Tuesday, June 23, 2015

ထောင်ဒဏ် ၁၃ နှစ် ၄ လ ကျခံနေရသော MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား မြောက်ဥက္ကလာပ တရားရုံးတွင် ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် ဆက်လက်ရုံးထုတ်



ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ် ၁၃ နှစ် လေးလချ ထားခံရသော MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ဇွန် ၂၂ ရက်နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွန် ၂၂ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ၏ ထွက်ဆိုချက်များကို ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက် နွယ်နီ ၁၀ လမ်းရှိ ရပ်ကွက်ပိုင် ကလေး များ ကစားသော ဘောလုံးကွင်းနေရာအား လုပ်ငန်းရှင်တစ်ဦးမှ ၀ယ်ယူခဲ့ပြီး ခြံခတ်ထားသည်ဟုဆိုကာ ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူတို့မှ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်း သို့ ဖျက်ဆီးခဲ့သဖြင့် အဆိုပါမြေနေရာအား ၀ယ်ယူထားခဲ့သူ ဦးမြင့်ဝေမှ ကိုထင်ကျော် နှင့် ရပ်ကွက်နေ ပြည်သူသုံးဦးအား ရဲစခန်း တွင်တိုင်တန်းခဲ့ပြီး ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အများအကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် ၂၀၁၅ ခုနှစ် မေ၂၇ ရက်က မြောက် ဥက္ကလာပ မြို့နယ်တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

တရားစွဲခံထားရသော အမှုကိစ္စနှင့် ပတ်သက်၍ ကိုထင်ကျော်က “ကျွန်တော်တို့ ရပ်ကွက်က ကလေးတွေ ကစားတဲ့ဘောလုံးကွင်း မြေနေရာနဲ့ မီးတားကွင်းမြေနေရာကို လုပ်ငန်းရှင်က ၀ယ်ယူပြီးတော့ ခြံခတ်ထား တယ်။ ဒါကို ကျွန်တော်က စည်ပင်ကိုရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရော တာဝန်ရှိသူတွေကိုပါ ခေါ်ပြီးတော့ ဒီနေရာကိုတရားမ၀င် ၀ယ်ယူပြီး ခြံခတ်ထားတဲ့အတွက် ဒီခြံစည်းရိုးတွေကို ဖျက်တယ်ဆိုပြီးတော့ ဖျက်ခဲ့ တာပါ။ အဲဒါနဲ့ပတ်သက်ပြီးတော့ အဲ့ဒီမြေ နေရာကို ၀ယ်ယူထားတဲ့ မြေပိုင်ရှင်က ကျွန်တော်နဲ့ ရပ်ကွက်နေ သူ သုံးဦးကို တရားစွဲထားတာပါ” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ကိုထင်ကျော်က ရပ်ကွက်အသီးသီးရှိ ကလေးအားကစားကွင်း မြေနေရာများနှင့် ရပ်ကွက် မီးတားကွင်း မြေနေရာကို ရပ်ကွက်အုပ်ချုပ်ရေး ပိုင်းမှ တာဝန်ရှိသူများ၊ စည်ပင်တာဝန်ရှိသူများနှင့် ခရိုနီ လုပ်ငန်းရှင်များမှ ၀ယ်ယူရောင်းချခြင်းများ ပြုလုပ်နေသောကြောင့် မြန်မာ့အားကစားလောက ချွတ်ချုံကျ နေရခြင်း ဖြစ်သည်။

ထို့ပြင် ကိုထင်ကျော်မှာ အစိုးရအား အလိုမရှိကြောင်း ဆန္ဒပြမှုအပါအ၀င် မြေသိမ်းသည့် ကိစ္စရပ်အား ကန့် ကွက်ကြောင်း ဦးဆောင်ဆန္ဒပြမှုတို့ကြောင့် မြို့နယ်တရား ရုံး ၁၃ခုမှ ပြီးခဲ့သည့် လများက ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ခြောက်လချမှတ် ထား ကြောင်း (MDCF) အဖွဲ့ဝင်များက ဆိုသည်။

Eleven Media Group


No comments:

Post a Comment

My Blog List