Thursday, December 19, 2019

မိုင်းပေါက်ကွဲခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မာန်အောင်ဓာတ်အားပေးစက်ရုံဖွင့်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် မနက်က မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  တက်ရာက်ခဲ့ပါတယ်။ 
မာန်အောင်မြို့ ငအင်းကျေးရွာအနီး ဟိုတယ်မာန်အောင်သွားတဲ့လမ်းနဲ့ ကျွန်းပတ်လမ်းမဘေးမှာ မိုင်းသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကိုတော့အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီ ၁၁ နာရီကျော် လောက်မှာ မာန်အောင်ကနေ ရဟတ်ယာဉ်နဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး (ပြောရေးဆိုခွင့်ရှိသူ) ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။
“ဖွင့်ပွဲအခမ်းအနားပြီးတော့ မာန်အောင်ဒေသခံတွေနဲ့တွေ့ဆုံပွဲလုပ်တယ်။ အားလုံးအောင်အောင်မြင်ပီးသွားပြီ။ ပေါက်ကွဲမှုဖြစ်တာ ဖွင့်ပွဲလုပ်တဲ့နေရာနဲ့တော်တော်ဝေး ပါတယ်။ ၃ မိုင်လောက်တော့ရှိမယ်။ ဘာမှထိခိုက်မှုမဖြစ်ပါဘူး။ ၁၁ နာရီကျော်ကျော် လောက်မှပြန် လည်ထွက်ခွာသွားပါတယ်။ ဒီရောက်တာက ၉ နာရီခွဲ ၁၀ နာရီလောက်မှာရောက်တာ။”
မာန်အောင်မြို့ငအုန်းမော်ကျေးရွာမှာတည်ဆောက်ထားတဲ့နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ဓာတ်အားစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
မာန်အောင်မြို့ပေါက်ကွဲမှုဖြစ်စဉ်ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို ဒီဗွီဘီကမေးမြန်ရာမှာ မိုင်းဘယ်နှစ်လုံးပေါက်ကွဲတယ်ဆိုတာ အသေးစိတ်သိရဖို့ မေးမြန်းနေတယ်လို့ ဖြေဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မလာခင် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့အင်အား ၂၀၀ နဲ့ တပ်မတော်သားအင်အား ၂၀၀ တို့က မာန်အောင်မြို့ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက လုံခြုံရေး တိုးမြင့်ချထားပါတယ်။
DVB

No comments:

Post a Comment

My Blog List