Monday, August 03, 2015

ရေဘေးဒုက္ခသည်များ ဆန်၊ ဆီ၊ ဆား၊ ရေသန့်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်


ရေဘေးသင့်ဒေသများ အတွက် အရေးပေါ်လိုအပ်နေ သည်မှာ ဆန်၊ ဆီ၊ ဆား၊ ရေသန့် နှင့် ဆေးဝါးများ ဖြစ်ကြောင်း ရေ ဘေးဒုက္ခသည်များက ပြောသည်။ထို့အပြင် လမ်းတံတားများကျိုးကျ ခြင်းနှင့် ကားလမ်း များ ပျက်စီး  နေခြင်းတို့ကြောင့် အမြန်ဆုံး ပြန် လည်ပြင်ဆင်ပေးရန် လိုအပ်နေသည်။

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် ရေလွှမ်း မိုးမှုအပြင် မြေပြိုကျမှုများနှင့် လမ်း၊ တံတား ပျက်စီးမှုများကို အများဆုံးကြုံ တွေ့ခဲ့ရပြီး စားနပ် ရိက္ခာပြတ်လပ်မှုကိုလည်း ဆိုးဆိုး ရွားရွားကြုံတွေ့နေရသည်။ ဟားခါး

ဟားခါးမြို့ပေါ်တွင် ယနေ့ နံနက်အထိ အိမ်ပြိုကျမှုများရှိနေ ပြီး ကယ်ဆယ်ရေးစခန်း သုံးခု ၌ လူဦးရေ ၁၆၀၀ ခန့်ခိုလှုံနေ သည်ဟု ဟားခါးမြို့ ကယ်ဆယ် ရေးကော်မတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ရန်နန်မ်းက ပြောသည်။  စုစုပေါင်း အိမ်လုံးရေ ၄၀၀ ခန့်ပျက်စီးခဲ့ပြီး   စားသုံးကုန်နှင့် အ၀တ်အထည် ဆေးဝါးများ အရေးပေါ်လိုအပ် နေသည်ဟု ဒေါ်ရန်နန်မ်းက ပြောသည်။ လမ်းများ ပိတ်ဆို့နေပြီး လေကြောင်းလမ်းသာ အဆင်ပြေဆုံးဖြစ်နေသည်။ လမ်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေသော်လည်း စက်ယန္တရားများ အတွက် စက်သုံးဆီလိုအပ်လျက် ရှိနေကြောင်း လမ်းဖောက်လုပ်နေသည့် ကုမ္ပဏီဘက်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ပလက်ဝ

ပလက်ဝမြို့ပေါ်တွင် ရေ ဘေးကြောင့် အိမ် ငါးလုံးထက် မနည်းပြိုကျခဲ့ပြီး အခြားအန္တရာယ်ရှိ အဆောက် အအုံများလည်း ရှိ နေသည်။ သြဂုတ် ၂ ရက်တွင် နံနက် ရေပြန်ကျနေပြီဖြစ်သော်လည်း လမ်းပန်း ဆက် သွယ်ရေးပြတ်တောက်နေကာ ဆန်နှင့် အခြားစားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်။

စစ်ကိုင်း

ရေလွှမ်းမိုးခဲ့သော မြို့နယ်များမှာ ရေများ ပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း အရေးပေါ်အကူအညီ များစွာ လိုအပ်နေ ဆဲ ဖြစ်သည်။

ကောလင်းမြို့မှာ ဆိုးရွားစွာ ရေဘေးဒဏ် ခံစားခဲ့ရပြီး လက်ရှိအချိန်ရေပြန်ကျသွားပြီဖြစ်သော်လည်း နေထိုင်မှုအခက်အခဲနှင့် စားသောက်ရန် အခက်အခဲများစွာကြုံတွေ့နေသည်။ ကောလင်းအနောက်ဘက်ရှိ ကျေးရွာများတွင် ပိတ်မိနေသူများစွာ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ကူညီကယ်ဆယ် မှု လိုအပ်သလောက် မရောက်သေးဟု ကောလင်းမြို့မှ ဘုန်းတော်ကြီး အရှင်ပဏ္ဍိစ္စက ပြောသည်။

ကလေး

အဓိကလိုအပ်နေသည်မှာဆန်နှင့် စားသောက်ကုန်များဖြစ်သည်။ ကလေးမြို့တွင် ရေငြိမ်သွားပြီဟု သိရသည်။ လက်ရှိအချိန် တွင် သောက်ရေသန့်နှင့် စားသောက်ကုန်များ အဓိကလိုအပ်နေသေးသည်။

‘‘ဒီမှာက ဆန်ကဈေးကြီးပြီး ၀ယ်လို့မရကြဘူး။ နောက်ထပ်  သက်ကြီးရွယ်အိုတွေနဲ့ ကလေး တွေအတွက် လည်း ပစ္စည်းတွေ လိုအပ်တယ်။ ကုန်လမ်းခရီးက လည်း သွားမရတော့ သယ်ယူရေး အတွက် ခက်တယ်’’ ဟု ၎င်းက ဆို သည်။

