Friday, June 19, 2015

၇၀ ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ့ အပြောင်းအလဲ


ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာ့ အာဘော်မှာ မနက်ဖြန် (သောကြနေ့) မှာ အသက် ၇၀ ပြည့် မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု နဲ့ ပတ်သက်ပြီး သိပ်ပြီးအကောင်းမြင်တဲ့ သဘောမျိုး မပြောခဲ့ဘူးလို့ ရေးသားထားပါတယ်။

ဒါပေမယ့် သူမဟာ မကြာခင်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကိုတော့ ဝင်ရောက်ယှဉ် ပြိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားပုံရပြီး ဒီလိုပြိုင်တဲ့ အခါမှာလည်း အနောက်နိုင်ငံတွေရဲ့ ကူညီ ထောက်ခံမူတွေ လိုတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမား အစိုးရကိုလည်း မြန်မာ့အရေးမှာ ဝင်ရောက် အမှတ်ယူ လက်ခမောင်းခတ်ပြ တဲ့အပြင် US ရဲ့ နိုင်ငံခြားရေးမှုဝါဒ အောင်ပွဲတခုလို့ လေလုံးထွား အမှတ် ယူခဲ့ တာလည်း အရမ်းကို စော လွန်းနေတယ်လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး Reform ရဲ့အစမှာ မှားခဲ့တဲ့ အမှားကတော့ US က သူ့အနေနဲ့ ဆက် ထိန်းထားရမယ့် သူ့ရဲ့ မြန်မာအစိုးရအပေါ်ရှိတဲ့ ဖိအားနဲ့ ဆန်ရှင်ပိတ် ဆို့မှုကို လျော့ချလိုက် တာ အမှားပဲလို့လည်း ထောက်ပြလိုက်ပါတယ်။

ဒါကြောင့် US နဲ့ အနောက်ကမ္ဘာက လုပ်ရမယ့် အလုပ်ကတော့ နိုဝင်ဘာမှာ ပြုလုပ်မယ့် မြန်မာ့ရွေး ကောက်ပွဲမှာ တရားဥပဒေဘောင်အတွင်းက မှန်မှန် ကန်ကန် ကျင်းပပြီး ပြည် သူလူထုအများရဲ့ ဆန္ဒကို ထုတ်ဖော်တာ ဖြစ်စေရမယ့် ရွေးကောက်ပွဲ ဖြစ်ရမယ်၊ ဒါမှ Reform ကို ရှေ့ဆက်ဖို့အတွက် လမ်းဖေါက် ပေးတာပဲ ဖြစ်ရမယ်လို့ အယ်ဒီတာ့ အာဘော်မှာ ရေးသားထားပါတယ်။

ဧရာဝတီ


No comments:

Post a Comment

My Blog List