Friday, January 16, 2015

ခြောက်ပွင့်ဆိုင်ဆွေးနွေးရေးအား ၄၈ ဦး တွေ့ဆုံမှုအဖြစ် အစားထိုးရှောင် ရှားခြင်းမျိုး မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအား နေပြည်တော် သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက် က ကျင်းပခဲ့သော ၄၈ ဦး တွေ့ဆုံမှုအဖြစ် အစားထိုး ရှောင်ရှားခြင်း မျိုး မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံ ရေးခေါင်ဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ် စားလှယ်ခေါင်းဆောင်များ ပါဝင်သော ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲအား ဇန်နဝါရီ ၁၂ရက်တွင် နေပြည်
တော် သမ္မတအိမ် တော်ရှိ ငုရွှေဝါခန်းမ၌ မြန်မာ့နိုင်ငံအ ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

''ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွေကို တစ်ပြိုင်နက် တည်း ဆောင်ရွက်သင့်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကြောင်းပြုပြီး အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆွေးနွေး ပွဲများ(ဥပမာ-ခြောက်ပွင့်ဆိုင် ဆွေးနွေး ပွဲ)ကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ များ အမြန်ဆုံးစဖို့ အဓိကလုပ်သင့်ပါ ပြီ။ အခုလုပ်တဲ့ အစည်းအဝေး က အနှစ် သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုပြီး သတ်မှတ်ရန်ခက်ခဲပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲတွင် 'ဒီမို ကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင် ပြောင်းလဲမှု ဆက်လက်ဖြစ် ထွန်းရေး'၊ 'ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဆိုင် ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်း ပနိုင်ရေး'၊ 'လွတ်လပ်၍တရားမျှတသော ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မြင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန် ရှိနေသေးသည့် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုရှိရေး'ဆိုသော အချက်သုံး ချက်ကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက် ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး၊ မြင်သာသောအသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက် ရေးနှင့် ကျန်ရှိနေသေးသည့်ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုရှိရေးအပေါ် မှာတော့ 

(၁)လွတ်လပ်၍ တရားမျှတသော ၂ဝ၁၅ခုနှစ်အထွေထွေရွေး ကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ၊ မြင်သာသော အသွင်ကူးပြောင်း မှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရန်မှာ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ 

(၂)ရွေးကောက်ပွဲ တရားမျှတရေးအတွက် နိုင်ငံ တော်အစိုးရဘက်လိုက်မှုကင်းစင်ရန် လိုအပ်သည်။

(၃) ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စည်းမျဉ်းစည်းကမ်းဥပဒေနှင့် မကိုက်ညီသော အပြုအမူ၊ အပြောအဆိုများကို ထိရောက်စွာ ဟန့်တားဆောင် ရွက်ရန်လို အပ်သည်။ 

(၄)အုပ်ချုပ်ရေးအာဏာပိုင်များက နိုင်ငံရေးပါတီများအားခွဲ ခြား၍ ဘက်လိုက်ဆောင်ရွက်ခြင်းများ ရပ်တန့် လိုအပ်သည်စသည့် အချက်များ ကို ပြန်လည်သုံးသပ်ပြောဆိုခဲ့ကြောင်း ဇန်နဝါရီ ၁၃ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment

My Blog List