Thursday, May 31, 2012

မျက်ရည်တွေကို ဖေးမကူပေးနေတဲ့ မင်းကိုနိုင်ရဲ့ လက်

ဆန္ဒပြ စက်ရုံအလုပ်သမား မိန်းကလေးငယ်များရဲ့ မျက်ရေတွေ သူ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ ကိုမင်းကိုနိုင်

အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ မှာ သွားရောက်အားပေးစကားပြောဆိုရင်း
ကျောင်းသူ အရွယ် မိန်းကလေးငယ်လေးတွေရဲ့ စိုစွတ်နေတဲ့ မျက်ရည်တွေကို သူ့ ရဲ့လက်နဲ့ ခြောက်သွေ့စေဖို့ ကြိုးစားနေတဲ့ လူထုကြားထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။

ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို တိုက်ရိုက်ကြည့်ရှု့နိုင်



ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နေသည့်ဒီကနေ့ကျင်းပတဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတိုက်ရိုက်ကြည့်ရှု့နိုင်ပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်ရောက် မြန်မာရွေ့ပြောင်းအလုပ်သမား များအားသွားရောက် အားပေးစကားကြားခဲ့သော ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြင်ကွင်းပုံရိပ်များ

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာအားရစရာဖြစ်ပြီးတော့အဲဒီအပြောင်းအလဲတွေပိုမိုအားကောင်းလာဖို့ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေအနေနဲ့ဝိုင်းဝန်းတွန်းအားပေးသင့်ကြောင်းထိုင်းဝန်ကြီးချုပ်မီးစ်ယင်လတ်ရှီနာဝတ်ကပြောကြားလိုက်ပါတယ်။

ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်

 
အခြေခံလစာနည်းပါးမှုကြောင့်လွန်ခဲ့သည့်ရက်(၂၀)ခန့်မှစတင်ဆန္ဒပြခဲ့ကြသောကိုရီးယားလူမျိုးပိုင်ဆိုင်သည့်ဟိုင်မိုဆံပင်တုစက်ရုံမှအလုပ်သမားများအရေးကိစ္စနှင့်ပတ်သက်ပြီးကိုရီးယားသံရုံးသို့အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း၈၈မျိုးဆက်ခေါင်းဆောင်ကိုမင်းကိုနိုင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ

(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။

ငြိမ်းချမ်းရေး သီချင်းသည်


အဆိုတော် မွန်းအောင်ဟာ ပထမဆုံးထွက်မယ့် တေးစီးရီးခေါင်းစဉ်ကို နာမည်ကြီး တေးရေးဆရာ ကိုနေဝင်းရဲ့ “ငြိမ်းချမ်းရေး တိုက်ပွဲ” သီချင်းနာမည်အတိုင်း ပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုနေဝင်းနဲ့ ကိုမွန်းအောင်ရဲ့ တခြား “အစ်ကိုကြီး” တစ်ယောက်ဖြစ်သူ ကိုမောင်မောင်တို့က အဲဒီ အကြံ မကောင်းဘူးလို့ ဆိုပါတယ်။ ဒီလို လှုံ့ဆော်ရေးခေါင်းစီးမျိုးကို စိစစ်ရေးက ဘယ်လိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ သူတို့က ပြောတယ်။

အနာဂတ်လူသား၊ အနာဂတ်ခေတ်၊ အနာဂတ်ကမ္ဘာကို ပုံဖော်ထုဆစ်နေသူများ

photo: www.health.indiamart.com
"---ကိုယ်ဝန်ဆောင်ထားချိန်မှာ ရိုးစင်းတဲ့ အပြောင်းအလဲကလေးတွေ လုပ်ပေးလိုက်ရင် မွေးလာမယ့်ကလေးမှာ ဆီးချိုဖြစ်နိုင်ခြေ လျော့သွားမယ်---"

ကျွန်ုပ်တို့ဘဝကို ဤသို့ဖြစ်လာစေရန် မည်သည့် အရာက စေစားပါသနည်း။ အချို့သူတို့သည် ဘာကြောင့် စိုးရိမ်သောက များကြပါသနည်း။ အဝလွန်ကြပါသနည်း။ ပန်းနာရင်ကျပ်ဖြစ်ကြပါသနည်း။ အချို့သူတို့သည် ဘာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်လွယ်ကြပါသနည်း။

စာတိုက်ကနေ ငွေလှူနည်း


ဧရာဝတီမဂ္ဂဇင်းဖတ်နေတဲ့ ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)

"ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကို လှူချင်ရင် --- ဒီလို စာတိုက်က တဆင့်  လှူလို့ ရတယ်.." လို့ Facebook အသုံးပြုသူ တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြင်းခြံမှာလည်း ဖယောင်းတိုင်ထွန်းပြီ

လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် လှုပ်ရှားမှုတွေ မြန်မာပြည်အနှံ့က မြို့တွေကို ကူးစက်နေတာမှာ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ဒီနေ့ညနေ ၇ နာရီလောက်က စပြီး မြို့ခံလူထု ၂ထောင်ကျော်က ဖယောင်းတိုင်တွေ ထွန်းညှိပြီး စီတန်းလှည့်လည်ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ၂ ဦး ဘန်ကောက်တွင် တွေ့ဆုံ


ဓာတ်ပုံ- Getty Images

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ၀န်ကြီးချုပ်ဟောင်းလည်းဖြစ် အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာ အဘီဆစ် ဝေချာချိဝ တို့ ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ရှန်ဂရီလာ ဟော်တယ်တွင် ယနေ့ မေလ ၃၀ ရက်နေ့ ညနေပိုင်းက တွေ့ဆုံကြောင်း သတင်းရရှိပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးရဲ့ မင်္ဂလာ ဧည့်ခံပွဲ ဖိတ်စာ Wednesday, May 30, 2012 အိမ့်သံစဉ် No comments


