Tuesday, August 11, 2015
စစ်မဲ့ဇုံ မြေမြှုပ်မိုင်း ကိစ္စ မြောက်ကိုရီးယားကို တောင်စွပ်စွဲ
မြောက်ကိုရီးယားစစ်တပ်က နှစ်နိုင်ငံကြားစစ်မဲ့ဇုံက တောင်ကိုရီးယား ဘက်ခြမ်းထဲ တရားမဝင်ကျော်ဖြတ် ခဲ့တဲ့အပြင် မြေမြှုပ်မိုင်းတွေ တမင် လာရောက်မြှုပ်နှံခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္လာနေ့မှာ စွပ်စွဲလိုက်ပါတယ်။
ဒီ မြေမြှုပ်မိုင်းတွေပေါက်ကွဲခဲ့တဲ့အတွက် သြဂုတ်လ ၄ ရက်နေ့က စစ်သား ၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါ တယ်။
အင်္ဂါနေ့က စစ်မဲ့ဇုံတောင်ဘက်ခြမ်းမှာ တောင်ကိုရီးယားစစ်သား ၈ ဦး ကင်းလှည့်နေတုန်း မြေမြှုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့တာပါ။ စစ်သားတဦး ခြေနှစ်ဖက်လုံးပြတ်သွားသလို နောက်တဦးကတော့ တဖက်ပြတ်သွား ခဲ့ ပါတယ်။ ဗိုလ်ချုပ် ကူဟောင်မို - Ku Hong-mo- နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးအရာရှိချုပ်တို့က မြောက်ကိုရီးယားကို ရှုတ်ချပြစ်တင်လိုက်ပြီး တုံ့ပြန်လက်စားချေမယ်လို့ ကြုံးဝါးခဲ့ကြပါတယ်။
"တောင်မြောက် ၂ နိုင်ငံကြား ရန်မလိုဖို့နဲ့ အပစ်ရပ်ဖို့ သဘောာတူထား ချက်ကို ချိုးဖေါက်ပြီး သာမန်စစ် တပ်တခု အနေနဲ့ စိတ်ကူးထဲတောင် မထည့်သင့်တဲ့ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်အတွက် ပြင်းပြင်း ထန်ထန် ရငတ်ချ”-ကြောင်း ပြောသွားတာပါ။
ကိုရီးယား စစ်ပွဲပြီးဆုံးခဲ့တဲ့ ၁၉၅၃ ခုနှစ်အပြီး သတ်မှတ်ထူထောင်ခဲ့တဲ့ စစ်မဲ့ဇုံဟာ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်တလျှောက် ၄ ကီလိုမီတာအကျယ် ခြားထားတာ ဖြစ်ပါတယ်။ ဒီစစ်မဲ့ဇုံတလျှောက် သန်းနဲ့ချီတဲ့ မြေမြှုပ်မိုင်းတွေ ချထားမယ်လို့ယုံကြည်ရပြီး ဒါဟာ ကမ္ဘာ့ စစ်မဲ့ဇုံနယ်ခြားဒေသတွေထဲက စစ်အင်အား အများဆုံးချထားတဲ့ နေရာတခုလို့လည်း သတ်မှတ်ကြပါတယ်။
၂၀၁၀ တုန်းက တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်စေပြီး စစ်သား ၄၆ ဦးသေဆုံးခဲ့ရတဲ့နောက်မှာ မြောက်ကိုရီးယားကို တောင်ကိုရီးယားအစိုးရက စီးပွါးရေးအကူညီအတော်များများကို ဖြတ်တောက်ခဲ့သလို ဒဏ်ခတ်အရေး ယူမှုတွေလည်း ချမှတ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားကို တောင်ကိုရီး ယားက အပြစ်တင်ပေမယ့် မြောက်ကိုရီးယားကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။
VOA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment