Saturday, August 15, 2015

ကိုးကန့်ဒေသတည်ငြိမ်လာ၍ စစ်အုပ်ချုပ်ရေးသက်တမ်းမတိုးဘဲ ရွေးကောက်ပွဲကျင်းပနိုင်ဟုဆို


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးကာလသည် သြဂုတ် ၁၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးဖွယ်မရှိတော့ဘဲ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

ကိုးကန့်ဒေသတွင် တပ်မတော်နှင့်ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့တို့ တိုက်ပွဲ များကြောင့် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၁၇ ရက်၌ စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ကြေညာခဲ့သည်။ ပထမအကြိမ် စစ်အုပ်ချုပ်ရေး ကာလ ပြီးဆုံးသွားခဲ့သော်လည်း နယ်မြေ မတည်ငြိမ်သေးသော ကြောင့် မေလတွင် ရက်ပေါင်း ၉၀ ထပ်မံ သက်တမ်းတိုးထားရာ သြဂုတ် ၁၇ ရက်တွင် စစ်အုပ် ချုပ်ရေးကာလ ပြီးဆုံးမည်ဖြစ်သည်။ 

လက်ရှိတွင် လောက်ကိုင်ဒေသနယ် မြေအခြေအနေ တည်ငြိမ်နေပြီဖြစ်၍ စစ်အုပ်ချုပ်ရေးသက် တမ်း ထပ်မံ မတိုးနိုင်တော့ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှရဲအရာရှိကြီး တစ်ဦးက ပြောသည်။

ထို့အပြင် ကိုးကန့်ဒေသ တစ်ခုလုံးအတွက် မဲစာရင်းကြေညာနိုင်ရန် ဆောင်ရွက်နေပြီး ရွေး ကောက်ပွဲပြု လုပ်နိုင်သည့် အနေ အထားရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

‘‘လောလောဆယ် ကျွန် တော်တို့ သိသလောက်တော့ အဲဒီက အဖွဲ့တွေက မဲစာရင်းတွေ ကောက်နေ တယ်။ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ အနေအထား ရှိတယ်လို့ သိထားတယ်’’ဟု ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ညွှန် ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

လောက်ကိုင်မြို့ ရပ်ကွက် (၃) တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက လက်ရှိအခြေအနေ၌ လုံခြုံရေး အခြေအနေစိတ်ချရ သည်ဟု ယူဆနိုင်ပြီး ဒေသတွင်း အခြေအနေများ တည်ငြိမ်နေသည်ဟု ဆိုသည်။

‘‘ကိုးကန့်ဒေသတစ်ခုလုံး မဲစာရင်း ကြေညာနိုင်အောင် ဆောင်ရွက်နေပါတယ်။ ကုန်းကြမ်းက ကျေးရွာ အုပ်စုနှစ်ခု လောက်တော့ မဲစာရင်းမကောက် နိုင်သေးဘူး။ ဒီမှာ ရှမ်းပြည်နယ် ကိုးကန့်ဒီမိုကရက်တစ်ပါတီ နဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီဝင်ပြိုင်ဖို့ စာရင်းတင် ထားတယ်။

လောလောဆယ် ဒီ နှစ်ခုပေါ့။ နီးမှ ထပ်တင်ရင်တော့ မပြောတတ်ဘူး လေ’’ဟု ရှမ်းပြည် နယ်ရွေးကောက် ပွဲ ကော်မရှင်မှ ဦးသိန်းလွင်မြင့်က ပြောသည်။

လောက်ကိုင်ခရိုင်တွင် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ ပါဝင်ပြီးနှစ်မြို့ပေါင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ ခုရှိကာ ကုန်းကြမ်း မြို့နယ်မှ ကျေးရွာအုပ်စုနှစ်ခုသာ မဲစာရင်းကောက် ယူရန် လိုအပ် တော့သည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦး သောင်းလှိုင်က ကော်မရှင်၏ မူဝါဒအတိုင်း သဘာဝဘေးနှင့် လုံခြုံရေးအခြေအနေစိတ်မချရ သည့် ဒေသမှ လွဲ၍ မဲစာရင်း ပေါက်ပြီး ရွေးကောက်ပွဲ ကျင်းပ နိုင်သည့် ဒေသအားလုံး၌ ကျင်းပမည်ဟု ဆိုသည်။

ဇူလိုင်နှင့် သြဂုတ်အတွင်း လောက်ကိုင်ဒေသသို့ သွားရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက ယင်းဒေ သတွင် ရွေး ကောက်ပွဲလုပ်မည့် သတင်းကို ဒေသခံများ သိရှိမှုနည်းပြီး လောက်ကိုင်ခရိုင် အတွင်းပါသည့် မော်ထိုက်မြို့နယ်ခွဲ၌ အစိုးရတပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ် ပွားနေဆဲဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်မှ ‘၀’ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းလေး ခုနှင့် မြို့နယ် အချို့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု ရှမ်းပြည် နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်က ပြော သည်။

7Day News Journal

No comments:

Post a Comment

My Blog List