Wednesday, July 01, 2015

အမျိုးသားတိုးတက်ရေးပါတီ၏ ပဟေဠိများ



ရွေးကောက်ပွဲ ပြုလုပ်ရန်လေးလခန့်သာ လိုတော့သည်။ ယခုပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ သည် ပြီးခဲ့သည့်၂၀၁၀ အထွေထွေရွေးကောက်ပွဲထက် လူထုစိတ်ဝင်စားမှု ရေချိန်ပိုမြင့်သည့် ရွေးကောက် ပွဲတစ်ခုဖြစ်သည်။ 

လက်ရှိမြန်မာနိုင်ငံတွင် နောက်ထပ်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများအပါအ၀င် နိုင်ငံရေးပါတီပေါင်း ခုနစ် ဆယ်ကျော်ရှိနေသည်။

ယခုလပိုင်းတွင်လည်း ရွေးကောက်ပွဲ ကော်မရှင်က ပါတီသစ်များအား မှတ်ပုံတင်ခွင့်ပြုကာ တည်ထောင် ခွင့်ပေးလျက်ရှိရာ ထိုပါတီများအနက် ယခင်သမ္မတအကြံပေးဒေါက်တာနေဇင်လတ်ဦးစီးတည်ထောင်သည့် အမျိုးသားတိုးတက်ရေးပါတီသည် အချိန်တိုအတွင်း နိုင်ငံရေးစိတ်ဝင်စားသူများကြားတွင် ရေပန်းစားလာခဲ့ သည်။ ထို့နောက်တွင်တော့ ဒေါက်တာနေဇင်လတ်က သမ္မတအကြံပေးရာထူးမှနုတ်ထွက်ကာ ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူလျက်ရှိသည်။

ထိုပါတီမတည်ထောင်မီက လည်း ယခင်စစ်အစိုးရလက်ထက်က ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များ ဦးစီးမည့် နိုင်ငံ ရေးပါတီတစ်ခုပေါ် ထွက်လာမည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ပြီး မရှေးမနှောင်းမှာပင် ယင်းပါတီပေါ်ထွက်လာသဖြင့် နိုင်ငံရေးစိတ်ဝင်စားသူများ သို့လော . . . သို့လော ဖြစ်ခဲ့ရသည်။ 

သို့သော်အမျိုးသား တိုးတက်ရေးပါတီပေါ်ထွက်လာချိန်တွင်တော့ ပါတီနာယကအဖြစ် သမ္မတအကြံပေး ဒေါက်တာ နေ ဇင်လတ်က တာဝန်ယူခဲ့ပြီး ပါတီဝင်များမှာ ၎င်းတည်ထောင်ထားသည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနမှ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် နိုင်ငံရေးသိပ္ပံမဟာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ အများစု ပါဝင်သည်ဟု ဆိုသည်။

ထို့နောက်တစ်ဖန်ယင်းပါတီသည် သမ္မတဦးသိန်းစိန်၏ ကျောထောက်နောက်ခံ ပါတီသဖွယ် အသံများ ထွက်လာခဲ့ပြီး လက်ရှိ အာဏာရအင်အားကြီးပါတီတစ် ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုပင် လာမည့် ရွေးကောက်ပွဲ၌ ခြိမ်းခြောက်နိုင်သည့် ပါတီသဖွယ် ပြောဆိုလာကြပြန်သည်။

သို့သော်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးပါတီမဖြစ်မီကပင် လူမှု ရေးအသင်း အဖွဲ့အနေဖြင့် အချိန် ကာလကြာမြင့်စွာ ရပ်တည်ခဲ့ပြီး လက်ရှိတွင်လည်း အာဏာရပါတီ အဖြစ် ရပ်တည် လျက်ရှိနေသဖြင့်  ၎င်းတို့ ပါတီက ခြိမ်းခြောက်နိုင်သည့် အခြေအနေမရှိကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ပြောသည်။ သို့သော် လူထုက ပါတီကြီးနှစ်ခုအား စိတ်ပျက်လာသည့်အချိန်တွင် ၎င်းတို့ပါတီ ပေါ်ထွက်လာသည့်အတွက် အဆိုပါ သတင်းများ ပြန့်သွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဒေါက် တာ နေဇင်လတ်က ဆိုသည်။

