၈ ဦးရဲ့ ကြိုးညှိခြင်း


မြန်မာပြည်မှာ ကဗျာဆရာမဦးရေ အများဆုံး ပါဝင်တဲ့ ကဗျာ စုစည်းမှု စာအုပ် မကြာခင် ဖြန့်ဝေတော့မယ်လို့ သိရပါတယ်။
ဒီစာအုပ်မှာ ကဗျာဆရာမ ၃၅ ယောက်ရဲ့ ကဗျာ ၉၈ ပုဒ် ပါဝင်ပါလိမ့်မယ်။
"ကြိုးညှိခြင်း- မြန်မာအမျိုးသမီးကဗျာများ စုစည်းမှု" စာအုပ်မိတ်ဆက်ပွဲ၊ လက်မှတ်ရေးထိုး ရောင်းချပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။
ရောင်းဈေးက မြန်မာငွေ ၂,၅၀၀ ကျပ်ပါ။
စာအုပ်အတွက် သစ္စာနီ၊ ဇေယျာလင်း နှင့် လင်းနီညိုတို့က မှတ်ချက်များချီးမြှင့်ထားပါတယ် တဲ့။

ထိုင်းဘုရင့်မိဖုရားမွေးနေ့ပွဲက ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ်


ဓာတ်ပုံ- Amazon.co.uk

ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့၊ထိုင်း ဘုရင့် မိဖုရားရဲ့ မွေးနေ့ကို ထိုင်းနိုင်ငံရဲ့ မိခင်များနေ့အဖြစ် ထိုင်းနိုင်ငံ မှာ နိုင်ငံအ၀ှမ်း ကျင်းပနေကြပါတယ်။

ဒီအထဲက ထူးခြားမှု တခုကတော့ ဘန်ကောက်မြို့မှာ ကမ္ဘာပေါ်က ထင်ရှားသူ အမျိုးသမီး ၂၀ ကျော်တို့ရဲ့ အကြောင်း ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေကိုလည်း ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးတဲ့

ရခိုင်နဲ့ အာသံအရေးဆန္ဒပြပွဲမှာ အကြမ်းဖက်မှု ဖြစ်ပြီး သတင်းသမားတွေ ရိုက်ခံရ

မွန်ဘိုင်းမြို့က Azad Maidan အရပ်မှာ စနေနေ့နေ့လည်က ဆန္ဒပြကြရင်းက အကြမ်းဖက်မှုတွေဖြစ်သွားတာကြောင့် သတင်းသမားတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ၊ ဘေးကရပ်ကြည့်သူတွေ သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ပါတယ်။



Azad Maidan ဆိုတဲ့နေရာက မွန်ဘိုင်းမြို့ (ဘုံဘေမြို့) မှာ ဆန္ဒပြဖို့ သတ်မှတ်ထားတဲ့ နေရာပါ။ အဲ့ဒီနေရာမှာ မြန်မာပြည်က ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပဋိပက္ခ၊ အာသံပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေမှာ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ လုပ်နေတာကို ဆန့်ကျင်တယ် ဆိုပြီး

ဆရာကြီးသာ ရှိခဲ့ရင်

မြတ်ထူးရာဇတ် ~
ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဦးရာဇတ် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လူမှန်း သိတတ် ကတည်းက မိသားစုတွေ စာအုပ်စာတမ်းတွေက တစ်ဆင့်သိခဲ့ ကြားခဲ့ ရပါတယ်။ အခုလို ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည် လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့ လှုပ်ရှားနေဆဲ ဖြစ်တဲ့ ခေါင်းဆောင် များနဲ့ ပြည်သူလူထုကို အာဇာနည်ကြီးများက အားပေးဂုဏ်ယူဆဲ ပဲဖြစ်မှာပါ။

ဆရာကြီးကို အဖိုးတစ်ယောက် အနေထက် လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုသိခဲ့ ပါတယ်။ ဘဝရှင်သန်ရေးအတွက် ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ရုန်းကန်နေရနေရ၊ မြန်မာပြည်ရဲ့

မေမြို့-မိုးကုတ်-ဗန်းမော် မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး



မေမြို့-မိုးကုတ်-ဗန်းမော် လမ်းမကြီးဖောက်နေတာကြာပါပြီ။ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သွားမယ့် လမ်းမကြီးပါ။
ဒီလမ်းကို "မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး" လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလမ်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေသလို စစ်ရေးအရလည်း အထောက်အကူဖြစ်တဲ့ လမ်းမကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း "မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး" ဖြစ်နေပါတယ်။

ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အောက်တိုဘာလတုန်းက ပြောဆိုခဲ့ကြတာ ဒီလိုပါ -

"မိုးကုတ်-မိုးမိတ်- မြစ်ဆုံ-ဘိမ်း- စီပိန်း-စီအူ-ဗန်းမော် လမ်းမကြီးကို နှစ်စဉ် ပြုပြင်ထိန်းသိမ်းမှု ရှိသော်လည်း

