Tuesday, September 15, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ‘၀’ နှင့် နာဂ ပါဝင်လာရေး တရုတ်နှင့် အိန္ဒိယအခြေအနေများကို ထည့်သွင်းစဉ်းစား


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ‘၀’၊ မိုင်းလား၊ နာဂအဖွဲ့များပါဝင် ရေးဆောင်ရွက်ရာတွင် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ အခြေအနေများကို ထည့်သွင်း၍ သတိထား ဆောင်ရွက်ရကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦး အောင်မင်းက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန(MPC) တာဝန်ရှိသူများက နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘော တူညီ ချက်စာချုပ် (NCA) လက်မှတ်ရေး ထိုးပြီးပါက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပါတီများနှင့် တွေ့ဆုံစဉ် ‘‘ကျွန်တော်တို့လုပ်တဲ့အခါမှာ တော်တော်လေးကို သတိထားပြီး ဆောင်ရွက်ရပါ တယ်။ ဥပမာအားဖြင့် ‘၀’အဖွဲ့နဲ့ မိုင်းလား အဖွဲ့ဆို ရင် တရုတ်ပြည်နဲ့ ဆက်စပ်နေပါ တယ်။ တရုတ်ပြည်ရဲ့ လုံခြုံရေး ကိုလည်း ကျွန်တော်တို့ ကြည့်ရပါ တယ်။ ဥပမာ- နာဂဆိုရင်လည်း အိန္ဒိယနဲ့ ဆက်စပ်နေတဲ့အ တွက် အိန္ဒိယအစိုးရရဲ့ သဘောထားကို လည်း ကျွန်တော် တို့က ရယူရမှာ ဖြစ်ပါတယ်’’ဟု ဦးအောင်မင်းက ပြောသည်။

UPWC နှင့် ‘၀’၊ မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များသည် စက်တင်ဘာ  ၁၂ ရက်က ကျိုင်းတုံမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ‘၀’နှင့် မိုင်းလားအဖွဲ့တို့က NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ပေါ်လစ်ဗျူရိုအစည်း အဝေး   ပြု လုပ်၍ ဆုံးဖြတ်မည်ဟု ပြောကြား ခဲ့ကြောင်း ဦးအောင်မင်းက နိုင်ငံ ရေးပါတီများ အား ရှင်းလင်း ခဲ့သည်။

ထို့အပြင် နာဂအဖွဲ့(NSCN-K) နှင့် UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ စက်တင် ဘာ ၁၆ ရက်၌ တွေ့ဆုံ၍ NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။

‘၀’၊ မိုင်းလားနှင့် နာဂအဖွဲ့တို့မှ တာဝန်ရှိသူများက NCA တွင်ပါဝင်လက်မှတ် မရေးထိုးသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ တွင် ပူးပေါင်းပါဝင်မည် ဖြစ် ကြောင်း ယခင်က ပြောကြားဖူး သည်။

NCA ကို အောက်တိုဘာပထမပတ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနည်းဆုံး ကိုးဖွဲ့ခန့်နှင့်လက်မှတ် ရေးထိုး နိုင်ရန် အစိုးရဘက်က မျှော်လင့် ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List