Thursday, July 09, 2015

ဒဂုံစီးတီးစီမံကိန်းရပ်ဆိုင်းလိုက်ခြင်းအပေါ် သဘောထားအမြင်များ


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော် ယာဉ်တပ်ရင်းနေရာဟောင်းတို့တွင် တည်ဆောက်မည့်စီမံကိန်းများ (ဒဂုံစီးတီးစီမံကိန်း) ကိုရပ်စဲကြောင်း အမိန့်ကြော်ငြာစာအမှတ် ၆၆/၂ဝ၁၅ ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

အဆိုပါစီမံကိန်းရပ်စဲကြောင်း ကြေညာချက်အပေါ် ရဟန်းရှင်လူ၊ ပြည်သူများ၏ သဘောထားအမြင်များကို မေးမြန်းတင်ဆက်လိုက်ပါသည်။
ဦးအကုင်္ရ | (ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့) |
****************************************************************
''ဦးဇင်းတို့က ဒီစီမံကိန်းရပ်သွားတာဟာ အစိုးရ ရဲ့သမိုင်းကြောင်းမှာ အကောင်းဆုံးလုပ်ရပ်တစ်ခုအ ဖြစ် မှတ်တမ်းဝင်သွားတာပေါ့။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လဲ အကောင်းဆုံးလုပ်ရပ်တစ်ခု ဖြစ်သွားပါ တယ်။ ဒီကိစ္စပြီးသွားပေမယ့် ဦးဇင်းတို့အဖွဲ့က ဆက် ရှိနေမှာပါ။ ရွှေတိဂုံစေတီတော်ကြီးကိုထိခိုက်သွားမယ့် ကိစ္စတွေကို အစဉ်ကာကွယ်သွားမှာပါ။ ဒီကိစ္စနဲ့ပတ် သက်တဲ့ လုပ်ငန်းရှင်တွေနဲ့ အစိုးရကလဲ ပျော့ပျော့ ပျောင်းပျောင်းနဲ့ အခုလိုလိုက်လျောတဲ့အတွက် ကျေးဇူး တင်ပါတယ်''ဟု ရွှေတိဂုံစေတီတော်ကာကွယ် စောင့် ရှောက်ရေးအဖွဲ့မှ ဦးအိကုင်္ရက ပြောသည်။
ဦးပါမောက္ခ 
(ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော်)
***************************************************************
''အခုလို အစိုးရက တရားဝင်ရပ်ဆိုင်းလိုက်ကြောင်း ကြေညာတာကို ဦးဇင်း တို့အနေနဲ့ ကြိုဆိုပါတယ်။ အမှန်တကယ်လဲ ဒီစီမံကိန်းကြီးက ရပ်သင့်ပါတယ်''ဟု ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
ဒေါက်တာညိုညိုသင်း | (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)|
*********************************************************************
''ဒီစီမံကိန်းဟာ ပညာရှင်နဲ့ပြည်သူတွေက ရွှေတိဂုံဘုရားကြီးကိုထိ ခိုက်မှာစိုးလို့ ကန့်ကွက်ခဲ့ကြတယ်။ လွှတ်တော်ကိုလဲ တင်ခဲ့တယ်။ ဒါပေမဲ့ ပယ်ချခံခဲ့ရတယ်။ အန်တီကတော့ သေချာရှင်းပြခဲ့ပါတယ်။ အဲဒီလို လွှတ် တော်ကကန့်ကွက်ခဲ့သော်လဲ နိုင်ငံတော်သမ္မတကြီးက ပြည်သူ့အသံတွေကိုနားထောင်ပြီး ဒီစီမံကိန်း ကိုရပ်ဆိုင်း ခဲ့တဲ့အတွက် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်''။
ဦးစည်သူမြင့်ဆွေ | (ဗိသုကာပညာရှင်၊ ST&T Architects) |
************************************************************
''Urban Planing လုပ်မယ်ဆိုရင် ပညာရှင်တွေပါရမယ်။ အာဏာရှင်တစ်ယောက်ယောက်က တတ်ယောင် ကားလုပ်ရမယ့်အလုပ်မျိုးမဟုတ်ဘူး။ ပညာရှင်တွေက အချိန်ယူပြီး အခြေခံအဆောက်အအုံ ဖြစ်တဲ့ ရေ၊ မီး၊ မြေအောက်ရေအစရှိတဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို အသေအချာတွက်ချက်ပြီးမှလုပ်ရမယ့် ကိစ္စမျိုး။ အစ ကတည်းကမလုပ်သင့်တဲ့ဟာကိုလုပ်ခဲ့ တော့ တိုင်းပြည်နာတယ်လို့မြင်တယ်။ ဒီလိုရပ်ဆိုင်း ခံရတဲ့အတွက် စီမံကိန်းလုပ်နေတဲ့ကုမ္ပဏီတွေက မပြော ဘဲနေမလား။ ပြင်ပမှာရှိတဲ့ရင်းနှီးမြှုပ်နှံသူတွေလဲ သိမှာပဲ။ မြန်မာ နိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် စိတ်မချ ရဘူးဆိုပြီး တွန့်သွားကြမှာပဲ။ တိုင်းပြည်ကနာသွားပြီ။ ဒါပေမဲ့ စီမံကိန်းရပ်လိုက်တာကိုကြိုဆိုတယ်''။

TheYangonTimes

No comments:

Post a Comment

My Blog List