Thursday, January 22, 2015

နေပြည်တော်ရှိ အစိုးရသတင်းစာတိုက်အတွက် သိမ်းဆည်းထားသည့် လယ်မြေများကို ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပုဗ္ဗသီရိ မြို့နယ် တရားသူကြီး ဦးခင်ဝင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်အပါ အ၀င် တရားစွဲဆိုခံရသူ ၁၉ ဦးအား ထောင်ဒဏ်အသီးသီး ချမှတ်



နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာသား ကိုဇော်လတ်အပါအဝင် ၁၉ ဦး အား ဇန်နဝါရီ ၂၁ ရက်တွင် ပုဗ္ဗသီရိမြို့နယ် မြို့နယ်တရားသူကြီး ဦးခင်ဝင်းက ကိုဇော်လတ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ် နှစ်နှင့် ကျန် ၁၈ ဦးအား အလုပ်နှင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဝဲကြီးကျေးရွာသား ကိုဇော်လတ်အပါ အဝင် ၁၉ ဦးအား အလုပ် ကြမ်းနှင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ကိုဇော်လတ်အား ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃၃၂/၃၃၃/ ၁၁၄/ ၃၄၂ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခဲ့ကာ ကျန် ၁၈ ဦးအား အမှုအမှတ် ၉၁၄/၁၃ ပြစ်မှု ပုဒ်မ ၃၃၃/၃၄၂/ ၂၉၄/၅ဝ၆  တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ် မှ ၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

“အခုကျွန်တော်တို့ကို အမိန့် ချလိုက်တာ က ရဲထွက်ဆိုချက်နဲ့သာ တစ်ဖက်သတ် အမိန့်ချလိုက်တာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဘက်က သက်သေတွေ လျှောက်လဲ ချက်တွေပေးလည်း မရပါဘူး။ ကျွန်တော်တို့ ပြည် သူ့ဘက်က အခွင့်အရေးဆို တာ ဘာမှမရှိပါဘူး။ အခုလို နှစ်ရှည်ချလိုက်တာ လုံးဝတရားမျှတမှု မရှိပါဘူး” ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။

၂ဝဝ၃-၂ဝဝ၄ ခုနှစ်တွင် သတင်းစာတိုက်အတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများအား အဆင်ပြေ မည့်ညှိနှိုင်းမှုများ ပြုလုပ်ခြင်း မရှိသည့်အတွက် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တောင်သူများ ထွန်တုံး တိုက်ပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

၂ဝဝ၃-၂ဝဝ၄ ခုနှစ် ဇေယျာသီရိမြို့နယ် ဝံပြန်ကျေးရွာရှိ အစိုးရသတင်းစာတိုက်၊ ပုံနှိပ်အတွက် လယ်ယာမြေ ဧက ၅ဝဝ ကျော်အား ပြန်ကြားရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့ပြီး ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် တောင်သူအနည်းကို သာ ကွက်ကျားစနစ်ဖြင့် ၂၂ ဦးအား လျော်ကြေးပေးခဲ့သော်လည်း ကျန် ၃၈ ဦးအား လျော်ကြေးပေးရန် ကျန် ရှိနေသည့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ကာလပေါက်ဈေးထက် တန်ဖိုးနည်းစွာလျော်ခြင်း၊ တောင်သူ များနှင့် လာရောက်ညှိနှိုင်းဆွေးနွေးမှု မရှိခြင်းများကြောင့် လယ်ယာမြေ ပိုင်ဆိုင်သူတောင်သူများမှ မိမိလယ် ယာမြေများ ဝင်ရောက်ထွန်ယက်ခြင်းကြောင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် ညသန်းခေါင်ယံအချိန်တွင် ရဲအင်အား ၇ဝ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးရာ ရွာသားများက ခုခံကာကွယ်ခဲ့သဖြင့် တာဝန်ကျရဲဝန်ထမ်းများ အား ဝတ္တရားနှောင့်ယှက်မှု အပါအဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုပြီး အမှုချိန်း တစ်နှစ်ခွဲအကြာတွင် ယခုလိုထောင်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ရဲအင်အား ၇ဝ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းခဲ့သော ဝဲကြီးကျေးရွာရှိ ကိုဇော်လတ်အပါဝင် ၁ဝ ဦး အား ဖမ်းဆီးစစ်ဆေးနေစဉ် ဖြစ်စဉ်နှင့် ဆက်စပ်၍ နောက်ထပ်ကျူးလွန်သူ ကိုးဦးပါဝင်သည်ဟုဆိုကာ အောက် တိုဘာ ၂၂ ရက် ညနေ ၄ နာရီအချိန်တွင် ပုဗ္ဗသီရိမြို့ နယ် ကျည်တောင်ကန်မြို့မရဲစခန်းလာ ထပ်မံဖမ်းဆီး ခဲ့ကြောင်း သိရသည်။

“တရားသူကြီးက သူတွေ့ရှိတဲ့အတိုင်း အမိန့်ချတာပေါ့။ ကျွန်တော်တို့က တရားခံအကျိုးဆောင် ဖြစ်တဲ့ အတွက် ဒီအမိန့်အပေါ်မှာ ကိုယ်စစ်ထားတာတဲ့ ထွက်ချက်တွေ၊ ရုံးရှေ့ မှာသူတို့ထွက်ဆိုထားတဲ့ အကြောင်းတွေကို အထက်ရုံးအဆင့်ဆင့်ကို အယူခံထပ်တက်ရမှာပေါ့။ နောက်ပြီး ရုံးချုပ်အထိတက်ဖို့ စီစဉ်ထားပါတယ်။ ဒီဖြစ်စဉ်မှာ ကိုယ်ထင်တဲ့ ဥပဒေယူဆချက်တွေနဲ့ ရုံးအဆင့်ဆင့် ထပ်တက်သွားပါမယ်”  ဟု ကိုဇော်လတ်တို့၏ရှေ့နေ ဦးသဲမောင်မောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၂ နာရီဝန်းကျင် ခန့်တွင် နေပြည်တော်ပုဗ္ဗသီရိမြို့ နယ် ဝဲကြီးကျေးရွာတွင် ရဲအင်အား ၇ဝ ကျော်ဖြင့် ဝင်ရောက်ဖမ်းစီးခဲ့သော ရဲများအား ပြန်လည်ခုခံခဲ့သဖြင့် ဝဲကြီးကျေးရွာရှိ ကိုဇော်လတ် အပါအဝင် ၁၉ ဦးအား အမှုအမှတ် ၉၁၄/၁၃ ပြစ်မှုပုဒ်မ ၃၃၃/၃၄၂/၂၉၄/ ၅ဝ၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

 Eleven Media Group

No comments:

Post a Comment

My Blog List