Monday, September 14, 2015

ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းမဲဆွယ် ပြောကြား


ကျောက်ထု၊ မျှစ် ချိုးခြင်းလုပ်ငန်းဖြင့် ရပ်တည်နေ ရသည့် နေပြည်တော် ဇေယျာသီရိမြို့နယ်မှ မရင်းကြီး ကျေးရွာဒေ သခံများအား လမ်း၊ တံတား၊ မီး၊ ရေရရှိရေးနှင့် အလုပ်အကိုင်အ ခွင့်အလမ်းရရှိရေးဆောင်ရွက် ပေးမည်ဟု ပြောကြားကာ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းက မဲဆွယ်စည်းရုံးရာတွင် ကတိပေးပြောကြား သည်။

နေပြည်တော် ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်လောင်း ဦးလှဌေးဝင်းသည် ဇေယျာသီရိမြို့နယ် မရင်းကြီး ကျေးရွာနှင့် ခေတ်အေးကျေးရွာ များသို့ စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံးမဲဆွယ်စည်းရုံးရေးသွား ရောက်ခဲ့ခြင်းဖြစ်သည်။

ကျေးလက် ဒေသများအတွက် ဘ၀အာမခံချက်ရှိသည့် အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ ခေတ်မီစိုက် ပျိုးရေး စနစ်ရရှိ ရေး၊ ကုန်ထုတ်လုပ်မှုဈေးကွက် မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပန်းရန် လုပ်ငန်း၊ လက်သမားလုပ်ငန်း၊ သံချည်သံကွေးနှင့် ဂဟေ ဆော်ခြင်းလုပ် ငန်းများအတွက် သင်တန်းများသင်ကြားပေးမည် ဟု ၎င်းကပြောသည်။

‘‘ကျွန်တော်က ကတိကို လွယ်လွယ်နဲ့မပေးတတ်ပါဘူး။ သို့သော်လည်းပဲ ပေးထားတဲ့ ကတိကို ဖြစ်အောင် လုပ်ပါမယ်။ ဒါဟာ မှန်ကန်သောသစ္စာစကား ဖြစ်ပါတယ်’’ဟု ယခင်ကြည်းရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဦးလှ ဌေးဝင်း ကပြောသည်။

ထို့အပြင် အမျိုးသမီးများ အတွက် စက်ချုပ်လုပ်ငန်းများ၊  အထည်ချုပ်လုပ် ငန်းများတွင် အလုပ်အကိုင်ရရှိ နိုင်အောင် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးမည်ဟုဆိုသည်။

‘‘ဘယ်လိုလုပ်ငန်းတွေ လုပ် ရမလဲဆိုတာကို ကျွန်တော်တို့ဟာ တခြားအရပ် ဒေသများ၊ ပြည်ပ နိုင်ငံများက အတွေ့အကြုံတွေကို ရယူပြီးတော့၊ သွားရောက်လေ့လာပြီးတော့ မိမိတို့ဒေသနဲ့ လိုက် ဖက်မယ့် ပြည်တွင်း စက်မှု လုပ်ငန်း များ ထူထောင်ရေးကို ဆောင်ရွက် ပေးမယ်ဆိုတာဒေသနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ကတိပြု ပြော ကြားလိုပါတယ်’’ဟု ကျေးရွာ ဒေသခံများအား ကတိပြုပြော ကြားသည်။

ထို့အပြင် ၎င်းအနေဖြင့်နိုင်ငံ အတွင်း စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရေး အလေးအနက်ထားကာ ကြိုးပမ်း ဆောင်ရွက်မည်ဟုပြော ကြားခဲ့သည်။

ကျေးရွာဒေသခံများအား 7 Day Daily သတင်းထောက်က ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ပတ် သက်၍ သဘောထားမှတ်ချက် မေးမြန်းရာ ဒေသခံခုနစ်ဦးအနက် အသက် (၆၀)အရွယ်ရှိသည့် အမျိုးသားတစ်ဦး ကသာ ဦးလှဌေး ၀င်းကို သိကြောင်းဖြေကြားပြီး  ဒေသခံအမျိုးသမီးသုံးဦးနှင့်အမျိုး သားသုံးဦးက မတွေ့ ဖူးကြောင်း ဖြေကြားသည်။

