Thursday, October 01, 2015

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိပ်သီးအစည်းအဝေး အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့ ဖျက်သိမ်း



ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီးအစည်းအဝေး၌ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အားဖျက်သိမ်းကာ NCCT အနေဖြင့်သာအစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။

စက်တင်ဘာ ၂၈ - ၃၀ ရက်နေ့အထိ ချင်းမိုင်မြို့၌ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထိပ်သီးညီလာခံ အစည်းအဝေးသို့တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့၊ ကိုယ် စားလှယ် ၇၁ ဦးတက်ရောက် ကြောင်း၊ ထိုတပ်ဖွဲ့များအနက် ၇ ဖွဲ့က တနိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးရသဘောတူလိုက်သောကြောင့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့ လုပ်ငန်းပြီးဆုံးသွားဖွယ်ဖြစ်ကြောင်း၊ ထို့ကြောင့် SD အဖွဲ့အား ဖျက်သိမ်းလိုက် ရခြင်းဖြစ်ကြောင်း တက်ရောက်သည့် အဆင့်မြင့် ကိုယ် စားလှယ် တဦးကပြောသည်။

“NCA အပစ်ရပ် စာချုပ်ထိုးမယ်ဆိုတဲ့ ၇ ဖွဲ့ထဲမှာ KNU ပါတယ်။ CNF ပါတယ် ဆိုတော့ SD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးမှာ နော်စီဖိုးရာစိန်နဲ့ ပူးဇင်ကျုံး တို့ပါသွားပြီလေ။ လုပ်စရာ အလုပ် လဲ မရှိတော့ဘူး။ သက်တမ်းကုန်သလို ဖြစ်သွားပြီ” - ဟု အဆိုပါ အရာရှိကပြောသည်။

NCA လက်မှတ်ထိုးမည့် ၇ ဖွဲ့မှာ ကရင်အဖွဲ့သုံးဖွဲ့ဖြစ်သည့် KNU/ DKBA/ KNU-KNLA-PC/ ပအိုဝ်း PNLO / ချင်း CNF / ရခိုင် ALP/ ကျောင်းသား တပ်မတော် ABSDF တို့ဖြစ်ကြသည်။

သုံးရက်ကြာကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်၊ ကာချုပ်တို့နှင့်အဖွဲ့ အစည်း အသီး သီးမှတင်ပြချက်များ၊ သျှမ်း နှင့် ကချင် ပြည် နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကိစ္စ၊ နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်ကိစ္စ၊ အပစ်ရပ်သွားသည့်အဖွဲ့များနှင့်အပစ်မရပ် သေးသည့် အဖွဲ့များ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး ကြသည်ဟု ဆိုသည်။

အစည်းအဝေး နောက်ဆုံးနေ့ တွင်လည်း အချက် ၆ ချက်ပါသည့် ထုတ်ပြန်ေ ကြငြာချက် တစောင်လည်း ထုတ်ပြန်ကြေငြာသည်။ 

အဆိုပါကြေငြာချက်တွင် ဒီမိုကရက်တစ် ဖက် ဒရယ်ပြည် ထောင်စု ပေါ် ပေါက်ရေးအတွက် အခန်း ကဏ္ဌ အသီးသီးမှ ဆက်လက်တိုက်ပွဲဝင် သွားကြ မည်ဆိုသည့် အချက်လည်း ပါဝင်သည်။

ဓါတ်ပုံ- ချင်းမိုင်မြို့တွင်ကျင်းပသော တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီးအစည်းအဝေး
Panglong(Burmese)

No comments:

Post a Comment

My Blog List