Friday, January 23, 2015

ဝန်ကြီးချုပ်ဟောင်း ယင်လတ် မိမိအပေါ် စွပ်စွဲထားသောစွဲချက်များအတွက် လွှတ်တော်တွင် ကိုယ်တိုင်တက်ရောက်ချေပ


သူမအပေါ်စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များ ပြီးဆုံးရန် နီးကပ်လာချိန်တွင် ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်လတ်ရှီနာ ဝပ်ထရာသည် ထိုင်းအထက်လွှတ် တော်တွင် ပြုလုပ်သည့် ကြာသပ တေးနေ့က ကြားနား စစ်ဆေးရာသို့ သူမကိုယ်တိုင်တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်လတ်အား အရေးယူရန်အတွက် လွှတ်တော်တွင် သောကြာနေ့ ၌ မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားပြီး အဖွဲ့ ဝင် ၂၂ဝရှိသော လွှတ်တော်အမတ်များ၏ ငါးပုံသုံးပုံက ထောက်ခံလျှင် ယင်းကို ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်သည်။

အသက် ၄ရနှစ်အရွယ် ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ်သည် သူမဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်စဉ် တိုင်းပြည်၏ဆန်စပါး ထောက်ပံ့ရေးအစီအစဉ်အား သူမ၏အစိုးရအဖွဲ့က ကိုင်တွယ်ဆောင်ရွက်ရာ တွင် ပေါ့လျော့ ခဲ့သည်ဟု စွပ် စွဲခံထားရ သူဖြစ်သည်။

ထိုအစီအစဉ်ကြောင့် ထိုင်းနိုင်ငံတွင် ဆန်စပါးသိုလှောင်မှုမြင့်တက်လာပြီး ယင်းကြောင့် ခန့်မှန်းခြေဘတ်ငွေ သန်း ၅၀ဝကျော် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယခုစွပ်စွဲခံထား ရမှုတွင် အပြစ်ရှိကြောင်းတွေ့ရှိပါက ယင်လတ်သည် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိ သည်။

သို့သော် ယခင်ကြားနာစစ်ဆေးမှုတွင် ယင်လတ်က သူမသည်ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် တာဝန်ပေါ့ လျော့ ခဲ့ခြင်းမရှိသလို အကျင့်ပျက်ခြ စားမှုများ ကိုလည်း ခွင့်မပြုခဲ့ဟု တုံ့ ပြန်ကာ သူမ၏ထောက်ပံ့ရေးအစီ အစဉ်က လယ်သမားများကို အခြား လူများနည်းတူ ပိုမိုကောင်းမွန်သော ဘဝနှင့်အခွင့်အလမ်းများရရှိရန်သာ ရည်ရွယ် သည်ဟု ချေပခဲ့သည်။

ထို့အပြင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းသည် ယင်လတ်အား အရေးယူရေးမဲပေး ရာ တွင် ထောက်ခံမဲပေးရန် လွှတ် တော်အမတ်များကို အမိန့်ပေးထား ခြင်းမရှိဟု မကြာသေးမီက ပြောကြား ထားသည်။

Ref : The Straits Times
#Democracytoday

No comments:

Post a Comment

My Blog List