မရင်းကြီးကျေးရွာ ဒေသခံအများစုသည် ကျောက်ထု၊ ကျောက်တင်၊ မျှစ်ချိုး၊ တံမြက်စည်းခုတ်လုပ်ငန်းဖြင့် သာ ဘ၀ရပ်တည်နေရကြောင်း အဆိုပါမဲဆွယ်ပွဲသို့ လာရောက်ကြသည့် ဒေသခံအချို့ကပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်မ တို့က ဘာချေးငွေမှ မရဘူး။ ကျွန်မတို့က လက်လုပ်လက်စား ဆိုတော့ ချေးငွေ လေးရချင်တာ။ တောင်ပေါ်တက်၊ မျှစ်ချိုး၊ တံ မြက်စည်းခုတ်တဲ့အလုပ်ပဲလုပ် နေရတယ်။ ကျွန်မတို့က ပညာ လည်းမတတ်တော့ ဘာမှလည်း မတောင်းဆိုတတ်ဘူး’’ဟု မရင်း ကျေးရွာမှ ဒေါ်တင်သန်းက ပြော သည်။

ဦးလှဌေးဝင်း မဲဆွယ်စည်းရုံး ဟောပြောပွဲအပြီးတွင် ကျေးရွာလူကြီးများဖြစ်သည့် ဦးချစ်မောင်၊ ဦးပြည်အေး၊ ဦးကျော်သိန်းတို့က ကျေးရွာစာသင်ကျောင်းအတွက် လိုအပ်နေသည့် အချက်များကို တင်ပြခဲ့သော်လည်း တက်ရောက်လာသည့် ဒေသခံအများစုက စည်းရုံးရေးပွဲအပြီး မဏ္ဍပ်မှထွက်ခွာစဉ် အမှန်တကယ် လိုအပ် ချက်များကို တင်ပြခြင်းမရှိကြောင်း ပြောကြားသည်။

‘‘အမှန်တကယ်အဖြစ်အ ပျက်ကိုတော့ ဘယ်သူမှမပြောရဲ ကြဘူး။ ဒီကျေးရွာမှာက ကျောက် တင်၊ မျှစ်ချိုး အလုပ်နဲ့ပဲရပ်တည် နေတယ်။ ရွာကလူတွေ အများစု က ဆင်းဆင်းရဲရဲ နေရတဲ့သူတွေ ချည်းပဲ။ အမှန်အ တိုင်းလည်း မပြောရဲကြဘူး။ ကိုယ်တွေက လည်း လူကြီးတွေကို အားနာ တော့ မပြောရဲဘူး’’ဟု မရင်းကြီး ကျေးရွာသူ ဒေါ်မော်မာက ပြော သည်။

ဦးလှဌေးဝင်း၏ မဲဆွယ် စည်းရုံးပွဲတွင် ကျေးရွာဒေသခံ ၁၀၀ ခန့်တက်ရောက် ခဲ့ပြီး ပြည် ခိုင်ဖြိုးပါတီဝင် နှစ်ဆယ်ခန့် မြင် တွေ့ခဲ့ရသည်။

‘‘ကျွန်တော်ကတော့ သ တင်းစာမှာ တစ်ခါပဲမြင်ဖူး တယ်။ အပြင်မှာတော့ ဒါပထမဆုံးအကြိမ်ပဲ’’ဟု ဦးလှဌေးဝင်းနှင့် ပတ်သက်၍ ဒေသခံကိုကျော်ဝင်း က ပြောသည်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့ နယ်သည် ယခင် ၂၀၁၀ ရွေး ကောက်ပွဲ၌ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်း ရွေချယ်တင်မြှောက်ခံ ခဲ့ရသည့် မဲဆန္ဒနယ်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါ တီမှ အမတ်ဖြစ် သည့် ဦးလှဌေး ၀င်းအပါအ ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးလှ မြင့်နှင့် ဦးသန့်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ခင်မျိုး သွင်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်းသည် ၁၉၇၅ တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၀)သို့ တက်ရောက်ခဲ့ပြီး ၁၉၇၉မှ ၂၀၁၅အထိ ဒုတိယဗိုလ်အဆင့်မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၅ သြဂုတ်လတွင် အငြိမ်းစားယူပြီးနောက် ပြည်ခိုင်ဖြိုးပါတီမှ ဇေယျာသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List