Monday, September 09, 2019

အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်၊ တရားဝင်ဆွေးနွေးပွဲများ စတင်ရန် အလားအလာ ကောင်းသည်ဟု ဆို


အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် NCA တွင် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့သည် စက်တင်ဘာ ၁၀၊ ၁၁ ရက်များတွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တစ်ဆို့နေသည် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျော်လွှားနိုင်ရန် နည်းလမ်း ရှာမည်ဖြစ်ပြီး တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် အလားလားကောင်းသည် ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Ladies News သို့ ပြောကြာသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက `ခြုံပြောရရင်တော့ တစ်ဆို့နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျော်လွှား ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ တရားဝင် အမြန်ဆုံးပြန်စနိုင်အောင် ကြိုးပမ်းသွားဖို့ပေါ့။ နည်းလမ်း ရှာကြတာပေါ့။ အလားအလာ ကောင်းပါတယ်`ဟု ဆိုသည်။
NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့မှ ဖွဲ့စည်းထာသော ညှိနှိုင်းရေး အဖွဲ့၏ ပထမအကြိမ် အစည်း အဝေးကိုလည်း စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်လျက်ရှိပြီး ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးပွဲကတစ်ဆင့် တရားဝင် ဆွေးနွေးပွဲလမ်းကြောင်းကို ဆက်သွားရန် လမ်ပွင့်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
အစိုးရနှင့် NCA လက်မှတ်ထိုး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းနေသည်မှာ တစ်နှစ်နီးပါခန့် ကြာမြင့်နေပြီဖြစ်ပြီး၊ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး အတွက် အလွတ်သဘော ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List