Saturday, January 17, 2015

ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဦးဝီရသူခေါင်းဆောင်၍ ဆန္ဒပြ


ဘင်္ဂါလီများအား နိုင်ငံ သားအခွင့်အရေးပေးရန် ကုလသ မဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် ဆရာတော်ဦးဝီရသူ ဦးဆောင်၍ ရာနှင့်ချီသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒ ပြခဲ့ကြသည်။
ဇန်န၀ါရီ ၁၆ရက် နေ့လယ် ၁နာရီခွဲတွင် ဆရာတော်ဦးဝီရသူ ဦးဆောင်သော ရာနှင့်ချီသည့် သံဃာတော် များနှင့် လူပုဂ္ဂိုလ်များသည် ကြေးသွန်းဘုရားမှ စတင်၍ ဟစ်တိုင်သို့လမ်းလျှောက်ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ် သည်။

မြန်မာအစိုးရအနေဖြင့် ဘင်္ဂါ လီများအား နိုင်ငံသားဖြစ်ခွင့်ငြင်း ပယ်ထားသည့် ၁၉၈၂ မြန်မာနိုင်ငံသားဖြစ် မှုဥပဒေကို ပြင်ဆင်ပေးရန် ကုလသမဂ္ဂအထွေထွေ ညီလာခံက ၂၀၁၄ ဒီဇင်ဘာ ၂၉ရက်တွင် ဆုံးဖြတ်ချက် ချခဲ့ပြီး မြန်မာအစိုးရ ထံ တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ အရေးကို ကုလသမဂ္ဂမှ ၀င်ရောက်ဆုံးဖြတ် ချက်ချသောကြောင့် လက်မခံလို၍ ကန့်ကွက် ဆန္ဒပြခြင်းဖြစ် ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

‘‘ဦးပဉ္စင်းတို့တိုင်းပြည်ရဲ့ ကံကြမ္မာကို ဦးပဉ္စင်းတို့ ကိုယ် တိုင်ဖန်တီးချင်လို့ တခြားတခြား သော ပြင်ပက လူတွေ ဖန်တီးတာကို လုံးဝလက်မခံဘူး။ ကာကွယ် တဲ့သဘောပါ။ ယူအင်န်က နိုင်ငံ ရေးကို ၀င်ရောက် စွက်ဖက်ရုံတင် မကဘဲ နိုင်ငံကိုယ်ပါ ဘင်္ဂါလီ လက်ထဲ အပ်ခိုင်းနေတယ်ပေါ့ နော်။ နိုင်ငံရဲ့ ကံကြမ္မာကို သူတို့ စိတ်တိုင်းကျခြယ်လှယ်ဖန်တီးဖို့ လုပ်လာတာပေါ့။ အဲဒီတော့ကုလ သမဂ္ဂက သူတို့ရဲ့ ပဋိညာဉ်ကိုပါ ချိုးဖောက်နေလို့ ဦးပဉ္စင်းတို့က လည်း ဆန္ဒထုတ်ဖော်ပြီး ကန့် ကွက်ရတာပေါ့’’ဟု ဆရာတော်ဦး ၀ီရသူက 7Day Daily အား မိန့် ကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီ သည် မြန်မာနိုင်ငံ ၏ အခြေအနေ များလေ့လာရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်ဖြစ်သည်။ မစ္စစ်ရန်ဟီးလီသည် ဇန်န၀ါရီ ၇ ရက်က ရန်ကုန်သို့ရောက်ရှိလာ ခဲ့ပြီး ဇန်န၀ါရီ ၈ရက်တွင် ရခိုင် ပြည်နယ်စစ်တွေမြို့သို့ သွား ရောက်ခဲ့သည်။

စစ်တွေမြို့သို့ ရောက်ရှိလာ သော မစ္စစ်ရန်ဟီးလီကို စစ်တွေ လေဆိပ်မှမြို့တွင်း မ၀င်ရောက်ရန် ရဟန်း သံဃာတော်များအပါ အ၀င် ဒေသခံပြည်သူများက ကန့် ကွက်ဆန္ဒဖော်ထုတ်ခဲ့သည်။

‘‘မြန်မာနိုင်ငံရဲ့အရေးဟာ အင်ဒိုနီးရှားလို၊ မလေးရှားလို၊ အာဖဂန်နစ္စတန်လို ဖြစ်သွားနိုင်တယ်။ ရန်ဟီးလီ ကို ပြောချင်ပါတယ်။ ဒီဘင်္ဂါလီတွေကို သူတ ကယ်ချစ်ရင် သူ့နိုင်ငံကိုခေါ်သွား ပါလို့’’ဟု ဆရာတော်ဦးဝီရသူ က မိန့်ကြားသည်။

ကုလသမဂ္ဂကို ကန့်ကွက်ဆန္ဒပြသောလူပုဂ္ဂိုလ်များသည် ဘန် ကီမွန်း၊ ရန်ဟီးလီအလိုမရှိ စာတန်းပါအင်္ကျီ များကို ၀တ်ဆင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရာတွင် ‘‘နိုင်ငံမဲ့တွေကို ဂရု စိုက်ပြချင်တာနဲ့ နိုင် ငံရေးကိုခုတုံး မလုပ်ပါနဲ့။ မြန်မာပြည်တွင်းရေး ပဋိပက္ခဖြစ်ပေါ်စေရန် ဖန်တီးနေ သောကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အလိုမရှိ၊ တိုင်းရင်းသား ၁၃၅မျိုး ထပ်တိုးမည့်အကြံတို့လက်မခံ’’ စသည့် စာတန်းပါဗီနိုင်းများ ကိုင် ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြ သည်

ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်း ဦးဝီရသူ ဦးဆောင်ဆန္ဒပြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List