Thursday, October 01, 2015

လှိုင်မြို့နယ်ရှိ ဒီချုပ်ကိုယ်စားလှယ်လောင်းများဓာတ်ပုံပါသည့်ဆိုင်းဘုတ် ဖျက်ဆီးခံရ


ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ် လောင်းများပုံပါရှိသော ရွေး ကောက်ပွဲအောင်နိုင်ရေး မဲဆွယ် စည်းရုံးရေးဆိုင်းဘုတ်သည် စိုက် ထူပြီး နာရီပိုင်းအတွင်း ဖျက်ဆီးခံ လိုက်ရကြောင်း သတင်းရရှိသည်။
လှိုင်မြို့နယ် (၁၂) ရပ်ကွက် ပါရမီလမ်းနှင့် အောင်ဓမ္မရိပ်သာ လမ်းထောင့် တွင် စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က စိုက်ထူထားသော အောင်နိုင်ရေး ဆိုင်းဘုတ်သည် စက်တင်ဘာ ၃၀ ရက် နံနက်က ဖျက်ဆီးခံရ ခြင်းဖြစ်သည်ဟု လှိုင်မြို့နယ် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိ ရသည်။

‘‘ကျွန်တော်တို့ ဆိုင်းဘုတ် ကို ညနေစိုက်တယ်။ နောက်တစ် နေ့မနက်မှာ ဖျက်ဆီးခံလိုက်ရ တယ်လို့သိရတယ်။ ဘယ်သူတွေ လုပ်တာလဲတော့မသိ ဘူး။ရဲစခန်း ကို အကြောင်းကြားထားတယ်’’ ဟု လှိုင်မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင် ကျော်ကျော်ဦးကပြောသည်။

ယင်းသို့ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဆိုင်း ဘုတ်ဖျက် ဆီးခံရမှုသည် ရဲအရေး ပိုင်အမှုမဟုတ်သောကြောင့် လှိုင် မြို့နယ်ရဲစခန်းသို့ အကြောင်း ကြားထားကြောင်း ဦးအောင် ကျော်ကျော်ဦးက ပြောသည်။

‘‘ရဲအရေးပိုင်မဟုတ်တော့ တရားရုံးကို ဦးတိုက်လျှောက်ထား ရမယ်။ ဒါပေမဲ့ ဒီကိစ္စကို လုပ် သင့်၊ မလုပ်သင့် ကျွန်တော်တို့ စဉ်းစားဦးမှာပါ။ အခုတော့ ကျွန်တော်တို့ပါတီဆိုင်းဘုတ်တွေ ရှိတဲ့နေရာကို ရဲတပ်ဖွဲ့ကတော့ တောင်း ထားတယ်။ လုံခြုံရေးလုပ် ပေးမယ်လို့တော့ပြောတယ်’’ဟု ဦးအောင်ကျော် ကျော်ဦးကပြော ကြားသည်။

လာမည့်နိုဝင်ဘာ ၈ ရက် တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်မှ ရွေးကောက်ပွဲမတိုင်မီ အထိ ရက်ပေါင်း ၆၀ ကို မဲဆွယ် စည်းရုံးရေးကာလအဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က သတ်မှတ်ထားသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေး ကာလ၏ တစ်လမပြည့်သေးမီ တွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့တွင် ဒီချုပ်၊ ပြည်ခိုင် ဖြိုးနှင့် အမျိုးသားဒီမိုကရေစီ အင် အားစုပါတီတို့၏ ပါတီဆိုင်းဘုတ် များနှင့် ကိုယ်စားလှယ်လောင်း ဓာတ်ပုံများ ဖျက်ဆီးခံရသည်။

7Day News Journal

No comments:

Post a Comment

My Blog List