Tuesday, February 23, 2016

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ခုမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေသော လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဝန်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း (I_12)တွင် တွေ့ဆုံခဲ့သည်။
“ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဥက္ကဋ္ဌတွေတော့ မတွေ့ဘူး၊ အပြောင်းအလဲမဖြစ်ခင်မှာ သတိရှိရှိ လုပ်ဖို့မှာတာပါ”ဟု ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦဇိုဘွဲ့ က ပြောသည်။

နှစ်နာရီကျော်ကြာ အစည်းအဝေးကို ဗဟိုကော်မတီဝင် ဦးဝင်းထိန်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ ပါတက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ကမူ တက်ရောက်ခဲ့ခြင်း မရှိပေ။

“သာပြီးထူးတာ မပါပါဘူး၊ ဝန်ကြီးချုပ်ခန့်မယ့် ကိစ္စလည်း မပါပါဘူး၊ အလုပ်လုပ်တဲ့နေရာမှာ စည်းစည်းလုံးလုံးနဲ့ သတိရှိရှိ လုပ်ဖို့ပဲ ပြောတာပါ” ဟု မကွေးကိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတာက ပြောသည်။

သတင်း - ကိုပေါက်
The Ladies News



No comments:

Post a Comment

My Blog List