Monday, September 09, 2019

မြောက်ဦးဒေသရှိ မောက်တော်တံခါး ပြိုကျ



မြောက်ဦးဒေသရှိ ရှေး ဟောင်းအမွေအနှစ် မောက်တော် တံခါးသည် စက်တင်ဘာ ၈ ရက် နေ့လယ် ၃ နာရီခန့်တွင် ပြိုကျခဲ့ ကြောင်း ဒေသခံ ဦးသန်းထွန်းက ပြောသည်။ 

‘‘ဒီမှာ မိုးအရမ်းရွာနေတာ သုံးရက်လောက်ရှိပြီ။ မိုးများလို့ပြိုတာလို့တော့ ထင်တာပဲ’’ဟု ၎င်းက ပြောသည်။
 မောက်တော်တံခါးသည် မြောက်ဦးမြို့တံခါး ၃၂ ခုအနက် တစ်ခုဖြစ်ကြောင်း၊ တံခါးတစ်ခု လုံး ပြိုကျခြင်းမဟုတ်သော်လည်း ပျက်စီးမှုများပြားကြောင်း ဦးသန်း ထွန်းက ပြောသည်။
မောက်တော်တံခါး ပြိုကျရ ခြင်းအကြောင်းရင်းနှင့် ပတ်သက် ၍ မြောက်ဦးရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသို့ စက်တင်ဘာ ၈ ရက်တွင် ဆက်သွယ်သော်လည်း ဖုန်းလက် ခံဖြေကြားခြင်း မရှိပေ။
 မောက်တော်တံခါးသည် မြောက်ဦးမြို့အနောက်ဘက် ရွှေ ကြာပင်ဘုရားအနီး တည်ရှိသည့် ရှေးဟောင်းတံခါး တစ်ခုဖြစ် ကြောင်း၊ ပျက်စီးမှုသည် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်ဟု ယူဆရပြီး ပျက်စီးမှု အလွန်များပြားကြောင်း ယင်းဒေသမှ ပြင်ဈေးဆရာတော်က မိန့်ကြားသည်။
မြောက်ဦးဒေသသည် ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ဒေသဖြစ်ပြီး ယူ နက်စကိုစာရင်းဝင်ရောက်ရန် မူ ကြမ်းကို စက်တင်ဘာအတွင်း တင်မည်ဖြစ်သည်။
ရှေးဟောင်း မြောက်ဦးမြို့ တော်ကို အေဒီ ၁၄၃၀ တွင် စတင်တည်ထောင်ခဲ့သည်။

 မြောက်ဦးရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်ဒေသသည် နန်းတော်ကုန်းကို ဗဟိုပြု၍ အ ရှေ့၊ အနောက်၊ တောင်၊ မြောက်  ငါးမိုင်ပတ်လည်ခန့်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ်တွင် အ ဆောက်အအုံ၊ ခံတပ်၊ မြို့ရိုး၊ ကျုံး၊ စပါးကျီ၊ ပိဋကတ်တိုက်၊ စေတီပုထိုး အစရှိသဖြင့် ပါဝင်သည်။

မြောက်ဦးရှေးဟောင်းယဉ် ကျေးမှုဒေသသို့ မတ်လ ၁၅ ရက်တွင် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့သည်။  

 

7Day 

No comments:

Post a Comment

My Blog List