သြစတြေးလျား၊ မဲလ်ဘမ်းမြို့ ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲတွင် ပရိဿတ် ၈၀၀နီးပါး ဆင်နွဲ

 
သြစတြေးလျားနိုင်ငံ၊ မဲလ်ဘမ်းမြို့တွင် ယမန်နေ့က Australia Karen Organization-AKO (Victoria branch) မှ ဦးစီးကျင်းပသော ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲတော်သို့ လူပရိဿတ် ၈၀၀နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့ ဝေါ်ရဘီရပ်ကွက်ရှိ Event Centre တွင် စနေနေ့ နေ့လည် (၁၁)နာရီမှ ညနေ(၃)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြရာ မဲလ်ဘမ်းမြို့တော်ဝန် အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်များ၊ နိုင်ငံခြားသားများ၊

ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လဲ

ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ တာစူနေတဲ့ ယနေ့မြန်မာပြည်မှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး သတင်းမီဒီယာ နှစ်မျိုးရှိပါတယ်။ နှစ်ခုစလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ထားပါတယ်။ ပုဂ္ဂလိက စာနယ်ဇင်းကို စာပေစီစစ်ရေးဌာနက ချုပ်ကိုင်ပြီး ကန့်သတ်ချက်အမျိုးမျိုးလုပ်ထားပါတယ်။ ဇွန်လက ‘လျှပ်တပြက်’ စာစောင်ကို ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခဲ့ပြီး ရန်ကုန်တိုင်းအစိုးရက အယ်ဒီတာချုပ်ကို ပုဒ်မ (၅၀၅) ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေမှုနဲ့ တရားစွဲထားပါတယ်။ ဇူလိုင်လကုန်မှာ The Voice နဲ့ Envoy သတင်းဂျာနယ်တွေရဲ့  ထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းလိုက်ပြန်ပါတယ်။

အငြိမ်းစား ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး လေဖြတ်လို့ စင်္ကာပူမှာ ဆေးကုသမှုခံယူနေရတဲ့သတင်းကို

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များငိုက် မနေကြရန်သတိပေး



အမျိုးသားလွှတ်တော်စတုတ္ထအကြိမ်တွင်ထွင်ကျန် ရစ်ခဲ့သော အဖြစ်အပျက်တစ်ခုအဖြစ် (၂၄ )ရက် မြောက်နေ့တွင် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခြား သမိုင်း တွင်ခဲ့သည့်အဆုံးအဖြတ်တစ်ခုဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှပြောကြား လိုက်ကြောင်းကို တင်ပြလိုက်ပါသည်။
(၁)ထောက်ခံမဲ၊ကန့် ကွက်မဲတူညီခဲ့ရ၍ လွှတ်တော်ဥက္ကဋ္ဌမဲပေးခဲ့ရသော ဥပဒေမူကြမ်း
အလုပ်သမားအလုပ်ရှင်ကြားတွင် ဖြစ်လေ့ရှိသောအလုပ်သမားပြဿနာများအပေါ် ပြစ်ဒဏ်ချမှတ်ရာတွင်မကြုံစဖူးကြုံတွေ့ ခဲ့ရသော မဲတူညီမှုကိုဥက္ကဋ္ဌမှ မဲပေးရာတွင် အခန်း(၉)အပိုဒ် ၃၇/၃၄ အစရှိသည့်ဥပဒေပုဒ်မများအပိုဒ်များထဲမှ ပုဂ္ဂလိကပြည်တွင်းအလုပ်အကိုင် အေဂျင်စီ၏တာဝန်ရှိသူမည်သူမဆိုဝန်ကြီးဌာန၏ခွင့်ပြုချက်မရှိဘဲအလုပ်သမားထဲမှအခကြေးငွေရယူသည်ဖြစ်စေ၊ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ထိုသူကို ထောင်ဒဏ်(၃)နှစ်ထက်မပိုသော ပြစ်ဒဏ်ကိုဖြစ်စေ ၊ငွေ (၁)သိန်း သို့ မဟုတ်