မကွေးတိုင်း

မကွေးတိုင်းရှိ ရေနစ်မြုပ်နေ သော ကျေးရွာများစွာ၌ ပိတ်မိနေ သူ ထောင်ချီရှိနိုင်သေးသည်ဟု ဒေသခံ အဖွဲ့အစည်းများက ဆိုသည်။ ထို့အပြင် မုန်းချောင်း၊ မန်းချောင်းများ နံဘေးရှိ ကျေးရွာများတွင် ထောက်ပံ့ ပစ္စည်းများထက် ကူညီကယ်ဆယ်ရေးကို အဓိက လိုအပ်နေသည်။

ပွင့်ဖြူ

ပွင့်ဖြူမြို့တွင် ရောက်ရှိနေ သော 7 Day  Daily သတင်းထောက်များ ပေးပို့ချက်အရအရေးပေါ် အကူအညီ များဖြစ်သော ဆန်၊ ဆီ၊ရေသန့်၊ ရေသန့်ဆေးနှင့် အ၀တ်အစားများ လိုအပ်နေသည်။ မိုးရွာသွန်းမှု မရှိတော့ သော်လည်း ရေလုံးဝပြန်မကျသေးသဖြင့် သွားလာရေးအဆင်မပြေဘဲ ကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

စေတုတ္တရာ

စေတုတ္တရာသည်လက်ရှိ အချိန် အထိ အရေးပေါ်ကယ်ဆယ် မှုများ လိုအပ်နေဆဲဖြစ်ပြီး ကူညီထောက်ပံ့ သူများ အလာနည်းနေသေးသည်ဟု ဒေသခံများနှင့် သွားရောက်လှူဒါန်းသူများက ဆိုသည်။ ဆန်၊ဆီ၊ ဆားနှင့် ဆေးဝါး များလိုအပ်နေပြီး နေထိုင်ရန် အတွက် ဆိုးရွားစွာ အခက်အခဲရှိ နေကာ မြို့နှင့်နီးစပ်ရာ တောင် ကုန်းများတွင် တဲထိုး၍ နေထိုင် ရသူများရာနှင့်ချီ၍ ရှိနေသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် ရေဘေး ဒုက္ခသည် သုံးသောင်းကျော်အ တွက် စားနပ်ရိက္ခာ၊ ရေသန့်ဆေး ပြားနှင့် ကျန်းမာရေးစောင့်ရှောက် မှုများ အရေးပေါ်လိုအပ်နေသည်။

ကျောက်တော်

ကျောက်တော်မြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာပေါင်း ၂၀ ခန့်မှ ရေဘေးဒုက္ခသည် တစ် သောင်းခွဲခန့် သည် ဘုန်းတော်ကြီး ကျောင်းများအပါအ၀င် နီးစပ်ရာ များ၌ ခိုလှုံနေရပြီး စားနပ်ရိက္ခာ၊ ရေသန့်များပြတ် လပ်နေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်နေသူများက ပြောသည်။

မင်းပြား

မင်းပြားမြို့နယ်တွင် သြဂုတ်၂ ရက်၌ ရေပြန်ကျသွားသော်လည်း စားနပ်ရိက္ခာနှင့်ရေသန့်များအရေးတကြီး လိုအပ်နေကြောင်း သ တင်းရရှိသည်။

‘‘ရွှံ့တွေက လမ်းတွေ၊ ရေ ကန်တွေမှာ တင်ကျန်ခဲ့တော့ သောက်ရေကအစပြတ်နေတယ်။ အကူအညီ အများကြီးလိုအပ်နေ တယ်’’ဟု ကယ်ဆယ်ရေးဆောင် ရွက်နေသူ တစ်ဦးကပြောသည်။

မြောက်ဦး

မြောက်ဦးမြို့တွင် ရေပြန် ကျသွားပြီဖြစ်သော်လည်း ဘုန်း ကြီးကျောင်းများ အပါအ၀င် ယာ ယီစခန်းများ၌ ခိုလှုံနေသူ ထောင် ဂဏန်းအတွက် စားရေရိက္ခာနှင့် ရေသန့်များ လိုအပ်နေသည်။

‘‘ရေပြန်ကျသွားလို့ ရှင်းလင်း ရေးတွေလုပ်နေပါပြီ။ တပ်မတော် ကလည်း ရိက္ခာတွေဖြန့်ပေးနေ တယ်’’ဟု မြောက်ဦးမြို့နယ်ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်ရှိ ဘားအံ၊ ကမာမောင်း၊ ဖာပွန်နှင့် လှိုင်းဘွဲ့၊ မြို့တို့တွင် မြေနိမ့်ရပ်ကွက်များ ရေလွှမ်းမိုးမှု ရင်ဆိုင်နေရကြောင်း အစိုးရ တာဝန်ရှိသူက ပြောသည်။

ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၆,၀၀၀ ခန့် ခိုလှုံနေရပြီး စားသောက်ကုန်အရေးပေါ်လိုအပ် နေ သည်။

ဘီလင်း

ဘီလင်းမြို့တွင် မြို့ပေါ် ရပ် ကွက် ငါးခု၊ ကျေးရွာ ၁၁ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၄,၆၀၀ ကျော် ကယ်ဆယ်ရေးရေးစခန်း များတွင် ခိုလှုံနေရသည်ဟု မွန်ပြည်နယ်လူကယ်ပြန်ဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List