‘‘ပြည်ခိုင်ဖြိုးနဲ့ ပြိုင်နိုင်လား၊ မပြိုင်နိုင်လားဆိုတာ သူတို့ပါတီရဲ့ ရပ်တည်ချက်ပေါ့။ သူတို့ပါတီ အကြောင်း တော့ သေချာမသိဘူး ဗျ။ ဒီပါတီက ဒေါက်တာနေဇင်လတ်ဖွဲ့ထားတဲ့ ပါတီလို့ပဲ အကြမ်းဖျင်းသိထားတယ်’’ ဟု ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက   ပြောသည်။

ပြည်ခိုင်ဖြိုးပါတီတွင် လက်ရှိဥက္ကဋ္ဌမဟုတ်တော့သည့် သမ္မတ ဦးသိန်းစိန်ကလည်း လာမည့်ရွေး ကောက်ပွဲ တွင် ယခင်ပါတီဟောင်းတွင် မည်သည့်ရာထူးဖြင့် ပြန် လည်ယှဉ်ပြိုင်ရမည်ကို မရေမရာ ဖြစ်နေချိန်တွင် သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်က ပါတီ တည်ထောင်ခဲ့သည့်အတွက် နိုင်ငံရေးအသိုင်းအ၀ိုင်း တွင် သမ္မတနှင့် နီးစပ်သည်ဟု ထွက်ပေါ်လာခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ဆိုကြသည်။ 

ပါတီတည်ထောင်ပြီး မကြာမီဒေါက်တာနေဇင်လတ်ကို သမ္မတ၏ အကြံပေးအဖွဲ့မှနုတ်ထွက်ခွင့်ပြုလိုက် သည်။ သို့သော်နိုင်ငံတော်သမ္မတ ရုံးကိုယ်တိုင် ယင်းပါတီနှင့် ၎င်းတို့ မည်သို့မျှ မပတ်သက်ကြောင်း တရား ၀င်ကြေညာချက်ထုတ်၍ ငြင်းဆိုထားသည်။

‘‘စာအုပ်တော်တော်များများ ရေးခဲ့တယ်။ စီးပွားရေး၊ နိုင်ငံရေး စာအုပ်တွေ ရေးခဲ့တယ်။ နောက်ပြီး ရုတ်တ ရက် သမ္မတအကြံပေး က နုတ်ထွက်ပြီး ပါတီထောင်လိုက်တာကြောင့်လည်း လူထုစိတ်ဝင်စားစေတာပါပါ တယ်’’ဟု ဒေါက် တာနေဇင်လတ်က ပြင်ပမှ ထွက် ပေါ်နေသည့် သတင်းများနှင့် ပတ် သက်၍ ပြောသည်။

ထို့အပြင် ၎င်း၏ ပါတီသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံရေးပါတီနှင့်မျှ ဆက်နွှယ်မှု မရှိဘဲ မည် သည့်အထောက်အပံ့ ကိုမျှလည်း လက်ခံထားခြင်းမရှိ ကြောင်း ဒေါက်တာနေဇင်လတ်က ငြင်းဆိုသည်။

အဆိုပါ ပါတီသည် သမ္မတအကြံပေးတစ်ယောက်ကဖွဲ့စည်း ထားသည့် ပါတီဖြစ်ပြီး သမ္မတသည်လည်း ပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်ထားသည့် ပါတီဝင်ဖြစ်သည့်အတွက် ပါတီချင်းဆက်စပ်မှုရှိသည်ဟု ထင်စရာ ရှိသော်လည်း တကယ်တမ်းပတ်သက်မှု မရှိကြောင်း ဦးအောင်သိန်းလင်း က ပြောသည်။

