Wednesday, October 07, 2015

ဒီချုပ်ကိုယ်စားလှယ်လောင်းများသည် ပညာရေး၊ စီးပွားရေး၊ လယ်သမား၊ အလုပ်သမားအရေးတို့ကို ဖြေရှင်းနိုင်သူများဖြစ်ဟု ဦးတင်ဦးပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများသည် ပညာရေး၊ စီးပွားရေး၊ လယ်သမားအရေးနှင့် အလုပ်သမား အရေးကိစ္စတို့ကို ဖြေရှင်းပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြား သည်။

အောက်တိုဘာ ၆ ရက်တွင်ပြုလုပ်သည့် လမ်းမတော်မြို့နယ်မှဝင်ရောက်ယှဉ် ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအား မိတ်ဆက်ပွဲနှင့် မဲဆွယ်စည်းရုံးဟော ပြောပွဲသို့ တက်ရောက်စဉ်ဦးတင် ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ ကိုယ်စား လှယ်လောင်းတွေကလည်း အား ကောင်းတဲ့ ကိုယ် စားလှယ်ကောင်းအဖြစ်  ထိုက်ထိုက်တန်တန် ရွေး ချယ်ထားတယ်ဆိုတာလည်း ကြေညာလိုက်ချင်ပါတယ်။ ကျွန်တော်တို့ဘက်က  ခေါင်းဆောင်တွေ ကို ပြန်ကြည့်လိုက်ရင် တကယ်အရည်အချင်းရှိတဲ့  ခေါင်းဆောင်တွေပါတယ် ဆိုတာတွေ့ရပါတယ်။  ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ပညာအရည်အချင်း၊လုပ်ကိုင် နိုင်တဲ့အရည်အချင်း၊ အတွေ့အကြုံ အရည်အချင်းအဲဒီလိုသူတွေဟာ အထက် ပိုင်းမှာပါသလို အောက်ပိုင်းမှာလည်းပါပါတယ်။ စီးပွားရေးပိုင်းဘက်တွေမှာ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင် မယ့်သူတွေ ပါသလို အလားတူပဲ အမျိုးသမီးပိုင်း မှာဆိုရင်လည်း ထက်ထက်မြက်မြက် ဆောင်ရွက်နိုင်မယ့်အမျိုးသမီးကိုယ်စား လှယ်လောင်းတွေပါတယ်။ အောက်ခြေမှာလယ်သမားနဲ့အလုပ်သမား ကိစ္စတွေ လုပ်ကိုင်နိုင်တဲ့သူတွေလည်း ပါပါတယ်’’ ဟု ဦးတင်ဦးက ပြောသည်။

လမ်းမတော်မြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်ပါတီ ပြည်သူ့လွှတ် တော် ကိုယ်စား လှယ်လောင်းအဖြစ် ဦးခင်မောင် ၀င်း၊ အမျိုးသားလွှတ် တော်ကိုယ် စားလှယ်လောင်းအဖြစ် ဒေါက် တာအောင်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း (၁)အဖြစ် ဒေါ်အေးအေး မာနှင့် တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၂)အဖြစ် ဦးကျော်ထွန်းတို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လမ်းမတော်မြို့နယ် မဲဆွယ် စည်းရုံးဟောပြောပွဲတွင် ၀င် ရောက်ယှဉ်ပြိုင် မည့် ကိုယ်စား လှယ်လောင်းများက တစ်ဦးချင်း ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့ ကြသည်။

‘‘အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို ဘာကြောင့် မဲပေးသင့် သလဲဆိုတဲ့ အချက်ကနေ စပြောချင်ပါတယ်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်း ချက်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို ထူ ထောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆို တဲ့ စကား လုံးအသုံးအနှုန်းဟာ ဒီမိုကရေစီ နိုင်ငံတော်ကို ဘာကြောင့် ထူ ထောင်ရသလဲ မဲဆန္ဒရှင်များ ပြန်လည်ဆန်းစစ်ကြည့်စေချင်ပါ တယ်။ 

ဒီမိုကရေစီနိုင်ငံတော် ထူ ထောင်ရခြင်းရဲ့ အဓိကအချက်က လူတိုင်းလူတိုင်း မိမိရဲ့ အခွင့်အရေးတွေကို မဆုံးရှုံးစေချင်လို့ ဒီမိုကရေစီစနစ်ကို ထူထောင် ရခြင်း ဖြစ်ပါတယ်’’ဟု လမ်းမတော်မြို့ နယ်မှ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ အောင်သူက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List