ဖိတ်စာပို့ရတာ အခက်အခဲ ရှိနေတဲ့ အတွက် ဖိတ်စာ အချိန်မီ မရရှိသူမိတ်ဆွေ သူငယ်ချင်းတွေ အားလုံး ကို တောင်းပန်လိုက်ပါတယ်လို့ ကာယကံရှင် ကိုကျော်ကျော်ထွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ကတဆင့် ပြောဆို လာတာပါ။

ဘ၀အရှုံး မပေးတဲ့ ဒေါ်ငြိမ်းအေး

ဓာတ်ပုံ - Monya Maung's facebook
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်အဖြစ်ခံယူထားတဲ့ မုံရွာမြို့လယ်တစ်နေရာက လူမှုဘ၀မြင်ကွင်းလေး တစ်ခုနဲ့ မိတ်ဆွေများကို..မိတ်ဆက်ပေးချင်ပါတယ်လို့ အစချီပြောထားတာလေးက ဓာတ်ပုံပိုင်ရှင်ရဲ့ အကြောင်းပါ။

ဒီပဲယင်း နှစ်ပတ်လည်နေ့ ၊အညတရ ကျဆုံးသူများအတွက် အမျှပေးဝေ


ဒီနေ့ဟာ ဒီပဲယင်း လုပ်ကြံမှုကြီး ( ၉)နှစ်ပြည့်တဲ့ မေ ၃၀ နေ့လည်းဖြစ်တဲ့အတွက် မုံရွာက လူငယ်တွေ စုပေါင်းပြီး ဆွမ်းကပ်၊ ဇီဝိတ ဒါန အဖြစ် သွေးလှူ စတာတွေ လုပ်ကြတယ်လို့ သိရပါတယ်။

ဒီငြိမ်းလင်းနဲ့ ရဲမြတ်ဟိန်းတို့ နေ့ကျောင်း ပြန်တက်ခွင့်ရပြီ



နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ကျောင်းသား သမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းနေသူတွေလည်းဖြစ်တဲ့ ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့ နှစ်ဦးဟာ အရင် အကျဉ်းထောင်တွေက ပြန်လွတ် လာပြီးနောက် ပိုင်း အစေးသင်ကျောင်းတက်ခွင့်သာ ရခဲ့ကြရာ အခုတော့ နေ့ကျောင်းပြန်တက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

စင်္ကာပူ ပိုလီ ၀င်ခွင့်အတွက် စဉ်းစားသွားမည်ဟု ဆို



ဝင်ခွင့်ရရှိဖို့ ခက်ခဲ လာတဲ့ စင်္ကာပူ ပိုလီ ၀င်ခွင့်ဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဆိုရင်တော့ တက်ရောက်ခွင့် ပြုလျက် ရှိတယ်လို့ Singapore Tourism Board မှတစ်ဆင့် Ministry of Education မှပြောကြား ခဲ့တယ်လို့ Crown Education မှ သိရပါတယ်။

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် ရောက်ပြီ

(ဓာတ်ပုံ - Eleven Media Group - Facebook)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် ထိုင်းစံတော်ချိန် ၉း၄၅ မီနစ် တွင် မြန်မာအလုပ်သမား အများအပြား ရှိနေတဲ့ ဘန်ကောက်မြို့အနီးက မဟာချိုင် ပုဇွန်ဈေးကို ရောက်ရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၆ ရက် အစီအစဉ်

(ဓာတ်ပုံ - AP)

မေ ၂၉ အင်္ဂါ - ဘန်ကောက်လေဆိပ်ကို ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါတယ်။ (အပေါ်ပုံ)

မေ ၃၀ ဗုဒ္ဓဟူး - ဒီမနက် မြန်မာပြည်အငယ်စား (little Burma) လို့ လူသိများတဲ့ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသကို သွားပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံ ခရီးရဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာဟာ မြန်မာပြည်သားတွေ ထောင်သောင်းချီ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။

ထိုင်းရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံများ)





မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ

 
မုံရွာ၊ မေ ၂၇

အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မေ ၃၀ ရက်နေ့ အစီအစဉ်များ


မနက် ၈ နာရီ ၃၀ မိနစ်တွင် တည်းခိုရာ ရှန်ဂရီလာ ဟော်တယ် က မဟာချိုင်သို့ ထွက်ခွာမှာဖြစ်ပါတယ်။ အဲဒီနောက် ကွန့်ဂ် ( ပုဇွန်ဈေး) ကို မနက် ၉ နာရီမှာ ရောက်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ ကားပေါ်ကပဲ ဈေးနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နေထိုင်လုပ်ကိုင်စားသောက်ရနေရတဲ့ဘ၀ အခြေအနေတွေကို လှည့်လည်ကြည့်ရှု့မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်ကို ချောမောစွာ ရောက်ပြီ

ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသို့ ထိုင်းနိုင်ငံစံတော်ချိန် ၁၀ နာရီ ၁၀ မိနစ်မှာ ချောမောစွာ နဲ့ ရောက်ရှိ လာပါပြီ။

လေးမြို.မြစ် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးပါ.............



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့

လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန်.ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို. ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ.အထဲမှ အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအားလျပ်စစ်စံမံကိန်းပြုလုပ်နေပါသည်။

My Blog List