သတ္တိရှင် ဆရာကြီး ဦးဝင်းတင် သို့ ဂုဏ်ပြုတမ်းချင်း

လူဆိုတာ သေမှ ချီးမွမ်းရတယ်ကွဟု စာရေးသူ၏ ဖခင်က သင်ကြား ဆုံးမခဲ့ဘူးပါသည်။ မသေခင် ချီးမွမ်းမိလျှင် အကယ် ၍ ထိုသူသည် ငွေကြေး၊ အာဏာ၊ အရှိန်အ၀ါ၊ စာရိတ္တ နှင့် ရပ်တည်ချက်များ၌ ဖေါက်ပြန် ပျက်စီး သွားမည်ဆို ပါက ချီးမွမ်း ထားမှုမှာ အချည်းနှီး ဖြစ်နိုင်သောကြောင့်ပင်။ သို့ ရာတွင် မသေခင်မှာပင် စာရေးသူတန်ဘိုးထား ချီးမွမ်း လိုသော၊ ဂုဏ်ပြု လိုသော၊ ထိုသို့ ချီးမွမ်း ဂုဏ်ပြု ကြောင်းလဲ ကြားသိစေလိုသောပုဂ္ဂိုလ်အချို့အနက် ဆရာကြီး ဦးဝင်းတင်သည် ထိပ် ဆုံးမှ ပါရှိပါသည်။
စာရေးသူ အနေဖြင့်ပြည်တွင်း မှာ နေထိုင်စဉ်က ဆရာကြီးဦးဝင်းတင် အား လူကိုယ်တိုင် သိကျွမ်းခဲ့ခြင်း မရှိ ပါ။ သူ၏ အရည်အချင်းများအကြောင်းကို တစွန်းတစတော့ ကြားဘူးခဲ့သည်။ သူနှင့် ပထမဆုံးစတင်

တရားဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်း ကိုကာကွယ်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 
တရားဥပဒေဆိုသည်မှာ လူအဖွဲ့အစည်းကို ထိန်းချုပ်ရန်မဟုတ်၊ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်သာဖြစ်သည်ဟု ယုံကြည်ကြောင်း တရားဥပ ဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ကြောင်း လွတ်တော်သတင်းများအရ သိရသည်။
အဆိုပါကော်မတီကို ယခုလ (၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင် ၁၃ဦးနှင့် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေး မှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်တော်၏ (၂၀)ခုမြောက်ကော်မတီဖြစ်ကြောင်း၊ (၁)နှစ်သက်တမ်း ရှိသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီတရပ်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏တာဝန်များမှာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တရားရေးအဖွဲ့အစည်းများ တရားဥပဒေနှင့် အညီနေထိုင်ပြုမှု ဆောင်ရန်အတွက် ထိန်းညှိကူညီရန်နှင့် အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွတ်တော်ဥက္ကဋ္ဌမှတဆင့် လွတ်တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်း မှုပျက်ပြားစေသော အကြောင်းကိစ္စများပေါ်ပေါက်ပါက သို့မဟုတ် ပေါ်ပေါက်စေနိုင်သည်ဟု ယုံကြည်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများကို ကုညီစောင့် ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်နိုင်စေရန် လေ့လာသုံးသပ်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာပြီး ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်း၊

စစ်ထောက်ချုပ်ရာထူးနေရာ စစ်တပ်အတွင်း အခက်ကြုံ

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ ရာထူးနေရာ အတွက် မြန်မာစစ်တပ်အတွင်း ရာထူးခန့် အပ်ခြင်း အမိန့်များကို ပြန်လည်ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ထောက်ချုပ်ရာထူးနေရာအတွက် စစ်ဌာနချုပ်တိုင်းမှူးတဦးကို ခန့်ထားသည့်အမိန့် ထွက်ရှိပြီးဖြစ်သည့်အပြင် အဆိုပါစစ်တိုင်းမှူးနေရာ အပါအဝင် ကျန်လစ်လပ်သွားသည့် ရာထူးနေရာများအတွက် ခန့်အပ်သော အမိန့်များထွက်ရှိပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင်  မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

ဘရာဇီးကို အနိုင်ယူ၍ အိုလံပစ် ရွှေတံဆိပ် ရယူသွားတဲ့ မက္ကဆီကို ဘောလုံးအသင်း

3084-mexico-win-gold-olympic-soccerလန်ဒန်အိုလံပစ် ပြိုင်ပွဲကြီး၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို ယနေ့ ကျင်းပရာ မက္ကဆီကို အသင်းမှ Oribe Peralta က ပွဲစပြီး ၂၉ စက္ကန့်တွင် ဦးဆောင်ဂိုးကို စသွင်းခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးကို ထပ်မံ သွင်းပေးခဲ့ခြင်းကြောင်း မက္ကဆီကိုအသင်းက ဘရာဇီးအသင်း ကို ၂ – ၁ ဂိုးဖြင့် အနိုင်ရပြီး မက္ကဆီကို ဘောလုံးအသင်း၏ ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ဆုကြီးကို ဆွတ်ခူး သွားခဲ့သည်။
Peralta သည် ပွဲစလျှင် စခြင်းပင် ဘရာဇီးနောက်တန်း ကစားသမားတစ်ဦး၏ အမှားကို အသုံးချကာ ဘရာဇီး ဂိုးပိုက် အတွင်းသို့ ညာခြေဖြင့် အနိမ့်ဘော ကန်သွင်းလိုက်ခြင်းဖြင့် ၁၉၇၆ ခုနှစ်မှ စတင်၍ FIFA က မှတ်တမ်းတင်လာခဲ့ချိန် ကတည်းက ယနေ့အထိ အိုလံပစ် ဘောလုံးပြိုင်ပွဲများ၏ အမြန်ဆုံးသော ဂိုးကို သွင်းယူသွားခဲ့သည်။