‘‘သမ္မတဦးသိန်းစိန်ရဲ့ ပါတီ ခွဲ၊ ပြည်ခိုင်ဖြိုးရဲ့ ပါတီခွဲမဟုတ် တာကို ၁၀၀ ရာခိုင်နှုန်းငြင်းဆိုပါ တယ်။ နောက်ပြီး ကျွန်တော်တို့ ပါတီကလည်း မဲဆန္ဒနယ်အားလုံးကို မပြိုင်နိုင်ပါဘူး။ သမ္မတရဲ့ စင်မြင့် ပြည်ခိုင်ဖြိုး ရဲ့ ပါတီခွဲဆို ဘဏ္ဍာရေးအတွက် ပူစရာမလိုဘူး ပေါ့။ အခုက ဘဏ္ဍာရေးကို  ကိုယ့်ဘာသာ ကိုယ်ရှာနေ ရတာ’’ဟု ဒေါက်တာ နေဇင်လတ်ကပြောသည်။

ထိုပါတီအထက်ပါအတိုင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ၎င်းတို့ကိုယ်တိုင်ပင် ဆိုက်ဝါး(စိတ်ဓာတ် စစ်ဆင်ရေး) လုပ်ထားခြင်းဟု ထင်မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။ တကယ်တမ်းတွင် အဆိုပါပါတီသည် တတိယအား အကောင်းဆုံးပါတီဖြစ်လာနိုင်ရန်ပင် အခွင့်အလမ်းနည်းသည်ဟု ၎င်းကသုံးသပ်သည်။

ထို့အပြင် ပါတီအပေါ် လူထုစိတ်ဝင်စားမှုသည်လည်း ထင်သလောက်မြင့်တက်နေခြင်းမဟုတ် ဘဲ နိုင်ငံရေး အရ ထိုးထောင်ထွက် လာရန် အခြေအနေမရှိကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

အမျိုးသားတိုးတက်ရေးပါတီ၏ ပါတီဝင်များသည် နိုင်ငံရေးပညာရှင်များဖြင့် ဖွဲ့စည်းထားသော်လည်း လက် ရှိမြန်မာ့နိုင်ငံရေးအခြေအနေသည် အခြားဒီမိုကရက်တစ်အင်အားစုတစ်ခုခုသည် မည်မျှပင် တော်နေစေ ကာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ကျော်နိုင်မည့် အခြေအနေမရှိသေးကြောင်း ယနေ့ခေတ် မဂ္ဂဇင်းအယ်ဒီတာချုပ် ကိုသက်ဇင်က ပြောသည်။

သို့သော်အဆိုပါပါတီကို ထောက်ခံသူအချို့ရှိနေပြီး ထောက်ခံသူများသည် ဒေါက်တာနေဇင်လတ်နှင့် ခင်မင်ရင်းစွဲရှိပြီး သူအချို့လည်း ပါဝင်သည်။ 

‘‘ပါတီကို ထောက်ခံရတဲ့ အကြောင်းရင်းက ဦးဆောင်သူရဲ့ အရည်အချင်းကြောင့်ပဲ။ ဆရာ နဲ့ သိတာကြာပြီ။ ဆရာရဲ့ အရည်အချင်းကို လက်ခံနိုင်တာကြောင့်ပါ။ ပါတီမှာလည်း ပညာရှင်တော်တော်များများပါတယ်။ လက်ခံနိုင် တဲ့ ပုံစံတွေများပါတယ်’’ဟု ပါတီ အား ထောက်ခံသူ ကိုဝင်းလွင်ဦး က ပြောသည်။

ပါတီနှင့် ပတ်သက်၍ ပြင်ပတွင် ထွက်ပေါ်နေသည့် နောက်ထပ်သတင်းတစ်ခုမှာ ယင်းပါတီ သည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးကို အဓိကဦးတည်သည်ဟု ဆိုကြသည်။ ပါတီ၏ အဓိက မူဝါဒသည်လည်း အမျိုးသားအကျိုးစီးပွားကို အခြေခံသည်ဟု ပါတီဥက္ကဋ္ဌဒေါက်တာနေဇင်လတ်က ပြော သည်။

