Wednesday, September 23, 2015

လက်နက်ချမလား၊ တိုက်မလားဟု ဘာကီနာဖာဆို အာဏာသိမ်းတပ်ကို အစိုးရတပ် ပြော


ဘာကီနာဖာဆို အစိုးရကို သစ္စာခံတဲ့ တပ်တွေက အာဏာသိမ်းမှု နောက်ကွယ်က စစ်သားတွေကို လက်နက်ချမလား၊ တိုက်မလားလို့ စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီက ပြောခဲ့ကြောင်း အစိုးရသစ္စာခံ အရာရှိ ၁ ဦးက ပြောပါတယ်။ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဂီလ်ဘာ့တ် ဒီယန်ဒါနဲ့ သမ္မတ အစောင့်တပ်တို့ ခေါင်းဆောင်တဲ့ သူပုန်ထမှုကို စစ်သားတွေက ဆန့်ကျင်ခဲ့လို့ နိုင်ငံတလွှား စစ်တပ်အခြေစိုက်စခန်းတွေ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြို့တော်ကို လာစုခဲ့ကြပါတယ်။

သစ္စာခံသူတွေက လူဦးရေ ၁၂၀၀ လောက်ရှိတဲ့ ရေပေါ်ဆီ သမ္မတ အစောင့်တပ်ဟာ လက်နက်ချဖို့ ညှိနှိုင်းမှုတွေ စနေပြီလို့ ပြောပါတယ်။

အာဏာသိမ်းမှုမှာ ဓားစာခံအဖြစ် အဖမ်းခံထားရတဲ့ ဝန်ကြီးချုပ်ကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါပြီ။

သစ္စာခံတပ်တွေကို မြို့ပြင်က စစ်တပ် အခြေစိုက်စခန်းမှာ မြင်နိုင်ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေက မြို့တော်ရဲ့ တော်လှန်ရေးရင်ပြင်မှာ စုရုံးပြီး အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

အနောက်အာဖရိက ဒေသက ဘာကီနာဖာဆို နိုင်ငံဟာ ကာလကြာရှည် ခေါင်းဆောင် ဘလေ့စ် ကွန်ပိုးဟေးကို မနှစ်က ရာထူးက ဖြုတ်ချပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ။

အာဏာသိမ်းမှုဟာ နိုင်ငံတွင်း သိမ်မွေ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းချော်စေခဲ့ပါတယ်။

အကျပ်အတည်းကို ဆွေးနွေးဖို့ အနောက်အာဖရိက ဒေသတွင်း နိုင်ငံများအဖွဲ့ အီကိုဝက်စ်က နိုင်ငံ့ခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ဂျီးရီးယား နိုင်ငံမြို့တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။


DVB

No comments:

Post a Comment

My Blog List