မြောက်ဦး၊ မင်းပြား ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီ အကြာတွင် ပြန်ရုတ်သိမ်း

ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄  ထုတ်ပြန် သော်လည်း ထုတ်ပြန်ပြီးသည်နှင့် ချက်ချင်း  ပြန်ရုတ်သိမ်းသွားကြောင်း သတင်း ရရှိသည်။

“ ကျွန်တော်တို့ မြောက်ဦးမြို့မှာ သြဂတ်စ်လ ၈ ရက်နေ့ ဗုဒဟူးနေ့က ညနေ ၅ နာရီမှာ ထုတ်ပါတယ်။  ၇ နာရီမှာ ပုဒ်မ ၁၄၄ ကို ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြောသည်။
ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီခန့် အကြာတွင် ပြန်ရုတ်သိမ်းသွားခြင်းမှာ ဗျူဟာမှူးက ပုဒ်မ ၁၄၄ ထုတ်ပြန်သော်လည်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်မထိုး၍ ဖြစ်ကြောင်း  သူက ဆက်ပြောသည်။
“ ပုဒ်မ ၁၄၄ ထုတ်ရအောင်ထိ အခြေအနေက ဆိုးရွားနေတာ မဟုတ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးဖို့ ငြင်းဆန်တယ်လို့ ဆိုတယ်။ ဒါကြောင့် ညမထွက်ရ အမိန့် ကာဗျူးက မြောက်ဦးမှာ ၂ နာရီဘဲ ကြာခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်အတွက် စိန်ခေါ်မှုအရှိဆုံး မေးခွန်း-The most challenging question for President of Burma

မြန်မာနိုင်ငံ၏ အကြီှးဆုံးပြဿနာမှာ စစ်တပ်က ၎င်း၏အစိုးရက တိုင်းရင်းသားသူပုန်များနှင့် သဘောတူညီထားမှုများကို အသိအမှတ်မပြုခြင်းပင် ဖြစ်သည်။ အစိုးရက အပြောတခြား၊ အလုပ်တခြား လုပ်နေခြင်းလော သို့မဟုတ် စစ်သားများက ၎င်းတို့၏တိုင်းပြည်သမ္မတကို ဆန့်ကျင်နေခြင်းလော ဆို သည်မှာ သဲသဲကွဲကွဲ မသိရှိနိုင်ပေ။

(10 August 2012 ရက်စွဲပါ Asian Tribune မှ Zin Linn ၏ “The most challenging question for PresidentofBurma”ကိုဘာသာပြန်ဆိုသည်။)

အဘယ့်ကြောင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်ရည်မှန်းချက်အောင်မြင်ရန်အလွန်ခက်ခဲနေရသနည်း။ ပြည်တွင်းစစ်များသည်၁၉၄၈ မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အတူစတင်ဖြစ်ပွားခဲ့ပါသည်။ ပြည်တွင်းစစ်အတွက် ပေးဆပ်ခဲ့ရမှုများမှာ နိုင်ငံကိုဆင်းရဲတွင်းသို့ ဆိုးရွားစွာထိုး ဆင်းသွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၈၇တွင် UN-OHRLLS ၌ ဖွံ့ဖြိုး တိုးတက်မှုအနည်းဆုံးနိုင်ငံအဖြစ် ၀န်ခံခဲ့ခြင်းသည် ၎င်း၏စီးပွားရေးအရ ဒေ၀ါလီခံမှုကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှ အုပ်ချုပ်မှုလက်အောက်တွင်ရှိစဉ်က အရှေ့တောင်အာရှတွင် ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဆန်တင်ပို့သော နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်သဘာဝသယံဇာတနှင့်လုပ်သားအင်အားကြွယ်ဝခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ထွက်ရှိသောကျွန်း၏ ၇၅% မှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ပညာတက်နှုန်းမြင့်မားသော လူဦးရေ ရှိပါသည်။ မြန်မာနိုင်ငံသည် အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နိုင်သော နိုင်ငံတစ်ခုအဖြစ် ယု့ကြည်ခဲ့ကြကြောင်း George Townတက္ကသိုလ်မှ အာရှလေ့လာရေးနှင့်ပက်သတ်၍ ထင်ရှားသောပါမောက္ခ David Steinbergက၎င်း၏ သုတေသနစာတမ်းများတွင် ပြောကြားခဲ့ပါသည်။

မြန်မာပြည်မီဒီယာ





ကာတွန်း - ATH
cartoonistath

My Blog List