‘‘အမျိုးသားအကျိုးစီးပွားဆို တာ အခုကျွန်တော်တို့ရဲ့ လူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြုဖို့ပါ။ ၁၃၅ မျိုးပေါ်မှာ အခြေခံတယ်ဆိုပေမယ့် ပြင်းထန်အစွန်းရောက်တာမျိုးတော့ မရှိပါဘူး။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ တခြား ဘာသာကို စော်ကားဖိနှိပ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ထိခိုက်လာရင်တော့ လက်ခံမှာ မဟုတ် ဘူး’’ဟု ပါတီမူဝါဒနှင့် ပတ်သက်၍ဒေါက်တာနေဇင်လတ်က ပြောကြားထားဖူးသည်။

ပြင်ပတွင် ထွက်ပေါ်နေသည့်  သတင်းများနှင့် ကိုက်ညီစွာပင် ပါတီတွင်း၌လည်း ပါတီဝင် အများစုမှာ ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြကြောင်း သိရသည်။ သို့သော် အခြားဘာသာဝင်များ ပါတီဝင်ရန်ကန့်သတ်ထားခြင်း မျိုးလည်း မရှိကြောင်း ဒေါက်တာ နေဇင်လတ် က ဆိုသည်။

‘‘အပြင်မှာ ပြောနေကြတဲ့ အပိုင်းမှာ မွတ်စလင်ဆိုရင် ၀င်လို့ မရဘူးဆိုတဲ့ အသံကြားနေရတယ်။ ဒါပေမဲ့ ဆရာက ၀င်လို့ ရတယ်ပြောပါတယ်။ ပါတီထဲမှာတော့ ပညာတတ်တွေများတယ်။ လုပ်နိုင်တဲ့ Capacity ရှိတယ်။ တစ်ခုစိုးရိမ်တာက အမျိုးဘာသာ နဲ့ စွက်တော့ တိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအတွက် စိုးရိမ် စရာဖြစ်မယ်။ ဆရာ့အနေအထား အရ အဲဒီလိုမရှိတာ သိတယ်။ Personal အရ ယုံကြည်မှုရှိတယ်’’ ဟု ပါတီကို ထောက်ခံသည်ဟု မဆိုသော်လည်း ဒေါက်တာ နေဇင်လတ်နှင့်ရင်းနှီးသူ မန္တလေးမှ ကိုဇော်မင်း ထွန်းက ဆိုသည်။

ပါတီတွင် ပါဝင်နေသူအများစုသည် နိုင်ငံရေးနှင့်ပတ်သက်သည့် ပညာရှင်အများစုဖြစ်နေခြင်းနှင့် ပတ် သက်၍ နိုင်ငံရေးပါ တီတစ်ခုသည် နိုင်ငံရေးသမားများစုစည်း၍ လုပ်ကိုင်ခြင်းသာဖြစ်သင့်ပြီး  နိုင်ငံရေး သိပ္ပံပညာရှင်များ စုစည်း တည်ထောင်ခြင်းမဖြစ်သင့်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

 ‘‘အောက်ခြေပြည်သူကို ဘယ်လောက်အထိ စည်းရုံးနိုင်မလဲ။ စည်းရုံးရေးမှူးကောင်းတွေ ဘယ်လောက် ရှိမလဲ။ သူတို့ပါတီ အနေအထားကို ကြည့်ရတာ တတ်သိနားလည်သူတွေရှိနေသော်လည်း စည်းရုံးရေးမှူး ကောင်းတွေ ဘယ်လောက်ရှိမလဲ’’ ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

အမျိုးသားတိုးတက်ရေးပါတီနှင့်ပတ်သက်၍ ပါတီတည် ထောင်စဉ်ကပင် ပြင်ပ၌ သတင်းများစွာ ထွက်ပေါ် ခဲ့သော်လည်း ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။ သို့သော်အချို့သော နီးစပ်သူများကလည်း ထွက်ပေါ် နေသည့် သတင်းများသည် အခိုင်အမာဖြစ်သည်ဟုလည်း ဆိုကြသည်။ မည်သည့်အရာများက မှန်ကန်နေ သည်ဆိုသည်ကို လာမည့်ရွေးကောက်ပွဲက သက်သေပြုနိုင်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List