Thursday, December 19, 2019

ရခိုင်နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြီးအကဲနှင့်လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူး၃ဦးကို အပြောင်းအရွှေ့ပြုလုပ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ၊ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ၊ မိမိ၏အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

Image may contain: 4 people, people sitting, table and indoor

ရဲတပ်ဖွဲ့တွင်အဓိကအရေးပါသည့် ရခိုင်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးနှင့်ရခိုင်အခြေစိုက်လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူးအပါအဝင်ကွပ်ကဲမှုအဖွဲ့မှူး၃ဦးကို အပြောင်းအရွှေ့ပြုလုပ်လိုက်ကြောင်းသိရသည်။

ရခိုင်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ရဲမှုးချုပ်မြင့်တိုးကို နေပြည်တော်အခြေစိုက်အမှတ်(၁)လုံ ခြုံရေးကွပ်ကဲမှုအဖွဲ့မှူးအဖြစ်သို့လည်းကောင်း၊ရခိုင်ပြည်နယ်အခြေစိုက်အမှတ်(၄)လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်းကို မန္တလေးအခြေစိုက်အမှတ်(၃)လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူးအဖြစ်သို့လည်းကောင်း၊ နေပြည်တော်အခြေစိုက်အမှတ်(၁)လုံ ခြုံရေးကွပ်ကဲမှုအဖွဲ့မှူးရဲမှူးချုပ်ဇော်ထွန်းအောင်ကို ရခိုင်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးအဖြစ်သို့လည်းကောင်း၊ မန္တလေးအခြေစိုက်အမှတ်(၃)လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူးရဲမှူးချုပ်ဝင်းဗိုလ်ကို ရခိုင်ပြည်နယ်အခြေစိုက်အမှတ်(၄)လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူးအဖြစ်သို့လည်းကောင်း အသီးသီးပြောင်းရွှေ့ခဲ့သည်ဟုသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ရန်ကုန်အခြေစိုက်အမှတ်(၂)လုံခြုံရေးကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုအပါအဝင် ရှမ်းပြည်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ကောင်စီရဲတပ်ဖွဲ့အကြီးအကဲနေရာ၊မန္တလေးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့အကြီးအကဲနေရာစသည့် အဆင့်မြှင့်ရဲအရာရှိကြီးအချို့ကို ရာထူးတာဝန်များ အပြောင်းအလဲပြုလုပ်ခဲ့သေးသည်ကိုတွေ့ရသည်။
ဒီဇင်ဘာလ ၁၈ ရက် (မနေ့ကလည်း) နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထဲရေးဝန်ကြီးအပါအဝင် ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုဘဝအေးချမ်းသာယာ လုံခြုံအောင်၊ ပြည်သူကို အနှောက်အယှက်မပေးဘဲ နောက်ကွယ်ကနေ ပြည်သူလူထု လုံခြုံချောမွေ့အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းပြောကြားခဲ့သေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လုံခြုံရေးတပ်ဖွဲ့များသည် အခြားဝန်ထမ်းအဖွဲ့အစည်းများထက် ပြည်သူအပေါ် ဩဇာလွှမ်းမိုး သက်ရောက်မှု ရှိပါကြောင်း၊ သို့သော်လည်း ပြည်သူသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုး ဖြစ်အောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူများလုံလုံခြုံခြုံနေနိုင်အောင်၊ ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေသည်ဟု ပြည်သူကမြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံအပေါ် သစ္စာစောင့်သိရာတွင် ပြည်သူ၊ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ၊ မိမိ၏အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိခြင်းတို့ဖြင့် မိမိတို့တာဝန်များကို ကျေပွန် ကြစေလိုပါကြောင်း မနေ့က တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားခဲ့သေးသည်။
ကိုမင်း/ Myanmar Harp

No comments:

Post a Comment

My Blog List