Wednesday, June 17, 2015

ရွှေတိဂုံကို မရ ရသောနည်းဖြင့် ကာကွယ်သွားမည်







ရွှေတိဂုံစေတီတော်ကြီးကိုမရလျှင် ရသောနည်းဖြင့်ကာကွယ်သွားမည်ဟု ယနေ့နေ့လည်၂ နာရီ ကမင်း ကွန်း တိပိဋကနိကာယကျောင်း တိုက်ရွှေရတုခန်းမတွင် ကျင်းပသော ရွှေတိဂုံစေတီတော် ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ဓမ္မစက္ကဦးမောင်မောင် ပြောကြားသည်။

"အဆင့်ဆင့်လုပ်သွားမှာပါ အရေးအကြီးဆုံးဖြစ်လို့ လက်မှတ်ထိုး ကန့်ကွက်စာတင်မယ် မရရင် ဆန္ဒပြ မယ် ဒါမှမရရင် ဥပဒေပညာရှင်တွေ နဲ့တိုင်ပင်ပြီး ဆောင်ရွက်ဖို့ရှိတယ်"ဟု ၄င်းဆက်ပြောသည်။

အဆိုပါ စာတမ်းဖတ်ပွဲနှင့်သတင်းစာ ရှင်းလင်းပွဲ ကို ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က ဦးဆောင်ကျင်းပခဲ့ပြီးထေရ၀ါဒ ဓမ္မကွန်ရက်၊ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ၊ မြန်မာအမျိုးသားကွန်ယက်၊ ၉၆၉ ဆရာတော်များနှင့် အခြားသောအဖွဲ့အစည်းများမှ သံယတော်များနှင့် လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြသည်။

သူတစ်ပါးကို ပျက်စီး ထိခိုက်အောင်လုပ်ခြင်းမဟုတ် ပြန်လည်သုံးသပ်ဖို့ပြောခြင်း ဖြစ်ကြောင်း၊ ရွှေတိဂုံ စေတီတော်သည် တန်ဖိုးဖြတ်မရသော အရာဖြစ်သောကြောင့် တန်ဖိုးမဖြတ်စေလိုကြောင်း ၄င်းပြောသည်။

"ပန်းခြံလိုမျိုးအများနှင့်ဆိုင်သော စီမံကိန်းဆိုရင် ၀မ်းသာပါတယ် အဆောက် အဦးက တိုင်းပြည်ကိုဖျက်ဆီး နေတာပါ တိုးတက်တာမဟုတ်ဘူး အဆောက်အဦးရှိရင် မြေအောက်ရေတွေကို စုတ်တယ်အမှိုက်ပွားတယ်" ဟု ဓမ္မစက္က ဦးမောင်မောင် ကပြောသည်။

အဖွဲ့အစည်းအသီးသီးမှ စာတမ်းတင်ကြပြီး တာဝန်ရှိ သူများက နေ့လည်၂ နာရီမှစပြီး ဖတ်ကြားခဲ့ကြကာ ညနေ ၄ နာရီမှ ၅ နာရီထိ မီဒီယာများ အားဖြေကြားမည်ဖြစ်သည်။

Popular Myanmar News Journal 

No comments:

Post a Comment

My Blog List