Friday, June 12, 2015

ဒေါ်စု ရှီကျင်ပင်နဲ့တွေ့ လူ့အခွင့်ရေးကိစ္စ မပြော



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရှီကျင်ပင်က တရုတ်ပြည်သူ့ ခန်းမကြီးမှာ မနေ့က လက်ခံ တွေ့ဆုံခဲ့ ပါတယ်။အဲဒီလို တွေ့ဆုံမှုအတွင်း တရုတ်သမ္မတက မြန်မာနဲ့ တရုတ်အကြား ၆၅ နှစ်ကြာ သံတမန်ဆက်ဆံရေး ကောင်းမွန်ပြီး ဆွေမျိုးသဖွယ် ရှိခဲ့တဲ့ အကြောင်း၊ မြန်မာရဲ့ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းတွေကိုလည်း ထောက်ခံကြောင်း ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာပေမယ့် ဆက်ဆံရေးကို မပြောင်းလိုတဲ့အကြောင်း၊ NLD ပါတီနဲ့ ဆက်ဆံရေးလည်း ပိုတိုးတက်လာ တဲ့အတွက် တရုတ်ကွန်မြူနစ် ပါတီအပေါ် ဒေါ်အောင်ဆန်းစုကြည် ပိုမို နားလည် ယုံကြည်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်နီးချင်းဆိုတာ ရွေးချယ်လို့မရပဲ အိမ်နီးချင်းတွေနဲ့ ချစ်ကြည်ရေး တည်ဆောက်တာကို အလေးထားတဲ့ အကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီရဲ့ လုပ်ဆောင်ချက်ကြောင့် တရုတ် နိုင်ငံမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တဲ့အပေါ် လေးစားကြောင်းးနဲ့ နှစ်နိုင်ငံ ပြည်သူနဲ့ ပါတီနှစ်ခုအကြား ဆက်ဆံရေး ရှိလာအောင် တွန်းအားပေးမယ်လို့ တုန့်ပြန်ခဲ့တယ်လို့ ရှင်ဟွာ သတင်းမှာ ပါရှိပါတယ်။

တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်အတွင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် လျှူရှင် ဘောင် လွတ်မြောက်ရေးကို ဒေါ်အောင်ဆန်းစုကြည် ပြောလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တရုတ်နိုင်ငံ လူ့အခွင့်အရေးအကြောင်း မပြောခဲ့ကြ ဘူးလို့လည်း သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေး ဌာနက မဖိတ်ခေါ်ချင်ပေ မယ့် တရုတ် သမ္မတက ကွန်မြူနစ် ပါတီခေါင်းဆောင်အနေနဲ့ ဖိတ်ခေါ်ပြီး NLD နဲ့ ကွန်မြူနစ် ပါတီအကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင် တာ ဖြစ်တယ်လို့လည်း ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရနိုင်တာကြောင့် မြန်မာနိုင်ငံ ရေးမှာ အရေးပါမယ့် ပါတီကို တရုတ်က ကြိုတင် ချည်းကပ်တာ ဖြစ်မယ်လို့ လည်း သုံးသပ်ကြပါတယ်။

ABC

No comments:

Post a Comment

My Blog List