Wednesday, June 10, 2015
အိမ်ဖြူတော် ဗုံးဖောက်ခွဲဖို့ ခြိမ်းခြောက်ခံရ
ဗုံးခွဲမယ်ဆိုတဲ့ တယ်လီဖုန်းကတဆင့် ၀ါရှင်တန်ဒီစီရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို ပြောကြားတဲ့ ခြိမ်းခြောက်မှုကို လက်ခံရရှိခဲ့ပြီးနောက် အင်္ဂါနေ့ နေ့ခင်းပိုင်း သမ္မတအိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ အခန်းထဲရှိ သတင်းထောက်တွေကို Secret Service လို့ခေါ်တဲ့ သမ္မတရဲ့ အဆင့်မြင့် လုံခြုံရေးတပ်ဖွဲ့က အပြင်ထွက်ခိုင်းခဲ့ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် အခုလို အဲဒီခန်းမကို လုံခြုံရေးအရ ခေတ္တ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ Secret Service က အနံ့ခံခွေးတွေနဲ့ အခန်းတွင်းကို ရှာဖွေခဲ့ပြီးနောက် မကြာခင်မီ သတင်းထောက်တွေကို ပြန်ဝင်ခွင့်ပြုခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပြန်စနိုင် ခဲ့ပါတယ်။
စောစောပိုင်းကလည်း လေဆိပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတခု ကျင်းပစဉ် Dirksen အထက်လွှတ်တော်ရုံး အဆောက်အဦးမှာ မသင်္ကာဖွယ်ရာ အထုတ်တထုတ်ကြောင့် လွှတ်တော် လုံခြုံရေးရဲက လွှတ်တော်အဆောက်အဦးတွင်းရှိ လူတွေကို ဘေးကင်းရာ အပြင်ကို ထွက်စေခဲ့ပါတယ်။ လွှတ်တော်ရုံး အထပ်အတော်များများကို ရဲကရှာဖွေခဲ့ပေမဲ့ အန္တရာယ်ရှိတဲ့ ဘာပစ္စည်းကိုမှ မတွေ့ခဲ့ရပါဘူး။
အဲဒီခြိမ်းခြောက်မှု နှစ်ခုကြား ဆက်စပ်မှု ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။
VOA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment